
လာ့စ်ဗီးဂက်စ်ရှိ Planet Hollywoodတွင် ပြုလုပ် ကျင်းပသော ပြိုင်ပွဲတွင် ကယ်လ်ပိုသည် ယမန်နှစ် မယ်စကြာဝဠာဖြစ်သူ အန်ဂိုလာ ကိုယ်စားပြု လိုင်လာလိုပက်စ်ထံမှ သရဖူအား လွှဲပြောင်း ရယူနိုင်ခဲ့သည်။ သူမသည် ခရမ်းနှင့် အပြာရော ဘီကနီ၊ အနီရောင် ပွဲတက်ဝတ်စုံတို့နှင့် ကိုယ်ဟန်ပြခဲ့ပြီး ပရိသတ်နှင့် ဒိုင်လူကြီးများ၏ သဘောကျ နှစ်ခြိုက်ခြင်းကို ခံခဲ့ရသည်။ ဖိလစ်ပိုင် ကိုယ်စားပြု အလှမယ် ဂျနင်း တူဂိုနန်က ဒုတိယ ရခဲ့ပြီး နာမည်ကျော် အလှမယ်များ ထွက်ပေါ်လေ့ရှိရာ ဗင်နီဇွဲလားကို ကိုယ်စားပြုသော အီရီနီ ဆိုဖီယာ အက်ဆာ ကွင်တာရိုက တတိယ ချိတ်ခဲ့သည်။

ယင်းပြိုင်ပွဲသို့ တိုက်ကြီး(၆)ခုရှိ နိုင်ငံပေါင်း (၈၉)ခုမှ အလှမယ်များ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ကယ်လ်ပိုသည် ရုဒ်အိုင်းလန်း ဒေသမှ အမေရိကန် ကိုယ်စားပြု အလှမယ် ဖြစ်လာခဲ့သူ ဖြစ်သည်။ သူမသည် (၁၉၉၇)ခုနှစ်က ဘရွတ်လီနောက်ပိုင်း မယ်စကြာဝဠာဘွဲ့ကို ဆွတ်ယူနိုင်သည့် ပထမဆုံး အမေရိကန်မယ် ဖြစ်လာသည်။ ယခုပြိုင်ပွဲတွင် Miss Congeniality ဆုကိုမူ ဂွာတီမာလာ ကိုယ်စားပြု အလှမယ်က ရရှိသွားခဲ့သည်။
http://www.planet.com.mm/news/read.cfm/id/20535
No comments:
Post a Comment