Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 28, 2012

ငှက်ပေမယ့် နှလုံးသားကြီးတယ်


ငှက်မောင်နှံ ပုံ အင်တာနက် မှာ ရေပန်းစား

ပြင်သစ် နိုင်ငံက ငှက် မောင်နှံ ရဲ့  အဖြစ် ဆိုး ကို ဓာတ်ပုံ ဆရာ က အမိအရ ရိုက်ကူးထားတဲ့ ပုံ
ပါ။ ဒီသတင်း ဓာတ်ပုံ ကို ဖော်ပြ ခဲ့ တဲ့ ပြင် သစ် နိုင်ငံ တောင် ပိုင်း က ညနေ ခင်း သတင်းစာ
လည်း ရောင်းမလောက် ဖြစ်သွား ခဲ့ တယ်။
ပါးစပ် ထဲမှာ စားသောက် ဖွယ်ရာ တစ်ချို့  ချီ ပြီး ပြန်လာတဲ့ ငှက်မလေး က အနိမ့် ပျံ လာတုန်း
ကား တစ်စီး က ၀င် တိုက် သွားပါတယ်။ အသက် ငင် နေတဲ့ ငှက် မလေး ရဲ့  ဘေး ကို ငှက် ဖို က ရောက် လာ ပြီး ကုတ် ချီ သယ်ဆောင် သွား ဖို့  ကြိုးစား ပါ တယ်။ ဒါပေမယ့် ချီ ပြီး သယ်ဆောင် ဖို့  မဖြစ် နိုင်လို့  ငှက်မလေး အသက် ဇီဝန်ကြွေသွား တဲ့ အထိ
သူက အနား မှာ စောင့် ပြီး စောင့် ရှောက် ပေး နေ ခဲ့ ပါတယ်။ သူ့ ကို ဘယ်သူ ကူညီ မလဲ လို့ 
ဘေးဘီ နဲ့  ကောင်း ကင် ကို မော့ ပြီး သူ တစ်စာစာ အော်ပါ သေးတယ်။
နောက် ထပ် ကား တွေ မတိုက် အောင် လို့  ငှက် မလေး ရဲ့  ခန္တာ ကိုယ် ကို သူက ကာကွယ် ပေး ထား
တယ်။ တစ်ချို့  လူတွေ ကယ် ဖို့ လာ ပေမယ့် ငှက် ဖို လေး က ကြောက် နေ ပေမယ့် ငှက်မလေး
ဘေး က ပျံ ထွက် မပြေး ဘူး ……..ဒီလို နဲ့  ……….ငှက် မလေး အသက် ဇီဝိန် ကြွေ တဲ့ အထိ
ငှက် ဖို လေး က စောင့် နေခဲ့ တယ်။
အခု လို အဖြစ် မျိုး အမေရိကန် လောစ်ဇင်ဂျလိစ် မြို့  မှာ လည်း ဖြစ်ပျက် ခဲ့ တယ်။ သူငယ်ချင်း
ခွေး ဖြစ် သူ ကား တိုက် ခံရတာ ကို အခြား ခွေး တစ်ကောင် က ရပ် ပြီး စောင့် နေခြင်း ပါ။
တိရိစ္ဆာန် မှာ ဥာဏ် ရည် နဲ့  ခံစား မှု မရှိ ဘူး ဆို ပေမယ့် ကြင်နာ သနား တတ်တဲ့ စိတ်ထား
တော့ ရှိကြတာပါပဲ။

Posted by ++♫♪♥ ကြွေရုပ်လေး ♥♪♫

No comments:

Post a Comment