Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 18, 2012

မယားနှစ်ယောက်တညတည်းကောက်ယူသူ



အပေါ်ကဓာတ်ပုံထဲက အီရတ်က အသက် ၂၂ အရွယ် အဘဒူနယက်ဖ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အမျိုး သမီးနှစ်ယောက်ကို တပြိုင်ထဲ ချစ်မိသွားပြီး ဒီနှစ်ယောက်ထဲက တယောက်ယောက်ဘယ်သူ့ ကိုရွေး မလဲစဉ်းစားမနေတော့ပဲ တညထဲမှာပဲ နှစ်ယောက်လုံးကိုလက်ထပ်လိုက်ပါသတဲ့။
လက်ထပ်လိုက်သူနှစ်ယောက်စလုံးကလည်း သူ့ ရဲ့ မောင်နှမ ၀မ်းကွဲတော်စပ်သူများဖြစ်ပြီးတယောက်က ၁၇နှစ် တယောက်က ၂၂ နှစ်ရှိပြီဖြစ်ပါတယ်။
ညီအမနှစ်ယောက်စလုံးကို တပြိုင်ထဲယူချင်တဲ့ သူ့ ရဲ့ အကြံအစည်ကိုမိဘတွေကိုပြောတော့ မိဘတွေက အားပေးကြတယ်။ဒါပေမယ့် ဆွေမျိုးတွေကတော့သူရဲ့ အကြံကိုကန့် ကွက်ကြတယ်။

ကျနော့်အတွက် ဆုံးဖြတ်ဖို့ အချိန်ကတလပဲရှိတယ်။ ဒီမိသားစု ၂ခုလုံးကကျနော့်ရဲ့ ဆွေမျိုးတွေဖြစ်ပြီးတော့ ဒီမိန်းကလေး၂ယောက်လုံးကိုကျနော်ကကြိုက်နေတယ်။အရေးအကြီးဆုံးက ကောင်မလေး နှစ်ယောက် လုံး ကို ဘယ်လို ဆွဲဆောင်သိမ်းသွင်းမလဲဆိုတာပဲဗျ။

၁၇နှစ်သမီးလေးကပြောတာကတော့  အဘဒူက  ငါတို့ သုံးယောက်တည ထဲလက်ထပ်ကြ မယ်ပြောလာတော့ ကျမက အင်းလေ။ရှင်ကျမတို့ နှစ်ယောက်လုံးကို ညီတူညီမျှဆက်ဆံရင်ပြီးတာပဲလို့  ပြန်ပြောခဲ့တယ်။
အစ္စလာမ်က မိန်းမလေးယောက်ထိယူခွင့်ပြုထားပါတယ်။
ဒီတပြိုင်တည်း မိန်းမနှစ်ယောက်ယူမယ့်စီမံကိန်းမှာအဘဒူရဲ့ အကို က မိန်းကလေးနှစ်ယောက် ရဲ့ မိသား စုတွေကို စည်းရုံးဖို့ တာဝန်ကိုယူပါတယ်။
ဖခင်ဖြစ်သူကတော့ မယားနှစ်ယောက်တပြိုင်ထဲယူတဲ့သူ့ သားအတွက် ဂုဏ်ယူနေပါသတဲ့။
ဒီအကြောင်းဓာတ်ပုံတွေဖေ့ဘွတ်မှာတင်တော့ ဝေဖန်ချက်တွေကအမျိုးမျိုးတက်လာပါတယ်။
ဂင်းနစ်မှာတောင်မှတ်တမ်းတင်သင့်တဲ့သူရဲကောင်းဆိုပြီးထောပနာပြုတဲ့သူတွေ ရှိသလို
အမျိုး သမီး တယောက်ကတော့ ဒီလိုပုံစံမျိုးနဲ့ လက်ထပ်ရတဲ့အမျိုးသမီးတွေမှာ  ဘာဂုဏ်သိက္ခာ မှမရှိဘူးလို့ ဝေဖန်ချက်ပေးပါတယ်။ 
 

No comments:

Post a Comment