Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 19, 2013

အမျိုးသမီးလိင်အလုပ်သမများအတွက် ဥပဒေသစ်ပေါ်ထွက်


 Wednesday, January 16, 2013

အမျိုးသမီးလိင်အလုပ်သမားများအတွက် ဥပဒေထွက်ပေါ်လာရေး
အတွက်ရာနှုန်းပြည့် ထောက်ခံအားပေးကြောင်း လူ့အခွင့်အရေးလှုပ်ရှားမှု
များ ဆောင်ရွက်နေသူ ဒေါ်စူစန်နာလှလှစိုးက ဇန်န၀ါရီလ (၁၅)ရက်နေ့က ဆီဒိုးနားဟိုတယ် ၌ပြုလုပ်သော Gender Issue ဆွေးနွေးပွဲ၌ ပြောကြား
ခဲ့သည်။

“ကျွန်မကတော့ ဒီ human right, women right အခွင့်အရေး
လှုပ်ရှားသူတစ်ယောက်အနေနဲ့ အဲ့ဒါကို 100 % ထောက်ခံ ပါတယ်၊ အဲ့ဒီအဆိုဖြစ်အောင်လည်း ကျွန်မတို့ advocate လုပ်ခဲ့တာ ဆယ်စုနှစ် ကျော်ကျော်လောက်ရှိပါပြီ၊ ကျွန်မတို့ဒီအမျိုးသမီး sexworker တွေအတွက်အလုပ်လုပ်ခဲ့တာ သူတို့အတွက် အရမ်းကိုနာကျင်ပေးရတယ်၊ ဘာလို့လည်းဆိုတော့ ဒီလိုမျိုး တရားဝင်ဥပဒေမရှိတဲ့ အတွက်ကြောင့် ရိုးရိုး sexworker မဟုတ်ဘူး၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ပိုက်ဆံအိတ်ထဲမှာ ဒီကွန်ဒုံးထည့်ထား
လို့ရှိရင်ရဲကအချိန်မရွေးဖမ်းနိုင်တယ်”ဟု ဒေါ်စူစန်နာလှလှစိုးက
ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေမှ ထိုဥပဒေအားလွှတ်တော်တွင် အဆိုတင်သွင်းလာလျှင် ကန့်ကွက်
သွားမည်ဟု ပြည်တွင်းဂျာနယ်များ၌ ၂၀၁၃ နှစ်ဆန်းပိုင်းကပြောကြား
ခဲ့ထားကြောင်း သိရသည်။

လိင်လုပ်သားများပပျောက်ရေးအတွက် နိုင်ငံတော်မှ ၁၉၄၉ ခုနှစ်
ပြည့်တန်ဆာနှိပ်ကွပ်ရေး အက် ဥပဒေအား ပြဌာန်းခဲ့သည်။ ယခင်က လိင်လုပ်သားများအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်နိုင်ကြောင်းနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရ လက်ထက်၌ သုံးနှစ်ထက်မပိုသော ထောင် ဒဏ်အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

“ကျွန်မကတော့ ဒီလောကထဲဒီတိုင်းပဲ ရပ်တည်သွားရမှာပဲ၊ ကျွန်မတို့
အတွက် အခွင့်အရေးလေး တွေရလာရင်တော့ ၀မ်းသာမိမှာပါ။” ဟု အင်းလျားကန်တွင် ကျက်စားနေသော အမျိုးသမီး လိင်အလုပ်သမား
တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဥပဒေများမရှိသည့်အတွက် ၎င်းတို့ အလုပ်လုပ်လျှင် customer များ၏ ၀ိုင်းဝန်းအနိုင်ကျင့် မှုအား ခံရကြောင်းနှင့် customerများနှင့် ဆက်ဆံလျှင် အချို့လူများမှာ ကွန်ဒုံးသုံးရန်ငြင်းပယ်ခြင်း ကြောင့် လိင်လုပ်အလုပ်သမများအနေဖြင့် HIV ပိုးကူးစက်ခံနေရသည့်အတွက် ဥပဒေလိုလားနေခြင်း ဖြစ်ကြောင်းကိုလည်း လိင်လုပ်အလုပ်သမများက ဆိုသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup

No comments:

Post a Comment