Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2013

အရေပြားကင်ဆာကိုကာကွယ်နိုင်သောအပင်ထွက် ဓာတ်ပေါင်းတစ်မျိုး


 
ဆူးလေးပင်(thistle)မှရရှိသော ဓာတ်ပေါင်းတစ်မျိုးဖြစ်သော silibininသည် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တတ်သော အရေပြားကင်ဆာကိုကာကွယ်နိုင်သည်ဟု သုတေသနအသစ်တစ်ရပ်တွင် ဖော်ပြထား သည်။ ယခုသုတေသနကို ပြုလုပ်သူ အမေရိကန်နိုင်ငံ၊ Colorado University Cancer Centreမှသုတေသီ Dr.Rajesh Agarwal က ခရမ်းလွန်ရောင်ခြည် UVသင့်မှုကြောင့် အရေပြားဆဲလ်ပျက်စီးမှုများရှိနေကြောင်း၊ အရေပြားကင်ဆာကိုမဖြစ်ပွားစေနိုင်ရန် အဆိုပါဆဲလ်များကိုသတ်ပစ်ခြင်း သို့မဟုတ်ပြန်လည်ပြုပြင်ပေးရန်လို ကြောင်း၊ အဆိုပါအာနိသင်နှစ်မျိုးလုံးကို silibininက လုပ်ဆောင်ပေး နိုင်ကြောင်းပြောကြားထားသည်
လေ့လာမှုတွင် လူ့အရေပြားဆဲလ်ကို UVAသင့်စေခဲ့သည်။ အရေ ပြားဆဲလ်ဖြစ်သော keratinocyte တွင်စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်သင့်ဆဲလ်များကို silibininအားအသုံးပြုပြီး ကုသခဲ့ရာ ဘေးထွက်ဆိုးကျိုးများကို မတွေ့ခဲ့ရပေ။ ယခုသုတေသနတွင် တွေ့ရှိခဲ့သည်မှာ UVAကြောင့် ပျက်စီးနေသော ဆဲလ်များကို silibininက သေဆုံးစေနိုင်ပြီး အရေပြားကင်ဆာနှင့် အိုမင်းရင့်ရော်မှုကို ဖြစ်စေသော အရေပြား ဆဲလ်များကိုလည်း ပြုပြင်ပေးနိုင်ကြောင်းပင်ဖြစ်သည်။ Dr.Rajesh Agarwal က ယခုလေ့လာမှုသည် sili bininကို ကုထုံးအဖြစ်အသုံးပြုနိုင်ရန် အကြို စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း၊ ယခုနည်းပညာသည် UVAသင့်နေသော ဆဲလ်များအတွင်းမှ ကင်ဆာဖြစ်စေသော ဓာတ်တိုးအောက်စီဂျင်များကို လျော့ပါးစေသောအာနိသင်ကို အခြေခံကြောင်းရှင်းပြထားပါသည်။
ယခုလေ့လာမှုတွင် အသုံးပြုခဲ့သော silibinin၏အရေပြားကင်ဆာ အပေါ်အာနိသင်ကိုနှစ်ပေါင်း၂၀ ခန့် ကြာအောင်သုတေသနပြုခဲ့ရကြောင်း၊ အရေပြားကင်ဆာအပြင် အခြားအင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်ပွားတတ် သော ကင်ဆာများကိုပါ ကုသကာကွယ်နိုင်မှုရှိမရှိကို မိမိတို့ဆက်လက်လေ့လာနေကြောင်း၊ silibininကို အရေပြားကင်ဆာကုထုံးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် မိမိတို့ကြိုးပမ်းနေကြောင်း Dr.Rajesh Agarwal က ပြောကြားခဲ့သည်။
ယခုလေ့လာမှုကို Journal of Photochemistry and Photo-biologyတွင် ဖော်ပြထားခြင်းဖြစ်သည်။

သက်နှင်း
Ref:IANS
Health Updates Journal
Vol-2,No-7

No comments:

Post a Comment