Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 24, 2012

"ဒါရိုက်တာဝိုင်းရဲ့ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားမှာ သရုပ်ဆောင်မယ့် ဖွေးဖွေး"

ဖွေးဖွေးက လတ်တလောမှာ တော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးတဲ့ "ရင်ဘတ်ဖွင့်တဲ့သော့" ဇာတ်ကားကို အောင်ရဲလင်းနဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကားမှာ ဖွေးဖွေးက အောင်ရဲလင်းရဲ့ ရည်းစား တစ်ယောက်
အဖြစ် သရုပ်ဆောင်ထားပြီး ဒါရိုက်တာညိုမင်းလွင်နဲ့ ပထမဦးဆုံး ဆုံတွေ့တဲ့ ကားလေးဖြစ်ကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းတွေကို အရင်ကထက်ပိုပြီး ရွေးချယ်ဖြစ်ကြောင်း ဖွေးဖွေးက ပြောပါတယ်။

"ဇာတ်ညွှန်းကို အရင်ရအောင် ကြိုတောင်းဖြစ်တယ်။ အရင်ကထက် ပိုပြီး စိစစ်ပြီး ရိုက်သွားမှာပါ။ ဖွေးဖွေးက ဗီဒီယို စရိုက်ကတည်းက ကားရိုက် အရေ အတွက် များများထက် အရည်အသွေး ကောင်းကောင်းလေး
ဲ့ ထွက်ချင်တဲ့ စိတ်ရှိတယ်။ အဲဒီအတွက် ကိုယ်ကိုယ်တိုင် စိစစ်ရတယ်။ တစ်လကို သုံးကားလောက်ပဲ အများဆုံးရိုက်တယ်။ ဖွေးဖွေးက သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။ ဘယ်ဟာမဆို ဇာတ်နဲ့လိုက်အောင်သရုပ်ဆောင်တယ်"လို့ ပြောပါတယ်။ သရုပ်ဆောင် အပြင် ကြော်ငြာ မှာပါ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ဖွေးဖွေး ကကြော်ငြာရော၊ သရုပ် ဆောင်ရော အလုပ်တိုင်းကို အကောင်းဆုံး အားထုတ်ကြောင်းပြောပါတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့ အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..

"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်တယ်" လို့ ပြောပါ တယ်။ ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ Dozo Fashion Shop က အဝတ် အစား ဒီဇိုင်းတီထွင် ဖန်တီးပေးမှာ ဖြစ်ပြီး မိတ်ကပ်ကိုတော့ Helloက ကူညီ ပံ့ပိုးပေးမှာဖြစ်ကြောင်း ဖွေးဖွေးက ပြောပါတယ်။ ရန်ကုန်မှာ ပထမဦးဆုံး အကြိမ် အကယ်ဒမီပေးပွဲတကရောက် မှာဖြစ်ကြောင်းပြောတဲ့ဖွေးဖွေးက "ဖွေးဖွေး အနုပညာအလုပ်စလုပ်ကတည်းက ဒီပွဲနဲ့ပါဆိုရင် စုစုပေါင်း သုံးပွဲရှိပြီ။ ဒီတစ်ကြိမ်က တတိယ အကြိမ်မြောက် တက်မှာ။ ရန်ကုန်မှာ ပထမဦးဆုံးကြုံ ဖူးတာဆိုတော့ ပွဲရောက်မှ ခံစားချက်သိမှာ။ နေပြည်တော် မှာကျတော့ ခရီးတွေစုသွားကြတာက အမှတ်တရပေါ့။ ပြည်တွင်းမှာပဲ ဆိုတော့ အလုပ်သိပ် မများတော့ဘူးလေ"လို့ ပြောပါတယ်။
တွယ်တာ



  • မင်းသမီးဖြစ်ရတဲ့ဒုက
  • သေချာစဉ်းစား ဆုံးဖြတ်ပြီးမှ ငြင်းပယ်ခဲ့တာဖြစ်လို့ လုံးဝနောင်တ မရဘူးဆိုတဲ့ သက်မွန်မြင့်
  • သက်မွန်မြင့် ငြင်းဆန်သည့် ဇာတ်ဝင်ခန်း သည် ဒါရိုက်တာမှ ဖြည့်စွက်တဲ့ အခန်း ဖြစ်ကြောင်း ပုညခင်ဆို
  • ဇာတ်ကားမရိုက်ခင် ဝေဖန်မှုတွေ အကြောင်း ဒါရိုက်တာဝိုင်းပြော 
  • No comments:

    Post a Comment