Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 16, 2013

ခရေဖြူ

 
သူ့နှုတ်ခမ်းဖူးဖူးလေးဟာ
ကမ္ဘာတစ်ခုလုံးကိုတောင် အာစေးမိသလို
အမိန့်တွေပြင်းထန်လှပါတယ်တဲ့
ငယ်ချစ်ဦးက ရူးဆေးထိုးပေးပြီးတဲ့နောက်
အချစ်ရဆုံးက ဗုံးတစ်လုံး ခွဲပေးပြီးတဲ့နောက်
ခရေဖြူကို ဗလာစာရွက်မှာ မီးခိုးမတိတ်အောင်ချရေးလို့
ခေါ်လို့ကြားတဲ့သူကကြားတယ်...ဝေးတဲ့သူတွေက
ကန္တာရတစ်သက်စာ ဝေးကြလေရဲ့
ဒီဒေါက်ဖိနပ်လှလှလေးပေါ့ လူငယ်တစ်ယောက်ရဲ့ညကို
အရိုးကွဲအောင် တက်ကြိတ်ခွဲသွားခဲ့တာ
သွေးတွေဟာဖြူတယ်... နားကပ်တစ်ဖက်မှာ
ပြန်မဆုံခြင်းလမ်းမတစ်ဝက်ကို ထမ်းလို့
ဂျစ်ပစီလေး...လတ်လတ်ဆတ်ဆတ် သေနေတယ်
အားအားရှိတံတွေးထွေးတတ်တဲ့သူတွေ ကျုပ်ကိုမသနားပါနဲ့

ချစ်တယ်ဆိုတဲ့ စကားဟာ
အလကားရတိုင်း ပစ်ခဲ့တဲ့ ကျည်ဆန်တွေမဟုတ်ဘူး
စစ်ဆေးကြည့်ပါ
မြန်မာပြည်မှာ အလိမ်ဖော်စက် ရောက်လာတဲ့အခါ
ကျုပ်အရင်ဆုံး အစစ်ခံမယ်။

ငရုတ်သီးရယ်
သင်္ကြန်ရယ်
စစ်ပွဲရယ်
လောကကိုကောင်းကျိုးမပေးတဲ့ အရာသုံးခုထဲမှာ
" မိုဃ်းဇက်သော် "ကို သန်းခေါင်စာရင်း ထပ်ဖြည့်လိုက်ပါ
အဲဒါဆိုရင် ခရေဖြူပျော်တယ်မို့လား
မြို့သိမ်မြို့မွှားက ကယ်ဆယ်ရာမဲ့တဲ့ကောင်အတွက်
ကိုယ်ချစ်ရသူရဲ့ တစ်မိနစ်စွန်းအောင်
ပျော်ရွှင်ဖို့ဆိုတာ နိုက်ကလပ်တစ်ရုံစာထက်
ပိုလိုအပ်ပါတယ်။

တံတွေးဂရင်းတွေ ခန်းနေအောင် ထွေးထုတ်
အာရုံနောက်အောင် မုန်းတယ်လို့ ပြောလိုက်ပါ ခရေဖြူ
အရာရာ အဆင်ပြေသွားမှာပါ။
 

No comments:

Post a Comment