
သြစတြေးလျမှာ ၂ လ ခွဲကျော်လောက် နေခဲ့ပြီးဟိုမှာနေတဲ့ အချိန်အတွင်းမှာလည်း ပျော်ရွှင်ရကြောင်းကို သဇင်က ”ဟိုမှာနေရတာပျော်တယ်။ ဒီတစ်ခေါက် သြစတြေးလျ ပြန်သွားရင် ကျောင်းတက်ဖို့ကိစ္စတွေ လုပ်ဖြစ်မယ်။ အခုအမျိုးသားရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ခဏပြန်လာတာပါ။ ဟိုမှာတော့ မေမြို့လို ပုံစံမျိုးလေး။ အေးအေးချမ်းချမ်းနဲ့ တိတ်တိတ်ဆိတ်လေး၊ လူတွေ အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် တအားလည်း ယဉ်ကျေးကြတယ်။ ချစ်ဖို့လည်းကောင်းကြတယ်” လို့ပြောပါတယ်။
သြစတြေးလျကိုသွားနေတဲ့ အချိန်အတွင်းမှာ၊ ဒီကမိသားစုတွေ၊ ပရိသတ်တွေကို မလွမ်းဘူးလားလို့ မေးတော့ သဇင်က ”လွမ်းတယ်၊ သွားပြီးသွားတဲ့ အချိန်မှာ ပထမတုန်းက ဒီကိုတစ်ခေါက်ပြန်လာဖို့ အစီအစဉ်မရှိဘူးလေ။ တအားကြာမယ်ထင်တာ။ အဲဒီတုန်းက အကြာကြီး ခွဲရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ဆိုတော့ တော်တော်လေး သတိရတယ်။ ပိုဆိုးတာက သဇင့်မိဘတွေနဲ့က ငယ်ငယ်လေးကတည်းက ခွဲတဲ့အကျင့်မရှိဘူး။ ကိုယ်က တိရစ္ဆာန်လေးတွေလည်း မွေးထားတယ်။ သံယောဇဉ် တအားဖြစ်တတ်တော့ သူတို့တွေကအစ တအားလွမ်းခဲ့ရတယ်”လို့ ပြောပါတယ်။ သြစတြေးလျကို နောက်အကျဆုံး နောက်နှစ်ဧပြီလမှာ ပြန်ဖြစ်မှာဖြစ်ပြီး ဒီနှစ်မှာကျင်းပမယ့် အကယ်ဒမီပေးပွဲကိုတော့ ရန်ကုန်မှာရှိရင်တက်ဖြစ်မှာ
”ဒီနှစ်အကယ်ဒမီပွဲကို ရန်ကုန်မှာကျင်းပမယ်လို့ကြာ
ဓာတ်ပုံ – အိသွဲ့ (တန်းယန်း)
ခိုင်ဝေလွင်
Popular News
No comments:
Post a Comment