Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 24, 2012

ဆယ်ကျော်သက်တုန်းက လေယာဉ်မယ်ဖြစ်ချင်တယ် အဆိုတော်နဲ့ ဆရာမလည်းဖြစ်ချင်တယ် ရေဗက္ကာဝင်း

24 November 2012  |

ဆယ်ကျော်သက်တုန်းက လေယာဉ်မယ် ဖြစ်ချင်တယ် အဆိုတော်နဲ့ ဆရာမလည်း ဖြစ်ချင်တယ်ဆိုတဲ့ ရေဗက္ကာဝင်း နှင့်တွေ့ဆုံခိုက် ရေဗက္ကာဝင်း၏ ဖြေကြားချက်များဖြစ်ပါတယ်။

Q. ဆယ်ကျော်သက်အရွယ် ကဖြစ်ချင်တဲ့ အိပ်မက်က..

A. ဆယ်ကျော်သက်တုန်းက လေယာဉ်မယ် လည်းဖြစ်ချင်တယ်။ အမြဲ တမ်း သီချင်းဆိုနေရတဲ့ အလုပ်ကို လုပ်ချင်တဲ့ အတွက် အဆိုတော် လည်းဖြစ်ချင်တယ်။ ဆရာမ လည်းဖြစ်ချင်တယ်။ သူများ ကို ဆရာလုပ်ရတာ ကြိုက်တယ်။ ဖက်ရှင်ဒီဇိုင်နာ လည်းဖြစ်ချင်ခဲ့သေးတယ်။

Q. အဆိုတော်လုပ်ဖြစ်သွား တာက..

A. သီချင်းဆိုဖြစ်တာကအဆို တော်ဖြစ်လာလိမ့်မယ်လို့ထင် မထားဘူး။ တွေးထားတာမျိုးလည်း မဟုတ်ဘူး။ ဘုရားကျောင်းမှာသီ ချင်းဆိုတဲ့အခါ အသံကောင်းတယ်၊ ဘုရားကျောင်း ကပွဲတွေမှာ ဆိုကြည့်ပါလားတဲ့၊ ဘုရားသီချင်းခွေတွေ လုပ်တော့လည်း ခေါ်ဆိုတယ်။ ဘုရား ကျောင်းမှာ ပြိုင်ပွဲရှိရင် ဝင်ပြိုင်တယ်။ အဲဒီမှာ ဆုတွေလည်းရတယ်။ နောက် City FM က တက်သစ် လွင်ပြင်မှာ ဝင်ပြိုင်ကြည့်ပါလားလို့ သူငယ်ချင်းတွေ ကပြောတယ်။ အိမ်ကခွင့်မပြုဘူး။ ပညာရေးပဲလုပ် စေချင်တယ်။ ဆိုကြမယ် ပျော်ကြ မယ်ကလည်း အဲဒီအချိန်တုန်းက ခေတ်စားတယ်။ ဒါပေမဲ့ ရုပ်မြင်ရင် အိမ်ကသိသွားမှာစိုးလို့ ရေဒီယိုဆို မှတ်မိစရာ အကြောင်း မရှိဘူးဆိုပြီး ဝင်ပြိုင်ရင်း အဆိုတော်ဖြစ်လာခဲ့ တာပေါ့။

Q. ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာမှာ ဘယ်အရာကို အများဆုံး ရွေးခဲ့လဲ

A. ရေဗက္ကာက အရမ်းစိတ် ကူးယဉ်တတ်တယ်။ ဘာလေးလုပ် လိုက်ရင်ကောင်းမယ်။ ဘယ်အရာ ဆိုအဆင်ပြေမယ်။ ဒါလည်းဖြစ် ချင်တာပေါ့။ ဖြစ်ချင်တာတွေ အများကြီးကမှ ဒါကတကယ်လုပ် ရင် အဆင်ပြေပါ့မလား။ အကောင် အထည်ဖော်နိုင်ပါ့မလားပေါ့။ ကိုယ် ရဲ့ဆောင်ရွက်နိုင်စွမ်းနဲ့လက်ရှိဖြစ် နိုင်ချေအနေအထားနဲ့ ကိုယ်လုပ် လိုက်တဲ့အလုပ်က ကိုယ့်မိဘ၊ ကိုယ့် မောင်နှမ၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ပတ်သက်တဲ့သူတွေကို မထိ ခိုက်ဘူးဆို အကောင်အထည်ဖော် တာများတယ်။ အဲဒီတော့ ရေဗက္ကာ က ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား ထဲမှာ balance ပေါ့။ ဘက်ညီ အောင်လုပ်တယ်လို့ပြောလို့ရတယ်။ ဖြစ်ချင်တာတွေအားလုံးထဲမှာ ဖြစ် သင့်တဲ့အရာကိုရွေးပြီးလုပ်တယ်။

Q. ဆယ်ကျော်သက်အရွယ် က မိဘတွေထိန်းချုပ်ခံရတာက...

A. ခံရတာပေါ့။ တော်တော် ကြီးကို ထိန်းချုပ်ခံရတာ။ အဲဒါ ကြောင့် လူငယ်ဘဝဆုံးရှုံးခဲ့တယ်။ အပြင်မှာ ဘာဆိုင်ဖွင့်ဖွင့်မသိဘူး။ ပြင်ပအတွေ့အကြုံ အရမ်းနည်းတယ်။ ဘယ်ကိုမှပေးမသွားဘူး။ အဲတော့ သိမ်ငယ်သလို ခံစားရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက အရမ်းကို တိုးတက်ပြီးတော့ ကိုယ်ကတိုးတက် မှုမရှိဘူးလို့ခံစားရတယ်။ ရေဗက္ကာ က အရမ်းထိန်းချုပ်တာကိုမကြိုက် ဘူး။ အခုဆို အဖေနဲ့အမေက ရေဗက္ကာလည်း အရွယ်တစ်ခုရ လာပြီ၊ လုပ်ငန်းအတွေ့အကြုံ လည်းရှိလာ ပြီဆိုတော့အရမ်း ထိန်းချုပ်တာမျိုးတော့ မရှိတော့ဘူး။

Q. မိဘတွေထိန်းချုပ်တဲ့ အပေါ်မှာ မိဘတွေကိုဘယ်လိုမြင်ခဲ့လဲ။

A. အဲဒီတုန်းက မေမေက အရမ်းထိန်းချုပ်တယ် ထင်ခဲ့တယ်။ မလိုအပ်ဘဲနဲ့ အရမ်းထိန်းချုပ်တယ် လို့ထင်ခဲ့တယ်။ မကျေမနပ်တော့ မဖြစ်ခဲ့ပါဘူး။ နည်းနည်းတော့ လွတ်လပ်ပေးချင်ပါတယ်။

Q. မိဘတွေကို အရမ်းမထိန်းချုပ်အောင် အကြံပေးစကားက။

A. အဓိက ကိုယ်ကထိန်းနိုင် တယ်ဆို အမြဲကြပ်ထားမယ်၊ ထိန်း နိုင်တယ်ဆို တစ်မျိုးတော့ကောင်း တယ်။ အဲဒီလိုမဟုတ်ဘဲ ကြပ်တော့ ကြပ်ထားတယ်။ လွတ်သွားတဲ့ တစ် ချိန်ရှိရင်မကောင်းဘူး။ ဘာလို့လဲ ဆိုတော့ အရမ်းကြပ်ထားရင်လွတ် မြောက်မှုကိုရှာတာပေါ့။ ကြပ်ချင် ရင်တောက်လျှောက်ကြပ်ထားရင် အဆင်ပြေတယ်။ တတ်နိုင်သ လောက်သူ့ဘဝသူ ရင်ဆိုင်နိုင် အောင်၊ ဖြေရှင်းနိုင်အောင်၊ ဆုံး ဖြတ်တတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် မိဘတွေစိစစ် ပြီး အနည်းနဲ့အများတော့ လွတ် လပ်ခွင့်ပေးသင့်တယ်လို့ထင်ပါ တယ်။

Q. ဆယ်ကျော်သက်တွေ မိဘတွေကို အပြစ်မမြင်အောင် အကြံပေးစကားက..

A. မိဘတွေကတော့ စေတ နာနဲ့ မေတ္တာနဲ့ထိန်းချုပ်တာပေါ့။ သမီးမိန်းကလေးဆို ပိုဆိုးဦးမယ်။ ဒါကလည်း မိဘတွေကိုအပြစ်ပြော လို့မရပါဘူး။ မိဘတွေအနေနဲ့လည်း ခေတ်ကာလအခြေအနေကိုစောင့် ကြည့်ပြီး ခေတ်နဲ့နေထိုင်တတ်ဖို့ တော့လိုတာပေါ့။ ဒါပေမဲ့ တစ်ခုရှိ တာက မိဘတွေဘယ်လောက် ခေတ်မီတယ်ပြောပြော သားသမီး တွေကို မမီတာကတော့အမှန်ပဲ။

Q. ဆယ်ကျော်သက်လူငယ် တွေကို စိတ်ကူးတွေ၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အကြံပေး စကားက..

A. အခုခေတ်လူငယ်တွေက အကြားအမြင် ဗဟုသုတပြွိုကယ်ဝ ပါတယ်။ ရနိုင်တဲ့နည်းလမ်းတွေ လည်းပိုစုံတာပေါ့။ ခုခေတ်လူငယ် တွေက ပိုစိတ်ကူးစိတ်သန်းကောင်း မယ်၊ ဖြစ်ချင်တဲ့အရာပိုများမယ်လို့ ထင်တယ်။ ရေဗက္ကာ တို့တုန်းက exposure နည်းတာတောင်မှဖြစ် ချင်တဲ့ ဆန္ဒတွေတွေများခဲ့တာ။ အခုခေတ် exposure အရမ်းများ တော့ဖြစ်ချင်တဲ့ ဆန္ဒတော်တော် များမှာပါ။ ဒါပေမဲ့လည်းဖြစ်ချင်တဲ့ ဆန္ဒဘယ်လောက်များများ ဖြစ် အောင် အကောင်အထည်ဖော်ဖို့ လည်းလိုပါတယ်။ အဲဒီတော့ကိုယ် ဖြစ်ချင်တဲ့ဆန္ဒက ကိုယ့်ကိုယ်ကိုယ် လည်း ဒုက္ခမရောက်ဘူး။ ကိုယ့်မိဘ၊ ကိုယ့်ပတ်ဝန်းကျင်လည်း ဒုက္ခမ ရောက်ဘူး ဆိုဖြစ်အောင်လုပ်ပါ၊ အကောင်အထည် ဖော်ပါလို့ပြော ချင်ပါတယ်။ ဆန္ဒတွေကို ဆန္ဒအဖြစ်ထားရင် ဒါဘယ်တော့မှဖြစ် လာမှာမဟုတ်ဘူး။ အဲဒီတော့ ဆန္ဒ တစ်ခုရှိလာပြီဆို အကောင်အထည် ဖော်ဖို့လိုပါတယ်လို့ အကြံပေးချင်ပါတယ်။

ကျော်မျီုးနီုင်

No comments:

Post a Comment