Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 24, 2012

စတိုင်ကျသထက် ကျစေဖို့

24 November 2012  |


ကိုယ့်ရဲ့ personal style နဲ့ပတ်သက်ပြီး ဘယ်လိုစတိုင်လ် မျိုးရှိသလဲဆိုတာ သိအောင်အား ထုတ်ရပါမယ်။ ကိုယ်ဘယ်လို အဝတ်အစား ပုံစံမျိုးဝတ်လေ့ရှိလဲ။ ဘယ်လို စတိုင်လ်မျိုးနဲ့ နေလေ့ရှိလဲဆိုတာ သတိထားပြီး စောင့်ကြည့်ပါ။ ကိုယ် ဝတ်တဲ့အဝတ်အစား၊ ပုံစံ၊ စတိုင်လ် တို့ဟာကိုယ့်ရဲ့အကြိုက်၊ စိတ်ဝင်စားမှု၊ ဆန္ဒ၊ စိတ်ကူးစိတ်သန်းတို့ကို ဖော်ညွှန်းနေပါတယ်။ ကိုယ်ဘယ်လို စတိုင်လ်မျိုးလဲဆိုတာသိဖို့ ကိုယ် ဝတ်တဲ့ အဝတ်အစားပုံစံတွေ၊ ဒီဇိုင်း တွေကိုကြည့်ပြီး အကဲခတ်နိုင်ပါ တယ်။ ဒါမှမဟုတ် ကိုယ်ကြိုက် နှစ်သက်တဲ့ မင်းသား၊ မင်းသမီး စတိုင်လ်၊ ဒီဇိုင်းတို့ကိုရှာပါ။ ရှော့ပင်းထွက်တဲ့အခါ တစ်ယောက်တည်း ထွက်တာဟာ ကိုယ် ဘာကိုအကြိုက်ဖြစ်သလဲ ဆိုတာ သတိထားမိစေပါတယ်။ ကိုယ့်အကြိုက်နဲ့ ကိုက်ညီတာကိုပဲ ရွေးချယ်ဝယ်ယူမိတဲ့ အတွက်ကိုယ် ဘာကို ကြိုက်တတ်တယ်ဆိုတာ သိလာပါလိမ့်မယ်။

ကိုယ့်ရဲ့အဝတ်အစားဗီရို ထဲဖွင့်ပြီး ဘယ်အဝတ်အစားတွေ ကတော့ဖြင့်မဝတ်တာကြာပြီ။ ဘယ် အဝတ်အစားတွေ ကတော့ဖြင့် ခဏ ခဏဝတ်လေ့ရှိနေတယ်ဆိုတာကို ကြည့်ပါ။ ကိုယ့်ရဲ့ဘော်ဒီဟာ ဘယ် လိုအမျိုးအစားလဲဆိုတာ လေ့လာပါ။ ပိန်လား၊ ဝလား၊ ပုလား၊ ရှည်လားစသဖြင့် ကိုယ့် ဘော်ဒီကိုယ်သေချာသိဖို့လိုပါ တယ်။ ဒါမှ ကိုယ်နဲ့ မလိုက်တဲ့ အ ဝတ်အစားတွေကိုလှတိုင်းမဝယ် မိတော့မှာပါ။ ဥပမာ-ကိုယ်ဟာပေါင်တံရှည် တယ်၊ ခြေတံလှတယ် ဆိုရင် စကတ် တိုတွေနဲ့လိုက်ဖက်တယ်။ စကတ်တို တွေ၊ ဘောင်းဘီတိုတွေ ဝတ်ဆင် နိုင်တယ်။ တကယ်လို့ ကိုယ်ဟာ အရပ်ပုနေတယ်ဆိုရင် စကတ်အ ရှည်တွေနဲ့ မလိုက်ဖက်ပါ။ စကတ် အရှည်တွေဟာ အရပ်ပုတဲ့သူဝတ် ရင် ကိုယ်ပုတာသိသာထင်ရှားသွား စေတဲ့အတွက် ရှောင်ရှားသင့်ပါ တယ်။

ပညာရှိ သတိဖြစ်ခဲဆိုသလို ပါပဲ။ ဒီလိုမျိုး အဝတ်အစားတွေ ဝယ်သင့်တယ်လို့ သတိထားရမှာ ဖြစ်ပါတယ်။ ဒါဆိုရှော့ပင်းထွက်တဲ့ အခါတိုင်း ကိုယ့်အတွက် မလိုအပ် တဲ့ အဝတ်အစားတွေမှားပြီး မဝယ် မိတော့ဘူးပေါ့။ ကိုယ့်မှာ သီးသန့်စတိုင်လ်၊ ပုံစံရှိပါသလား။ ဥပမာ-ပြေတီဦး ဆိုရင်ဘယ်လိုစတိုင်လ်၊ နေတိုး ဆိုရင် ဘယ်လိုစတိုင်လ် မျိုးဝတ်လေ့ ရှိတယ်ဆိုတာကို တန်းခနဲသိနိုင် သလို ကိုယ်နဲ့ပတ်သက်ပြီးတော့ လည်း လူတွေကတန်းခနဲ သိတဲ့ စတိုင်လ်မျိုးရှိ၊ မရှိလေ့လာပါ။ ဒါလေးကတော့ ကစား နည်းတစ်ခုပါ။ မော်ဒယ်လ်တွေ၊ မင်းသမီး၊ မင်းသားတွေအနေနဲ့ မိမိတို့ဘာသာ အိမ်မှာလေ့ကျင့်နိုင် တဲ့ ဖက်ရှင်ကစားနည်းလေးဖြစ်ပါ တယ်။ ရက်သတ္တပတ်တစ်ရက်ရက် မှာပဲဖြစ်ဖြစ်၊ အားလို့ပျင်းနေရင်ပဲ ဖြစ်ဖြစ် အိမ်မှာအဝတ်အစားတွေ ကိုထုတ်ပြီးဝတ်ကြည့်ပါ။

အဝတ် အစားတွေကိုပုံစံမျိုးစုံ တွဲဝတ် ကြည့်ပါ။ စတိုင်လ်ပေါင်းစုံ လုပ် ကြည့်ပါ။ ကိုယ်ဝတ်လေ့မရှိတဲ့ ပုံစံ၊ ဒီဇိုင်းတွေကို အိမ်မှာစိတ်တိုင်းကျ တီထွင်စမ်းဝတ်ကြည့်ပါ။ အဲဒီလို လုပ်ရင်းနဲ့ ကိုယ့်အတွက် သီးသန့် စတိုင်လ်တွေ၊ စတိုင်လ်သစ်တွေ၊ အဆင်ဒီဇိုင်းသစ်တွေ ထွက်လာ ပါလိမ့်မယ်။ ဖက်ရှင်လောကဆိုတာ အနုပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။စိတ်ကူးဥာဏ် ကွန့်မြူးရတဲ့ ပညာရပ်တစ်ခုမို့လို့ စည်းကမ်းစည်းမျဉ်း တွေကို ပုံသေလိုက်နာဖို့ မလိုပါဘူး။ လူအတော်များများမှာ ရောနှော အသားအရေမျိုးရှိကြသလို ဝါသနာ ဘာဂီတွေဟာလည်း တစ်ခု မကရှိနေ တတ်ကြပါတယ်။ အဝတ်အစား ဝတ်တဲ့အခါမှာလည်း ကိုယ့် အတွက် ယုံကြည်မှုဖြစ်စေ၊ ရှိစေတဲ့ အဝတ်အစား၊ သက်သောင့်သက် သာရှိစေတဲ့ အဝတ်အစားဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ခဏ မေ့ထားနိုင်ပါတယ်။ ဘောင်ထဲက နေထွက်နိုင်ပါတယ်။

ဥရောပမှာသွားပြီး ဖက်ရှင် ကျောင်းတက်နေတဲ့ မြန်မာလူမျိုး ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုရင် လည်း သူရဲ့ဖက်ရှင်ဒီဇိုင်းတွေကို အရှေ့တိုင်းဟန်နဲ့ အနောက်တိုင်းဟန် ရောပြီးထွင်ထားတာ တွေ့ရတယ်။ တခြားတခြားသော အရှေ့တိုင်းက ဖက်ရှင်ဒီဇိုင်နာ တွေဟာလည်း ဒီလိုမျိုး အရှေ့နဲ့အနောက် ရောစပ် ပြီး ထွင်လေ့ရှိတယ်။ ဘယ်လိုပဲ ဖြစ်စေ ဝတ်ဆင်သူဘက်ကလည်း ဒီလိုမျိုး ကိုယ့်ရဲ့စိတ်ကူးဥာဏ်ကို ကွန့်မြူးပြီး ဘောင်ထဲကနေ ထွက်နိုင်ပါတယ်။ ဝတ်ဆင်နိုင် ပါတယ်။ ပရော်ဖက်ရှင်နယ်မှ တီ ထွင်ဖန်တီးတတ်တဲ့ ဥာဏ်ရှိရမယ်လို့ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကိုယ့်အဝတ် အစားဗီရိုထဲက ကိုယ်မဝတ်တဲ့ အဝတ်အစားတွေ၊ ကိုယ်နဲ့မလိုက် တဲ့ အဝတ်အစားတွေကို ရှာပြီး သူများပေးပစ်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်နဲ့လည်း မလိုက်ဖက်၊ ကိုယ့်အကြိုက်လည်း မဟုတ်ဘဲ မှားပြီးဝယ်ယူမိတဲ့ အဝတ်အစားတွေဟာ လူတိုင်းမှာ ရှိတတ်ပါတယ်။

နောက်ပြီး မတော်တဲ့ အဝတ်အစားတွေလည်း ရှိတတ်တယ်။ ဒါတွေကို လိုအပ် တဲ့သူတွေကို ဝေမျှပေးခြင်းဟာ win-win system ဖြစ်ပါတယ်။ စကားမစပ် ဖက်ရှင်ဒီဇိုင်နာတစ် ယောက်ဟာ လစဉ် သူ့အဝတ်အစား တွေကို အမြဲတမ်းလှူပါတယ်။ အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ လိုချင်တဲ့သူရှိရင် ချက်ချင်းပေးလိုက် ပါတယ်။ အခုမှ အသစ်ဝယ်လာတဲ့ အ၀တ်အစားမို့လို့လည်း နှမြောတမ်း တခြင်းမရှိပါဘူး။ ကောင်းတဲ့ အလေ့ အကျင့်လေးမို့ အတုခိုးသင့်ပါတယ်။ ဒါတွေကို တတ်နိုင်သမျှရှောင် သင့်တာရှောင်၊ ဆောင်သင့်တာ ဆောင်မယ် ဆိုရင် ကိုယ်ရဲ့စတိုင်လ်၊ ဖက်ရှင်ဟာ တဖြည်းဖြည်း တိုး တက် တောက်ပြောင်လာမှာအမှန် ပါပဲ။

နွေဦးအိမ်

No comments:

Post a Comment