Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 30, 2013

တစ်စီးတည်းထုတ်၍ ဈေးကြီးကြီးဖြင့် ရောင်းခဲ့သော Aventador J



Lamborghini Aventador စီးရီးထဲကနေ Special Edition ဆိုပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဂျနီဗာမော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသခဲ့ ပါတယ်။

အဲ့ဒီကား ရောင်းထွက်သွားပါပြီ။ ပွဲမှာတင် လေလံတင်ဝယ်ယူသူ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂.၈ သန်းနဲ့ စံချိန်တင်သွား ပါတယ်။ သာမန် ထုတ်လုပ်နေကျ Aventador ထက် ထူးခြားတာ တစ်ခုက အမိုးပွင့်ခြင်း ဖြစ်ပါတယ်။ အမိုးပွင့်ရုံတင်မကပဲ အလေးချိန် ထပ်လျော့ဖို့ အတွက် ရေဒီယို စနစ်၊ အဲယားကွန်း စနစ်အားလုံးကို ဖြုတ်ထားပါတယ်။ ဒီတော့ Aventador J ရဲ့  အလေးချိန်က ၃၄၇၂ ပေါင်ပဲ ရှိပါတယ်။
 
အင်ဂျင် - ၆၅၀၀ စီစီ၊ ၁၂လုံးပူး ဆလင်ဒါ

ပါဝါ - မြင်းကောင်ရေအား ၇၀၀

ဂီယာ - အော်တို ၇ ချက်ထိုး

မြန်နှုန်း - တစ်နာရီ ၂၁၇ မိုင်

ဆီစား - ပျှမ်းမျှ ကီလိုမီတာ ၁၀၀ တွင် ၁၇.၂ မိုင်

ဈေးနှုန်း - အမေရိကန်ဒေါ်လာ ၂.၈ သန်း

--
Ref:Lambo

ရိုးရာလေး မော်တော်ယာဉ်

http://www.yoyarlay.com/science-tech/134-inventions/34006-lamborghini-aventador-j

No comments:

Post a Comment