Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2013

ရေမြွှာအိတ်မှ မျိုးဥထုတ်နိုင်မည်


 
ကိုယ်ဝန်ဆောင်မိခင်၏ သားအိမ်တွင်း သန္ဓေသားကို ၀န်းရံထား သည့်ရေမြွှာအိတ်မှ သန္ဓေသားမျိုးဥ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိပ္ပံပညာ ရှင်များကဆိုသည်။
သန္ဓေသားမျိုးဥမထုတ်လုပ်နိုင်သည့် အမျိုးသမီးများတွင် သန္ဓေအောင်ခြင်းမရှိသည့်အတွက်ရင်သွေး ရယူလိုသည့်အခါ အခြားအမျိုးသမီး တစ်ဦးလှူဒါန်းသည့် မျိုးဥကိုရယူ ရသည်။ ယခုနည်းပညာကို ကျယ် ကျယ်ပြန့်ပြန့် အသုံးချနိုင်ပါက မျိုးဥ အလှူခံစရာမလိုတော့ဘဲ အလှူရှင်၏ ရေမွှာအိတ်မှ မျိုးဥရယူနိုင်တော့မည် ဖြစ်သည်။
ရေမြွှာဆဲလ် (amniotic cell) များသည် သန္ဓေသားဘ၀ ကနဦးတွင် စတင်ဖြစ်ပေါ်ပြီး အခြားဆဲလ်အမျိုး အစားတစ်မျိုးမျိုးသို့ ပြောင်းလဲဖွံ့ဖြိုး နိုင်သည်။ မိန်းကလေးတစ်ဦး၏ သားဥအိမ်တွင်းရှိမျိုးဥဆဲလ်များသည် အရွယ်မရောက်သေးသည့်ကာလတွင် နုနယ်သည့်အဆင့်တွင်ရှိနေသကဲ့သို့ ရေမြွှာဆဲလ်များသည်လည်း ဆေးပညာ အတွက်အသုံးချရန် နုနယ်သည့်ဆဲလ် များဖြစ်ကြသည်။
ထို့ကြောင့် သိပ္ပံပညာရှင်များက ရေမြွှာဆဲလ်များကို လှုံ့ဆော်သည့် ဟော်မုန်းများပေး၍ ရင့်ကျက်သည့် ဆဲလ်များအဖြစ်ပြောင်းစေပြီး သုက်ပိုးနှင့် ပေါင်းစပ်နိုင်ရန်အဆင်သင့်ဖြစ်စေသည်။
မီးဖွားပြီးသည်နှင့် ရေမြွှာအိတ်ကို လွှင့်ပစ်ရသည်ဖြစ်ရာ အလှူရှင်အမျိုးသမီးများအနေနှင့် မျိုးဥလှူဒါန်းရ သည်ထက်လွှင့်ပစ်ရမည့် ရေမြွှာအိတ်ကို လှူဒါန်းရန် ပိုမိုအဆင်ပြေလွယ် ကူစေမည်ဖြစ်သည်။ သို့သော် ယခုနည်းပညာတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာ သတိထားရမည့်အချက်ကလေးများရှိကြောင်း ကျွမ်းကျင်သူများက သတိ ပေးပြောကြားသည်။
“ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေ ရှိလာနိုင်ပါတယ်။ ရေမြွှာ အိတ်ဆိုတာ ကလေးငယ်ကိုဝန်း ရံထားတဲ့အရာပဲလေ။ ဒီတော့ကလေးငယ်နဲ့ပဲ ဆိုင်ပါတယ်။ တရားရုံးမှာ အရင်ဆုံး ဥပဒေအရ ဆွေးနွေးထား သင့်ပါတယ်” ဟု လန်ဒန်အခြေစိုက် သန္ဓေသားအထူးကုတစ်ဦးဖြစ်သူ ပါမောက္ခ လောရင့်စ်ရှောကဆိုသည်။

သီဟ
Source:PTI
Health Updates Journal
Vol-2,No-7

No comments:

Post a Comment