Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 18, 2013

အမေ

မကြာခင်မှာ မိခင်ဖြစ်တော့မယ် ကိုယ်ဝန်ဆောင်သည်တစ်ယောက် မီးဖွားခန်းထဲမှာ အော်ဟစ်နေတယ် ...
လူတွေရှိနေပေမယ့်လည်း သူမ မရှက်နိုင်တော့ပါဘူး ...
နာကျင်မှုက တကယ့်ကို အတိုင်းထက်အလွန်ပဲလေ ...
ခန္ဒာကိုယ်မှာ ရှိရှိသမျှ အရိုးတွေအားလုံး ရိုက်ချိုးခံထားရသလိုပါပဲ ...
တစ်သက်နဲ့တစ်ကိုယ် ဒီလိုနာကျင်မှုမျိုး သူမ တစ်ခါမှ မခံစားဖူးပါဘူး ...

သူမ အော်ဟစ်နေရတာ ခြောက်နာရီလောက် ကြာနေပါပြီ ...
တစ်ရေးမှလည်း မအိပ်ရသေးသလို နာကျင်မှုကလည်း တဖြည်းဖြည်း ပိုဆိုးလာပါတယ် ...
အဲ့ဒီအချိန်မှာ OG ရောက်လာပြီး သားအိမ်စမ်းကြည့်တဲ့အခါ သားအိမ်က လေးဆင့်လောက်ပဲ ပွင့်ပါသေးတယ် ... ဘယ်လိုမှ မမွေးနိုင်သေးပါဘူး...
အဲ့ဒါနဲ့ နာကျင်မှုတွေသက်သာပြီး အိပ်ပျော်သွားအောင် OG က မော်ဖင်းတစ်ချောင်း ထိုးပေးခဲ့တယ် ...

ဒါပေမယ့် ဒီသေလောက်အောင်ဆိုးတဲ့ နာကျင်မှုကြီးကို မော်ဖင်းကလည်း ဘယ်လိုမှ မသက်သာစေပါဘူး ... မော်ဖင်းရဲ့ အရှိန်ကြောင့် မူးဝေနေပေမယ့် ဘယ်လိုမှ အိပ်လို့မပျော်သလို နာကျင်မှုကြောင့်လည်း အော်ဟစ်နေရတုန်းပါပဲ ...

နောက်ထပ် နှစ်နာရီလောက်အကြာမှာ သားအိမ်ပွင့်သွားပါတယ် ... နာကျင်မှုကလည်း ပိုဆိုးလာပြီး စိတ်မထိန်းနိုင်ရင် ရူးသွားမလားတောင် ထင်ရပါတယ် ... ဘယ်လိုမှ သည်းမခံနိုင်ပေမယ့် သူမ သည်းခံနေရဆဲပါပဲ ...
နာကျင်နေရင်းကပဲ ဗိုက်ထဲက ကလေးလေး အပြင်ရောက်အောင် OG တွေ Nurse တွေရဲ့ အားပေးမှုနဲ့အတူ သူမကြိုးစားနေရပါတယ် ...

သူမ အကောင်းဆုံး ကြိုးစားပြီးတဲ့နောက်မှာတော့ သူမရဲ့ ကမ္ဘာသစ်လေးကို ဘေးမသီ ရန်မခနဲ့ လူ့လောကထဲကို အရောက် ပို့ပေးလိုက်နိုင်ပါပြီ ... OG က ကလေးလေးကို သူမဗိုက်ပေါ် ခဏတင်ပေးလိုက်ချိန်မှာတော့ သူမရင်ထဲမှာ ပြောမပြတတ်အောင် ပျော်ရွှင်ကြည်နူးသွားပြီး နာကျင်မှုတွေကိုလည်း အကုန်မေ့လျော့သွားပါတော့တယ် ....

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဒီစာလေးကိုဖတ်ပြီး သင်တို့ မိခင်ကို သတိရမိကြပါရဲ့လား?? သင့်မိခင်လည်း ဒီလိုအခက်အခဲတွေကြားက နာကျင်မှုဆိုတာကြီးကို အံတုပြီး သင့်ကို လူ့လောကထဲ အရောက်ပို့ပေးခဲ့တာပါ ... ကိုယ့်သားသမီးကို လူ့လောကထဲပို့ပေးရင်း ကိုယ်တိုင်ကတော့ လူ့လောကထဲက ထွက်ခွာသွားရရှာတဲ့ မိခင်တွေလည်း အများကြီးရှိမှာပါ ...
"ယောက်ျားဖောင်စီး မိန်းမမီးနေ" တဲ့!! ဒီခေတ်မှာ ယောက်ျားတွေ ဖောင်မစီးရတော့ပေမယ့် မိန်းမတွေကတော့ မျိုးဆက်သစ်တွေကို မွေးဖွားပေးနေရတုန်းပါပဲ ... အသစ်ဖြစ်လာမယ့် လူသားတစ်ယောက်အတွက် ဒီအန္တရယ်တွင်းကြီးထဲကို ခုန်ဆင်းနေရတုန်းပါပဲ ... ဒီစာလေးကြောင့် သင့်ကို အသက်နဲ့ရင်းပြီး မွေးထုတ်ပေးတဲ့ အမေ့ရဲ့ကျေးဇူးကို မြင်ယောင်ပြီး အမေ့ကို စိတ်ထဲကနေ ရှိခိုးကန်တော့မိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ...

♥ အမေကိုချစ်သော အမေ့ကျေးဇူးကို သိတတ်သော သားသမီးတွေ ဖြစ်ကြပါစေ ... ♥



♚TT♚

Heart Canteen

No comments:

Post a Comment