Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 18, 2013

ဖတ်လို့ ကောင်းတဲ့မေတ္တာစာ

ချစ်သူက တနေ့ နှင်းဆီတဖူးပန်တယ်
ကျနော်က တနေ့ စီးကရက်တဗူးသောက်တယ်
ကျနော်တို့ ရဲ့ စုဗူးတွေအသံတိတ်သွားတဲ့နေ့ မှာ
အမေ့ပိုက်ဆံအိတ် ခြေရာလက်ရာစပျက်ခဲ့တာပါ။

အမေက ကျနော့်လက်ချက်မှန်းသိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ်အရည်အချင်းကိုယ်စော်ကားသလိုပါပဲ

အဲဒါနဲ့ 
ကျနော်စီးကရက်ဖြတ်ပြီးနှင်းဆီစိုက်ဖို့ လုပ်တယ်
ချစ်သူက နှင်းဆီအစားဘ၀တခုကိုပဲပန်တော့မယ်လို့ ပြောတယ်
ကျနော့်ဘ၀ကို ရဲရဲ ကြီးချစိုက်ပေးလိုက်တယ်
အဲဒါတောင် အမေ့ပိုက်ဆံအိတ်ကပွင့်နေတုန်းပဲ။

သုအိုင်စံ

No comments:

Post a Comment