Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 23, 2013

အလည်လွန်ဝိညာဉ်တို့မြူးတဲ့ပွဲတော်

လမ်းဘေးက ပန်းလေးတစ်ပွင့်နဲ့ မိန်းမတစ်ယောက်အစ
ကောင်းကင်ပြာပြာနဲ့ချိုးဖြူငှက်လေးအဆုံး။
 
ချစ်မက်စိတ်မှာ
ဝေဒနာတွေကို မမုန်းနိုင်သေး
သံသရာဝဲက မကျွတ်လွတ်ချင်သေး
ကိုယ်တို့ဟာ မျောလွင့် အလည်လွန်ခဲ့ကြတယ်။
 
ချစ်မေတ္တာ၊ ငွေကြေး၊ သရဖူ၊
နောက်ဆုတ်ပေးရခြင်း၊ အနုပညာ၊ ပြက်လုံးများ၊
ပြန်လာခဲ့မယ်ဆိုသောသစ္စာတရားနဲ့ မနက်ဖြန်အမည်ရနေ့စွဲများ…။
 
ဖွင့်ဆိုချက်တိုင်းမှာ စိမ်းရင့်ရောင်အခိုးအငွေ့တွေ ယှက်သန်းလို့။
 
အဲဒီမွန်းကြပ်နေတဲ့လေထုထဲ
အသက်ကို ကြိုးစားရှူရှိုက်တတ်ခဲ့ပြီ
အလင်းပျောက်နေ့တွေရဲ့ အမှောင်ထုမှာလည်း
ပျော်ရွှင်ခြင်းကိုလည်း သဲ့ယူတတ်ခဲ့ပြီ။
 
ကိုယ်တို့အပေါ် လင်းဖြာတဲ့လပြာပြာဟာ ကဗျာ။
 
ကကြိုးကကွက်များ ၀ိုးတ၀ါး ပဉ္စလက်ဆန်ဆန်
နောက်ခံဂီတက ရယ်သံ၊ ရှိုက်သံနဲ့ တိတ်ဆိတ်ခံထားရတဲ့အသံများ
ဒီလိုနဲ့ ကမ္ဘာ့ထောင့်လေးတစ်နေရာမှာ
အလည်လွန်ဝိညာဉ်တို့ ကခုန်မြူးထူးရာ
ပွဲတော်တစ်ခု
တိတ်တဆိတ် ပေါ်ထွန်းလာခဲ့ပြီ။                       ။

အဂ္ဂ လင်း
     
                                                                     ၂၀၁၀

 ကဗျာဟောင်းလေးတစ်ပုဒ်ပါပဲ၊ သြဂုတ် ၂၀၁၂ စုံထောက်မဂ္ဂဇင်း

No comments:

Post a Comment