Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 24, 2013

အမျိုးသားနှင့် အမျိုးသမီး ကွာခြားချက်

 

International news for myanmar, 1:33 AM

၁။ အမျိုးသားတစ်ဦးဟာ ၁ ဒေါ်လာ တန်ကြေးအတွက် ၂ ဒေါ်လာ ပေးကောင်းပေးပါ လိမ့်မယ်။ အမျိုးသမီးကတော့ ၂ ဒေါ်လာ အတွက် ၁ ဒေါ်လာသာ ပေးပါလိမ့်မယ်။

၂။ အမျိုးသမီးဟာ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် တွေးပူးပြီး အမျိုးသားများကတော့ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် ဘာမှ တွေးမပူပါဘူး။

၃။ အောင်မြင်သော ယောင်္ကျားဆိုတော မယားဖြစ်သူ သုံးစွဲရန် ငွေ အလုံလောက် ရှာဖွေပေးနိုင်သူဖြစ်ပြီး အောင်မြင်သော အမျိုးသမီးကတော့ ယင်းကဲ့သို့ ယောင်္ကျားကို ရှာဖွေယူထားနိုင်သူ ဖြစ်ပါတယ်။

၎။ အမျိုးသားတစ်ယောက်နဲ့ ပျော်ရွှင်မှုတစ်ခု တည်ဆောက်မယ်ဆိုရင် သူ့ကို အများကြီး ချစ်ဖို့ထက်၊ အများကြီး နာလည်ပေးနိုင်မှုက ပိုလိုအပ်ပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ ပျော်ရွှင်ဖို့ဆိုရင်တော့ အများကြီး ချစ်ဖို့သာ ပိုလိုအပ်ပါတယ်။

၅။ အိမ်ထောင်ရှင် အမျိုးသားများဟာ လူပျိုကြီးများထက် အသက်ပိုရှည် ပါတယ်။ သို့ပေမယ့် အိမ်ထောင်ရှင်အမျိုးသားများဟာ လူပျိုတွေထက် အသက်မရှည်ဖို့ဆန္ဒ ပိုရှိကြပါတယ်။

၆။ အိမ်ထောင်ရှင်များအနေနဲ့ အတိတ်က မိမိအမှားများကို မေ့မေ့ပျောက်ပျောက် ထားသင့်ပါတယ်။ အမှားတစ်ခုတည်းကို နှစ်ယောက်စလုံးက ပြန်သတိရနေရင် အသုံးမဝင်ပါဘူး။

၇။ အမျိုးသားများဟာ ညမအိပ်ခင်မျက်နှာနဲ့၊ အိပ်ယာထချိန်မျက်နှာ ပြောင်းလဲမှု သိပ်မရှိပါဘူး။ အမျိုးသမီးများကတော့ မနက်အိပ်ယာထချိန်မှာ ဖရိုဖရဲ ဖြစ်နေပါတယ်။

၈။ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ယောက်ကို သူပြောင်းလဲလာမယ် မျော်လင့်ချက်နဲ့ လက်ထက်ပါတယ်။ သို့ပေမယ့် အမျိုးသားက ပြောင်းလဲမသွားပါဘူး။ အမျိုးသားတစ်ဦးကတော့ အမျိုးသမီးတစ်ဦးကို မပြောင်းလဲစေဖို့ မျော်လင့်ချက်နဲ့ လက်ထက်ပါတယ်။ သို့ပေမယ့် သူမ ပြောင်းလဲသွားပါတယ်။

၉။ ရန်ဖြစ်တဲ့အခါ အမျိုးသမီးက အဆုံးသတ်စကား ပြောနိုင်ပြီး အမျိုးသား ပြောတဲ့စကားကတော့ ပြဿနာရဲ့အစပဲ ဖြစ်ပါတယ်။

၁၀။ အမျိုးသားတို့အတွက် ဘဝမှာ နှစ်ကြိမ်သာ သူ့ အမျိုးသမီးကို နားမလည်တာပါ။ အိမ်ထောင် မပြုခင်နဲ့ အိမ်ထောင်ပြုပြီးပဲ ဖြစ်ပါတယ်။

Ref:everyjoke

No comments:

Post a Comment