Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 11, 2012

HIV ပိုးရှိသူ ကလေးယူမယ်ဆိုရင် ..........


HIV ပိုးရှိတယ်လို့ သိလိုက်တာနဲ့ မှန်ကန်တိကျပြီး အကျိုးရှိစေမယ့် နည်းလမ်းတွေကို ရရှိနိုင်ဖို့ HIV/AIDS အကြောင်းကို တကယ်အကြံပြုနိုင်၊ ကုသပေးနိုင်တဲ့ ဆရာဝန်တွေနဲ့ပဲ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်တွေ ယူသင့်ပါတယ်။

ကိုယ့်ဟာကိုယ် တစ်ဦးတည်း တိတ်တိတ်လေး HIV/AIDS နဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဝယ်ဖတ်နေလို့ မရပါဘူး။

သွေးမစစ်ခင်ကတည်းကလည်း နှစ်သိမ့်ဆွေးနွေးပညာပေးသူ (Counseller) တွေနဲ့ တိုင်ပင်ပြီးမှ သွေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဒါမှ ရောဂါပိုးရှိတာနဲ့ ဘာဆက်လုပ်ရမယ်၊ ဘာဆက်လုပ်သင့် တယ်ဆိုတာကို သူတို့က လမ်းညွှန်ပေးနိုင်မှာပါ။

အကောင်းဆုံးကတော့ HIV ပိုးရှိတဲ့သူအချင်းချင်း စကားပြောဆိုကြည့်တာမျိုးက ဖြစ်နိုင်ရင် တော်တော်တန်ဖိုးရှိပါတယ်။ သူတို့က ကိုယ်တိုင်ဘဝအတွေ့အကြုံတွေနဲ့ရင်းပြီး ပြောပြတတ်ကြတာကြောင့် ကိုယ့်အတွက် တော်တော်ကို အကျိုးရှိနိုင်ပါတယ်။

HIV ပိုးရှိတဲ့သူ ကလေးယူမယ်ဆိုရင် ဆရာဝန်အတော်များများကတော့ ကလေးလုံးဝ မယူဖို့ ပြောကြတာများပါလိမ့်မယ်။ ကိုယ်က တကယ်ပဲ ကလေးယူချင်တယ်ဆိုရင် မိမိရင်သွေးလေးဆီကို HIV ပိုး ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ HIV ပိုးရှိလို့ ARV ဆေးဝါးသောက်နေရတဲ့ မိခင်တွေလည်း ကလေးယူလို့ ရနိုင်ပါတယ်။ ဒီအတွက် HIV/AIDS အကြောင်းကို သေချာသိရှိပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရပါမယ်။

မိခင်ဟာ အစောကတည်းက ARV ဆေးဝါးတွေသောက်သုံး၊ မှီဝဲနေရသူဆိုရင် ကလေး ကိုယ်ဝန်ရလာချိန်မှာ မိခင်သောက်တဲ့ ဆေးတွေထဲက ကလေးနဲ့မတည့်တဲ့ ဆေးဝါး ပါနေရင် အဲဒီဆေးဝါးကို ဖယ်သင့်ရင်ဖယ်၊ ပြောင်းသင့်ရင်ပြောင်းပြီး သောက်ဖို့လိုတယ်။ ဒါတွေကိုသိရဖို့က ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာရော၊ ကိုယ်ဝန်ဆောင်ပြီးလို့ ကလေးမီးဖွားပြီးချိန်ကာလမှာပါ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပြီး သောက်ရမှာဖြစ်တယ်။

ကလေးကို နို့တိုက်တာကအစ ဆောင်ရန်၊ ရှောင်ရန်တွေလည်း ရှိနေပါသေးတယ်။ လေ့လာမှုတွေအရဆိုရင် ကိုယ်ဝန်ဆောင်သည်ရဲ့ ကိုယ်ဝန်ဆောင်ချိန် ၁၄ ပတ် လောက်ကနေ ဆေးစသောက်ခဲ့ပြီး တခြားလိုက်နာသင့်တဲ့ ဆရာဝန်က ညွှန်ကြားခဲ့တဲ့ လိုက်နာစရာတွေကိုပါ ဆောင်နိုင်၊ ရှောင်နိုင်၊ လိုက်နာနိုင်ခဲ့မယ်ဆိုရင် ကလေးငယ် ရင်သွေးလေးဆီ ရောဂါကူးစက်နိုင်ခြေဟာ တစ်ရာခိုင်နှုန်းပဲရှိတာကြောင့် ရောဂါ ကူးစက်နိုင်မှု တော်တော်ကို နည်းတယ်လို့တောင် ပြောလို့ရပါတယ် ။Health

No comments:

Post a Comment