Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2012

အကယ်ဒမီ အကယ်ဒမီ

by Popular Academy on Thursday, 20 December 2012 at 03:06 ·

    အကယ်ဒမီပွဲ နားနီးလို့ရယ်၊ အကယ်ဒမီခေါ်ထိုက်တဲ့ အကယ်ဒမီ ရှော့တွေမြင်တွေ့ရဖန်များလာလို့ ရယ်၊ အမှတ်တရရေးချင်လာတာပါ။ ၈၈အရေးတော်ပုံကြီး မတိုင်မီကာလ တွေက ကျွန်တော် မှတ်မှတ်ရရစွဲ လမ်းနှစ် ခြိုက်ခဲ့တဲ့ ကာတွန်းဆရာ တစ်ဦးရှိပါတယ်။ အဲဒါကတော့ သမိန် ပေါသွပ်ကို ဖန်တီးတဲ့ ကာတွန်းဆရာ မောင်ဝဏ္ဏဖြစ် ပါတယ်။ကြိုက်ရခြင်း အကြောင်းရင်းက ဆရာမောင် ဝဏ္ဏ ရဲ့ ကာတွန်းဟာ သာမန်မျှ ရယ်စရာ ပေးရုံသက်သက်မဟုတ်ဘဲ၊ နက်နက် ရှိုင်းရှိုင်း အတွေးရသပေးတဲ့ အတွက် ဖြစ်ပါ တယ်။ ဆရာ့ရဲ့၈၈အရေးတော် ပုံအကြို လူထုခံစားချက်တစ်ရပ်ကို မဟေသီမဂ္ဂဇင်းမှာ ပုံဖော်ခဲ့တာလေး နဲ့ဦးစွာပဏာမသာဓကပြချင်မိတယ်။

ယောင်လာတာပါ

ဘုရင်တစ်ပါးက ကြိမ်စကြာ ကိုင်ပြီး ရေပြင်ကိုရိုက်တဲ့ပုံနဲ့ နံဘေး မှာ လက်အုပ်ချီ ခစားနေတဲ့ အမတ် တစ်ဦးပုံ။ ရေပြင်ကို ကုန်ဈေးနှုန်းလို့ ရေထားပြီး ကြိမ်စကြာတုတ်ကို ကုန် စည် ဈေးနှုန်း ကျဆင်းရေး စီမံကိန်း လား (လုပ်ငန်းစိစစ်ရေးအဖွဲ့လား) ရေး ထားတာ အမှတ်ရနေပါတယ်။ အဲဒီ ကာတွန်းကို ဖတ်ရင်း ကျောင်းစာမှာ သင်ရတဲ့ ဘိုးတော်ဘုရားနဲ့ အမတ်ဦး ပေါ်ဦး သမိုင်းရာဇဝင် ဇာတ်လမ်းကို သိထားရုံမျှနဲ့ ဟာသ ရသခံစားနိုင် အောင်ရေးထားတာဖြစ်ပေမယ့် အဲ့ဒီ ခေတ်ကာလ စနစ်ကလူထုကို နင့်နေအောင်  ခံစားရတဲ့ အဖြစ် သနစ်တွေရှိ နေလေ တော့ ဖတ်ရမိသူတိုင်း အနှစ် ခြိုက်ကြီးကိုနှစ်ခြိုက်ခဲ့ကြရမှာ ဖြစ်ပါတယ်။
"ဟဲ့ ပေါ်ဦး နင် လျှောက်တင်လို့ ရေကြီးရေလျှံနေ တဲ့ ရေပြင်ကို ငါကြိမ်စကြာနဲ့ရိုက် တာ ရေကမလျော့ဘဲ တိုးတိုး လာပါရောလား"လို့ အဓိပ္ပာယ်ရတဲ့ စာမျိုးနဲ့မိန့်ဆိုတော့အမတ်ကြီး ဦးပေါ် ဦးက "ရေပိုကြီးလာတာ မဟုတ်ပါ။ ဘုန်းတော်ကြောင့်ရေပြင်ဟာ ယောင် ကိုင်းလာတာပါ"လို့ ပြန်လျှောက်တဲ့ ဟန်။ အဲဒီကာတွန်းကို ကျွန်တော့် နည်းတူ ပရိသတ်များလည်း လက်ခုပ် လက် ဝါးတီးရယ်ပွဲကျခဲ့ပါလိမ့်မယ်။ အမတ်ဦးပေါ်ဦးက  ဘုန်းတော် ကြောင့်ဆိုတဲ့ စကားတစ်လုံးနဲ့ချီပြီး တင်လျှောက်နေ တာကို ဘုရင်ကသာ "ချင့်ချင့်ချိန်ချိန် နှိုင်းနှိုင်း ဆဆဆောင်ရွက်ပါက"ဆိုတာမျိုးနိုင်ငံကိုအကျိုးပြုတဲ့ကာတွန်းကောင်း တစ်ကွက်ဖြစ်လို့ ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတာပါ။

အစိုးရ ကို ထိလို့၊ ပုတ်ခတ်ရဲ လို့ဆိုတဲ့ စိတ်ဆန္ဒထက် တာဝန်ယူ ဆောင်ရွက်နေကြရ ခိုက် ကာလမှာ တာဝန်ရှိသူတွေ မြင်သင့်၊ပြင်သင့် တာတွေ မြင်ကြ၊ပြင်ကြရင်း နိုင်ငံနဲ့ လူမျိုး အကျိုးရှိအောင် ဆောင်ရွက် စေလိုကြတဲ့ ဆန္ဒတွေသာ ဖြစ်ပါလိမ့် မယ်လို့ ကျွန်တော်က ပြည်သူတွေ ဘက်က ယုံယုံကြည်ကြည် ဆိုချင်ပါတယ်။ သိပ်မမှတ်မိပေမယ့် ထိုခေတ် ကာလ လူထု စားဝတ်နေရေး တော်တော် ကျပ်တည်းလာနေသလို၊ နိုင်ငံ တော်ပိုင်းက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လို စိတ်ထက် အမိန့်အာဏာ နဲ့ ပိုမို ထိန်းချုပ်လိုစိတ်နဲ့ ဖြေရှင်းနေ ပုံကို ပြည်သူ့ ဘက်တော်သား အနု ပညာသမား ဆရာကာတွန်း မောင်ဝဏ္ဏ က သူတတ်စွမ်းတဲ့ အနုပညာနဲ့ မီး မောင်းထိုးပြရင်း  တိုင်းကျိုး၊ ပြည်ကျိုး ပြုခဲ့တာကိုထိုခေတ် ကာလ တာဝန်ရှိ ပုဂ္ဂိုလ်တချို့က လက်ခံပေမယ့် တချို့ က လက်မခံခဲ့ပါ။

လက်ပျဉ်းတွဲနေတဲ့လက်ရုံး    

တိုင်းကျိုးပြည်ပြု အနုပညာရှင် ကာတွန်း မောင်ဝဏ္ဏကပဲ ထို၈၈ အရေး တော်ပုံအကြိုကာလမှာ အကယ် ဒမီဆိုပြီး ကာတွန်းလုံးချင်း တစ်အုပ် ထုတ်ခဲ့ဖူးပါတယ်။ (ကျွန်တော် အမှတ် မှားနေပါရင် ပြင်ပေးကြ စေလိုပါ တယ်။) အဲဒီအကယ်ဒမီ ဇာတ်လမ်း ထဲက အထွတ်အထိပ် ဇာတ်ကွက်က တော့ ဦးပေါင်းကျားနဲ့ မြင်းညိုရှင် ဇာတ်ကွက်ပါပဲ။ အသက် အရွယ်အို မင်းလာတဲ့ ဘုန်းသမ္ဘာရှင် အလောင်း စည်သူမင်းကြီး သူ့လက်ပျဉ်တွဲနေ တာကို ညီလာခံမှာ မှူးကြီး မတ်ရာ တွေမြင်ပြီး ပြုံးနေကြတဲ့ အတွက် ဒါကို ဘုရင်ကြီးခံစားမိတာနဲ့ သူ့အစွမ်း ကို သိစေရမယ် ဆိုပြီး တူးရွင်းတောင် ခြေမှာ လူဆိုးကြီး တစ်ဦးသောင်း ကျန်း နေကြောင်းမှူးကြီးမတ်ရာ သေနာ ပတိတွေကို တပ်လှန့်လို့ သွားရောက် ချေမှုန်းစေတဲ့အခါ မင်းကြီး အစွမ်းပြ ခန်းမို့ ဦးပေါင်းကျား ဆောင်း၊မြင်းညို ကြီးစီးလို့ ဝိုင်းဝန်းဖမ်းကြတဲ့ စစ်သည် ရဲမက်တွေ လက်ထဲက ဖောက်ထွက် သွားနိုင်ခဲ့တာ ဘယ်မှူးကြီးမတ်ရာ သေနာပတိမှ မင်းကြီးမှန်းမသိ။ အဲ့ဒီ အတွက်မင်းကြီးဟာ ညီလာခံမှာ "ငါ မအို သေး"ရယ်လို့ ကြွေးကြော်နိုင်ခဲ့တဲ့ ဘုန်းသမ္ဘာရှင် မင်းကြီး အလောင်း စည်သူသမိုင်းပေမို့ ရာဇဝင်က ရာဇ ဝင်ထဲမှာ မို့လို့သာဆိုတဲ့ အတွေးကို ဆရာ့ရဲ့ သမိန်ပေါသွပ် အကယ် ဒမီ ကာတွန်း စာအုပ်က ကျွန်တော်တို့ ကို ပေးနိုင်ခဲ့ပါတယ်။ စောစောက ဇာတ် လို တောင်ပုလုမြို့စားကြီးက သူအို တာကို အလောင်းစည်သူ မင်းကြီးထုံး နှလုံးမူပြီး သူမအိုသေးကြောင်း ကြွေး ကြော်လိုစိတ်နဲ့ သူ့လူတွေကို ရာဇ ဝင်ထဲကလို တောင်ပုလု တောင်ခြေ မှာ ဦးပေါင်းကျား နဲ့မြင်းညိုရှင် လူဆိုး တစ်ယောက်သောင်းကျန်းနေကြောင်း သွားရောက် ဖမ်းဆီးစေတဲ့ဇာတ်လမ်းမျိုး   ပုံတူခင်းကျင်းလိုစိတ်ကိုမြန်မာရာဇဝင် သမိုင်းကျမ်းကျေတဲ့၊ ဗောင်းတော်ညိမ့်၊ စိတ်တော်သိတဲ့ သမိန်ပေါသွပ်တို့က ကြိုကြိုတင်တင် ဇာတ်လမ်းဆင်ပြီး အကယ်ဒမီ ဇာတ်ကွက်အတိုင်း သမ္မတ လူကြမ်း အဖွဲ့တောင် ထိုင်ငိုလောက် အောင်သရုပ်ဆောင်ပေးကြပါတော့တယ်။

အလောင်းစည်သူ မင်းတရား ကြီးလို အစွမ်းမရှိပေမယ့် တောင်ပုလု မြို့စားကြီး ကိုယ့်ကိုယ်ကိုယ် စူပါပါဝါ တွေ ပြည့်နေသူပမာ ထင်နိုင်ဖို့အတွက် သမိန်ပေါသွပ် တို့ရဲမက်တတွေက ဝိုင်း ဝန်း ဖမ်းဆီးဟန် ပြုရာမှာ တောင်ပုလု မြို့စားကြီး မတိုက်ခိုက်ခင် ကတည်းက ဟန်ဆောင် လှဲချပြလိုက်ကြတဲ့ အတွက် မြို့စားကြီးမှာ သူ့အစွမ်း အံ့မခန်းရယ် လို့တအံ့တသြ ရှိကာ ငါမအိုသေးရယ် လို့ နန်းရင်ပြင်မှာ ကြုံဝါးခွင့်ရလိုက်ပုံ ကိုဆရာ ကာတွန်းမောင်ဝဏ္ဏက ရယ်ရွှင်ဖွယ် ဟာသရသသာမက ခေတ် စနစ်ရဲ့ လွဲချော်မှုကို ထိထိမိမိရေးသား တင်ပြ ရင်းတိုင်းကျိုး ပြည်ပြုဆောင် ရွက် လိုက်နိုင်ခဲ့ပါတယ်။ ဒီကနေ့မှာ ဆရာ ကာတွန်း မောင်ဝဏ္ဏမရှိတော့ပေမယ့် ဆရာရဲ့ ဇာတ်ကောင် ဇာတ်လိုက်ကျော်ကြီး အကယ်ဒမီ သမိန်ပေါသွပ် လို အိုက် တင်ကောင်းသူတွေကတော့ရှိနေဆဲပါ။
  အကယ်ဒမီပွဲ နားနီးလို့ရယ်၊အကယ်ဒမီ ခေါ်ထိုက်တဲ့ အကယ်ဒမီရှော့တွေ မြင် တွေ့ရဖန်များလာလို့ရယ်၊ အမှတ်တရ ရေးချင်လာတာပါ။   

ကိုမျိုး(မြန်မာစာ)

No comments:

Post a Comment