Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 19, 2013

စပယ်ဦး (တဂိုး)

 

ကလေးဘဝတုန်းက
ပဌမဆံးခူးခဲ့သော စပယ်ဦးတို့ကို
သတိရနေပါသေးသည်။

ကျွန်တော်သည်
နေခြည်ကိုလည်း ချစ်ခဲ့ဘူးပါပြီ။
ကောင်းကင်ကိုလည်း ခင်မင်ခဲ့ဘူးပါပြီ။
မြေကြီးကိုလည်း မက်ခဲ့ဘူးပါပြီ။
သန်းခေါင်ချိန်စီးဆင်းသော
မြစ်ရေသံ လွမ်းချင်းကိုလည်း
ကြားခဲ့ဘူးပါပြီ။
မိုးကုန်စ နေဝင်ချိန်
တိမ်တောက်သည်ကိုလည်း
မြင်ခဲ့ဘူးပါပြီ။
သို့သော်လည်း ကလေးဘဝတုန်းက
ပဌမဆံးခူးခဲ့သော စပယ်ဦးတို့ကိုကား
သတိရဆဲပင်ဖြစ်ပါ၏။

ကျွန်တော့်ဘဝတွင်
အမျိုးမျိုးပျော်ခဲ့ဘူးပါပြီ။
ပွဲတော်ညများတွင်
ပွဲသွားများနှင့်ရော၍
ရယ်မောခဲ့ဘူးပါပြီ။
မိုးစွေသော နံနက်ခင်းတို့တွင်
ညည်းချင်းကိုလည်း ဆိုခဲ့ဘူးပါပြီ။
ချစ်သူလက်ဖြင့် သီကုံးသော
ခရေကုံးတို့ကို ဆွဲဆင်ခဲ့ဘူးပါပြီ။
သို့သော်လည်း ကလေးဘဝတုန်းက
ပဌမဆုံးခူးခဲ့သော စပယ်ဦးတို့ကိုကား
သတိရနေဆဲပင်ဖြစ်ပါ၏။

ပြန်ဆိုသူ - မင်းသုဝဏ်

No comments:

Post a Comment