Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 17, 2012

အပျိုကြီးသမ္မတတကယ်လုပ်မှာလား

အပျီူကြီး သမ္မတ တကယ်လုပ်မှာလား
****************

ထားထားမြင့် ( Burma Newselite)

မနက်ဖန်လာမယ့် ဒီဇင်ဘာလ(၁၉)ရက့် နေ့ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲသမိုင်းမှာရာဇ၀င်တွင်မယ့် နေ့လို့ ဆိုနိုင်ပါတယိ။
။ဘာလို့ လဲဆိုတော့ အမျိုးသားတွေကြီးဘဲ အမြဲအုပ်စိုးထားတဲ့ တောင်ကိုရီးယားနိုင်ငံရေးလောကမှာ
ပထမဆုံးအကြိမ် အမျိုးသမီးတဦးက သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေလို့ ပါ။ ပြီးတော့ အဲဒိအမျိုးသမီးဟာ အိမ်ထောင်မရှိတဲ့ အပျိုကြီးတဦးပါတဲ့။ ဒါပေမဲ့ အာဏာရ Saenur ပါတိရဲ သမ္မတလောင်းအဖြစ် ရွေးချယ်ခံမယ့် သူမကတော့ လောလောဆယ် ရွေးကောက်ပွဲ မဲဆွယ်မှူမှာအလေးသာနေတဲ့ အပြင် တောင်ကိုရီယားနိုင်ငံကို ၁၈နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင်သမ္မတဟောင်းပက်၈ျွန်ဟီးရဲ့ သမီးဖြစ်သူ ပက်ဂျွန်ဟေး Park Geun-hye ဖြစ်ပါတယိ။
https://www.facebook.com/photo.php?fbid=297274040394165&set=a.268275419960694.63683.268229929965243&type=1

အာဏာရှင်သမ္မတဟောင်းပက်၈ျွန်ဟီးရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ 
ပက်ဂျွန်ဟေးကို ၁၉၅၂ခုနှစ်မှာမွေးဖွားခဲ့ ပြီး ကိုရိးယားနိုင်ငံရေးလောကမှာ သြဇာအာဏာကြီးတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ၁၉၇၄ခုနှစ်သူ့ အမေသမ္မတကတော်ဟာ
ခင်ပွန်းသည်သမ္မတ ပက်ဂျွန်ဟီးကို လုပ်ကြံသူတွေကြောင့် သေဆုံးခဲ့ ပါတယ်။
အဲဒိတုန်းက သမီးဖြစ်သူ ပက်ဂျွန်ဟေးက သူ့ အမေတာဝန်ဖြစ်တဲ့  First lady သမ္မတကတော်ဆောင်ရွက်၇မယ့်  တာဝန်တွေကို ထမ်းဆောင်ခဲ့ သူပါ.သူဖခင်သမ္မတပက်၈ျွန်ဟီးလည်း ၁၉၇၉ မှာ လုပ်ကြံခံခဲ့ရတာမို့ နိုင်ငံရေးလောကရဲ့ ရင်နာစရာ ဇတ်လမ်းတွေကိုလည်း ကိုယ်တိုင်ခံစားဖူးသူဖြစ်ပါတယ်။

မူလလက်ဟောင်း the Grand National Party ကို အမည်ပြောင်းထားတဲ့ လက်၇ှိအာဏာ ပါတီ Saenuri Party က ပြီးခဲ့တဲ့၂၀၁၁ခုနှစ် ဒီဇင်ဘာလမှာ ပက်ဂျွန်ဟေးကို ပါတီခေါင်းဆောင်ဥက္ကဌအဖြစ်ေ၇ွးချယ်ခဲ့ တဲ့ အတွက် အခုလို သမ္မတရွေူးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာပါ။
ပက်ဂျွန်ဟေး နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် သူကတော့ လူအခွင့် အရေးရှေ့နေတဦးလည်းဖြစ်တဲ့ အတိုက်အခံDemocratic Unitedပါတီက မွန်ဂျေအင်းပါ။ မွန်ဂျေအင်းကလည်း တောင်ကိုရီးယားနိုင်ငံက ဆင်းရဲ ချမ်းသာ ကွာဟမှုကို တိုက်ဖျက်ပေးမယ်လို့  ကတိပေးထားတာကြောင့် လူငယ်မဲ ဆန္ဒရှင်တွေရဲ့ ထောက်ခံမှုအားကောင်းနေပါတယ်။
ဒါပေမဲ့  အမျိုးသမီး အများစုကတော့ ပက်ဂျွန်းဟေးကိုသာ သောင်းသောင်းဖြဖြထောက်ခံကြပါတယ်။


ပက်သာသမ္မတဖြစ်လာရင်တော့ တောင်ကိုရီးယားသမိုင်းမှာ အမျိုးသမီးတွေရဲ့  အကြီးမားဆုံးအောင်မြင်မှုလို့ ပြောရမှာဖြစ်သလို ရင်ဆိုင်ရဲနဲ့ ပြသာနာတွေကလည်းဒုနဲ့ ဒေးရှိနေပါတယ်။
.ပထမဆုံး အမြဲတမ်းအနီးဆုံးရန်သူဖြစ်နေတဲ့ မြောက်ကိုရီင်္းယားက လက်တလောဒုံးပျံလွှတ်တင်လိုက်တဲ့ ကိစ္စကလည်း တောင်ကိုရီးယားနိုင်ငံကို အတော်ကသိကအောက်ဖြစ်စေပါတယ်။
ဒါတင်မက အလုပ်အကိုင်ပြသာနာ . လုပ်ငန်းခွင်တွေမှာ သက်ကြီးရွယ်အိုတွေ များပြားလာတာ အမျိုးသမီးအမျိုးသား လစာခံစားခွင့်မညီမျှဖြစ်နေတာ.ဆင်းရဲချမ်းသာကွာဟမှုများလာတာတွေ ကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ လက်တလောပြသာနာတွေပါ။

ပက်ဂျွန်ဟေးဟာ နိုင်ငံအတွက် အသက်၂၀မှာ မိခင်နေရာမှာတာဝန်ယူထမ်းဆောင်ဖို့ ပြင်သစ်မှာ ပညာသွားသင်ကြားရမယ့် အခွင့်အရေးကို စွန့် လွတ်ခဲ့သူပါ။ လျှပ်စ်အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပေမယ့် နိုင်ငံရေးမှာ ဘ၀ကို မြုပ်နှံခဲ့ပါတယ် ။သူမကတော့ နိုင်ငံကလွဲပြီး ချစ်စရာမရှိလို့ အိမ်ထောင်မပြူခဲ့ဘဲ အပျိုကြီးလုပ်ခဲ့တယ်ဆိုဘဲ သူမ အိမ်ထောင်မပြု သားသမီးမရှိတဲ့ အဖြစ်ကို ပြိုင်ဘက်နိုင်ငံရေးသမားတွေ က အခုသမ္မတေ၇ွးကောက်ပွဲမဲဆွယ်ပွဲမှာ အားနည်းချက်အဖြစ် ထောက်ပြကြပါတယ်။

 
ဒါပေမဲ့ အခုလောလောဆယ် ပက်ရျွန်ဟေးကတော့ေ၇ွးကောက်ပွဲမှာ အခြေအနေအားသာနေပါပြီ။ မနက်ဖန်ရွေးကောကိပွဲနောက်ဆုံးရလာဒ်အရ ပက်ရျွန်ဟေး သမ္မတသာဖြစ်ခဲ့ရင်တော့ တောင်ကိုရီးယားအမျိုးသမီးတွေရဲ့  အောင်မြင်မှူပါဘဲ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံက အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြညိကလည်း လာမညိ့ ၂၀၁၃ခုနှစ်ဇန်န၀ါရီလမှာ Gwangju လူ့ အခွင့်အရေးဆုကို လက်ခံရယူဖို့ တောင်ကိုရီးယားကို သွားရောက်ဖို့ ရှိပါတယိ။

 
ဒေါ်အောင်ဆန်းစုကြည်သွားခဲ့ရင် တွေ့ ဆုံရမယ့် တောင်ကိုရီယားသမ္မတဟာ အပျိုကြီးသမ္မတဖြစ်မဖြစ်ဆိုတာကတော့ မနက်ဖန်ဒီဇငိဘာလ (၁၉)ရက်မှာ အသေအချာပြောနိုင်ပါလိမ့်မယ်


No comments:

Post a Comment