
Travis Spire Sweetဆိုတဲ့ အသက်၃၀အရွယ် အမျိုးသားတစ်ဦးဟာ မွေးစဉ်ကတည်းက ကောင်းစွာ အလုပ်မလုပ်တဲ့ ကျောက်ကပ်တစ်ခု ပါဝင်ခဲ့ပါတယ်။ သူ့ကိုကျောက်ကပ် အလှူခံတဲ့ စာရင်းထဲ ထည့်သွင်းထားတာဟာ ၁၂လကျော် ကြာခဲ့ပြီလို့လည်း သိရပါတယ်။ သူရဲ့ ကျောက်ကပ် တစ်ဘက်အတွက် သူနဲ့ ရည်းစားသက်တမ်း တစ်နှစ်သာရှိသေးတဲ့ အသက် ၃၂နှစ်အရွယ် Taesha Bensonဆိုသူ အမျိုးသမီးက ချစ်သူများနေ့မှာ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ Spire-Sweetအနေနဲ့ သူရဲ့ချစ်သူက သူ့ကို ကျောက်ကပ်လက်ဆောင် ပေးခဲ့တာကို စိတ် ထိခိုက်မှုရှိခဲ့ပေမယ့် ခွဲစိတ်အပြီး သူရဲ့ချစ်သူ ကျန်းမာ နေတာကို တွေ့ရှိရတဲ့အတွက် ပျော်ရွှင်မိကြောင်း၊ သူရဲ့ချစ်သူဟာ သူရဲ့အသက်ကို ကယ်တင်ခဲ့သူဖြစ် ကြောင်း၊ သူ့ကိုဒီလိုမျိုး ကျောက်ကပ်လှူဖို့ တစ်ခါမှ မတောင်းဆိုခဲ့ဖူးကြောင်း ပြောပြပါတယ်။ ဖေဖော်ဝါရီလ ၁၄ရက်နေ့ကို ချစ်သူများနေ့လို့ သတ်မှတ်ထားပေမယ့် အဲဒီနေ့ဟာ အမျိုးသားကိုယ် တွင်း အင်္ဂါလှူဒါန်းတဲ့နေ့ (National Donor Day) လည်း ဖြစ်တယ်ဆိုတာကို သိရှိသူ နည်းပါးကြပါတယ်။ National Donor Dayကို ၁၉၉၈ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အဲဒီနေ့မှာ အရေးကြီး ကိုယ်တွင်းအင်္ဂါတွေ လှူဒါန်းဖို့ နှိုးဆော်လေ့ရှိပါတယ်။ ကိုယ်တွင်းအင်္ဂါကို အလှူရဖို့ စောင့်ဆိုင်းနေစဉ်အတွင်း ပျမ်းမျှအားဖြင့် နေ့စဉ်နေ့တိုင်း ၁၈ယောက်ခန့် သေဆုံးနေတယ်လို့ သိရပါတယ်။
( SMG )
No comments:
Post a Comment