Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 5, 2013

*ကျွန်တော်နေထိုင် သစ္စာခံရာမြို့ *

 -မျက်စိမှိတ် နှာခေါင်းပိတ်ထားရတဲ့
ဖုန်တွေ လုံးနေတတ်ပေမယ့်
အပြုံးတွေကြောင့်
အသက်ရှုရ မခက်သေးတဲ့မြို့ ။

-ရွှေခြေကျင်းတွေ
မဝတ်တော့ပေမယ့်
ပေါင်သားဖွေးဖွေးတွေနဲ့ 
ကြည့်ပျော်ရှုပျော်ရှိနေသေးတဲ့မြို့ ။

-ကျပ်ညပ်နေတဲ့ လမ်းတွေထက်
နားလည်မှုတစ်ခုတည်းကို
စည်းကမ်းလုပ်ပြီး အလုအယက်မောင်းနှင်နေခြင်းမှာ
အသားကျနေတဲ့မြို့ ။

-မြန်မာ့နန်းတော်ကြီး
ရှိနေသေးပေမယ့်
မြန်မာတွေအတွက်နေရာမရှိ
ဖြစ်လာတဲ့မြို့ ။

-ဘုံဆွမ်းလောင်းအသင်းတွေ
ပေါတဲ့
သာသနာတော် ထွန်းပဆဲမြို့ ။

-ကျွန်တော် ,ကျွန်တော်နဲ့ 
ပြောတဲ့မြို့ 

-ဇာတ်ပွဲတွေနဲ့ မိုးလင်းပေါက်
ဖက်လှဲတကင်း နေတဲ့မြို့ 

-အနောက်တိုင်းဆန်စပြုလာတဲ့မြို့ 

-လမ်းပေါ်မှာ "ပျစ်" ကနဲ
ကွမ်းထွေးရတာကို
အရသာရှိနေတဲ့မြို့ 

-ကျန်းမာချင်ယောင်
ဆောင်ထားရတဲ့မြို့ 

-မငြီးငွေ့ နိုင်သေးတဲ့မြို့ 

-မော်တော်ပီကယ် ရှောင်ရတဲ့မြို့ 

-နာရီစင်ရဲ့ မျက်ရည်တွေ
ကျုံးထဲကို စီးဆင်းထားတဲ့မြို့ 

-မျိုးချစ်စိတ်တွေ
သွေးဖျော့အားနည်းလာတဲ့မြို့ 

-ဒီမြို့ မှာကျွန်တော်နေတယ်
ဒီမြို့ ကိုသစ္စာခံထားတယ်။ ။


ဧလင်းကေ(14/1/2013)

No comments:

Post a Comment