Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 11, 2012

မုန်တိုင်းသင့်အမေရိကန်ပြည်သူတို့ကို ကူညီမည့် သက်ရှိဘာဘီရုပ်လေးများ




သက်ရှိအရုပ်ကလေးတို့က အမေရိကန်နိုင်ငံသို့သွားရောက်ကာ ဓါတ်ပုံများရိုက်ကူးမည်ဖြစ်ပြီး ရရှိလာမည့်ငွေများအား မုန်တိုင်းဒဏ်ခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို လှူဒါန်းသွားမည်ဟု သိရသည်။

သက်ရှိဘာဘီရုပ်ကလေးဟု တင်စားခံရသည့် ဗေးလ်ရီးယားသည် သူမနှင့် အသွင်သဏ္ဍန်တူသော အိုလ်ဂါ အိုလီနစ်ကို အင်တာနက်မှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်။ ဗေးလ်ရီးယားသည် အင်တာနက်တွင် သက်ရှိအရုပ်ကလေးဟူ၍ နာမည်ကျော်ကြားသူတစ်ဦး ဖြစ်သည်။ သူမသည် လွန်ခဲ့သော ၅ နှစ်က အသက် ၂၄ နှစ်ရှိ ဒိုမနစ်ကာ (အမည်ရင်း အိုလ်ဂါ အိုလီနစ်) နှင့် ဆုံခဲ့ရသည်။

သူမတို့နှစ်ဦးစလုံးသည် ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့တော်သူများဖြစ်ကြပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်သဘောထားနှင့် နေထိုင်မှုပုံစံများပါ တူညီမှုရှိကြသူများလည်း ဖြစ်သည်။ ယခုအခါတွင် အဆိုပါ သက်ရှိအရုပ်ကလေးတို့က အမေရိကန်နိုင်ငံသို့သွားရောက်ကာ ဓါတ်ပုံများရိုက်ကူးမည်ဖြစ်ပြီး ရရှိလာမည့်ငွေများအား မုန်တိုင်းဒဏ်ခံခဲ့ရသော အမေရိကန်နိုင်ငံသားများကို လှူဒါန်းသွားမည်ဟု သိရသည်။

ပန်းပုထုထားသကဲ့သို့ ကြွေရုပ်ကလေးပမာ လှပလွန်းသော ဗေးရီးယား၏ပုံကို အင်တာနက်တွင် စတင်ထွက်ပေါ်လာစဉ်က ယင်းမှာ ဓါတ်ပုံပြုပြင်သည့် ဆော့ဝဲလ်များဖြင့် ဖန်တီးထားခြင်းဟု ပြောဆိုခဲ့ကြသေးသည်။ သို့သော်လည်း ယခုအခါ ထိုသက်ရှိအရုပ်လေးက သူမ၏ တွဲဘက်အရုပ်ကလေးကို ရှာဖွေတွေ့ရှိခဲ့ပြီး မုန်တိုင်းဒဏ်သင့် အမေရိကန်ပြည်သူများကို ကူညီတော့မည်ဖြစ်သည်။

Source: DailyMail

Planet Myanmar Network

No comments:

Post a Comment