Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 26, 2012

သံယောဇဉ် အမြစ်တွယ်စေ မည့် အောက်ဆီ တိုစင်ဟော်မုန်း တိုးစေရန်

26 November 2012  |


အောက်ဆီတို စင်ဆိုတာ အိမ်ထောင် တစ်ခုမှာ ဇနီးမောင်နှံ နှစ်ဦး ကို ပိုမိုချစ်ခင် ကြင်နာစေဖို့ ချည်နှောင်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်း ရှိတာကြောင့် နာကျင် မှုကို လျော့ကျစေတာ၊ ပူပင်သောကလျော့ နည်းစေတာ၊ စိတ်ဖိစီးမှု လျော့ကျတာ၊ ကြီးထွားမှုနဲ့ အနာကျက်နှုန်းတိုးတာ၊ ယုံကြည်မှု ရှိတာနဲ့ အပြုသဘောဆောင် တဲ့ ဆက်နွှယ်မှုရှိတာတို့ကို ဖြစ်စေပါ တယ်။ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အောက်ဆီတိုစင်အထွက်တိုးစေဖို့ အောက် ပါနည်းတွေကို လိုက်နာပေးရပါမယ်။

(၁) ချစ်ခင်မှု

အောက်ဆီတိုစင်ဟာ ကလေးမွေး နိုင်အောင်နဲ့ မိခင်နို့ချိုအထွက်တိုးအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဇနီးမောင်နှံနှစ် ဦး အတူနေစဉ်မှာ အောက်ဆီတိုစင် အ ထွက်တိုးပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာ နဲ့ ယှဉ်တဲ့ Sex ဟာ Sexတစ်ခုတည်း ထက် အောက်ဆီတိုစင်ထွက်နှုန်း ပိုများ စေသလို ပိုကြာကြာရှိစေပါတယ်။

(၂) ထိတွေ့မှု

အနှိပ်ခံတာကြောင့် သွေးကြောထဲမှာ အောက်ဆီတိုစင်ပမာဏ တိုးမြင့်စေ ပါတယ်။ ဒါ့အပြင် ချစ်ခင်တဲ့ ထိတွေ့မှု တွေဖြစ်တဲ့ လက်ချင်းဆုပ်ကိုင်တာ၊ ပွေ့ ဖက်တာနဲ့ နမ်းတာတွေကလည်း အောက် ဆီတိုစင်ထွက်ရှိစေပါတယ်။

(၃) အိမ်ထောင်ဖက်အကြောင်း တွေးခြင်း

မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ လေ့လာမှုတစ်ရပ်အရ ပျော်ရွှင်စွာ လက် ထပ်ထားတဲ့ ဇနီးမယားတွေက သူတို့ခင် ပွန်းအကြောင်း စဉ်းစားတွေးတောလိုက် ရုံနဲ့ အောက်ဆီတိုစင် ခပ်မြန်မြန်ထွက်ရှိ လာတတ်ကြောင်း သိရပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန်များအား ပွေ့ဖက်ခြင်း

တကယ်လို့ သင်က အိမ်ထောင်မရှိ သူဖြစ်ရင်လည်း စိတ်မပူပါနဲ့။ သင့်အချစ် တော် ခွေး ဒါမှမဟုတ် ကြောင်လေးကို ပွတ်သပ်ပွေ့ဖက်တာကြောင့် သွေးတိုး ကျကာ အောက်ဆီတိုစင်ထွက်နှုန်း မြင့် တက်စေပါတယ်။

(၅) အာရုံခံစားမှု

သင့်ကို သက်သောင့်သက်သာရှိစေ ပြီး သင် သဘောကျတဲ့ ရှုခင်း၊ အသံနဲ့ အနံ့တွေကို ခံစားတာကြောင့် အောက် ဆီတိုစင်အဆင့်ကို မြင့်တက်စေနိုင်ပါ တယ်။ အစားအသောက်အနံ့၊ ပင်လယ် လှိုင်းသံ၊ တချို့အလင်းရောင်တွေက အ ကောင်းမြင်တဲ့ ခံစားမှူကို ဖြစ်စေပါတယ်။

(၆) လှုပ်ရှားမှု

လမ်းလျှောက်တာ၊ ရေကူးတာနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေကြောင့် အောက်ဆီတိုစင် ထွက်စေပါတယ်။

(၇) အကြည်စိုက်ခြင်း

တစ်ဦးနဲ့ တစ်ဦး အကြည်စိုက်တာနဲ့ နက်နက်ရှိုင်းရှိုင်း ချစ်ခင်တာကလည်း အောက်ဆီတိုစင်အဆင့်ကို မြင့်တက်စေ ပါတယ်။

(၈) ဆုတောင်းခြင်းနှင့် တရားထိုင်ခြင်း

ဆုတောင်းတာနဲ့ တရားထိုင်တာ တွေက အောက်ဆီတိုစင်အဆင့် မြင့်တက် စေပါတယ်။

ကေအမ်

No comments:

Post a Comment