အသက် ၂၂ နှစ်အရွယ် Zoe West ဟာ နယူးယောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကမ်းလှမ်းလာမှုကို စက်တင်ဘာ ၄ ရက် (ယနေ့) မှာ သဘောတူ လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ သူမရဲ့ ရှေ့နေဖြစ်သူ Ron Kuby က ပြောကြားခဲ့ပြီး မြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥပဒေဌာနကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ပြည်သူ့ အခွင့်အရေးဆိုင်ရာ ရှေ့နေ Kuby က နယူးယောက် မြို့တော်၌ တင်ဆက် ပြသမှု တစ်စုံတစ်ရာအတွက် ရည်ရွယ် ပြီး ပြုလုပ်ခြင်း ဖြစ်နေသ၍ လူပုံအလယ်တွင် ဝတ်လစ်စလစ် နေမှုကို ခွင့်ပြုထားခြင်းကြောင့် ရဲတပ်ဖွဲ့သည် West အား ဖမ်းဆီးခြင်း မပြုလုပ်ခဲ့သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

West ဟာ သူမရဲ့ G-string ကို ချွတ်ကာ ခန္ဓာကိုယ် ဆေးခြယ်သမှု ပညာရှင် Andy Golub ရဲ့ အပြီးသတ် စုတ်ချက် များကို ရေးဆွဲခံပြီး တစ်ကိုယ်လုံးနီးပါး ဆေးရောင်များဖြင့် ခြယ်သပြီးချိန်၌ ရဲဖမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ သူမကို ဝတ်လစ် စလစ်ဖြင့် လက်ထိပ်ခတ်ကာ ရဲကားဖြင့် မြို့လယ်ခေါင်၏ တောင်ဘက် သီးသန့်နေရာတစ်ခုကို ခေါ်ဆောင်သွားခဲ့ပါတယ်။
သူမဟာ အဝတ်အစား ပြန်ဝတ်ခွင့် မရမီ ၁၅ မိနစ်ခန့် ရဲတပ်ဖွဲ့ဝင်များရဲ့ မျက်စိစားပွဲထိုင်ခြင်း ခံခဲ့ရပြီး ယင်းနောက်မှသာ ရဲမေ တစ်ဦးက သူမကို အသာ လက်တို့၍ ခေါ်ဆောင်သွားခဲ့တယ်လို့ သူမရဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။ သူမကို နှစ်နာရီခန့် ထိန်းသိမ်း ထားခဲ့ပြီး နောက် မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
Ref: USA Today
Photo courtesy of NY Post. All rights reserved.
http://www.dailymail.co.uk/news/article-2198139/Model-Zoe-West-wins-15-000-falsely-arrested-Times-Square.html

http://www.dailymail.co.uk/news/article-2198139/Model-Zoe-West-wins-15-000-falsely-arrested-Times-Square.html
Winning suit: Zoe West, pictured last August, will be awarded a $15,000 settlement after she was arrested last year in Times Square for being nude for a painting exhibition

Arrested development: Ms West, pictured left with artist Andy Golub, was arrested in Times Square last year for public nudity, but was not charged

Sweet painted lady: Ms West, pictured left with Mr Golub and a dress, and right, wearing nothing but shoes, paint, and a G-string

Work of art: The model had been carefully painted by famed local body painter Andy Golub, right
No comments:
Post a Comment