Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 23, 2013

GangNam Style ဆိုတာ ..


သူဌေး မဟုတ်ပဲ သူဌေးစတိုင် ဖမ်းထားတဲ့ လူတွေကို လှောင်ပြောင်ထား တဲ့ ...PSY

GangNam Style ဆိုတာ ..
 
     Gangnam ဆိုတာ မြစ်တောင်ဘက်လို့ အဓိပ္ပါယ်ရတယ်။ Han မြစ်တောင်ဘက်ခြမ်းမှာရှိတဲ့ seoul မြို့ထဲက သူဌေးရပ်ကွက် တခုပါ။ ထုံးစံအတိုင်း pub တွေ၊ club တွေ၊ karaoke ခန်းတွေ၊ ရေချိုးခန်း တွေရှိတယ်။ အဲဒီတော့ gangnam stlye ဆိုတာ အဲဒီရပ်ကွက်က သူဌေး တွေရဲ့ စတိုင်ပေါ့။ ဒါပေမယ့် Psy က၊ တကယ့် gangnam သားတွေက သီးသန့် စတိုင်မရှိပါဘူး၊ သူဌေး မဟုတ်ပဲ သူဌေးစတိုင် ဖမ်းထားတဲ့ လူတွေကို လှောင်တာပါလို့ ပြောတယ်။
သူပြောတာ ဟုတ်ချင်ဟုတ်မယ်။ သီချင်းအစ မှာ ပင်လယ်ကမ်းစပ်မှာ ထိုင်နေသလိုလို နဲ့ နောက်တာ့ ကလေးကစားကွင်း ထဲမှာ ထိုင်နေတာ ဖြစ်နေတယ်၊ ကော်ဇောခင်းလမ်းမှာ ကောင်မလေး တဘက်တယောက်နဲ့ လျှောက်လာနေသလိုနဲ့ နောက်တော့ car parking မှာ ဖြစ်နေတယ်၊ စက္ကူစ confetti တွေ အစား အမှိုက်တွေနဲ့ နှင်းအတုတွေနဲ့ ပက်ခံရပြီး ရီစရာပုံ ဖြစ်သွားတယ်။ ရေနွေးငွေ့ခန်း sauna ထဲမှာ ကျတော့ သူဌေး အဖော်တွေနဲ့ မဟုတ်ပဲ လူမိုက် တွေနဲ့ ဖြစ်နေတာတို့ ၊ အသက်ကြီးတဲ့လူတွေပဲ ပါတဲ့ bus ကားပေါ်မှာ က နေတာတို့၊ အများသုံး ရထားပေါ်မှာ အချစ်စစ် ( မင်းသမီး ) နဲ့ တွေ့တာတို့က အဲဒီလို လှောင်ထားတာလို့ ယူဆ စရာဖြစ်နေတယ်။
အပြိုင်အဆိုင်များတဲ့ ကိုရီးယားမှာ ဘွဲ့ကောင်းကောင်း တခုရ ပြီး အလုပ်ကောင်းကောင်း တခု ရဖို့ သိပ်ခက်တယ်။ ဖြတ်လမ်းက အမြန်ကြီးပွားဖို့ကတော့ model တို့၊ မင်းသမီး တို့လို celebrity ဖြစ်မှ ရမယ်။ သီချင်း၊ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတွေက gangnam ထဲမှာဆိုတော့ မင်းသားရုး၊ မင်းသမီးရူးလေး တွေကလည်း gangnam ထဲမှာ ကုပ်ကပ်ပြီး လိုက်နေကြတယ်။ မိဘပို့တဲ့ ပိုက်ဆံလေးတွေ ချွေတာသုံးရင်း ဟန်ကလေး နဲ့ နေကြတယ်။ ထမင်းကိုချွေတာ စားပြီး အဆင့်အတန်းရှိတယ် ထင်ခံရအောင် ဈေးကြီးတဲ့ ကော်ဖီ ဆိုင် ထိုင်ကြတယ်။ ညဘက်ကျတော့ gangnam ထဲ လာကဲတဲ့ သူဌေးတွေ ခေါ်ရာလိုက်ပြီး သူတို့ကျေနပ်အောင် အသုံးတော် ခံရတယ်။ အကိုကြီး ( oppa ) ဘာညာ ခေါ်ရတယ်။ အဲဒါကြောင့် သီချင်းစာသားထဲမှာ မင်းသား ရော မင်းသမီးပါ ကော်ဖီ သောက်ကြတယ်၊ နေ့ခင်းမှာ စတိုင်အပြည့်နဲ့ နေပြီး ညဘက် အချိန်ကျတော့ ဆံပင်တွေကို ဖြည်ချလိုက်တယ်၊ စိတ်တွေဖေါက် လာတယ် လို့ ပါတာ ဖြစ်နိုင်တယ်။ အဲဒီလို သူဌေးတွေဆီက ကပ်စားပြီး ခြစ်ကုပ် စုထားတဲ့ ပိုက်ဆံလေးတွေ များလာရင် second hand, branded လက်ကိုင်အိပ်တွေ ဘာတွေ ဝယ်ကြတယ်တဲ့။ တယ်ဟုတ်။
Oppa ကဲ နေတုန်း တံတားအောက် မှာ ရှေးအဝတ်အစားတွေနဲ့ အဖိုးကြီး နှစ်ယောက် ကျားထိုးနေတယ်။ တံတား က အဆင့်မြင့်တဲ့ ခေတ်သစ်၊ တံတားအောက်က တော့ ခေတ်နောက်ကျ ကျန်ခဲ့တဲ့ ယဉ်ကျေးမှု အဟောင်းလို့ မြင်စရာပဲ။ oppa က ကြိမ်းလဲကြိမ်းရော အဖိုးကြီး နှစ်ယောက် ပေါက်ကွဲပြီး လွင့်သွားတာ အခု ပိုက်ဆံဦးစားပေးတဲ့ gangnam စတိုင်ကြောင့် အရင်ယဉ်ကျေးမှုတွေ သေဆုံးကုန်ပြီလို့ Psy က ပြောချင်သလိုပဲ။ သိတဲ့လူတွေကတော့ gangnam မှာ Psy က အကဲဆုံး၊ သူ့ကိုယ်သူ လှောင်ထားတာလို့ ပြောကြတယ်။
နတ်သမီးလေးတွေနဲ့ လာကဲတဲ့ သူဌေးအစစ်တွေနဲ့ ရောပါလာတဲ့ သူဌေးအတုလေး တွေကို လှောင်ပြီး ရေးထားတဲ့ သီချင်းတပုဒ်ပေါ့ ။
(ကိုမျိုးသန့်ဝေါမှကူးလာသည်)

No comments:

Post a Comment