လူငယ်တွေဟာ ကျောင်းစာကိုပဲဖတ်ရင် ကျောင်းစာတော်တာပေါ့။ အပြင်စာပါဖတ်ရင် အပြင်မှာပါ အမြင်ကျယ်လာတာပေါ့။ အမြင်ကျဉ်းတဲ့ သူက နောက်လိုက်ဖြစ်မှာပဲ။ အမြင်ကျယ်တဲ့သူ က ခေါင်းဆောင်ဖြစ် လာတာပဲ။
ခေါင်းဆောင်ကလူတိုင်းဖြစ်လာတာမဟုတ်ဘူး။လူ့လောကထဲမှာ ခေါင်းဆောင်ကအင်မတန်ရှားတယ်။သူများထက်စူးရှတဲ့အတွေးအခေါ်၊ ကောင်းမွန်တဲ့အတွေးအခေါ်ရှိတဲ့သူက ခေါင်းဆောင်ဖြစ်လာတာပဲ။
လူငယ်တွေအနေနဲ့ အတုခိုးရာမှာ အ၀တ်အစားလောက်ကိုပဲ အတုခိုးမနေဘဲ တကယ့်ကို အတုခိုးအပ်တဲ့စိတ်ဓာတ်၊ ပညာတွေကို အတုခိုးပြီး ကြိုးစားတဲ့သူက တက်သွားတာပဲ။
ပညာတော်တာကို ဂုဏ်ယူတဲ့ကလေး ရှိတယ်။ အဲဒါကို အားမကျဘဲ အ၀တ်အစားနဲ့ပတ်သက်ပြီး ဂုဏ်ယူတဲ့သူလည်း ရှိတယ်။ အဲဒါက လူငယ်ဘ၀မှာ အဆုံးအဖြတ်ပေး တယ်။ တချို့လူငယ်တွေက စာဖတ်တာကအစ အတွေးအခေါ်ပါတဲ့စာကို အစောကြီးကတည်းက ဖတ်တယ်။ အဲဒါကို ဦးနှောက်စွန့်စားခန်းလို့ခေါ် တယ်။ အ၀တ်အစားစွန့်စားခန်းထက် ဦးနှောက်စွန့်စားခန်း Wisdom လုပ်တဲ့သူက အချိန်တန်တော့ လောကကို ဦးဆောင်သွားတာပဲ။
အနုပညာဘက်မှာလည်း တကယ်ကို အနုပညာတော်အောင် အလေးအနက်ကြိုးစားအားထုတ်နေတဲ့သူက အ၀တ်အစားဘက်ကို အားမကျတော့ဘူး။ နောက်ဆုံးကျတော့သူကအနုပညာခေါင်းဆောင်ဖြစ် သွားတာပဲ။
(ဆရာအောင်သင်း)





No comments:
Post a Comment