Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 14, 2013

ရွှေကမ္ဘာလုံးအကောင်းဆုံး ဇာတ်ကားဆု Argo ဆွတ်ခူး

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်နိုင်ငံ ဟောလီဝုဒ် ရုပ်ရှင်လောကရဲ့  တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ ရုပ်ရှင်ဆုပေးပွဲမှာ Golden  Globes ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မျှော်လင့်မထားတဲ့  အာဂိုရုပ်ရှင်က ဆွတ်ခူးရရှိသွားပါတယ် ။
ဇာတ်ကားအနေနဲ့  အကောင်းဆုံးဇာတ်လမ်းဆု အပြင် Ben Affleck ကအကောင်းဆုံးဒါရိုက်တာဆုကို ရသွားတာပါ။

Lincoln နဲ့  Zero Dark Thirty ဇာတ်ကား တွေဟာ  အဲဒီဆုတွေအတွက် တစ်ပြေးခဲ့ တဲ့ ကားတွေဖြစ်ပါတယ် ။ ဒါပေမဲ့  Lincoln ကားမှာ Daniel Day က အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု နဲ့  Zero Dark Thirty ကားက Jessica Chastain ကတော့ အကောင်းဆုံး မင်းသမီးဆုတွေ ချိတ်ခဲ့  ပါတယ်  ။ အကောင်းဆုံးဟာတေးဂီတ အမျိုးအစား နဲ့  ဟာသ ဇာတ်ကားအတွက်   Les Miserables ဇာတ်ကား က ရသွားပြီး အဲဒီကားမှာ မင်းသား Hugh Jackman က အကောင်းဆုံး ဟာသနဲ့  တေးဂီတ သရုပ်ဆောင်ဆုကို ဆွတ်ခူးသွားပါတယ်။

အဲဒီညနေ က ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာ  သမ္မတဟောင်း Bill Clinton က အဖွင့် အမှာစကားပြောပါတယ် ။ ရွှေကမ္ဘာလုံးဆုပေးပွဲကို ဟောလီဝုဒ် နိုင်ငံခြားသတင်းစာ အသင်းအဖွဲ့ ဝင်တွေကမဲပေးရွေးချယ်တာဖြစ်ပါတယ်။  ရွှေကမ္ဘာလုံးဆုကို နောက်လအတွင်းပြုလုပ်တော့မဲ့  ဟောလီဝုဒ် ရုပ်ရှင်အကယ်ဒမီဆုနဲ့  တတန်းတည်းအဖြစ် မှတ်ယူကြပါတယ်။


FFN_IMAGE_50990481|FFN_SET_60059050

50990481 The 70th Annual Golden Globe Awards held at The Beverly Hilton Hotel in Beverly Hills, California on January 13th, 2013. The 70th Annual Golden Globe Awards held at The Beverly Hilton Hotel in Beverly Hills, California on January 13th, 2013. Rosie Huntington-Whiteley, Jason Statham FameFlynet, Inc - Beverly Hills, CA, USA - +1 (818) 307-4813 © 2013 FameFlynet, Inc - Beverly Hills, CA, U.S.A.

No comments:

Post a Comment