Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

သင်္ချာဂဏန်းဖြင့် အလှဆင်သော Bugatti Veyron Grand Sport Bernar


 
ပြင်သစ် Bugatti ကို ပြင်သစ် ဗိသုကာ ဆရာ Bernar Venet မှ ပြန်လည် အလှဆင် ထားမှု ဖြစ်ပါတယ်။

ဒီတော့ ကားကို Bugatti Veyron Grand Sport Bernar လို့ အမည်ပေး ပါတယ်။ အနီရောင်နဲ့ အနက်ရောင်ရောပြီး သင်္ချာ အီကွေးရှင်း၊ အက္ခရာ ဂဏန်းများနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ အဝေးကနေ ကြည့်ရင်တော့ အပွင့်အခြပ်နဲ့ ဖန်တီးတယ်လို့ ထင်ရပေမယ့် အနီးက ကြည့်လိုက်ရင် သင်္ချာ ဂဏန်းများကို အသေးစိတ် မြင်ရမှာ ဖြစ်ပါတယ်။

Edition အနေနဲ့ တစ်စီးတည်း ဖန်တီးထားခြင်း ဖြစ်ပြီး မီယာမီ ကမ်းခြေ မှာ ပြသခဲ့ပါတယ်။

အင်ဂျင် - ၈၀၀၀ စီစီ

မြင်းကောင်ရေအား - ၁၁၈၄

မောင်းနှင်နိုင်အား - တစ်နာရီ ၂၆၇.၈၅၆ မိုင်

ကားဝိတ် - ၄၁၆၂ ပေါင်

ဂီယာ - ၇ ချက် (အော်တို၊ ရိုးရိုး)

ဈေးနှုန်း ကတော့ အမေရိကန်ဒေါ်လာ ၂.၇ သန်းအထက်မှာ ရှိပြီး Limited Edition ဖြစ်တဲ့အတွက် ထင်ထားတာထက် ပိုမို ဈေးနှုန်း မြင့်မားနိုင်ကြောင်း သိရ ပါတယ်။
--
Ref: Bugatti

http://www.colayonline.com.mm/automobile/news/detail/237

 


  ColayOnline:Automobile Facebook

No comments:

Post a Comment