Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 12, 2013

ကင်ဆာရောဂါ ခံစားနေရသည့် ပရိသတ် တစ်ဦးထံသို့ တေးလာဆွစ်ဖ် သွားရောက် လည်ပတ်ခဲ့



ကန်းထရီး အဆိုတော် တေးလာဆွစ်ဖ်သည် မတ် ၉ ရက်က သူမ၏ ဖျော်ဖြေရေး အစီအစဉ်များ ခေတ္တ ရပ်နားချိန်တွင် နီဘရာစကာ ပြည်နယ်ရှိ ကင်ဆာရောဂါ ခံစားနေရသူ ပရိသတ် တစ်ဦးထံ သွားရောက် လည်ပတ်၍ မေတ္တာ ပြခဲ့ကြောင်း သိရသည်။ တေးလာသည် သူမ၏ လုပ်ငန်းများ အားလပ်ချိန်တွင် အိုမာဟာမြို့ရှိ ကလေး ဆေးရုံသို့ သွားရောက်ခဲ့ပြီး သူမ၏ ပရိသတ် တစ်ဦးဖြစ်သူ ကင်ဆာရောဂါ ခံစား နေရသည့် အသက် ၁ဝ နှစ် အရွယ် လောရန်ဟက်ကာဆီနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့နောက် တေးလာသည် လောရန်အား သူမ၏ ကလေး ဘဝအကြောင်းနှင့် ရှိုးပွဲ အသစ်ပြင်ဆင် မှုများကို ပြောပြခဲ့ပြီး ဓာတ်ပုံများ၊ လက်မှတ်များ အပါအဝင် အမှတ်တရ လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ တေးလာသည် ကျန်းမာရေး ချို့တဲ့သော သူမ၏ ပရိသတ်များအား ယခု လို တွေ့ဆုံခြင်းသည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း၊ ဇန်နဝါရီလ အတွင်း ကလည်း မစ်ချီဂန်ပြည်နယ် အတွင်းရှိ ကင်ဆာ ရောဂါ ခံစားနေရသည့် အသက် ၁၇ နှစ်အရွယ် ပရိသတ် တစ်ဦးနှင့် အတူ နေ့လယ်စာ စားသုံးခဲ့ကြောင်း သိရသည်။

http://bit.ly/10ARqXE

 


>> မြ၀တီ<

No comments:

Post a Comment