CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label Burmese History. Show all posts
Showing posts with label Burmese History. Show all posts
Tuesday, December 3, 2019
မင်းတုန်းမင် းနှင့် ပျဉ်ချပ်ကြီးပေါ်မှ စာ
ပုဂံမင္း ဟာ ခ်ိဳးတိုက္၊ ၾကက္တိုက္ က လြဲၿပီး ဘာမွ စိတ္မဝင္စားတဲ့ဘုရင္။
သူ႔လက္ထက္မွာ ၿမိဳ႕ဝန္ဘိုင္ဆပ္တို႔ အုပ္စုက ျပည္သူကို ညႇင္းပန္းခဲ့ၾကတာေပါ့။
သူ႔ကို ျဖဳတ္ခ်ၿပီး ျပည္သူ႔အခ်စ္ေတာ္ မင္းတုန္းမင္း ဘုရင္ျဖစ္လာတယ္။
မင္းတုန္းမင္း ဘုရင္ျဖစ္ေတာ့ မႏၱေလးမွာ နန္းသစ္တည္တယ္။
နန္းေတာ္ႀကီးကို လက္သမားေတြ နဲ႔ ေဆာက္လုပ္ေနၾကတုန္း မင္းတုန္းဘုရင္ နဲ႔ စၾကၤာေဒဝီ မိဖုရားေခါင္ႀကီး တို႔ က ထံုးစံအတိုင္း ၾကည့္႐ႈစစ္ေဆး လိုအပ္တာမ်ား မွာၾကားေပါ့။
အဲ့ဒီအခ်ိန္ နန္းေတာ္ၾကမ္းခင္းက ပ်ဥ္ျပားႀကီးေပၚမွာ လုပ္အားခေတြ မရလို႔ ဘုရင္ ကို ဆဲ တဲ့ စာကို လက္သမားတစ္ေယာက္က ေရးထားတာ သြားေတြ႔တယ္။
“ေပးရင္ ေပးေရာ့..မေပး ေျပးေရာ __ီး” တဲ့။
ဆိုလိုတာက ေပးရင္ ေပး၊ မေပးရင္ ဆက္မလုပ္ပဲ ထြက္ေျပးေတာ့မယ္..ဆိုၿပီး ေနာက္က မင္းတုန္းမင္းႀကီးကိုတဲ့တဲ့ဆဲေရးတိုင္းထြာထားတာ။
ဒါကို ႐ွင္ဘုရင္ျမင္ေတာ့ သူ႔ကို ဆဲရမလားဆိုၿပီး စိတ္တို၊စိတ္မေကာင္း ျဖစ္ေရာ။
ေဘးကပါလာတဲ့ နန္းကံေကြၽးဝန္ လို႔ေခၚတဲ့ အလုပ္သမားေရးရာမူးမတ္တို႔၊ တျခားတည္ေဆာက္ေရးမူးမတ္ေတြကလည္း ဟာ ဒီေကာင္ဘာေကာင္လဲ..ဘယ္သူလဲ..ဘုရင္ကို ဘာညာ ဆိုၿပီး ဝိုင္းပင့္ေျမႇာက္ေပးတာေပါ့။
အဲ့ဒီအခ်ိန္မွာ ပညာရွိမိဖုရားေခါင္ႀကီးက ႐ွင္ဘုရင္ ကို ေခြၽးသိပ္ရတယ္။
သူတကယ္အခက္အခဲ႐ွိလို႔ မတတ္သာလို႔ ေသေဘးကို မေၾကာက္ ေရးရတာ ျဖစ္မွာပါေပါ့။
ကဲ..ငယ္ကြၽန္တစ္ေယာက္ေရးစရာတခုခုယူၿပီး အဲ့ဒီစာေဘးမွာ ဒီ့ႏွယ့္ေရးစမ္းဟဲ့ ဆိုၿပီး မိဖုရားေခါင္ႀကီး က ရြတ္ျပတယ္။
“မနက္ျဖန္ရမည္..__ီးပဲ ” တဲ့။
အဲ့ဒီလိုတိုင္းထြာၿပီး ျပန္ဆဲလိုက္ရမွ ဘုရင္လည္း စိတ္ေတာ္ေက်နပ္သြားၿပီး အမႈထမ္းေတြကို ေခၚစစ္ေတာ့ အဆင့္ဆင့္ခိုးထားၾကၿပီး လက္ေတြ႕လုပ္ရတဲ့လက္သမားေတြ ခမ်ာ တကယ္ လုပ္အားခ မရၾက႐ွာဘဲစားဝတ္ေနေရးလံုးဝအဆင္မ
ေျပျဖစ္ေနတာကိုသိရပါေတာ့တယ္။
အဲ့ဒါနဲ႔ တာဝန္႐ွိသူေတြကို အေရးယူၿပီး လက္သမားေတြကို ေနာက္တစ္ေန႔မွာ လုပ္အားခေတြ အကုန္႐ွင္းေပးလိုက္သတဲ့။
ဆိုလိုခ်င္တာက…ပုဂံမင္း..မေကာင္းလို႔..ေကာင္းတဲ့ မင္းတုန္းမင္းႀကီး တက္လာလည္း ကိုယ္မေက်နပ္တာ၊ မႀကိဳက္တာ ႐ွိရင္ ေျပာရမွာပါပဲ။
ဟိုလက္သမား..ပ်ဥ္ခ်ပ္ေပၚ ေရးသလို ေရးလို႔ ရတဲ့ ေနရာက ေရးေနရမွာပဲ..။
မင္းတုန္းမင္းႀကီးပဲဟယ္..သူ႔ ချမာ သူပုန္သူကန္ဘဝ ဆင္းဆင္းရဲရဲကေန ဘုရင္ခုမွ ျဖစ္တာ..မရတဲ့ လက္သမားခေလး ေတာင္းမေနေတာ့ပါဘူးဆို.သြားၿပီပဲ။
လက္သမားကလည္း ေျသာ္..ဌာနတြင္း ျခစားမႈေတြ ႐ွိေနလို႔လား၊ အဆင့္ဆင့္ေခါင္းပံုျဖတ္ေနတာလား ဘာေတြ ညာေတြ ေတြးေနမွာ မဟုတ္ဘူး…သူ႔ လုပ္ခမရရင္ သူ႔ကိုခိုင္းတဲ့ အစိုးရမင္း ႐ွင္ဘုရင္ ကို တန္းဆဲမွာပဲ။
ဒီလက္သမားဒီလို ေရးလို႔လည္း ဘုရင္က သူ႔ေအာက္ကငယ္သားေတြ မေကာင္းတာ သိသြားရတာ။
ဒါေတာင္ ပညာဥာဏ္ျပည့္စံုတဲ့ မိဖုရားေခါင္ႀကီး ပါေနလို႔။
ေအာက္ကမင္းအလိုလိုက္၊မင္းအေျမႇာင္ေတြ ၊ဝိုင္းတြန္းသလိုသာလုပ္ရင္ ေရးတဲ့လက္သမားလည္း ဇက္ျပဳတ္၊ ဘုရင္လည္း ျပည္သူေတြမုန္းတဲ့ဒဏ္ခံရမွာပဲ။
ဒါေၾကာင့္ သာမန္ျပည္သူတစ္ေယာက္အေနနဲ႔..ကိုယ္မ႐ွင္းလင္းတာ..ကို.ကိုယ္မႀကိဳက္တာ႐ွိရင္..မႀကိဳက္တဲ့ အေၾကာင္း..ပ်ဥ္ခ်ပ္ႀကီးေပၚကေန သပိတ္ေလာက္ႀကီးေတြ ေရးခြင့္ရွိေၾကာင္းမင္းတုန္းမင္းလက္ထက္သတင္းစာဥပေဒကိုေဖၚျပရင္း
နိဂံုးခ်ဳပ္လိုက္ရပါတယ္။
မင္းတုန္းမင္း လက္ထက္ သတင္းစာ ဥပေဒ
________________________________
“ငါမေကာင္းလွ်င္ ငါ့အေၾကာင္းကိုေရး။
ငါ့မိဖုရားမေကာင္းလွ်င္ ငါ့မိဖုရားအေၾကာင္းကိုေရး။
လႊတ္မေကာင္းလွ်င္ လႊတ္အေၾကာင္းကိုေရး။
မင္းတို႔သတင္းစာသမားေတြမွာ အျပစ္မရွိေစရ။
ငါ့နန္းေတာ္တြင္းသို႔ သတင္းစာသမားမ်ား လြပ္လပ္စြာ၀င္ထြက္ေစ။
မည္သူမွ် အတားအဆီးမရွိေစရ။ ”
မင္းတုန္းမင္း
မင္းတုန္းမင္းလက္ထက္ ရတနာပုံ ေနျပည္ေတာ္ သတင္းစာထုတ္ေ၀ေရးအတြက္ ကင္း၀န္မင္းႀကီး ဦးေဆာင္ႀကိဳးပမ္းရာတြင္ ေရွးဦးစြာ သတင္းစာတိုက္ တည္ေထာင္ရန္ ဥပေဒကို ေရးဆြဲၿပီး မင္းတုန္းမင္းႀကီးထံ တင္ျပၾကသည္။
မင္းတုန္းမင္းႀကီးက ထိုဥပေဒကို ၁၂၃၅ ခု ၀ါေခါင္ လျပည့္ေက်ာ္ ၇ ရက္ေန႔တြင္ အတည္ျပဳေပးသည္။
မင္းတုန္းမင္း လက္ထက္ ရတနာပုံ ေနျပည္ေတာ္ သတင္းစာ
အဆိုပါ ဥပေဒကို ၾကည့္ျခင္းအားျဖင့္ သတင္းစာ၏ ရည္ရြယ္ခ်က္ မည္မွ် ေခတ္မီသည္ကုိ သိႏုိင္သည္။ သတင္းစာတိုက္ တည္ေထာင္ရန္ ဥပေဒကို မည္သူေတြ ပါ၀င္ေရးဆြဲၾကသည္ကိုလည္း သိရသည္။ ဥပေဒမွာ ေအာက္ပါအတိုင္း ျဖစ္သည္။
၁-အခ်က္။ ။ မႏၲေလး ရတနာပုံ ေရႊၿမိဳ႕ေတာ္ႀကီးက။ ႐ုိက္ထုတ္သည့္ သတင္းစာ ဟူေသာ ေခါင္းတံဆိပ္ႏွင့္။ အျပည္ျပည္ေထာင္ သိုးေဆာင္း ႏုိင္ငံမ်ားသို႔။ ျဖန္႔ျဖဴး ေပးကမ္းရလွ်င္။ ေရာင္းေရး ၀ယ္မႈ။ ပညာ။ အႀကံအစည္။ ျမန္မာႏုိင္ငံေတာ္မွာ။ အရာခပ္သိမ္း တိုးတက္ရန္ ရွိေၾကာင္း။ ေက်ာ္ေစာ ျပန္႔ႏွံ႔၍။ ႏုိင္ငံျခားအစိုးရမ်ားႏွင့္။ ကုန္သည္။ အလုပ္သည္။ ပညာသည္တို႔ႏွင့္။ အတိုင္းထက္ အလြန္။ ဆက္ဆံ မီွခို။ အမ်ားလာေရာက္။ ပြင့္လင္း စည္ပင္။ တိုးတက္ရန္ အက်ိဳး။
၂-အခ်က္။ ။ ႏုိင္ငံေတာ္သို႔ မွီခိုလာေရာက္သည့္ ကုန္သည္တို႔။ ေရာင္းလိုေသာ ကုန္စည္။ ၀ယ္လိုေသာ ကုန္စည္မ်ားကုိ။ ေၾကာ္ျငာ စာ ထည့္႐ိုက္။ အမ်ားၾကားသိရ၍။ ႏုိင္ငံျခား ကုန္သည္မ်ားႏွင့္။ ႏုိင္ငံေတာ္ရွိ ကုန္သည္တို႔။ အေရာင္း အ၀ယ္ ႀကီးက်ယ္။ အင္အား တိုးတက္ရန္ အက်ိဳး။
၃-အခ်က္။ ။ ဥေရာပတိုက္။ အိႏၵိယႏုိင္ငံ။ တ႐ုတ္ႏုိင္ငံ။ ယိုးဒယားႏုိင္ငံ စသည္မ်ားက။ အရပ္ရပ္ အေၾကာင္းအရာကို။ ၾကားသိရ သျဖင့္။ ႏုိင္ငံေတာ္သားတို႔။ အလုပ္အကိုင္။ အကူးအသန္း။ အႀကံအစည္ တိုးတက္ရန္ အက်ိဳး။
၄-အခ်က္။ ။ ဥေရာပတိုက္။ အိႏၵိယႏိုင္ငံ။ ရန္ကုန္ စသည္မ်ားက။ ျမန္မာႏိုင္ငံေတာ္ကို ထိခိုက္၍ မေကာင္းသတင္း ႐ုိက္ထုတ္ခဲ႔လွ်င္။ ေရႊၿမိဳ႕ေတာ္ သတင္းစာတိုက္က။ ျပန္လွန္ေခ်ဆို။ ႏိုင္ငံတကာ ၾကားသိေက်လည္။ ယံုၾကည္ရန္အက်ဳိး။
၅-အခ်က္။ ။ ဘုန္းေတာ္ဂုဏ္ေတာ္။ ႏိုင္ငံေတာ္ၾကက္သေရကို။ ႏိုင္ငံတကာ မျပတ္ၾကားသိ ေၾကညာေအာင္။ အလိုရွိသမွ် ထည့္႐ုိက္ ေၾကာ္ျငာ၍။ ဘုန္းေတာ္ဂုဏ္ေတာ္။ ၾကက္သေရေတာ္။ အတိုင္းထက္အလြန္ ေက်ာ္ေစာပ်ံ႕ႏွံ႔ရန္ အက်ဳိး။
၆-အခ်က္။ ။ ျပည္သူတို႔အႀကံအစည္။ အဆိုးအကာင္း။ အေၾကာင္းအရာမ်ားကို။ အစိုးရလူႀကီးတို႔။ မျပတ္ၾကားသိ။ ထိုင္းထြာဆင္ျခင္ ျပဳျပင္ရ၍။ ႏိုင္ငံေတာ္အေျခခုိင္ၿပီး။ ႀကီးက်ယ္တိုးတက္ရန္ အက်ဳိး။
၇-အခ်က္။ ။ သိုးေဆာင္းႏိုင္ငံမ်ားႏွင့္။ ဆက္ဆံဥပေဒပါ။ အစိုးရအေၾကာင္း ကုမၸဏီအသင္းတို႔ အေၾကာင္း။ ေၾကာ္ျငာရန္ရွိသည္ မ်ားကို။ ၎သတင္းစာတြင္။ ထည့္႐ုိက္ေၾကာ္ျငာေစ၍။ ႏိုင္ငံျခားလူတို႔။ ႏွစ္သက္ၾကည္လင္။ အေရာင္းအ၀ယ္။ ႀကီးက်ယ္စည္ကား။ တိုးတက္ရန္ အက်ဳိး။
၈-အခ်က္။ ။ ျပည္သူတို႔တြင္။ မေတာ္ျပဳက်င့္သူ ရွိခဲ့လွ်င္။ ၎သတင္းစာက။ ကဲ႔ရဲ႕ေၾကာ္ျငာ၍။ ျပဳမိသူႏွင့္တကြ။ လူအမ်ား ရွက္ ေၾကာက္ရြံရွာၾကသျဖင့္။ အတိုင္းထက္အလြန္။ ေကာင္းမြန္ၾကရန္ အက်ဳိး။
၉-အခ်က္။ ။ အျခားႏိုင္ငံက။ ပညာစာ။ ႏိုင္ငံေတာ္ရွိ ေလာကီေလာကုတၱရာ ပညာစာမ်ားကို။ ၎သတင္းစာတိုက္က ပံုႏွိပ္၍ အဖိုးအနည္းငယ္ႏွင့္။ ေရာင္းခ်သျဖင့္။ ႏိုင္ငံေတာ္သားတို႔။ ပညာျပန္႔ေျပာ တိုးတက္ရန္ အက်ဳိး။
၁၀-အခ်က္။ ။ ၀ိနည္းပိဋကတ္ေတာ္ စသည္မ်ားကို။ မဂၤလာ ကုန္မႈးကုန္သည္ႀကီးတို႔က ျဖစ္ေစ။ သတင္းစာတိုက္ ဆရာကျဖစ္ ေစ။ ပံု႐ုိက္ေရာင္းခ်၍။ ပိဋကတ္ေတာ္ အေထာင္အေသာင္း ပြားမ်ားျခင္း။
ပုဒ္ပါဌ္ အကၡရာ၀ဏၰ၊ မွန္ကန္ညီညြတ္ျခင္း။ ေငြ ၁၀၀ တန္သည့္စာကို။ ၂၀ ၊ ၂၅ က်ပ္ႏွင့္။ မည္သည့္အခါမဆို အလိုရွိသမွ် ရႏိုင္၍။ ျပည္သူတို႔ အလြယ္တကူ။ ၀ယ္ယူ လွဴဒါန္းပူေဇာ္။ သာသနာေတာ္ျမတ္အက်ဳိး တိုးတက္ရန္။
၁၁-အခ်က္။ ။ ေရႊၿမိဳ႕ေတာ္မွာ။ သတင္းစာတိုက္ေတာ္ တည္လုပ္မိလွ်င္။ ၎သတင္းစာတိုက္ကို အေၾကာင္းျပဳ၍။ ျပည္သူတို႔။ ပစၥည္း ဘ႑ာ။ စာခ်ဳပ္အမွတ္အသား။ ထာ၀ရအရွည္။ တည္ၾကည္ၿငိမ္သက္ သင့္သည့္ အရာမ်ားကို ေစာင့္ေရွာက္ရန္။
ခိုင္ခန္႔ၿမဲၿမံ ေစ ေသာ။ အစိုးရသက္ေသခံ ဥပေဒတည္လုပ္ရလွ်င္။ ေရႊေငြစိန္ေက်ာက္။ အ၀တ္အထည္စေသာ။ တဒဂၤေရာင္း၀ယ္မႈ။ ေရႊ႕ေျပာင္းႏိုင္ သည့္ သာမည ပစၥည္းမွတပါး။ သေဘၤာ။ တိုက္အိမ္။ စက္႐ုံ။ လယ္ယာဥယ်ာဥ္။ ၿခံေျမ အေမြစားအေမြခံ အေမြလႊဲ။ အေၾကြးအငန္း ေရာင္း၀ယ္မႈ။
ေငြေခ်မႈစာခ်ဳပ္မွ စ၍။ ၿမဲၿမံခိုင္ခန္႔ေစသည့္အရာ။ မေရႊ႕မေျပာင္းႏုိင္သည့္အရာမ်ားကို။ အစိုးရသက္ေသခံ ဥပေဒရွိရာ။ တိုင္ၾကားေစ၍။ ဥပေဒရွင္တို႔က။ အမႈအင္အားႏွင့္ေထာက္ခ်င့္။
သတင္းစာတြင္။ ရက္လပိုင္းျခား ထည့္႐ိုက္ေၾကာ္ျငာ ၍။ တံဆိပ္ေတာ္ ခတ္မွတ္။ ၿမဲၿမံေစျခင္းျဖင့္။ ျပည္သူတို႔မွာ။ လုဆိုျငင္းပြား။ တရားအ႐ႈပ္အေထြး နည္းပါးျခင္း အက်ဳိး။ အစိုးရ သက္ေသ ခံပါ သတင္းစာတံဆိပ္ေတာ္ အထင္အရွားႏွင့္ျဖစ္၍။ ေကာက္က်စ္ဆန္းျပား။
လုယက္ထိမ္ခ်န္။ မျပဳမလုပ္တည့္ႏုိင္။ ခိုင္ခန္႔ၿမဲၿမံျခဝာင္းေၾကာင့္။ အေခ်းအငွား အေရာင္းအ၀ယ္။ အကူးအသန္း။ တိုးတက္ ႀကီးက်ယ္ရန္ အက်ိဳး။ အေရာင္းအ၀ယ္ အကူး အသန္း ခိုင္ခန္႔ ၿမဲၿမံေစေသာ။ အစိုးရသက္ေသခံ။ ဥပေဒ႐ုံေတာ္ထည္ေထာင္။ သတင္းစာတိုက္ေတာ္က။
ေၾကာ္ျငာတံဆိပ္ေတာ္ ခတ္မွတ္ရ ေၾကာင္းကို။ ႏိုင္ငံအမ်ား ၾကားသိပ်ံ႕ႏွံ႔၍။ ႏိုင္ငံေတာ္မွာ။ တိုးတက္ေၾကာင္း ထင္ရွားသျဖင့္။ အျပည္ျပည္ေထာင္က ႏွစ္ သိမ့္ခ်ီးမြမ္းရန္ အက်ဳိး။ သက္ေသခံ ဥပေဒရွင္တို႔က။
သတင္းစာထည့္႐ုိက္ ေၾကာ္ျငာတံဆိပ္ေတာ္ ခတ္မွတ္ရသမွ်ကို ေၾကာ္ျငာမွတ္သားရ၍ ၁၀၀ လွ်င္ ၆ က်ပ္ စသျဖင့္ ခံယူလွ်င္။ အခြန္ေတာ္မ်ားစြာ။ ေန႔စဥ္လဆက္ မပ်က္။ ကာလအရွည္။ ႀကီးက်ယ္ တိုးတက္ ရန္ အက်ဳိးမ်ားကို ခံစားရန္။
၁၂- အခ်က္။ ။ ေရႊၿမိဳ႕ေတာ္မွ သတင္းစာတိုက္ေတာ္ တည္လုပ္ရန္။ စက္ကိရိယာဖိုး အရင္းအႏွီး ေငြေတာ္ ၆၅၀၀ က်ပ္ သတင္းစာ ဆရာ ငရွင္ကေလးကို။ ထုတ္ေပးမစေတာ္မူ၍။ တည္လုပ္ေစမည္။
၁၃- အခ်က္။ ။ သတင္းစာမွာ။ ၇ ရက္တပတ္ အမွန္ထုတ္ေ၀၍။ အမ်ား၀ယ္ယူၾကည့္ရႈႏိုင္ေအာင္။ သတင္းစာတေစာင္ကို။ တလလွ်င္ ၁ က်ပ္ က်သာ ခံယူေစမည္။
၁၄ – အခ်က္။ ။ သတင္းစာတိုက္မွာ လစဥ္စရိတ္ႏွင့္ ေက်ေလာက္ေအာင္။ ျပည္သူတို႔ မ၀ယ္မျခမ္းမီအတြင္း။ အဦးအစ တႏွစ္ တန္သည္။ ႏွစ္ႏွစ္တန္သည္။ အစိုးရမ်ားက မစ၍။ သတင္းစာ ၅၀၀ ယူၾကေစမည္။
၁၅- အခ်က္။ ။ တႏွစ္ ႏွစ္ႏွစ္ရွိ၍။ အမ်ား၀ယ္ယူ။ အင္အားရွိသည္ကာလ။ အစိုးရမ်ားက။ မစ၀ယ္ယူသည့္ သတင္းစာကိုေလွ်ာ့၍ အလိုရွိသမွ်ကိုသာ။ ယူၾကေစမည္။
၁၆- အခ်က္။ ။ အရင္းစိုက္ထုတ္။ မစေတာ္မူရသည့္ ေငြေတာ္ ၆၅၀၀ က်ပ္မွာ ႏွစ္ႏွစ္ႏွင့္ ေျပလည္ေအာင္။ သတင္းစာဆရာ ငရွင္ကေလးက။ ဆက္သြင္းေစမည္။ မျပမလည္ရွိခဲ႔လွ်င္။
အလိုေတာ္ရွိရာ။ ပိဋကတ္စာမ်ားကို။ ပံု႐ိုက္ေစ၍။ ေပေတာ္ေရ ၁၀ အဂၤါ၀င္သည့္ စာအုပ္ ၅၀၀ က အထက္ကို။ တအုပ္လွ်င္ ၅ က်ပ္ က်။ ၁၀၀၀ က အထက္ကို တအုပ္လွ်င္ ၃ က်ပ္ က်ႏွင့္။ ပံု႐ိုက္ ဆက္သ ေစမည္။
၁၇- အခ်က္။ ။ မစေတာ္မူရင္းေငြေတာ္ မေျပမီအတြင္း။ အစိုးရႏွင့္ ဆိုင္သည့္ ေၾကာ္ျငာစာ။ ေလလံစာမ်ားကို။ အဖိုးအခမယူ။ ႐ုိက္ ထုတ္ေၾကာ္ျငာေစမည္။ မဟာမိတ္ျဖစ္ၿပီး ျဖစ္ဆဲ။ အေ၀းႏိုင္ငံမ်ားသို႔။ ျဖန္႔ျဖဴးေပးကမ္းရန္။ ၇ ရက္တပတ္လွ်င္ စတင္းစာေစာင္ေရ ၂၀၀ ဆရာငရွင္ကေလးက ဆက္သြင္းေစမည္။
မင္းတုန္းမင္း (၁၈၅၃ – ၁၈၇၈)
MinGyi
(ဖတ္မိေသာစာပုဒ္မ်ားမွေကာက္ႏႈတ္ေဖၚျပထားျခင္းျဖစ္ပါသည္။)
ကိုးကား-ေမာင္သစ္လြင္(လူထု) ေရးသားေသာ “ေရွးဦးျမန္မာ သတင္းစာမ်ား”စာအုပ္မွ ထုတ္ႏုတ္ေဖာ္ျပပါသည္။
Friday, October 18, 2019
ယေန႔တိုင္ ထိန္းသိမ္းထားဆဲျဖစ္တဲ႔ ပင္လံုစာခ်ဳပ္ ခ်ဳပ္ဆိုစဥ္က ဗိုလ္ခ်ဳပ္စီးခဲ႔ေသာ ခ်က္ပလက္ကားၾကီး
ရွမ္းျပည္နယ္ လြိဳင္လင္ၿမိဳ႕ အမွတ္(၁)ရပ္ကြက္ သီတာလမ္း ရွိ ေဂၚရခါး လူမ်ိဳး ေဒၚမီး နား အိမ္ တြင္ ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုရန္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ ေသာ အဖြဲ႕အား လြိဳင္လင္ၿမိဳ႕မွ ပင္လုံၿမိဳ႕သို႔ လိုက္လံ ပို႔ေဆာင္ ေပးေသာ ခ်က္ပလက္ကားကို ယေန႔တိုင္ အမွတ္တရအျဖစ္ ထိန္းသိမ္းထားဆဲ ျဖစ္ေၾကာင္း သိရ သည္။
ပင္လုံစာခ်ဳပ္ျဖင့္ တိုင္းရင္းသား အားလုံး ၿဗိတိသွ်အုပ္ခ်ဳပ္မႈေအာက္ မွ အတူတကြ ျပန္လည္ လြတ္ေျမာက္ခဲ့ျခင္း ျဖစ္ၿပီး တိုင္းရင္းသားအားလုံး၏ အနာဂတ္အေရးႏွင့္ ပတ္သက္၍ အျမင္ခ်င္း ႏွီးေႏွာဖလွယ္ခြင့္ႏွင့္ လြတ္လပ္ ေရးရရန္ လမ္းစပြင့္ခဲ့ေသာ ပထမပင္လုံအစည္းအေဝးကို ၁၉၄၆ ခုႏွစ္ မတ္ ၂၆ ရက္မွ ၂၈ ရက္ထိ က်င္းပခဲ့ၿပီး ေတာင္တန္းႏွင့္ ျပည္မ ပူးေပါင္း၍ လြတ္လပ္ေရးရယူမည္ ျဖစ္ေၾကာင္း သက္ေသျပသည့္ သမိုင္းဝင္ ပင္လုံစာခ်ဳပ္ကို ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ တိုင္းရင္းသား ကိုယ္စားလွယ္ ၂၃ ဦးတို႔က ၁၉၄၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၂ ရက္(ဗုဒၶဟူး ေန႔)နံနက္ ၁ဝ နာရီက ေအာင္ျမင္စြာ လက္မွတ္ေရးထိုး ခ်ဳပ္ဆိုႏိုင္ခဲ့ရာ အဆိုပါ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုရန္ အသြားတြင္ ေဒၚမီးနား၏ ဖခင္ ဦးကံခ်ားက ၎ကိုယ္ပိုင္ ခ်က္ပလက္ ခ/၈၂၁၇ ျဖင့္ ပို႔ေဆာင္ခဲ့ ေသာ ယာဥ္ ျဖစ္ေသာေၾကာင့္ ယေန႔တိုင္ထိန္း သိမ္းထားျခင္းျဖစ္သည္ဟု ဆိုသည္။
”ဟိုးလြန္ခဲ့တဲ့ ၆၈ ႏွစ္က ပင္လုံစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ လြိဳင္လင္ကေန ပင္လုံၿမိဳ႕ကို ဗိုလ္ခ်ဳပ္နဲ႔ သူ႔အဖြဲ႕ေတြ အသြားမွာ ေဖေဖက သူ႔ကားနဲ႔ လိုက္ ပို႔ခဲ့တာ ပါ။ ေဖေဖမရွိေတာ့ေပမယ့္ သမိုင္းဝင္အမွတ္တရျဖစ္တဲ့အတြက္ ဒီကားကို မေရာင္းဘူး။ ဆက္လက္ ထိန္းသိမ္းသြားမွာပါ” ဟု ယခုအခါ အသက္ ၅ဝ ေက်ာ္ အ႐ြယ္ရွိၿပီျဖစ္သည့္ သမီး ျဖစ္သူ ေဒၚမီးနားက ေျပာသည္။
သမိုင္းဝင္ ပင္လုံညီလာခံႀကီးကို (ဒုတိယအႀကိမ္) ၁၉၄၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၃ ရက္မွ ၁၃ ရက္အထိ ပင္လုံၿမိဳ႕၏ အေနာက္ေတာင္ဘက္ (စေနေထာင့္)၌ က်င္းပခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ ပင္လုံညီလာခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္ေသာဘုရင္ခံ အမႈေဆာင္ဝန္ႀကီးမ်ား၊ နယ္ျခားေဒသ အုပ္ခ်ဳပ္ေရးအဖြဲ႕မွ အရာရွိမ်ား၊ ျမန္မာျပည္ ႏိုင္ငံေရး အဖြဲ႕အသီးသီးမွ ကိုယ္စားလွယ္မ်ား၊ သတင္းစာ ဆရာမ်ား၊ ႏိုင္ငံျခား သံကိုယ္စားလွယ္ ေကာင္စစ္ဝန္မ်ား၊ ျမန္မာျပည္၌ ထင္ရွား ေက်ာ္ၾကားခဲ့ေသာ ထိပ္သီး ပုဂၢိဳလ္မ်ား၊ ရွမ္းေစာ္ဘြားကိုယ္စားလွယ္မ်ားႏွင့္ လူထု ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသား ကိုယ္စားလွယ္ ၂၃ ဦးတို႔ က ျပည္မႏွင့္ ေတာင္တန္း ပူးေပါင္း၍ လြတ္လပ္ ေရးရယူရန္ လက္မွတ္ေရးထိုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
moi.gov
Unicode
ရှမ်းပြည်နယ် လွိုင်လင်မြို့ အမှတ်(၁)ရပ်ကွက် သီတာလမ်း ရှိ ဂေါ်ရခါး လူမျိုး ဒေါ်မီး နား အိမ် တွင် ပင်လုံစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သော အဖွဲ့အား လွိုင်လင်မြို့မှ ပင်လုံမြို့သို့ လိုက်လံ ပို့ဆောင် ပေးသော ချက်ပလက်ကားကို ယနေ့တိုင် အမှတ်တရအဖြစ် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရ သည်။
ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသား အားလုံး ဗြိတိသျှအုပ်ချုပ်မှုအောက် မှ အတူတကွ ပြန်လည် လွတ်မြောက်ခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသားအားလုံး၏ အနာဂတ်အရေးနှင့် ပတ်သက်၍ အမြင်ချင်း နှီးနှောဖလှယ်ခွင့်နှင့် လွတ်လပ် ရေးရရန် လမ်းစပွင့်ခဲ့သော ပထမပင်လုံအစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပခဲ့ပြီး တောင်တန်းနှင့် ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးရယူမည် ဖြစ်ကြောင်း သက်သေပြသည့် သမိုင်းဝင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်(ဗုဒ္ဓဟူး နေ့)နံနက် ၁ဝ နာရီက အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ရာ အဆိုပါ ပင်လုံစာချုပ် ချုပ်ဆိုရန် အသွားတွင် ဒေါ်မီးနား၏ ဖခင် ဦးကံချားက ၎င်းကိုယ်ပိုင် ချက်ပလက် ခ/၈၂၁၇ ဖြင့် ပို့ဆောင်ခဲ့ သော ယာဉ် ဖြစ်သောကြောင့် ယနေ့တိုင်ထိန်း သိမ်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
”ဟိုးလွန်ခဲ့တဲ့ ၆၈ နှစ်က ပင်လုံစာချုပ်ချုပ်ဆိုဖို့ လွိုင်လင်ကနေ ပင်လုံမြို့ကို ဗိုလ်ချုပ်နဲ့ သူ့အဖွဲ့တွေ အသွားမှာ ဖေဖေက သူ့ကားနဲ့ လိုက် ပို့ခဲ့တာ ပါ။ ဖေဖေမရှိတော့ပေမယ့် သမိုင်းဝင်အမှတ်တရဖြစ်တဲ့အတွက် ဒီကားကို မရောင်းဘူး။ ဆက်လက် ထိန်းသိမ်းသွားမှာပါ” ဟု ယခုအခါ အသက် ၅ဝ ကျော် အရွယ်ရှိပြီဖြစ်သည့် သမီး ဖြစ်သူ ဒေါ်မီးနားက ပြောသည်။
သမိုင်းဝင် ပင်လုံညီလာခံကြီးကို (ဒုတိယအကြိမ်) ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၁၃ ရက်အထိ ပင်လုံမြို့၏ အနောက်တောင်ဘက် (စနေထောင့်)၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောဘုရင်ခံ အမှုဆောင်ဝန်ကြီးများ၊ နယ်ခြားဒေသ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများ၊ မြန်မာပြည် နိုင်ငံရေး အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းစာ ဆရာများ၊ နိုင်ငံခြား သံကိုယ်စားလှယ် ကောင်စစ်ဝန်များ၊ မြန်မာပြည်၌ ထင်ရှား ကျော်ကြားခဲ့သော ထိပ်သီး ပုဂ္ဂိုလ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များနှင့် လူထု ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့ က ပြည်မနှင့် တောင်တန်း ပူးပေါင်း၍ လွတ်လပ် ရေးရယူရန် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
moi.gov
Thursday, September 26, 2019
"ျမန္မာ့လြတ္လပ္ေရးသမိုင္းထဲက သူရဲေကာင္းအမ်ိဳးသမီး မာရီလွေတာ"
၁၉၄၀-၄၁လြတ္လပ္ေရးမရခင္မွာဒို့ဗမာအစည္း႐ုံး
ဖြဲ႕ၿပီးသခင္ေတြလြတ္လပ္ေရးရဖို့ႀကိဳးစားေနတဲ့အခ်ိန္။ လြတ္လပ္ေရးရဖို့တြက္တရားေဟာတဲ့သခင္ႏု နဲ႔ သခင္သန္းထြန္းရန္ကုန္မွာအဖမ္းခံရတယ္။
တစ္ခ်ိန္တည္းမွာ သခင္ေအာင္ဆန္း နဲ႔(က်ဳံမေငး)သခင္တင္ေမာင္ကဟသၤာတမွာ တရားသြားေဟာေနတယ္။
တရားေဟာေနတဲ့အခ်ိန္မွာလည္း… သခင္ေအာင္ဆန္းကိုဆုေငြထုတ္ၿပီးတရားပြဲက
ဆင္းတာနဲ႔ ဝင္ဖမ္းမွာျဖစ္တယ္။
ဒါ့ေၾကာင့္ၿဗိတိသၽွပုလိပ္ေတြ တရားပြဲကိုလာဝိုင္းတယ္။ ဝိုင္းတာလဲသိေရာ… တရားပြဲထဲကေန
သခင္ေအာင္ဆန္းနဲ႔ (က်ဳံမေငး)သခင္တင္ေမာင္ က အဲ့ဒီလူအုပ္ထဲကေနထြက္ၿပီးလမ္းမေပၚ
ေရာက္သြားတယ္။လမ္းမေပၚေရာက္ၿပီးထြက္ေျပးမယ္လုပ္ေတာ့
လမ္းမတိုင္းလမ္းမတိုင္းမွာၿဗိတိသၽွပုလိပ္ေတြ
ရွိေနေတာ့ဘယ္မွေျပးမလြတ္ေတာဘူး။
ေျပးမလြတ္တဲ့အခ်ိန္က်ေတာ့မွသခင္တင္ေမာင္
ကအႀကံေပးတယ္။
"ကၽြန္ေတာ္တို့လူမ်ိဳးျခားအဖမ္းေတာ့မခံဘူး။ ကၽြန္ေတာ္တို့ဗမာအခ်င္းခ်င္းဖမ္းခ်င္ဖမ္းပါေစ" ဆိုတယ္။………
အဲ့ဒီအခ်ိန္မွာဟသၤတရဲ့ရာဇဝတ္ဝန္ေထာက္က မစၥတာေဇးဗီးယား……
ဒုတိယရာဇဝတ္ဝန္ေထာက္ကဦးလွေတာ(ဗမာလူမ်ိဳး)
ဦးလွေတာကICSတကယ့္ၿဗိတိသၽွအစိုးရကလူယုံ
အေနနဲ႔ခန္႔ထားတဲ့ဒုတိယအႀကီးဆုံး
ရာဇဝတ္ဝန္ေထာက္။
ဦးလွေတာရဲ့မိန္းကေလးက… ဇနီးသည္
ေလးက…… "အင္မတန္ေခ်ာ… အင္မတန္လွ… အင္မတန္အသက္ငယ္ၿပီးေတာ့ဗမာေတြ
မ်က္ေစ့ထဲမွာၾကည့္မရေထာင့္မက်ိဳး…
ဗိုလ္ဆန္တဲ့ကေလးမေလး "…
နာမည္ကိုက ေယာက္်ားရၿပီးတာနဲ႔
"မာရီလွေတာ" ဆိုၿပီး ေတာ့
နာမည္ေျပာင္းထားတဲ့ကေလးမေလး။
အဲ့ဒီအိမ္က သခင္ ေအာင္ဆန္း နဲ႔ (က်ဳံမေငး)သခင္တင္ေမာင္ ေရာက္ေနတဲ့ေနရာနဲ႔ နီးတယ္။
နီးေတာ့အဲဒီၿခံဝန္းထဲကို ဝင္သြားတယ္။
ဝင္သြားတဲ့အခ်ိန္မွာတိုက္ရဲ့ဆင္ဝင္အာက္မွာ ကားတစ္စီးရပ္ထားတယ္။ ကားေဘးမွာလင္မယားႏွစ္ေယာက္စကားေျပာေနတယ္။
ေယာက္်ားက႐ုံးသြားကာနီးအခ်ိန္မွာ သခင္ႏွစ္ေယာက္ကေရာက္သြားၿပီးသခင္တင္ေမာင္
ကစကားစလိုက္တယ္...
"ကၽြန္ေတာ္တို့လာတာကေတာ့…" ေျပာစရွိေသး
"မာရီလွေတာ" က သူ႔ေယာက္်ားကို……
"အစ္ကို အလုပ္ကို သြားစရာရွိတာသြားေတာ့…… ကၽြန္မၾကည့္ရွင္းလိုက္
မယ္ဆိုၿပီးေတာ့……
သူ႔ေယာက္်ားကို ကားေပၚတင္ေပးလိုက္တယ္။
သူ႔ေယာက္်ားကားေမာင္းထြက္သြာၿပီးေတာ့မွ
"ရွင္တို့ဘာကိစၥရွိလဲ"လို့ေမးေတာ့မွ…… သခင္တင္ေမာင္က ေျပာျပသည္။
"ခင္ဗ်ားေယာက္်ားဆီမွာ အဖမ္းခံဖို့လာတာ… ကၽြန္ေတာ္တို့ဘယ္လိုမွေျပး
မလြတ္ေတာ့ဘူး… အဲ့ဒီၿဗိတိသၽွပုလိပ္ေတြလက္ထဲမွာ အဖမ္း မခံခ်င္လို့…
ဗမာအခ်င္းခ်င္း အဖမ္းခံခ်င္လို့… ခင္ဗ်ားေယာက္်ားဖမ္းမလား ဆိုၿပီးလာ
အပ္တာ…… ခုခင္ဗ်ားေယာက္်ားထြက္သြားၿပီ… ခင္ဗ်ားတယ္လီဖုန္းဆက္...
နီးစပ္ရာ ဂတ္ကို ဒါမွမဟုတ္ ခင္ဗ်ားေယာက္်ားကို ဖုန္းဆက္ၿပီးေတာ့အေၾကာင္းၾကား…
ကၽြန္ေတာ္တို့ အဖမ္းခံဖို့အဆင္သင့္ပဲ"
လို့ေျပာခ်ိန္မွာ
"မာရီလွေတာ" က ခဏေလးေနဦး…… ဆိုၿပီးေတာ့ အိမ္ထဲဝင္သြာတယ္။
အဲ့ဒီအခ်ိန္မွာ သခင္ႏွစ္ေယာက္က သူတို့့ကို ဖုန္းဆက္အေၾကာင္းၾကားမယ္လို့ထင္ေနတဲ့အခ်ိန္မွာခဏေလးၾကာေတာ့… မာရီလွေတာျပန္ထြက္လာတယ္။ လက္ထဲမွာကားေသာ့ေလးတစ္ေခ်ာင္းပါလာတယ္။ ၿပီးေတာ့မွဂိုေထာင္ထဲကကားတစ္စီးထုတ္လာကာ…
"ရွင္တို့ႏွစ္ေယာက္ေနာက္ခန္းကတက္။ဝပ္ၿပီးလိုက္ခဲ့… "
ဆိုၿပီး..မာရီလွေတာကအဲဒီသခင္ႏွစ္ေယာက္ကို
ၿခံဝန္းထဲကထြက္ၿပီးေတာ့ဟသၤာတၿမိဳ့ထဲကို
ျဖတ္ေမာင္းတယ္ ၊ပတ္ေမာင္းတဲ့အခ်ိန္မွာ စစ္ပုလိပ္ေတြက ဒါ… ရာဇဝတ္ဝန္ေထာက္ရဲ့ကားဆိုတာသိေတာ့ မရွာပါဘူး။ မရွာေတာ့ဘယ္ကို ေရာက္သြားလဲဆိုေတာ့
ဟသၤာတနဲ႔ေတာ္ေတာ္ေလးလွမ္းတဲ့ "ယုန္တလင္း" ဆိုတဲ့ရြာကို ေရာက္သြား သည္။
"ယုန္တလင္း"ဆိုတဲ့ရြာမွာ ဘယ္သူရွိလဲဆိုေတာ့ ေနာင္တစ္ခ်ိန္မွာ"အာဇာနည္ေခါင္းေဆာင္" ျဖစ္လာမဲ့ "မန္းဘခိုင္" ရွိတယ္။မန္းဘခိုင္ရဲ့ငွက္ေပ်ာေတာႀကီးထဲမွာ သခင္ႏွစ္ေယာက္ကို ဖြက္ေပးထားတယ္။
ဖြက္ေပးထားထားၿပီး ေနာက္တစ္ေန႔မွာ မန္းဘခိုင္က
သူ႔ငွက္ေပ်ာေလွေတြထဲမွာငွက္ေပ်ာခိုင္ေတြနဲ႔ဖိဖိ
ၿပီးေတာ့မွသခင္ႏွစ္ေယာက္ကိုရန္ကုန္သို့ပို့လိုက္တယ္။ ေနာက္တစ္ေန႔မွာ သခင္ေအာင္ဆန္းဟာ
"အမြိဳင္"ကို လြတ္လပ္ေရးအတြက္ ခရီးထြက္သြားခဲ့တယ္။
ေကာင္းၿပီ...ဘာေျပာခ်င္လဲဆိုေတာ့……
"မာရီလွေတာ"ကို လူေတြသိသလား။
အဲဒီ မာရီလွေတာရဲ့လုပ္ရပ္က ဘယ္ေလာက္အေရးႀကီးလဲ……
မာရီလွေတာကသာ အဖမ္းခိုင္းလိုက္ရင္ ဘာေျပာေျပာ ကၽြန္ေတာ္တို့လြတ္လတ္ေရး ဒီေလာက္ျမန္ျမန္ရပါ့မလား ?စဥ္းစားစရာေတြမ်ားႀကီးရွိပါတယ္။
အဲဒီေတာ့မာရီလွေတာဟာေကာင္းကင္မရွိတဲ့
ၾကယ္မဟုတ္ဘူးလား?
(ဗိုလ္ခ်ဳပ္တို့က ေကာင္းကင္ရွိတဲ့ၾကယ္ )
ဘာလို့ကၽြန္ေတာ္တို့မေတြ႕ၾကရတာလဲ? အဲဒီလိုေကာင္းကင္မရွိတဲ့ၾကယ္ေတြ
အမ်ားႀကီးရွိပါတယ္။
အဲဒီမွာမွားမွန္ခြဲနိုင္တဲ့ပညာဆိုတာကိုဘာေတြလဲဆိုေတာ့…
မာရီလွေတာကသူဘာလုပ္ရမလဲလို့စဥ္းစားတဲ့အခ်ိန္မွာ မွန္လား မွာလားဆိုတာ ႏွစ္ခ်က္ကိုစစဥ္းစားမယ္……… ဖမ္းလိုက္တာမွန္လား ...
လႊတ္လိုက္တာမွန္လား ဆိုတာကိုေပါ့။
"ဘယ္ေလာက္ေခတ္ဆန္ဆန္ ဘယ္ေလာက္ဗိုလ္ဆန္ဆန္ႏွလုံးသားက……
ဗမာ ဗ်…… ဗမာလိုေတြးမွာပဲ ဗမာ့လြတ္လပ္ေရးကိုႀကိဳက္မွာပဲ။
ေယာက္်ားက ဘယ္ေလာက္ပဲ ၿဗိတိသၽွ ဝန္ထမ္းျဖစ္ျဖစ္ ဗမာျပည္ကိုခ်စ္မွာပဲ။ အဲဒီအတြက္လႊတ္လိုက္တာမွန္တယ္လို့ သူသိတယ္။
ဒါေပမဲ့ သူ႔ေနရာမွာ ကၽြန္ေတာ္တို့ဝင္စဥ္းစားၾကည့္လိုက္။
လႊတ္တာမွန္မွန္းသိရင္လႊတ္ရဲမလား………
လႊတ္လိုက္ရင္ ငါ့ေယာက္်ားျပဳတ္သြားမလား……
ငါတို့တိုက္ႀကီးကို လာပိတ္သြားမလား… ငါ့တို့လင္မယားႏွစ္ေယာက္ကိုဖမ္းမလား… သူေတြးမွာပဲ။ သူမေတြးပဲမေနဘူး……
အဲဒါေတြ ေတြးၿပီးေတာ့မွ… အဲဒါေတြျဖစ္ခ်င္ျဖစ္ လုပ္ရဲတယ္ဆိုၿပီး မာရီလွေတာ လုပ္သြားတာ……အဲဒါအမွန္ကိုခ်စ္တာပဲ။ အဲဒါသူရဲေကာင္းပဲ။
အမ်ားႀကီး။ကၽြန္ေတာ္တို့ကမာရီလွေတာလိုမလုပ္ရဲလို့မလုပ္
ခဲ့ရတာေတြဒါဆိုရင္မာရီလွေတာဟာလည္းသူရဲေကာင္းအမ်ိဳးသမီးတစ္ေယာက္ပါလို့ဆိုခ်င္ပါတယ္...
ကိုးကား.... ျမန္မာ့လြတ္လတ္ေရးသမိုင္းစာအုပ္မ်ား...
( ေအာင္ဆန္း႐ုပ္ရွင္တြင္ မိုးေဟကိုမွ မာရီလွေတာအျဖစ္သ႐ုပ္ေဆာင္ပါမည္...
မာရီလွေတာအေၾကာင္းမသိေသးသူမ်ားအတြက္
သိရွိေစရန္အတြက္တင္ျပအပ္ပါသည္)
Ko Nay Win
Friday, June 28, 2019
အေလာင္းမင္းတရား၏ အားအကုိးရဆုံး ဗုိလ္ခ်ဳပ္ႀကီး (၃) ဦး အၾကာင္း
ဦးေကာင္း မဟုတ္တဲ့ ဦးေကာင္း
ဦးေကာင္း ဟု ဆုိလုိက္လွ်င္ ကင္း၀န္မင္းႀကီးဦးေကာင္း လုိ႔ အားလုံး ေၿပးၿမင္မိမွာ ၿဖစ္ေပမယ့္ ကြ်န္ေတာ္ေၿပာမယ့္သူက ကင္း၀န္မင္းႀကီး ဦးေကာင္းမဟုတ္ပါ။ ကင္း၀န္မင္းႀကီး နဲ႔နာမည္တူသူ မင္းေက်ာ္ပ်ံခ်ီ ေခၚ ေသနတ္၀န္ဦးေကာင္း ၿဖစ္ပါတယ္။ ဒီဦးေကာင္းကေတာ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်ရဲ႕ အားအကုိးရဆုံးရဲေဘာ္ရဲဘက္ တစ္ေယာက္ၿဖစ္ပါတယ္။
ဟံသာ၀တီေရာက္မင္းႀကီး မရွိေတာ့တဲ့ေနာက္ ဒုတိယၿမန္မာႏုိင္ငံဟာ ပ်က္စီးသြားခဲ့ရပါတယ္။ ဒီအခ်ိန္မွာ မုဆုိးဖုိရြာသူႀကီး ဦးေအာင္ေဇယ်ဟာ မုဆုိးဖုိရြာမွာ ထန္းလုံးတပ္ေဆာက္ကာ လက္ေရြးစင္သူရဲေကာင္း ၆၈ ေယာက္တုိ႔ႏွင့္အတူ တတိယၿမန္မာႏုိင္ငံ ဦးစြန္းကုိ တည္ေထာင္ခဲ့ပါတယ္။
ဒီေနရာမွာ အေလာင္းမင္းတရားလက္ထက္ သတၱိရွိမရွိ စစ္ၿပီး လက္ေရြးစင္ေရြးခ်ယ္ပုံကို ေၿပာၿပခ်င္ပါတယ္။ ခြ်န္ထက္တဲ့ လွံတစ္ေခ်ာင္းကုိ အစစ္ခံမည့္သူ လည္ပင္းႏွင့္တုိင္းကာ ေထာင္ထားပါတယ္။ အစစ္ခံရမည့္သူဟာ လည္ပင္း ေရွ႕တည့္တည့္ေထာင္ထားတဲ့ လွံကုိ အရွိန္နဲ႔ ေၿပး၀င္ၿပီး အထုိးခံရမွာ ၿဖစ္ပါတယ္။
လည္ပင္းအတိေရာက္မွ ကြ်မ္းက်င္တဲ့သူက လွံကုိ ဆတ္ခနဲ ဖယ္ရွားလုိက္တာပဲ ၿဖစ္ပါတယ္။ အခက္မသင့္လွ်င္ ဒါဏ္ရာရသြားႏုိင္ပါတယ္။ ထုိသုိ႔ေၿပးေနစဥ္မွာ မ်က္ႏွာတစ္ခ်က္ မပ်က္ရ ၊ အေၿပးရွိန္မေလွ်ာ့ ရပါ။ ထုိသုိ႔ေသာသူမ်ားကုိသာ လက္ေရြးစင္အၿဖစ္ေရြးပါတယ္။ လက္ေရြးစင္မ်ားကုိ ရဲေရာင္ၿမန္မာ(၀ါ) ရဲၿမန္မာ ဟု ေခၚႀကပါတယ္။
သူရဲေကာင္း ၆၈ ေယာက္ထဲတြင္ ေသနတ္၀န္ဦးေကာင္း ၊ မုဆုိးခ်ဳံဗုိလ္(ဦးတြန္) ၊ မဟာသီဟသူရ (ဦးသာ) ၊ မဟာစည္သူ (ဦးေႏွာင္း) ႏွင့္ ဗလမင္းထင္(ဦးလြင္) တုိ႔မွာ ႏွလုံးရည္ လက္ရုံးရည္ အလြန္ေကာင္းသူမ်ား အၿဖစ္ ထင္ရွားပါတယ္။
အထူးသၿဖင့္ ဦးေကာင္း၊ ဦးတြန္ ႏွင့္ ဦးသာ တုိ႔အား အေလာင္းမင္းတရားႀကီး၏ သားေတာ္ႀကီးမ်ားၿဖစ္တဲ့ ေမာင္ေလာက္(ေနာင္ေတာ္ႀကီးမင္း) ႏွင့္ ေမာင္ရြ(ဆင္ၿဖဴရွင္) တုိ႔ႏွင့္ တန္းတူ အခြင့္အေရးေပးၿခင္း ခံခဲ့ရပါတယ္။ ဦးေကာင္းတုိ႔ သူရဲေကာင္း သုံးေယာက္ဟာ ဦးေအာင္ေဇယ်၏ တုိက္ပြဲတုိင္းတြင္ ေရွ႕ဆုံးမွ ပါ၀င္ခဲ့ႀကပါတယ္။
တိုက္ပြဲတုိင္းႏုိင္ေအာင္ အစီအမံမ်ားၿဖင့္ တုိက္ႏုိင္သၿဖင့္ ဦးေကာင္း အား ဦးေအာင္ေဇယ်က မဟာေသနာပတိအၿဖစ္ အၿမင့္ဆုံးေၿမွာက္စားခဲ့ပါတယ္။ မင္းေက်ာ္ပ်ံခ်ီ ၊ မင္းလွမင္းေခါင္ ၊ မဟာေသနာပတိ ၊ အဂၢမဟာေသနာပတိ ၊ ေသနတ္၀င္ စတဲ့ ရာထူးဘြဲ႔မ်ားစြာကိုလည္း ေပးအပ္ခံခဲ့ရပါတယ္။
ဦးေကာင္းဟာ အေလာင္းမင္းတရားႀကီး ၏ တုိက္ပြဲမ်ား ေအာင္ၿမင္ရန္ အဓိက စြမ္းေဆာင္ေပးခဲ့သူဟု ေၿပာလွ်င္မမွားပါ။ အေလာင္းမင္းတရားႀကီး၏ ရန္ဘက္ ငခ်စ္ညဳိႏွင့္ စီးခ်င္းယွဥ္တုိက္ခုိက္ၿခင္း ၊ နာမည္ေက်ာ္ မြန္စစ္သူႀကီးဒလဗန္း၏ အၿငိဳးတႀကီး တုိက္ခုိက္ မႈမ်ားကို ႀကံ႕ႀကံ႕ခုိင္ ရင္ဆုိင္ႏုိင္ခဲ့သူလည္း ၿဖစ္ပါတယ္။
မုဆုိးဘုိတုိက္ပြဲ ၊ ခင္ဦးတုိက္ပြဲ ၊ အင္း၀ၿမဳိ႕သိမ္းတုိက္ပြဲ ႏွင့္ ရန္ကုန္ကုိသိမ္းတုိက္ပြဲ စတဲ့နာမည္ႀကီးတုိက္ပြဲေတြမွာေအာင္ၿမင္ခဲ့ေသာေသနာပတိဦးေကာင္းဟာသန္လွ်င္ၿမဳိ႕သိမ္းတုိက္ပြဲအတြင္း ရရွိခဲ့တဲ့ ေသနတ္ဒါဏ္ရာေႀကာင့္ က်ဆုံးခဲ့ပါတယ္။
သန္လွ်င္သည္ ၿပင္သစ္တုိ႔ရဲ႕ အကူအညီေႀကာင့္ လက္နက္အင္အား ေတာင့္တင္းေနတဲ့အခ်ိန္မွာ ဦးေကာင္းက ဦးေဆာင္တုိက္ခုိက္ခဲ့တာ ၿဖစ္ပါတယ္။ ၿမဳိ႕ရုိးေပၚတြင္ ေသနတ္ ၊ အေၿမွာက္မ်ား တပ္ဆင္ထားသၿဖင့္ ကုန္းေဘာင္ရဲမက္မ်ား အက်အဆုံးမ်ားခဲ့ပါတယ္။
အက်အဆုံးမ်ားေသာ္လည္း ဦးေကာင္းသည္ ေနာက္ဆုတ္ဖုိ႔မေၿပာ ၿမဳိ႕တြင္း၀င္ႏုိင္မည့္ နည္းလမ္းကုိ ရွာႀကံၿခင္း ၊ တပ္သားမ်ားအား အားေပးၿခင္း ၊ ကြပ္ကဲၿခင္း တုိ႔ကုိ ၿပဳလုပ္ လ်က္ရွိပါတယ္။ ထုိစဥ္ ၿမဳိ႕ရုိးေပၚရွိ ေသနတ္အလက္ ၂၀ ခန္႔သည္ ဦးေကာင္းရွိရာကုိ စုၿပဳံပစ္ႀကပါတယ္။ ရဲမက္မ်ားက စိုးရိမ္သၿဖင့္ ဦးေကာင္းကို ႀကည့္ရာ ဟန္မပ်က္ ကြပ္ကဲေနသၿဖင့္ ေသနတ္မမွန္ဟု ထင္ကာ စိတ္သက္သာရ ရသြားႀကပါတယ္။
တကယ္ေတာ့ ဦးေကာင္းသည္ ေသနတ္ဒါဏ္ရာမ်ားကို ရရွိခဲ့ၿပီး ၿဖစ္ပါတယ္။ သုိ႔ေသာ္ တပ္သားမ်ား စိတ္ဓာတ္က်မည္ စုိးတာေႀကာင့္ ဒါဏ္ရာကိုအ၀တ္ၿဖင့္ ႀကပ္ႀကပ္စည္းကာ ဘာမွမၿဖစ္သေယာင္ ေဆာင္ခဲ့ၿခင္း ၿဖစ္ပါတယ္။
စစ္ကဲေက်ာ္ထင္ေရႊေတာင္ကုိ ဆက္လက္ တုိက္ခုိက္ေစၿပီး ကုိယ္တုိင္ကေတာ့ မင္းတရားႀကီးရွိရာ သန္လ်က္စြန္းသုိ႔ ေလွၿဖင့္ ဆင္း ခဲ့ပါတယ္။ ေလွဆိပ္ကုိ ေရာက္တဲ့အခ်ိန္မွာ ဦးေကာင္း၏ ကုိယ္မွာ ေသြးမ်ားရြဲနစ္ေနခဲ့ပါၿပီ။
အေလာင္းမင္းတရားႀကီးသန္လ်က္စြန္းမွ ေမွ်ာ္ႀကည့္ေနစဥ္ ေလွတစ္စင္းအၿပင္းေလွာ္လာရာ ဦးေကာင္း ဒါဏ္ရာရရွိေႀကာင္း သိၿပီးေနာက္ “ဟာဆုံးခဲ့ၿပီ” ဟု အာေမဋိတ္ျပဳခဲ့ပါတယ္။ စုိးရိမ္စြာၿဖင့္ ” ေမာင္ေကာင္းရဲ႕ ဒဏ္ရာကို အစြမ္းကုန္ ျပဳစုၾကပါ “ဟု သမားေတာ္မ်ား အား ေၿပာေနစဥ္ ဦးေကာင္းက “မရႏုိင္ေတာ့ပါဘုရား ၊ ကြ်န္ေတာ္မ်ဳိး ယေန႔ပင္ ကုိယ္ေတာ့္ကုိ ပစ္၍ သြားရေခ်ေတာ့မည္” ဟု ေလွ်ာက္တင္ကာ ေရႊတိဂုံေစတီကို အာရုံၿပဳရင္း ကြယ္လြန္သြားခဲ့ပါတယ္။ အေလာင္းမင္းတရားႀကီးက အလြန္စိတ္မေကာင္းၿဖစ္ေတာ္မူကာ ဦးေကာင္းအား ထီးၿဖဳအုပ္ၿပီး အဂၢမဟာေသနာပတိဘြဲ႕ျဖင့္ ခမ္းခမ္းနားနား သျဂိဳလ္ေပးခဲ့ပါတယ္။
ကုန္းေဘာင္ကုိ ပူးေပါင္းတည္ေထာင္ခဲ့ေသာ ဗုိလ္ခ်ဳပ္ႀကီးရဲ႕ ဇာတ္သိမ္းခန္း (သုိ႔) ဦးတြန္
အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်၏ သူရဲေကာင္းမ်ားအနက္ မင္းေခါင္အေနာ္ရထာ (ေခၚ) ဦးတြန္ သည္ တုိက္ရည္ခုိက္ရည္ ေကာင္းလွသည္။ သူ၏ ဇာတ္သိမ္းမွာ ေၾကကြဲဖြယ္ေကာင္းလွသည္။ မင္းေခါင္ေနာ္ရထာသည္ ကုန္းေဘာင္တုိက္ပြဲမ်ားတြင္ ေရွ႕ဆုံးမွ ရြပ္ရြပ္ခြ်ံခြ်ံ တုိက္တတ္သူ ျဖစ္သည္။ တုိက္တုိင္းလည္းႏုိင္သည္သာ မ်ားသည္။ မင္းတရားႀကီး အေရးမလွ၍ ဆုတ္ခြာေသာ အခါတြင္လည္း ေနာက္ဆုံးမွ ခုခံကာ ဆုတ္ေလ့ရွိသူ ျဖစ္သည္။
ယုိးဒယားကို အေလာင္းမင္းတရား၀န္းရံထားရာမွ မေအာင္ျမင္ပဲ ဆုတ္ခြာလာရာလမ္းတြင္လည္း သူသည္ ေနာက္ဆုံးမွခ်န္ကာ ေနခဲ့သည္။ ၀ုိင္းရံထားေသာ ယုိးဒယားတပ္မ်ားကုိ တုိက္လွ်င္ မင္းတရားႀကီးတုိ႔ ျပန္လွည့္ကာ စစ္ကူေပးရမည္ ျဖစ္သျဖင့္ မတုိက္ပဲ အ၀ုိင္းခံထားလုိက္သည္။ က်န္သည့္ ဗုိလ္မွဴးတပ္မွဴးမ်ားကိုလည္း အေလာင္းမင္းတရားႀကီးဆီသာလႊတ္ေလသည္။ သူကိုယ္တုိင္ကား တပ္တစ္တပ္ႏွင့္သာ က်န္ရစ္သည္။
ထုိသုိ႔ ဆုတ္ခြာလာရာလမ္းတြင္ပင္ အေလာင္းမင္းတရားသည္ နတ္ရြာစံေလသည္။ ဆင္ျဖဴရွင္ ျဖစ္လာမည့္ ေျမဒူးမင္းသားသည္ ဦးတြန္ထံမွ အေလာင္းမင္းတရားႀကီး ခ်ီးျမွင့္ထားေသာ ယိမ္းႏြဲ႔ပါးဓားကုိ ျပန္သိမ္းသည့္ အျပင္ေနာက္က်န္စစ္သည္မ်ားကို ရိပ္ကၡာ မေထာက္ရဟု အမိန္႔ခ်ေလသည္။
ဤအခ်ိန္မွစ၍ ဦးတြန္သည္ ေျမဒူးမင္းသားအေပၚ ယုံၾကည္မႈ မရွိေတာ့။ ေနာက္ဆုံးမွ ဆုတ္ခြာလာရင္း နယ္စပ္သုိ႔ေရာက္ေသာအခါ ေနျပည္ေတာ္ကုိ မျပန္ေတာ့ပဲ ေတာင္ငူသုိ႔သာသြားေလေတာ့သည္။
ေျမဒူးမင္းသားကလည္း ဦးတြန္သည္ စိတ္မႈမမွန္ဟု ေနာင္ေတာႀကီးမင္းအား ေလွ်ာက္ေသာ္လည္းေနာင္ေတာ္ႀကီးမင္းက ယုံေတာ္မမူ ၊ ဦးတြန္သည္ ခမည္းေတာ္၏ ရဲေဘာ္ရဲဘက္သာ ျဖစ္၍ လူလႊတ္၍ေခၚေစသည္။ ေခၚမရ၍ ဖမ္းေခၚရန္ႀကံေလသည္။ ေတာင္ငူမင္းက ဦးတြန္အား တရားနာရန္ ဖိတ္ၿပီး ဗုိလ္မွဴး ၆ ဦးႏွင့္ ဦးတြန္အား ဖမ္းရန္ႀကံသည္။
သုိ႔ေသာ္ ငယ္ေၾကာက္မ်ားျဖစ္၍ ဦးတြန္နားကိုမႈ မကပ္ရဲ ၊ တရားနာေနစဥ္ပင္ ရိပ္မိသြားေသာ ဦးတြန္သည္ ခ်က္ခ်င္းပင္ ထျပန္ေလသည္။ ဆင္စီး၍ဆုတ္ရင္း အနီးတြင္ရွိေသာ စက္တုိင္ကုိ လွံျဖင့္ထုိးခဲ့ရာ ထုတ္ခ်င္းေပါက္သြားသည္။ မည္သူမွ် မလုိက္ရဲေတာ့။
ဦးတြန္အေပၚ သံေယာဇဥ္ရွိလွေသာ ေနာင္ေတာ္ႀကီးမင္းသည္ ဦးတြန္အား ထပ္မံေခၚေစျပန္သည္။ ဦးတြန္၏ ရဲေဘာ္ရဲဘက္ မင္းလွေနာ္ရထာတုိ႔ကုိ အက်ဳိးအေၾကာင္းရွင္းျပကာ ေခၚေလေသာ္လည္း ဦးတြန္သည္ မလုိက္။
“သူတုိ႔သည္ ညီအစ္ကုိသာျဖစ္သည္။ ငါထက္စာလွ်င္ သူ၏ညီေတာ္ကုိသာ ယုံေပလိမ့္မည္။ အခုအခါငါ့ကုိကယ္မည့္ မင္းတရားႀကီးလည္း မရွိေတာ့ ။ ငါမလုိက္ေတာ့ ေသြးေသာက္တုိ႔သာ ျပန္ပါေလ” ဟု ဆုိသည္။
အႀကိမ္ေပါင္းမ်ားစြာ ေခၚေသာ္လည္း မလုိက္။ ဦးတြန္ႏွင့္ တပ္သည္အင္း၀ကုိ သိမ္းလုိက္ၾကသည္။ မင္းေခါင္ေနာ္ရထာကုိ ေၾကာက္ရြံၾကၿပီးျဖစ္သျဖင့္ ၾကာရွည္စြာ မခံပဲ အရႈံးေပးလုိက္ၾကေလသည္။
ထုိအခါ ေနာင္ေတာ္ႀကီးမင္းက ဒီအတုိင္းဆုိမျဖစ္ေတာ့ လုပ္ႀကံမွပင္ျဖစ္ေတာ့မည္ဟု ဆုိကာ အင္း၀ကုိ ၀ုိင္းေစသည္။ ၀ိုင္းရံၿပီး ၿမဳိ႕တြင္းသုိ႔ မ၀င္ရဲ ၊ ဗုိလ္မွဴးတပ္မွဴးအေပါင္းသည္ ဦးတြန္အစြမ္းအားသိၿပီးျဖစ္သျဖင့္ ရင္ဆုိင္ရမွာလန္႕ေနၾက၍ ျဖစ္သည္။
အျပင္မွသာ ၀န္းရံပစ္ခတ္သျဖင့္ ၿမဳိ႕တြင္းျပည္သူတုိ႔အေရးကုိ ငဲ့ညွာမိေသာ ဦးတြန္သည္ အေနာက္တံခါးမွ တပ္ႏွင့္အတူ ၿမဳိ႕ျပင္သုိ႔ထြက္ေလသည္။ ထုိသုိ႔ထြက္သည္ကုိ သိလွ်င္ ဗုိလ္မွဴးတပ္မွဴး တုိ႔ကလုိက္ၾကသည္။ သုိ႔ျဖင့္ မကၡရာဗုိလ္သီရိေရႊေတာင္သည္ ဦးတြန္တုိ႔အား မီလာသည္။
ထုိအခါဦးတြန္က “ဟယ္ သီရိေရႊေတာင္ ၊ ပဇာမူ၍ လုိက္လာသနည္း” ဟု ဆုိရာ သီရိေရႊေတာင္က “မင္းကုိ ဖမ္းမည္ဟု လုိက္လာသည္” ဟု ျပန္ေျပာရာ “သီရိေရႊေတာင္ ၊ နင္ ထမင္းကို မုန္းၿပီလား” ဟု ဆုိကာ ျမင္းကုိလွည့္၍ လွံ ကို လႊတ္ေလသည္။ လွံသည္ သီရိေရႊေတာင္ လက္ယာနံေဘးကုိ ပတ္၍ ျမင္းကုိ စုိက္ရာ ေၾကာက္လန္႔ၿပီး ဆက္မလုိက္ရဲေတာ့ေပ။
ေနာက္ဆုံးတြင္ တပ္မ်ားသည္ ဦးတြန္နားသို႔ မကပ္ရဲပဲ အေ၀းမွပင္ ပစ္ခတ္ေလရာ ဦးတြန္၏ ဘက္ေတာ္သားမ်ား အထိနာကာ ဦးတြန္ပင္ ေသနည္က်ည္ဆန္ ထိသြားေလသည္။ စိတ္ေလွ်ာ့သြားေသာ ဦးတြန္သည္ ေခ်ာက္ကမ္းပါး တြင္ ထုိင္၍ မႈိင္ေတြေနေလသည္။
ဤသည္ကုိ ေျမဒူးသားငခ်စ္ေကာင္း သိသြားၿပီး ေခ်ာင္း၍ဖမ္းခ်င္ေသာ္လည္း အနားသုိ႔မကပ္ရဲ ပဲ ခ်က္ေကာင္းကုိ ေစာင့္ေနေလသည္။ မင္းေခါင္ေနာ္ရထာသည္ ဆီးစပ္တြင္ မွန္ထားေသာ ေသနတ္ဒါဏ္ရာကုိ လွန္ၾကည့္ကာ နာလွ၍ ညည္းညဴေနသည္ကုိ ျမင္မွ ခ်ဳံမွ ရုတ္တရက္ထြက္ကာ မင္းေခါင္ေနာ္ရထားအား ေခ်ာက္ထဲသို႔ တြန္းခ်ေလသည္။
သို႔ေသာ္ သတိမလြတ္ေသာ မင္းေခါင္ေနာ္ရထာက လက္ယာဘက္ျဖင့္ ဖမ္းရာငခ်စ္ေကာင္းကို မိၿပီး ႏွစ္ဦးသားလုံးေထြးသြားၾကသည္။ ငခ်စ္ေကာင္းက ေၾကာက္လန္႔ၿပီး ‘ကယ္ပါ၊ ကယ္ပါ’ ေအာ္ဟစ္သည္တြင္ ေနာက္မွေသနတ္သမားတုိ႔က ေျပးလာ၍ ၀ုိင္း၀န္းပစ္ခတ္ၾကရာ ကုန္းေဘာင္တည္ေထာင္သူ အေလာင္းမင္းတရား၏ ရဲေဘာ္ရဲဘက္ ဗုိလ္ခ်ဳပ္ႀကီးမင္းေခါင္ေနာ္ရထာမွာ ဇာတ္သိမ္းသြားရေလေတာ့သည္။
ဤအျဖစ္သား ေနာင္ေတာင္ႀကီးမင္းလက္ထက္ အလြန္၀မ္းနည္းဖြယ္ေကာင္းလွေသာ အျဖစ္အပ်က္ပင္ ျဖစ္ေလသည္။ မင္းေခါင္ေနာ္ရထာသည္ အသက္စြန္႔ကာ ကာကြယ္လုိ၍ ေနာက္ခ်န္ေနခဲ့သည္ကုိ ပုန္ကန္ခ်င္သျဖင့္ ထုိသုိ႔ခ်န္ေနရစ္သည္ဟု ေျမဒူးမင္းသားက ထင္သည္။ သုိ႔ျဖင့္ ဓါးကုိသိမ္းကာ ရိကၡာကုိလည္း ျဖတ္ေတာက္လုိက္ျခင္း ျဖစ္သည္။
မင္းေခါင္ေနာ္ရထာကလည္း ေျမဒူးမင္းသားကို မယုံေတာ့ ၊ ေနျပည္ေတာ္ေရာက္လွ်င္ သူ႔အတြက္ အေျခအေနမေကာင္းႏုိင္ေတာ့သည္ဟု ထင္ကာ ဆႏၵမရွိပါပဲ ပုန္ကန္သူအျဖစ္သုိ႔ေရာက္ရသည္။ တစ္ေယာက္ကုိတစ္ေယာက္ သကၤာမကင္းျဖစ္မႈေလးမွဤသုိ႔သူရဲေကာင္းႀကီးတစ္ေယာက္ဆုံး ရႈံးရသည္မွာ သင္ခန္းစာ ယူစရာပင္ျဖစ္ေလေတာ့သည္။
ဇာတ္သိမ္းမလွခဲ့တဲ့ သူရဲေကာင္းဗုိလ္ခ်ဳပ္ႀကီး (သုိ႔) မဟာသီဟသူရ ဦးသာ
ဆင္ၿဖဴရွင္မင္းလက္ထက္မွာ ယုိးဒယားတုိက္ပြဲမ်ား ၊ တရုတ္တုိ႔ရဲ႕က်ဴးေက်ာ္တုိက္ပြဲမ်ားကို ေအာင္ၿမင္ေအာင္တုိက္ခဲ့ေႀကာင္း သိႀကၿပီးၿဖစ္မွာပါ။ ထုိတုိက္ပြဲတုိင္းလုိလုိမွာ အႏုိင္ရေအာင္ ဦးေဆာင္ကြပ္ကဲႏုိင္ခဲ့သူ ဗုိလ္ခ်ဳပ္ႀကီးတစ္ဦးတည္းပင္ ၿဖစ္ပါတယ္။ ထုိလက္ရုံးရည္ ႏွလုံးရည္ႏွင့္ၿပည့္စုံသူ ဗုိလ္ခ်ဳပ္ႀကီးရဲ႕အမည္မွာ မဟာသီဟသူရ ၿဖစ္ပါတယ္။
တကယ္ေတာ့ ၀န္ႀကီး မဟာသီဟသူရဟာ ဆင္ၿဖဴရွင္မင္းလက္ထက္မွာမွ ေက်ာ္ႀကားခဲ့တာ မဟုတ္ပါဘူး။ မဟာသီဟသူရဟာ တတိယႏုိင္ငံကုိ စတင္ထူေထာင္ခဲ့တဲ့ အေလာင္းမင္းတရားႀကီးရဲ႕ သူရဲေကာင္း ၿမင္းရည္တက္ ၆က်ိပ္ ၈ေယာက္ထဲမွာ ထိပ္ပိုင္းမွပါ၀င္ခဲ့သူ ဦးသာၿဖစ္ပါတယ္။ ေသနတ္၀န္ ဦးေကာင္း ၊ မုဆုိးခ်ဳံဗုိလ္ ဦးတြန္ တုိ႔ႏွင့္ အတူလက္တြဲကာ တုိက္ပြဲ၀င္ခဲ့သူၿဖစ္ပါတယ္။
ေရႊေတာင္ထြတ္ကဲ ၊ မင္းလွရာဇာဘြဲ႔မ်ားရရွိခဲ့သူ ၀န္ႀကီးမဟာသီဟသူရဟာ အေလာင္းမင္းတရားႀကီး နတ္ရြာစံၿပီးေနာက္ သားေတာ္ဒီပဲယင္းမင္း ၊ ေၿမဒူးမင္း ၊ စဥ့္ကူးမင္း ႏွင့္ ဘုိးေတာ္ဘုရားလက္ထက္တုိင္ေအာင္ အဆင့္ဆင့္ အမႈထမ္းခဲ့သူ ၿဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းရည္ဟာ ဆင္ၿဖဴရွင္မင္းလက္ထက္ သကၠရာဇ္ ၁၁၂၇ မွ ၁၁၃၀ အထိၿဖစ္ပြားခဲ့ေသာ တရုတ္တုိ႔ႏွင့္ တုိက္ခုိက္ခဲ့တဲ့ စစ္ပြဲေလးပြဲမွာ အထင္ရွားဆုံးၿဖစ္ခဲ့ပါတယ္။ အင္အားႀကီးမားလွတဲ့ တရုတ္တပ္ေတြကို မဟာသီဟသူရရဲ႕ စစ္ေရးစြမ္းရည္ၿဖင့္ အႏုိင္ရခဲ့တာပဲ ၿဖစ္ပါတယ္။
တရုတ္တုိ႔အား ရိကၡာၿဖတ္ေတာက္တုိက္ခုိက္ၿခင္း ၊ ေပ်ာက္ႀကားစနစ္ၿဖင့္ တုိက္ခုိက္ေစၿခင္း စသည္တုိ႔ဟာ မဟာသီဟသူရရဲ႕ အစီအစဥ္ေတြပဲ ၿဖစ္ပါတယ္။ ေလးႀကိမ္စလုံး တရုတ္တုိ႔အား အႏုိင္ရရွိၿပီးေနာက္ က်န္ဗုိလ္မွဴးမ်ားက ဆက္လက္တုိက္ခုိက္ရန္ေၿပာသည္ကုိ လက္မခံပဲ ႏွစ္ဘက္ ၿပည္သူတုိ႔အား ငဲ့ညွာကာ စစ္ေၿပၿငိမ္းေစခဲ့ပါတယ္။ မဟာသီဟသူရရဲ႕ အေမွ်ာ္အၿမင္ႀကီးမႈေႀကာင့္ တရုတ္တို႔ႏွင့္ စစ္မက္မၿဖစ္ပြားေတာ့ေသာ္လည္း ဆင္ၿဖဴရွင္မင္းက မဟာသီဟသူရအား ထုိသုိ႔လုပ္ရပါမလားဟု အမ်က္ရွကာ နယ္ေၿပာင္းပစ္လုိက္ပါတယ္။
ထုိမွ စဥ့္ကူးမင္းလက္ထက္တြင္ အသည္၀န္ႀကီး ၊ ဘုိးေတာ္ဗဒုံမင္းလက္ထက္တြင္ ၀န္ႀကီးစသည္ၿဖင့္ တာ၀န္မ်ားထမ္းေဆာင္ခဲ့ေသာ္လည္း ၁၇၈၂ ေဖေဖာ္၀ါရီလ ၂၃ ရက္ေန႔တြင္ စည္သာမင္းသားႏွင့္ အတူပူေပါင္းနန္းလုရန္ႀကံစည္မႈၿဖင့္ ကြပ္မ်က္ၿခင္းခံခဲ့ရပါတယ္။ တုိက္တုိင္းေအာင္ စစ္ဗုိလ္ခ်ဳပ္ႀကီး၏ နိဂုံးကား မလွခဲ့ပါေခ်။
baganthar
# Unicode Version # ျဖင့္ ဖတ္ပါ #
ဦးကောင်း မဟုတ်တဲ့ ဦးကောင်း
ဦးကောင်း ဟု ဆိုလိုက်လျှင် ကင်းဝန်မင်းကြီးဦးကောင်း လို့ အားလုံး ပြေးမြင်မိမှာ ဖြစ်ပေမယ့် ကျွန်တော်ပြောမယ့်သူက ကင်းဝန်မင်းကြီး ဦးကောင်းမဟုတ်ပါ။ ကင်းဝန်မင်းကြီး နဲ့နာမည်တူသူ မင်းကျော်ပျံချီ ခေါ် သေနတ်ဝန်ဦးကောင်း ဖြစ်ပါတယ်။ ဒီဦးကောင်းကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ အားအကိုးရဆုံးရဲဘော်ရဲဘက် တစ်ယောက်ဖြစ်ပါတယ်။
ဟံသာဝတီရောက်မင်းကြီး မရှိတော့တဲ့နောက် ဒုတိယမြန်မာနိုင်ငံဟာ ပျက်စီးသွားခဲ့ရပါတယ်။ ဒီအချိန်မှာ မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျဟာ မုဆိုးဖိုရွာမှာ ထန်းလုံးတပ်ဆောက်ကာ လက်ရွေးစင်သူရဲကောင်း ၆၈ ယောက်တို့နှင့်အတူ တတိယမြန်မာနိုင်ငံ ဦးစွန်းကို တည်ထောင်ခဲ့ပါတယ်။
ဒီနေရာမှာ အလောင်းမင်းတရားလက်ထက် သတ္တိရှိမရှိ စစ်ပြီး လက်ရွေးစင်ရွေးချယ်ပုံကို ပြောပြချင်ပါတယ်။ ချွန်ထက်တဲ့ လှံတစ်ချောင်းကို အစစ်ခံမည့်သူ လည်ပင်းနှင့်တိုင်းကာ ထောင်ထားပါတယ်။ အစစ်ခံရမည့်သူဟာ လည်ပင်း ရှေ့တည့်တည့်ထောင်ထားတဲ့ လှံကို အရှိန်နဲ့ ပြေးဝင်ပြီး အထိုးခံရမှာ ဖြစ်ပါတယ်။
လည်ပင်းအတိရောက်မှ ကျွမ်းကျင်တဲ့သူက လှံကို ဆတ်ခနဲ ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။ အခက်မသင့်လျှင် ဒါဏ်ရာရသွားနိုင်ပါတယ်။ ထိုသို့ပြေးနေစဉ်မှာ မျက်နှာတစ်ချက် မပျက်ရ ၊ အပြေးရှိန်မလျှော့ ရပါ။ ထိုသို့သောသူများကိုသာ လက်ရွေးစင်အဖြစ်ရွေးပါတယ်။ လက်ရွေးစင်များကို ရဲရောင်မြန်မာ(ဝါ) ရဲမြန်မာ ဟု ခေါ်ကြပါတယ်။
သူရဲကောင်း ၆၈ ယောက်ထဲတွင် သေနတ်ဝန်ဦးကောင်း ၊ မုဆိုးချုံဗိုလ်(ဦးတွန်) ၊ မဟာသီဟသူရ (ဦးသာ) ၊ မဟာစည်သူ (ဦးနှောင်း) နှင့် ဗလမင်းထင်(ဦးလွင်) တို့မှာ နှလုံးရည် လက်ရုံးရည် အလွန်ကောင်းသူများ အဖြစ် ထင်ရှားပါတယ်။
အထူးသဖြင့် ဦးကောင်း၊ ဦးတွန် နှင့် ဦးသာ တို့အား အလောင်းမင်းတရားကြီး၏ သားတော်ကြီးများဖြစ်တဲ့ မောင်လောက်(နောင်တော်ကြီးမင်း) နှင့် မောင်ရွ(ဆင်ဖြူရှင်) တို့နှင့် တန်းတူ အခွင့်အရေးပေးခြင်း ခံခဲ့ရပါတယ်။ ဦးကောင်းတို့ သူရဲကောင်း သုံးယောက်ဟာ ဦးအောင်ဇေယျ၏ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့ကြပါတယ်။
တိုက်ပွဲတိုင်းနိုင်အောင် အစီအမံများဖြင့် တိုက်နိုင်သဖြင့် ဦးကောင်း အား ဦးအောင်ဇေယျက မဟာသေနာပတိအဖြစ် အမြင့်ဆုံးမြှောက်စားခဲ့ပါတယ်။ မင်းကျော်ပျံချီ ၊ မင်းလှမင်းခေါင် ၊ မဟာသေနာပတိ ၊ အဂ္ဂမဟာသေနာပတိ ၊ သေနတ်ဝင် စတဲ့ ရာထူးဘွဲ့များစွာကိုလည်း ပေးအပ်ခံခဲ့ရပါတယ်။
ဦးကောင်းဟာ အလောင်းမင်းတရားကြီး ၏ တိုက်ပွဲများ အောင်မြင်ရန် အဓိက စွမ်းဆောင်ပေးခဲ့သူဟု ပြောလျှင်မမှားပါ။ အလောင်းမင်းတရားကြီး၏ ရန်ဘက် ငချစ်ညိုနှင့် စီးချင်းယှဉ်တိုက်ခိုက်ခြင်း ၊ နာမည်ကျော် မွန်စစ်သူကြီးဒလဗန်း၏ အငြိုးတကြီး တိုက်ခိုက် မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
မုဆိုးဘိုတိုက်ပွဲ ၊ ခင်ဦးတိုက်ပွဲ ၊ အင်းဝမြို့သိမ်းတိုက်ပွဲ နှင့် ရန်ကုန်ကိုသိမ်းတိုက်ပွဲ စတဲ့နာမည်ကြီးတိုက်ပွဲတွေမှာအောင်မြင်ခဲ့သောသေနာပတိဦးကောင်းဟာသန်လျှင်မြို့သိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့ သေနတ်ဒါဏ်ရာကြောင့် ကျဆုံးခဲ့ပါတယ်။
သန်လျှင်သည် ပြင်သစ်တို့ရဲ့ အကူအညီကြောင့် လက်နက်အင်အား တောင့်တင်းနေတဲ့အချိန်မှာ ဦးကောင်းက ဦးဆောင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့ရိုးပေါ်တွင် သေနတ် ၊ အမြှောက်များ တပ်ဆင်ထားသဖြင့် ကုန်းဘောင်ရဲမက်များ အကျအဆုံးများခဲ့ပါတယ်။
အကျအဆုံးများသော်လည်း ဦးကောင်းသည် နောက်ဆုတ်ဖို့မပြော မြို့တွင်းဝင်နိုင်မည့် နည်းလမ်းကို ရှာကြံခြင်း ၊ တပ်သားများအား အားပေးခြင်း ၊ ကွပ်ကဲခြင်း တို့ကို ပြုလုပ် လျက်ရှိပါတယ်။ ထိုစဉ် မြို့ရိုးပေါ်ရှိ သေနတ်အလက် ၂၀ ခန့်သည် ဦးကောင်းရှိရာကို စုပြုံပစ်ကြပါတယ်။ ရဲမက်များက စိုးရိမ်သဖြင့် ဦးကောင်းကို ကြည့်ရာ ဟန်မပျက် ကွပ်ကဲနေသဖြင့် သေနတ်မမှန်ဟု ထင်ကာ စိတ်သက်သာရ ရသွားကြပါတယ်။
တကယ်တော့ ဦးကောင်းသည် သေနတ်ဒါဏ်ရာများကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် တပ်သားများ စိတ်ဓာတ်ကျမည် စိုးတာကြောင့် ဒါဏ်ရာကိုအဝတ်ဖြင့် ကြပ်ကြပ်စည်းကာ ဘာမှမဖြစ်သယောင် ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
စစ်ကဲကျော်ထင်ရွှေတောင်ကို ဆက်လက် တိုက်ခိုက်စေပြီး ကိုယ်တိုင်ကတော့ မင်းတရားကြီးရှိရာ သန်လျက်စွန်းသို့ လှေဖြင့် ဆင်း ခဲ့ပါတယ်။ လှေဆိပ်ကို ရောက်တဲ့အချိန်မှာ ဦးကောင်း၏ ကိုယ်မှာ သွေးများရွဲနစ်နေခဲ့ပါပြီ။
အလောင်းမင်းတရားကြီးသန်လျက်စွန်းမှ မျှော်ကြည့်နေစဉ် လှေတစ်စင်းအပြင်းလှော်လာရာ ဦးကောင်း ဒါဏ်ရာရရှိကြောင်း သိပြီးနောက် “ဟာဆုံးခဲ့ပြီ” ဟု အာမေဋိတ်ပြုခဲ့ပါတယ်။ စိုးရိမ်စွာဖြင့် ” မောင်ကောင်းရဲ့ ဒဏ်ရာကို အစွမ်းကုန် ပြုစုကြပါ “ဟု သမားတော်များ အား ပြောနေစဉ် ဦးကောင်းက “မရနိုင်တော့ပါဘုရား ၊ ကျွန်တော်မျိုး ယနေ့ပင် ကိုယ်တော့်ကို ပစ်၍ သွားရချေတော့မည်” ဟု လျှောက်တင်ကာ ရွှေတိဂုံစေတီကို အာရုံပြုရင်း ကွယ်လွန်သွားခဲ့ပါတယ်။ အလောင်းမင်းတရားကြီးက အလွန်စိတ်မကောင်းဖြစ်တော်မူကာ ဦးကောင်းအား ထီးဖြုအုပ်ပြီး အဂ္ဂမဟာသေနာပတိဘွဲ့ဖြင့် ခမ်းခမ်းနားနား သဂြိုလ်ပေးခဲ့ပါတယ်။
ကုန်းဘောင်ကို ပူးပေါင်းတည်ထောင်ခဲ့သော ဗိုလ်ချုပ်ကြီးရဲ့ ဇာတ်သိမ်းခန်း (သို့) ဦးတွန်
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ သူရဲကောင်းများအနက် မင်းခေါင်အနော်ရထာ (ခေါ်) ဦးတွန် သည် တိုက်ရည်ခိုက်ရည် ကောင်းလှသည်။ သူ၏ ဇာတ်သိမ်းမှာ ကြေကွဲဖွယ်ကောင်းလှသည်။ မင်းခေါင်နော်ရထာသည် ကုန်းဘောင်တိုက်ပွဲများတွင် ရှေ့ဆုံးမှ ရွပ်ရွပ်ချွံချွံ တိုက်တတ်သူ ဖြစ်သည်။ တိုက်တိုင်းလည်းနိုင်သည်သာ များသည်။ မင်းတရားကြီး အရေးမလှ၍ ဆုတ်ခွာသော အခါတွင်လည်း နောက်ဆုံးမှ ခုခံကာ ဆုတ်လေ့ရှိသူ ဖြစ်သည်။
ယိုးဒယားကို အလောင်းမင်းတရားဝန်းရံထားရာမှ မအောင်မြင်ပဲ ဆုတ်ခွာလာရာလမ်းတွင်လည်း သူသည် နောက်ဆုံးမှချန်ကာ နေခဲ့သည်။ ဝိုင်းရံထားသော ယိုးဒယားတပ်များကို တိုက်လျှင် မင်းတရားကြီးတို့ ပြန်လှည့်ကာ စစ်ကူပေးရမည် ဖြစ်သဖြင့် မတိုက်ပဲ အဝိုင်းခံထားလိုက်သည်။ ကျန်သည့် ဗိုလ်မှူးတပ်မှူးများကိုလည်း အလောင်းမင်းတရားကြီးဆီသာလွှတ်လေသည်။ သူကိုယ်တိုင်ကား တပ်တစ်တပ်နှင့်သာ ကျန်ရစ်သည်။
ထိုသို့ ဆုတ်ခွာလာရာလမ်းတွင်ပင် အလောင်းမင်းတရားသည် နတ်ရွာစံလေသည်။ ဆင်ဖြူရှင် ဖြစ်လာမည့် မြေဒူးမင်းသားသည် ဦးတွန်ထံမှ အလောင်းမင်းတရားကြီး ချီးမြှင့်ထားသော ယိမ်းနွဲ့ပါးဓားကို ပြန်သိမ်းသည့် အပြင်နောက်ကျန်စစ်သည်များကို ရိပ်က္ခာ မထောက်ရဟု အမိန့်ချလေသည်။
ဤအချိန်မှစ၍ ဦးတွန်သည် မြေဒူးမင်းသားအပေါ် ယုံကြည်မှု မရှိတော့။ နောက်ဆုံးမှ ဆုတ်ခွာလာရင်း နယ်စပ်သို့ရောက်သောအခါ နေပြည်တော်ကို မပြန်တော့ပဲ တောင်ငူသို့သာသွားလေတော့သည်။
မြေဒူးမင်းသားကလည်း ဦးတွန်သည် စိတ်မှုမမှန်ဟု နောင်တောကြီးမင်းအား လျှောက်သော်လည်းနောင်တော်ကြီးမင်းက ယုံတော်မမူ ၊ ဦးတွန်သည် ခမည်းတော်၏ ရဲဘော်ရဲဘက်သာ ဖြစ်၍ လူလွှတ်၍ခေါ်စေသည်။ ခေါ်မရ၍ ဖမ်းခေါ်ရန်ကြံလေသည်။ တောင်ငူမင်းက ဦးတွန်အား တရားနာရန် ဖိတ်ပြီး ဗိုလ်မှူး ၆ ဦးနှင့် ဦးတွန်အား ဖမ်းရန်ကြံသည်။
သို့သော် ငယ်ကြောက်များဖြစ်၍ ဦးတွန်နားကိုမှု မကပ်ရဲ ၊ တရားနာနေစဉ်ပင် ရိပ်မိသွားသော ဦးတွန်သည် ချက်ချင်းပင် ထပြန်လေသည်။ ဆင်စီး၍ဆုတ်ရင်း အနီးတွင်ရှိသော စက်တိုင်ကို လှံဖြင့်ထိုးခဲ့ရာ ထုတ်ချင်းပေါက်သွားသည်။ မည်သူမျှ မလိုက်ရဲတော့။
ဦးတွန်အပေါ် သံယောဇဉ်ရှိလှသော နောင်တော်ကြီးမင်းသည် ဦးတွန်အား ထပ်မံခေါ်စေပြန်သည်။ ဦးတွန်၏ ရဲဘော်ရဲဘက် မင်းလှနော်ရထာတို့ကို အကျိုးအကြောင်းရှင်းပြကာ ခေါ်လေသော်လည်း ဦးတွန်သည် မလိုက်။
“သူတို့သည် ညီအစ်ကိုသာဖြစ်သည်။ ငါထက်စာလျှင် သူ၏ညီတော်ကိုသာ ယုံပေလိမ့်မည်။ အခုအခါငါ့ကိုကယ်မည့် မင်းတရားကြီးလည်း မရှိတော့ ။ ငါမလိုက်တော့ သွေးသောက်တို့သာ ပြန်ပါလေ” ဟု ဆိုသည်။
အကြိမ်ပေါင်းများစွာ ခေါ်သော်လည်း မလိုက်။ ဦးတွန်နှင့် တပ်သည်အင်းဝကို သိမ်းလိုက်ကြသည်။ မင်းခေါင်နော်ရထာကို ကြောက်ရွံကြပြီးဖြစ်သဖြင့် ကြာရှည်စွာ မခံပဲ အရှုံးပေးလိုက်ကြလေသည်။
ထိုအခါ နောင်တော်ကြီးမင်းက ဒီအတိုင်းဆိုမဖြစ်တော့ လုပ်ကြံမှပင်ဖြစ်တော့မည်ဟု ဆိုကာ အင်းဝကို ဝိုင်းစေသည်။ ဝိုင်းရံပြီး မြို့တွင်းသို့ မဝင်ရဲ ၊ ဗိုလ်မှူးတပ်မှူးအပေါင်းသည် ဦးတွန်အစွမ်းအားသိပြီးဖြစ်သဖြင့် ရင်ဆိုင်ရမှာလန့်နေကြ၍ ဖြစ်သည်။
အပြင်မှသာ ဝန်းရံပစ်ခတ်သဖြင့် မြို့တွင်းပြည်သူတို့အရေးကို ငဲ့ညှာမိသော ဦးတွန်သည် အနောက်တံခါးမှ တပ်နှင့်အတူ မြို့ပြင်သို့ထွက်လေသည်။ ထိုသို့ထွက်သည်ကို သိလျှင် ဗိုလ်မှူးတပ်မှူး တို့ကလိုက်ကြသည်။ သို့ဖြင့် မက္ခရာဗိုလ်သီရိရွှေတောင်သည် ဦးတွန်တို့အား မီလာသည်။
ထိုအခါဦးတွန်က “ဟယ် သီရိရွှေတောင် ၊ ပဇာမူ၍ လိုက်လာသနည်း” ဟု ဆိုရာ သီရိရွှေတောင်က “မင်းကို ဖမ်းမည်ဟု လိုက်လာသည်” ဟု ပြန်ပြောရာ “သီရိရွှေတောင် ၊ နင် ထမင်းကို မုန်းပြီလား” ဟု ဆိုကာ မြင်းကိုလှည့်၍ လှံ ကို လွှတ်လေသည်။ လှံသည် သီရိရွှေတောင် လက်ယာနံဘေးကို ပတ်၍ မြင်းကို စိုက်ရာ ကြောက်လန့်ပြီး ဆက်မလိုက်ရဲတော့ပေ။
နောက်ဆုံးတွင် တပ်များသည် ဦးတွန်နားသို့ မကပ်ရဲပဲ အဝေးမှပင် ပစ်ခတ်လေရာ ဦးတွန်၏ ဘက်တော်သားများ အထိနာကာ ဦးတွန်ပင် သေနည်ကျည်ဆန် ထိသွားလေသည်။ စိတ်လျှော့သွားသော ဦးတွန်သည် ချောက်ကမ်းပါး တွင် ထိုင်၍ မှိုင်တွေနေလေသည်။
ဤသည်ကို မြေဒူးသားငချစ်ကောင်း သိသွားပြီး ချောင်း၍ဖမ်းချင်သော်လည်း အနားသို့မကပ်ရဲ ပဲ ချက်ကောင်းကို စောင့်နေလေသည်။ မင်းခေါင်နော်ရထာသည် ဆီးစပ်တွင် မှန်ထားသော သေနတ်ဒါဏ်ရာကို လှန်ကြည့်ကာ နာလှ၍ ညည်းညူနေသည်ကို မြင်မှ ချုံမှ ရုတ်တရက်ထွက်ကာ မင်းခေါင်နော်ရထားအား ချောက်ထဲသို့ တွန်းချလေသည်။
သို့သော် သတိမလွတ်သော မင်းခေါင်နော်ရထာက လက်ယာဘက်ဖြင့် ဖမ်းရာငချစ်ကောင်းကို မိပြီး နှစ်ဦးသားလုံးထွေးသွားကြသည်။ ငချစ်ကောင်းက ကြောက်လန့်ပြီး ‘ကယ်ပါ၊ ကယ်ပါ’ အော်ဟစ်သည်တွင် နောက်မှသေနတ်သမားတို့က ပြေးလာ၍ ဝိုင်းဝန်းပစ်ခတ်ကြရာ ကုန်းဘောင်တည်ထောင်သူ အလောင်းမင်းတရား၏ ရဲဘော်ရဲဘက် ဗိုလ်ချုပ်ကြီးမင်းခေါင်နော်ရထာမှာ ဇာတ်သိမ်းသွားရလေတော့သည်။
ဤအဖြစ်သား နောင်တောင်ကြီးမင်းလက်ထက် အလွန်ဝမ်းနည်းဖွယ်ကောင်းလှသော အဖြစ်အပျက်ပင် ဖြစ်လေသည်။ မင်းခေါင်နော်ရထာသည် အသက်စွန့်ကာ ကာကွယ်လို၍ နောက်ချန်နေခဲ့သည်ကို ပုန်ကန်ချင်သဖြင့် ထိုသို့ချန်နေရစ်သည်ဟု မြေဒူးမင်းသားက ထင်သည်။ သို့ဖြင့် ဓါးကိုသိမ်းကာ ရိက္ခာကိုလည်း ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
မင်းခေါင်နော်ရထာကလည်း မြေဒူးမင်းသားကို မယုံတော့ ၊ နေပြည်တော်ရောက်လျှင် သူ့အတွက် အခြေအနေမကောင်းနိုင်တော့သည်ဟု ထင်ကာ ဆန္ဒမရှိပါပဲ ပုန်ကန်သူအဖြစ်သို့ရောက်ရသည်။ တစ်ယောက်ကိုတစ်ယောက် သင်္ကာမကင်းဖြစ်မှုလေးမှဤသို့သူရဲကောင်းကြီးတစ်ယောက်ဆုံး ရှုံးရသည်မှာ သင်ခန်းစာ ယူစရာပင်ဖြစ်လေတော့သည်။
ဇာတ်သိမ်းမလှခဲ့တဲ့ သူရဲကောင်းဗိုလ်ချုပ်ကြီး (သို့) မဟာသီဟသူရ ဦးသာ
ဆင်ဖြူရှင်မင်းလက်ထက်မှာ ယိုးဒယားတိုက်ပွဲများ ၊ တရုတ်တို့ရဲ့ကျူးကျော်တိုက်ပွဲများကို အောင်မြင်အောင်တိုက်ခဲ့ကြောင်း သိကြပြီးဖြစ်မှာပါ။ ထိုတိုက်ပွဲတိုင်းလိုလိုမှာ အနိုင်ရအောင် ဦးဆောင်ကွပ်ကဲနိုင်ခဲ့သူ ဗိုလ်ချုပ်ကြီးတစ်ဦးတည်းပင် ဖြစ်ပါတယ်။ ထိုလက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသူ ဗိုလ်ချုပ်ကြီးရဲ့အမည်မှာ မဟာသီဟသူရ ဖြစ်ပါတယ်။
တကယ်တော့ ဝန်ကြီး မဟာသီဟသူရဟာ ဆင်ဖြူရှင်မင်းလက်ထက်မှာမှ ကျော်ကြားခဲ့တာ မဟုတ်ပါဘူး။ မဟာသီဟသူရဟာ တတိယနိုင်ငံကို စတင်ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးရဲ့ သူရဲကောင်း မြင်းရည်တက် ၆ကျိပ် ၈ယောက်ထဲမှာ ထိပ်ပိုင်းမှပါဝင်ခဲ့သူ ဦးသာဖြစ်ပါတယ်။ သေနတ်ဝန် ဦးကောင်း ၊ မုဆိုးချုံဗိုလ် ဦးတွန် တို့နှင့် အတူလက်တွဲကာ တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။
ရွှေတောင်ထွတ်ကဲ ၊ မင်းလှရာဇာဘွဲ့များရရှိခဲ့သူ ဝန်ကြီးမဟာသီဟသူရဟာ အလောင်းမင်းတရားကြီး နတ်ရွာစံပြီးနောက် သားတော်ဒီပဲယင်းမင်း ၊ မြေဒူးမင်း ၊ စဉ့်ကူးမင်း နှင့် ဘိုးတော်ဘုရားလက်ထက်တိုင်အောင် အဆင့်ဆင့် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းရည်ဟာ ဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၂၇ မှ ၁၁၃၀ အထိဖြစ်ပွားခဲ့သော တရုတ်တို့နှင့် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲလေးပွဲမှာ အထင်ရှားဆုံးဖြစ်ခဲ့ပါတယ်။ အင်အားကြီးမားလှတဲ့ တရုတ်တပ်တွေကို မဟာသီဟသူရရဲ့ စစ်ရေးစွမ်းရည်ဖြင့် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။
တရုတ်တို့အား ရိက္ခာဖြတ်တောက်တိုက်ခိုက်ခြင်း ၊ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်စေခြင်း စသည်တို့ဟာ မဟာသီဟသူရရဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ လေးကြိမ်စလုံး တရုတ်တို့အား အနိုင်ရရှိပြီးနောက် ကျန်ဗိုလ်မှူးများက ဆက်လက်တိုက်ခိုက်ရန်ပြောသည်ကို လက်မခံပဲ နှစ်ဘက် ပြည်သူတို့အား ငဲ့ညှာကာ စစ်ပြေငြိမ်းစေခဲ့ပါတယ်။ မဟာသီဟသူရရဲ့ အမျှော်အမြင်ကြီးမှုကြောင့် တရုတ်တို့နှင့် စစ်မက်မဖြစ်ပွားတော့သော်လည်း ဆင်ဖြူရှင်မင်းက မဟာသီဟသူရအား ထိုသို့လုပ်ရပါမလားဟု အမျက်ရှကာ နယ်ပြောင်းပစ်လိုက်ပါတယ်။
ထိုမှ စဉ့်ကူးမင်းလက်ထက်တွင် အသည်ဝန်ကြီး ၊ ဘိုးတော်ဗဒုံမင်းလက်ထက်တွင် ဝန်ကြီးစသည်ဖြင့် တာဝန်များထမ်းဆောင်ခဲ့သော်လည်း ၁၇၈၂ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စည်သာမင်းသားနှင့် အတူပူပေါင်းနန်းလုရန်ကြံစည်မှုဖြင့် ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်ကြီး၏ နိဂုံးကား မလှခဲ့ပါချေ။
baganthar
Friday, June 14, 2019
သေရေခတၱရာျမိဳ႕ ပ်ဴျမိဳ႕ေဟာင္း (ယခု ျပည္ျမိဳ႕) ၏ တစ္စိတ္တစ္ပိုင္း ျဖစ္တဲ့ သံုးပန္လွမင္းသမီးေလးရဲ႕ ေၾကကြဲ ၀မ္းနည္းစရာ သမိုင္းေၾကာင္းေလး
သေရ ေခတၱရာ ပ်ဴၿမိဳ႕ေဟာင္းရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ႔ သံုးပန္လွ မင္းသမီးေလးရဲ႕ ဇာတ္လမ္းက ေၾကကြဲစရာပါ။
ရာဇဝင္ စကားမ်ားအရ သံုးပန္လွမင္းသမီးေလးကို ရွင္ေစာျဖဴ ထိပ္ထားလို႔လည္း ေခၚပါတယ္.။
ဘာလို႔လဲဆိုေတာ့ဒီမင္းသမီးေလးဟာ ေနထြက္စမွာ ေရႊအဆင္းလို ဝင္းဝင္းပပအလွ… မြန္းတည္႔ခ်ိန္မွာ ပြင္႔လန္းေနတဲ႔ ပန္းကေလးရဲ႕အလွ…ဆည္းဆာခ်ိန္မွာေတာ႔ကိုယ္ေယာင္ကိုယ္ဝါထြန္းလင္းေနသေယာင္ ထင္မွတ္မွားရတဲ႔အလွဆိုျပီး ပံုစံသံုးမ်ိဳးနဲ႔ လွတာမို႔ပါတဲ႔။
သူ က သေရေခတၱရာအနီး တိုင္းျပည္ငယ္ျဖစ္ခဲ႔တဲ႔ ေတာင္ညိဳဘုရင္ရဲ႕ ႏွမေတာ္ပါ။
သေရေခတၱရာနဲ႔ ႏွစ္ျပည္ေထာင္ ခ်စ္ၾကည္ေရးအတြက္ေတာင္ညိဳဘုရင္ဟာ သူ႕ရဲ႕ႏွမေတာ္ ရွင္ေစာျဖဴထိပ္ထားေလးကို ဒြတၱေပါင္မင္းႀကီးထံ ဆက္သခဲ႔ပါသတဲ႔။
(ေနာက္တစ္မ်ိဳးရွိပါေသးတယ္။သေရေခတၱရာျပည့္ရွင္နဲ႔ ေတာင္ညိဳဘုရင္တို႔က အခြင့္သင့္ရင္ ႀကက္တိုက္ေနက်တဲ႔။
တစ္ေန႔မွာေတာ့ ေလာင္းကစားတစ္ခု ျပဳလုပ္တယ္။ျပည္ဘုရင္ ဒြတၱေဘာင္က သူရံႈးရင္ ျပည့္စည္းစိမ္ တစ္ဝက္ေပးမယ္ေပါ့။
ေတာင္ညိဳမင္းကလည္း သူရံႈးရင္ အလြန္လွပတဲ႔ သူ႔ႏွမေတာ္ကိုေပးမယ္ဆိုျပီး ေလာင္းႀကတာ ေတာင္ညိဳမင္းႀကက္ရံႈးသြားပါေတာ့တယ္။
ကတိအတိုင္း မင္းသမီးကို အေဆာင္အေယာင္ေတြနဲ႔သေရေခတၱရာ( ျပည္)ကို ပို႔လႊတ္ဆက္သတယ္လို႔ ဆိုျပန္ပါတယ္။
ဒါသာ အမွန္ဆိုရင္ေတာ့ ေတာင္ညိဳဘုရင္ အေတာ္ဆိုးတာပဲ။ကိုယ့္ႏွမေလးကိုရင္းၿပီးမ်ား ေလာင္းကစား လုပ္ရတယ္လို႔။)️
မင္းသမီးေလးကလည္း ဒြတၱေပါင္မင္းကို နာမည္ၾကားစဥ္ကတည္းကတိတ္တခိုးျမတ္ႏိုးေနျပီးသားဆိုေတာ႔ အကိုေတာ္ ေတာင္ညိဳဘုရင္ စကားစလိုက္တာနဲ႔ သေရေခတၱရာကို သတို႔သမီး မိဖုရားေလာင္း အေဆာင္အေယာင္နဲ႔ လွမ္းၾကြခဲ႔သတဲ႔။
ဒြတၱေပါင္ မင္းဆီ မင္းသမီးေလးလာေနၿပီဆိုကတည္းက သေရေခတၲရာ နန္းေတာ္တြင္းမွာလည္း ဂယက္ေတြထေနေတာ့တာေပါ့။
သံုးပန္လွမင္းသမီးေလးရဲ႕ အလွကို ၾကိဳတင္ၾကားထားျပီးျဖစ္တာေၾကာင္႔ မနာလိုမရႈစိမ့္္ျဖစ္ၾကတဲ႔ မိဖုရားေတြက မင္းမႈထမ္းေတြကိုလာဘ္ထိုးၿပီး မင္းႀကီးဆီ မဟုတ္မမွန္တာေတြ ေလ်ွာက္တင္ခိုင္းသတဲ႔။
လာဘ္စားထားတဲ႔ မင္းမႈထမ္းေတြကလည္း သံုးပန္လွမင္းသမီးဟာစုန္းအတတ္နဲ႔ လွပေအာင္ ဖန္ဆင္းစီရင္ထားတာျဖစ္ျပီး ေၾကာက္စရာ ရုပ္သ႑ာန္ဟာ တစ္ေန႔ ၃ ၾကိမ္ေပၚလာတတ္ေၾကာင္း မမွန္မကန္ ေလၽွာက္တင္ၾကသတဲ႔။(လာဘ္ေပးလာဘ္ယူက ပ်ဴေခတ္ကတည္းကပါလား။)
မင္းသမီးေလး နန္းေတာ္ကို ေရာက္ခ်ိန္…သူစီးလာတဲ႔ ဆင္ေတာ္ကို အလယ္မွာညွပ္…ေဘးႏွစ္ဘက္က ဆင္တစ္စီးစီ ကာၿပီးဆင္သံုးစီးျပဴးႀကီး တၿပိဳင္နက္ဝင္ခိုင္းပါသတဲ႔။ၿပီးလည္းၿပီးေရာ…ဒြတၲေပါင္မင္းႀကီးကို မွဴးမတ္ေတြက ” သံုးပန္လွဟာ တံခါးႏွင့္မဆန္႔ေသာ
ကိုယ္လုံးႏွင့္ အမ်ဳိးသမီးပါ”လို႔ လိမ္လည္ေလွ်ာက္ထားေတာ့တယ္။ဒီလိုနဲ႔ မင္းသမီးေလးဟာ မိဖုရား ျဖစ္ခြင့္ ဆုံးရႈံးခဲ႔ရပါေတာ့သတဲ႔။
(ဘုရင္ကလည္းေနာ္…တကယ္ဆို ကိုယ္တိုင္ၾကည့္ ၾကည့္ပါဦးလား…
သူမ်ားေျပာတိုင္း ယံုရတယ္လို႔)ဘုရင္က နန္းတြင္းကိုေတာင္အဝင္မခံဘဲ ေမာင္းထုတ္ခဲ႔တဲ႔အတြက္ မင္းသမီးေလးဟာ ထိတ္လန္႔ တုန္လႈပ္ ရွက္ရြံ႕ဝမ္းနည္းစြာနဲ႔ ျပန္လာခဲ႔ရပါေတာ့တယ္။
ျမိဳ႕နဲ႔ေဝးကြာလွတဲ႔ ေမွာ္ဇာၿမိဳ႕အနားမွာ ေမွ်ာ္လင့္ခ်က္ေတြမဲ႔ အင္အားေတြ ဆုတ္ယုတ္လာၿပီး ရင္ကြဲနာက် ဆံုးသြားရွာေတာ့သတဲ႔။
မင္းသမီးေလးကို ျမွဳပ္ႏွံခဲ႔တဲ႔ ကိုယ္ႀကီးျမွဳပ္ရြာဟာ ဆင္ျမီးဆြဲကေန တစ္မိုင္ အကြာမွာ ရွိေနပါတယ္။
မင္းသမီးကို ျမွဳပ္ႏွံခဲ႔တဲ႔ ကိုယ္ၾကီးျမွဳပ္ရြာက ရြာသူရြာသားေတြဟာ သံုးပန္လွမင္းသမီးအေၾကာင္းကို လက္လြတ္စပယ္မေျပာမဆုိရဲၾကပါဘူးတဲ႔။
မင္းသမီးကို အမွားျပဳမိရင္ ႏူတတ္တယ္လို႔ အယံုအၾကည္ရွိၾကပါတယ္။သံုးပန္လွမင္းသမီးဟာ သူနဲ႔ ဒြတၱေပါင္မင္းၾကီးနဲ႔ ကြဲကြာၾကရတာက
ကုန္းေခ်ာ ကုန္းတိုက္တဲ႔ စကားေတြေၾကာင္႔လို႔ ယံုၾကည္တဲ႔အတြက္ ကုန္းေခ်ာေျပာဆိုျခင္းကို အင္မတန္မုန္းတီးပါတယ္တဲ႔။အဲဒီအရပ္က
လူေတြဟာ ကုန္းေခ်ာစကားေျပာရင္ ေဘးဥပါဒ္ေရာက္တယ္လို႔ လက္ခံထားၾကပါတယ္တဲ႔။
ႏွစ္စဥ္ႏွစ္တုိင္း ဝါဆိုလျပည္႔ေန႔မတိုင္ခင္မွာလည္း သံုးပန္လွမင္းသမီးကို ရည္စူးကာ သခင္မပြဲဆိုျပီး တင္ေျမွာက္ပူေဇာ္ပသၾကတဲ႔ ရိုးရာယံုၾကည္မႈဓေလ႔လည္း
ယေန႔တုိင္ရွိေနေသးတယ္လို႔ မွတ္သားရပါတယ္။မင္းသမီးက နယ္ခံေတြအတြက္ မိုးေလဝသေကာင္းေအာင္ သီးႏွံအထြက္ေကာင္းေအာင္ မစေပးတယ္လို႔ အယူရွိႀကပါတယ္။
သူ မကြယ္လြန္ခင္မွာ ဒြတၱေပါင္ မင္းႀကီးကို စိတ္နာ စိတ္ဆုိးလို႔ ေျပးလာရင္း လဲက်တဲ႔ေနရာမွာ လက္သည္းနဲ႔ ကုတ္ျခစ္ခဲ႔ရာက
လက္သည္းကန္ျဖစ္လာတယ္လို႔ ဆိုၾကပါတယ္။(ေနာက္တစ္မ်ိဳးေျပာၾကတာက မင္းသမီးေလးဟာ နန္းေတာ္အျပင္ကေန ရွက္ရွက္နဲ႔ ျပန္ေျပးလာရင္
း သူ႔ရုပ္ရည္ကို တကယ္ရုပ္ဆိုးေနျပီလား လို႔ မသကၤာစိတ္နဲ႔ ေျမႀကီးကို လက္နဲ႔တူးျပီး ေရထြက္ေအာင္ျပဳလုပ္လို႔ သူ႔ရုပ္သြင္ကို ျပန္ႀကည့္ခဲ႔တာမို႔
လက္သည္းကန္ျဖစ္လာတယ္တဲ႔)။(ကြ်န္မတို႔သြားတဲ႔အခ်ိန္ လက္သည္းကန္အနီးေက်ာင္းတိုက္က ဘုန္းဘုန္းမိန္႔တာေတာ့ လက္သည္းနဲ႔ျခစ္ရံုနဲ႔
ကန္ျဖစ္လာတာမဟုတ္ဘဲ မင္းသမီးက လက္သည္းနဲ႔ကုတ္ျခစ္ အမွတ္အသားျပဳတဲ႔ေနရာေတြမွာ ဒြတၲေပါင္မင္းက ကန္တူးေပးခဲ႔တာတဲ႔။)
ဇာတ္လမ္းကေတာ့ ျမန္မာဗီဒီယိုကားလိုပါပဲ။သူ ေသၿပီးမွ မင္းႀကီးက အေၾကာင္းစုံသိ…စိတ္မေကာင္းျဖစ္…လိုက္လာေပါ့ေလ။
ဒြတၲေပါင္မင္းႀကီးဟာ သံုးပန္လွ မင္းသမီးရဲ႕ကိုယ္အတိုင္းယူၿပီး အေလးခ်ိန္နဲ႔ညီမွ်တဲ႔ ေရႊရုပ္ထု ထုလုပ္ကာ ေရႊတလားနဲ႔ ထည့္ျမွဳပ္ႏွံခဲ႔တယ္လို႔လည္း
ဆိုၾကျပန္ပါတယ္။ၿပီးေတာ့ သက္ဦးဆံပိုင္ဘုရင္တို႔ ထံုးစံအတိုင္း ကုန္းေခ်ာတဲ႔ အမတ္ႀကီး ေလးဦးကိုပါ က်ိန္စာတုိက္ တစ္ခါတည္းစေတးျမွဳပ္ႏွံခဲ႔တယ္တဲ႔။
မင္းသမီး ကြယ္လြန္ျပီး ႏွစ္ေထာင္ေက်ာ္ ၾကာမွ တူးေဖာ္တဲ႔အခါ ထန္းလံုးေလာက္ေရေတြ ထြက္လာတယ္ဆိုပဲ။
ခုခ်ိန္ထိ အဲ႔ဒီေနရာ တူးေဖာ္ရင္ေႏြေခါင္ေခါင္မွာ မိုးႀကီးရြာ မိုးႀကိဳးမ်ား ပစ္သတဲ႔ေလ။မတူးရဲၾကေတာ့ဘူးတဲ႔။
သုံးပန္လွ နတ္နန္းမွာ စံျမန္းေနတဲ႔ မင္းသမီးေလးဟာ သူ႕ကို မယ္ေတာ္လို႔ ေခၚရင္ မႀကိဳက္ဘဲ အစ္မေတာ္လို႔ ေခၚမွ ႏွစ္သက္ပါသတဲ႔။
သံုးပန္လွမင္းသမီးထက္ လက္သည္းကန္အနီးက ေဟာင္းႏြမ္း ယိုယြင္းေနေပမဲ႔ လွပေနဆဲ ေရွးေဟာင္း သံုးပန္လွေက်ာင္းတိုက္ႀကီးက ပိုၿပီး စိတ္ဝင္စာစရာပါ။
ဟိုးတစ္ခ်ိန္က ေငးယူရေလာက္ေအာင္ ခန္႔ျငားထည္ဝါခဲ႔မွာ ေသခ်ာလွတဲ႔ ေက်ာင္းေတာ္ႀကီးဟာ ခုေတာ့ သခၤါရရဲ႕ ဝါးၿမိဳျခင္းကုိ ခံေနရရွာပါၿပီ။
ရေမွာ္ေရညိွေတြနဲ႔ ႏြယ္ေတြလိမ္ယွက္ေနတဲ႔ အျပင္ဘက္ ႐ုပ္လုံး ဟန္ပန္ေလးေတြသာ က်န္ခဲ႔ၿပီး အတြင္းပိုင္းေတြကေတာ့ ၿပိဳက်ပ်က္စီးေနခဲ႔ပါၿပီ။
တခ်ိဳ႕က ေျပာတာေတာ့ သံုးပန္လွ မင္းသမီးနဲ႔ အခု လူေတြစိတ္ဝင္တစားသြားႀကည့္ႀကတဲ႔ ေက်ာင္းတိုက္ အေဟာင္းႀကီးနဲ႔သက္ဆိုင္မႈမရွိပါဘူးတဲ႔။
ဘုန္းႀကီးေက်ာင္းနဲ႔ နတ္ကြန္းနဲ႔ မအပ္စပ္လွေပမဲ႔မင္းသမီးေလးရဲ႕ ဝိညာဥ္ ခိုေအာင္းတဲ႔ ေနရာမွာ အိပ္မက္အရ တည္ေပးခဲ႔ရတဲ႔နတ္ကြန္းေလးပါတဲ႔။
မင္းသမီးရဲ႕ လက္သည္းေရကန္ကို အစြဲျပဳလို႔ လက္သည္းေရကန္ေက်ာင္းတိုက္ဆရာေတာ္ကဘုန္းႀကီးေက်ာင္းတည္ သာသနာျပဳေတာ့အဲဒီေက်ာင္းတိုက္အေဟာင္းႀကီးကို သံုးပန္လွ မင္းသမီးအုတ္ေက်ာင္းလို႔ ထင္ခဲ႔ၾကတာပါတဲ႔။
အမွန္ကအဲဒီေက်ာင္းတိုက္အိုႀကီးကရွင္မဟာရဌသာရသီတင္းသံုးခဲ႔တဲ႔ ေက်ာင္းပါတဲ႔။
(ဒါေပမဲ႔ လူေတြရဲ႕စိတ္မွာ မင္းသမီးရဲ႕ ဝမ္းနည္းဖြယ္ဒ႑ာရီကအရွိန္ႀကီးေနတာေၾကာင့္ ရွင္မဟာရ႒သာရ သီတင္းသံုးခဲ႔တဲ႔ေက်ာင္းဆိုတာ ေမွးမွိန္ေနပါတယ္။)
ခ်စ္မိတ္ေဆြတို႔အေနနဲ႔ သေရေခတၱရာဆိုတဲ႔ ပ်ဴၿမိဳ႕ေဟာင္းကို ေရာက္ခဲ႔ရင္ ကမ႓ာ့ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္ေမွာ္ဇာရြာအနီးက ေရွးေဟာင္းဘုန္းႀကီးေက်ာင္းတိုက္ အေဟာင္းႀကီးနဲ႔ သံုးပန္လွမင္းသမီးေလးရဲ႕ လက္သည္းေရကန္ ၊မင္းသမီးေလးရဲ႕ ဝိညာဥ္ရွိေနတယ္လို႔ ယံုၾကည္ယူဆဆဲ နတ္ကြန္းဗိမာန္တို႔ကို သြားေရာက္ေလ့လာႏိုင္ ၾကပါေၾကာင္း သတင္းစကားပါးလိုက္ပါရေစ……။
ေရးသားသူ – ေအးျမတ္ျမတ္ၿဖိဳး(ကံမ)
Photosource– Ma Wint Wah
Thursday, June 13, 2019
အရမ္း၀မ္းနည္းစရာေကာင္းတဲ့ သီေပါဘုရင္ရဲ႕ ေန၀င္ခ်ိန္
ၿဗိတိသွ် စစ္တပ္မ်ားက မႏၲေလးသို႔ ခ်ီတက္လာၿပီး ကုန္းေဘာင္မင္းဆက္ကို ျဖဳတ္ခ်ကာ ေတာ္ဝင္မိသားစုကို အိႏိၵယသို႔ ပို႔ေဆာင္လိုက္အၿပီး ႏွစ္ ၁၃၀ ေက်ာ္တြင္ ျမန္မာႏိုင္ငံ၏ ေနာက္ဆံုးဘုရင္ သီေပါမင္း၏ ႐ုပ္ကလာပ္သည္ အာေရဗ်ပင္လယ္ကို မ်က္ႏွာမူေနေသာ အိႏိၵယႏိုင္ငံ အေနာက္ပိုင္း ေျမကြက္တစ္ကြက္တြင္ လူသူမသိ တည္ရွိေနသည္။
ေတာ္ဝင္နန္းေတာ္ကို သိမ္းပိုက္အၿပီးတြင္ ၿဗိတိသွ်တို႔သည္ ျမန္မာႏိုင္ငံ၏ ေနာက္ဆံုးဘုရင္ သီေပါမင္းႏွင့္ သူ၏ ေတာ္ဝင္မိသားစုကို အိႏိၵယႏိုင္ငံ မဟာရက္ရွ္ထရာ ျပည္နယ္ရွိ ဆိပ္ကမ္းၿမိဳ႕ျဖစ္သည့္ ရတနာဂီရိၿမိဳ႕သို႕ ေခၚေဆာင္သြားခဲ့သည္။

သီေပါမင္းသည္ အသက္ ၅၇ ႏွစ္အ႐ြယ္ ၁၉၁၆ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္၌ ထိုၿမိဳ႕မွာပင္ ကံေတာ္ကုန္ခဲ့သည္။ ယင္းမွာ ယခုသီတင္းပတ္မွ ေရတြက္လွ်င္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ က ျဖစ္သည္။ သီေပါမင္းကို ၁၉၁၂ ခုႏွစ္က ကြယ္လြန္သြားခဲ့ေသာ မိဖုရားငယ္ စုဖုရားကေလး၏ အုတ္ဂူေဘးတြင္ ယွဥ္လွ်က္ျမႇဳပ္ႏွံခဲ့သည္။
သီေပါမင္း၏ မိဖုရားေခါင္ႀကီး စုဖုရားလတ္ႏွင့္ သူ၏ သမီးေတာ္ ေလးပါးကို သီေပါမင္း နတ္႐ြာစံအၿပီး ၃ ႏွစ္ခန္႔အၾကာတြင္ ျမန္မာႏိုင္ငံသို႔ ျပန္လာခြင့္ျပဳခဲ့သည္။
“သူတို႔ရဲ႕ ဘဝအစိတ္အပိုင္း အမ်ားစုကုိ သူတပါးႏိုင္ငံမွာ ဝမ္းနည္းဖြယ္ရာ ေကာင္းစြာပဲ သူတို႔ေတြ ကုန္လြန္ျဖတ္သန္းခဲ့ၾကရတယ္”ဟု သီေပါမင္း၏ ျမစ္ျဖစ္သူ ဦးစိုးဝင္းက သီေပါမင္း နတ္႐ြာစံမႈ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ဒီဇင္ဘာလ ၈ ရက္က ရန္ကုန္ၿမိဳ႕ ဦးသန္႔ေနအိမ္တြင္ ျပဳလုပ္ေသာပြဲ၌ ေျပာသည္။
“ကၽြန္ေတာ္က သီေပါမင္းကို ျမႇဳပ္ႏွံထားတဲ့ ေနရာကို သြားေရာက္ၾကည့္ရွဳမယ့္ မိတ္ေဆြေတြ အားလံုးကို ဒီလိုရွင္းျပေလ့ ရွိပါတယ္။ “ဒီေနရာက သီေပါမင္းတရား ညေနတိုင္း လာတတ္တဲ့ေနရာ။ ဒီေနရာလာၿပီး သူနဲ႔ သူ႔မိသားစု ျဖစ္ပ်က္ခဲ့ရတဲ့ အေၾကာင္းေတြကို အၿမဲေတြးေလ့ရွိတယ္။ “ေနဝင္သြားတဲ့အခါတိုင္း အိမ္ျပန္ခ်င္တဲ့စိတ္နဲ႔ ဒီေနရာမွာ သူ မွႈိင္ေတြေနတတ္တယ္။ ညေနတိုင္း စိတ္ကူးနဲ႔ သူ အိမ္ျပန္ေနတာပါပဲ” ဟု ဦးစိုးဝင္းက ေျပာျပသည္။
သီေပါမင္း နတ္႐ြာစံၿပီးေသာအခါ စုဖုရားလတ္ႏွင့္ သူ၏ ေတာ္ဝင္မိသားစုဝင္မ်ားသည္ သီေပါမင္း၏ ႐ုပ္ကလာပ္ကို မႏၲေလး ေ႐ႊနန္းေတာ္တြင္ ျမႇဳပ္ႏွံခြင့္ရရန္ ေတာင္းဆိုခဲ့သည္။ သို႔ေသာ္ ၿဗိတိသွ်တို႔က ခြင့္မျပဳခဲ့ေပ။
ႏွစ္အနည္းငယ္အၾကာတြင္ စုဖုရားလတ္ႏွင့္ သူ၏ သမီးေတာ္ ေလးပါးကို ျမန္မာႏိုင္ငံသို႔ ျပန္လာခြင့္ ျပဳရာတြင္လည္း သူတို႔က သီေပါမင္းႏွင့္ စုဖုရားကေလးတို႔၏ ႐ုပ္ကလာပ္ အႂကြင္းအက်န္မ်ားကို သူတို႔ႏွင့္အတူ ျမန္မာႏိုင္ငံသို႔ သယ္ေဆာင္ခြင့္ျပဳရန္ ေတာင္းခံခဲ့ေသးသည္။ သို႔ေသာ္ ၿဗိတိသွ်တို႔က ထပ္မံျငင္းပယ္ခဲ့ျပန္သည္။ သီေပါမင္း၏ ေတာ္ဝင္မိသားစုက ျမန္မာႏိုင္ငံသို႔ ျပန္ရန္ ျပင္ဆင္ေနခ်ိန္တြင္ ျမန္မာအစိုးရထံမွ စာတစ္ေစာင္ ေရာက္လာခဲ့သည္ဟု ၂၀၁၂ ခုႏွစ္တြင္ The King in Exile စာအုပ္ကို ေရးသားေသာ စာေရးဆရာမ မစၥ ဆူဒါရွား Ms Sudha Shah က ေဖာ္ျပခဲ့သည္။
ယင္းစာတြင္ ျမန္မာအစိုးရသည္ မည္သည့္ အေျခအေနတြင္မွ နတ္႐ြာစံသြားၿပီျဖစ္ေသာ သီေပါမင္းႏွင့္ မိဖုရားငယ္ စုဖုရားကေလးတို႔၏ ႐ုပ္ႂကြင္းမ်ားကို ႏိုင္ငံတြင္းသို႔ သယ္ေဆာင္ခြင့္ျပဳမည္ မဟုတ္ေၾကာင္း ေရးသားထားသည္။ အိႏၵိယႏိုင္ငံ အစိုးရထံသို႔ ၎တို႔၏ အေၾကာင္းျပခ်က္မွာ ထို႐ုပ္ကလာပ္ေတာ္မ်ားကို အသံုးျပဳ၍ ႏိုင္ငံေရး လႈံ႔ေဆာ္မႈမ်ား ေဖာ္ေဆာင္လာႏိုင္ၿပီး ၎တို႔အား အဆက္မျပတ္ စိုးရိမ္ေနရမည့္ အေျခအေနမ်ဳိး ျဖစ္ေပၚလာမည္ဟု ဆိုထားသည္။
ေတာ္ဝင္မိသားစုဝင္မ်ားသည္ ျမန္မာႏိုင္ငံသို႔ ၁၉၁၉ ခုႏွစ္ ဧၿပီလတြင္ ျပန္ေရာက္လာခဲ့သည္။ ၿဗိတိသွ်အစိုးရက ၎တို႔ကို ေ႐ႊတိဂံုေစတီႏွင့္နီးေသာ တစ္ေနရာတြင္ သင့္တင့္ေလ်ာက္ပတ္ေသာ အိမ္တစ္လံုး ေပးထားခဲ့သည္။
မႏၲေလးသည္ စုဖုရားလတ္၏ ႏွလံုးသားျမႇဳပ္ႏွံရာ အရပ္ပင္ ျဖစ္သည္။ ၿဗိတိသွ် အမ်ားအျပား က်က္စားေသာ ရန္ကုန္ၿမိဳ႕ကဲ့သို႔ မဟုတ္ေပ။ ရန္ကုန္ၿမိဳ႕သည္ သူျမင္ဖူးေသာ ျမန္မာျပည္ႏွင့္ လံုးဝမတူေတာ့ေပ။ သို႔ေသာ္ စုဖုရားလတ္ချမာ က်န္ရွိသည့္ ဘဝေနဝင္ခ်ိန္ကို ထိုေနရာတြင္သာ ကုန္လြန္ေတာ့မည္ဟု လက္ခံခဲ့ရေၾကာင္း မစၥရွားက ေရးသားခဲ့သည္။
စုဖုရားလတ္သည္ ၁၉၂၅ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ၿပီး သူ၏ ႐ုပ္အေလာင္းကို ေ႐ႊတိဂံုဘုရား ေတာင္ဘက္တြင္ ဂူသြင္း ျမႇဳပ္ႏွံထားခဲ့သည္။ ေတာ္ဝင္မိသားစု၏ သမီးေတာ္ ေလးပါး ႀကီးျပင္းလာေသာအခါ နယ္ခ်ဲ႕မ်ားကို အမ်ားဆံုး ေဝဖန္ဆန္႔က်င္သူမွာ အငယ္ဆံုးသမီး အရွင္ထိပ္စုျမတ္ဖုရားကေလး ျဖစ္သည္။ ၁၉၃၀ ျပည့္ႏွစ္တြင္ သူက ဖခမည္းေတာ္၏ မင္းေနျပည္ကို စာျဖင့္ေရးသား၍ ျပန္လည္ေတာင္းဆိုခဲ့သည္။
ၿဗိတိသွ်မ်ားသည္ အရွင္ထိပ္စုျမတ္ဖုရားကေလးကို စိတ္ပ်က္လာၿပီး သူပုန္မင္းသမီးဟုပင္ ကင္ပြန္းတပ္ေခၚဆိုခဲ့သည္။ ၁၉၃၂ ခုႏွစ္တြင္ သူႏွင့္ သူ၏ သားသမီး ေျခာက္ပါးတို႔ကို ေမာ္လၿမိဳင္သို႔ ပို႔ေဆာင္လိုက္ေတာ့သည္။ သို႔ျဖင့္ သူ၏ နယ္ခ်ဲ႕ကိုလိုနီ ဆန္႔က်င္မႈ ေလ်ာ့ပါးသြားလိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့၍ ျဖစ္သည္။
သီေပါမင္း နတ္႐ြာစံမႈ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္တြင္ ထိပ္စုျမတ္ဖုရားကေလး၏ သမီးေတာ္ျဖစ္သည့္ သီေပါမင္း၏ ေျမးေတာ္ ၾသဇာတိကၠမရွိသူ သက္ေတာ္ ၉၄ ႏွစ္ရွိ ထိပ္စုဖုရားႀကီးသည္ ေမာ္လၿမိဳင္မွ ေနအိမ္ကို ႏွစ္သက္ေၾကာင္း ေျပာၾကားခဲ့သည္။
“ၿဗိတိသွ်ေတြ ေပးတဲ့အိမ္က အိမ္ႀကီးရခိုင္ တစ္လံုးပဲ။ အိပ္ခန္းက်ယ္ႀကီး ေလးခန္း ပါတယ္။ ျခံဝင္းက ၂ ဧကခြဲ ရွိတယ္။ ေမႊးႀကိဳင္ေနတဲ့ ပန္းဥယ်ာဥ္ ရွိတယ္။ ျခံေနာက္ေဖးမွာ ဟင္းသီးဟင္း႐ြက္ပင္ေတြ ရွိတယ္။ တို႔ရဲ႕ မယ္ဖုရားက ဒီအိမ္မွာပဲ ကြယ္လြန္သြားခဲ့တာ။ မယ္ဖုရားအေနနဲ႔ ႏွလုံးေတာ္ ကြဲေၾကသြားခဲ့ပုံရတယ္” ဟု သီေပါမင္းတရား၏ ေျမးေတာ္ ထိပ္စုဖုရားႀကီးက ေျပာျပသည္။ သမီးေတာ္ ထိပ္စုျမတ္ဖုရားကေလးသည္ ၁၉၃၆ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္သည္။
ေမ့ေလ်ာ့ခံ ဘုရင္တစ္ပါး
ျမန္မာႏိုင္ငံ၏ ဘုရင္မ်ားျဖစ္ေသာ အေလာင္းဘုရား၊ အေနာ္ရထာႏွင့္ သီေပါမင္း၏ ဖခင္ျဖစ္ေသာ မင္းတုန္းမင္းၾတားတို႔ကို ျမန္မာျပည္သူမ်ားက ႏွစ္သက္စြာ အမွတ္သညာထားကာ ေနျပည္ေတာ္တြင္ ႐ုပ္တုမ်ား ထုလုပ္ထားရွိၾကၿပီး လမ္းနာမည္မ်ားလည္း ေပးၾကသည့္တိုင္ သီေပါမင္းကိုမူ သမိုင္းစာအုပ္မ်ားမွာပင္ အေလးတယူျပဳမႈ နည္းပါးလွသည္။
သီေပါမင္း နတ္႐ြာစံမႈ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္တြင္ သမိုင္းပညာရွင္ ဦးသန္႔ျမင့္ဦးက ၿဗိတိသွ်မ်ားသည္ သီေပါမင္း၏ တိုင္းျပည္သည္ သီေပါမင္း အုပ္ခ်ဳပ္မႈ ညံ့ဖ်င္းေသာေၾကာင့္ ၿဗိတိသွ်တို႔၏ ထိန္းခ်ဳပ္မႈ လိုအပ္လာခဲ့သည္ဟူေသာ အခ်က္ကို ခိုင္မာေစရန္ သီေပါမင္းႏွင့္ပတ္သက္ၿပီး ဒ႑ာရီ ပံုျပင္မ်ားကို ဖန္တီးခဲ့ၾကသည္။ အမွန္မွာမူ ၿဗိတိသွ်တို႔သည္ ျမန္မာႏိုင္ငံ၏ သယံဇာတမ်ားႏွင့္ စီးပြားေရး အခြင့္အလမ္းမ်ားကို အျမတ္ထုတ္ရယူလိုျခင္းေၾကာင့္သာ ျဖစ္သည္ဟု ရွင္းလင္းေျပာၾကားသည္။
ၿဗိတိသွ်တို႔ ဖန္တီးေသာ သီေပါမင္းႏွင့္စပ္လ်ဥ္းသည့္ ဒ႑ာရီမ်ားကို လူသိမ်ားၾကသည္။ သီေပါမင္းသည္ လူ႔ဘီလူးႀကီး ျဖစ္သည္။ ၾကမ္းၾကဳတ္ေသာ ဘုရင္ျဖစ္သည္။ အရက္သမား ျဖစ္သည္ဟု အထင္ေရာက္ေစခဲ့သည္။ ကံမေကာင္းသည္မွာ သီေပါမင္းႏွင့္ပတ္သက္ေသာ ယုံတမ္းစကားမ်ားျဖစ္သည့္ သီေပါမင္းသည္ အားနည္းသူ တစ္ေယာက္ျဖစ္သည္၊ အုပ္ခ်ဳပ္မႈကို ကိုယ္တိုင္ မကိုင္တြယ္ႏိုင္သူ ျဖစ္သည္ဟူေသာ အခ်က္မ်ားကို ျမန္မာႏိုင္ငံသား အမ်ားစုက ယုံမွတ္စြဲထင္ေနၾကျခင္းျဖစ္သည္ဟု ဦးသန္႔ျမင့္ဦးက ဆိုသည္။
အမွန္မွာမူ သီေပါမင္းႏွင့္ သူ၏မႉးမတ္မ်ားသည္ ဂ်ပန္၊ အီဂ်စ္ႏွင့္ ထိုင္းႏိုင္ငံမွ ဘုရင္မ်ားကဲ့သို႔ ျပဳျပင္ေျပာင္းလဲမႈကို စိတ္ဝင္စားသူ ျဖစ္သည္ဟု ဦးသန္႔ျမင့္ဦးက ရွင္းလင္းေျပာျပသည္။
ၿဗိတိသွ်တို႔ သီေပါမင္းကို အပုပ္ခ်ေသာ ယုံတမ္းစကားမ်ားထဲတြင္ သီေပါမင္းသည္ အရက္သမား ျဖစ္သည္ဆိုသည့္ အခ်က္ကို လူသိမ်ားသည္။
သီေပါမင္းကို မႏၲေလးမွ ရတနာဂီရိသို႔ ေခၚေဆာင္သြားစဥ္ လမ္းတေလွ်ာက္တြင္ ၿဗိတိသွ်တို႔သည္ သီေပါမင္းကို ဂ်င္အရက္ထည့္ထားသည့္ ေဖ်ာ္ရည္မ်ား ေသာက္သံုးရန္ အဆက္မျပတ္ တိုက္တြန္းခဲ့သည္။ သို႔ေသာ္ သီေပါမင္းက ျငင္းဆန္ခဲ့သည္။ ထို႔ေၾကာင့္ သီေပါမင္းကို လိုက္ပါပို႔ေဆာင္ရေသာ ၿဗိတိသွ် အရာထမ္းမ်ားက ေနာက္ပိုင္း သတင္းစာမ်ားတြင္ ေပၚထြက္လာေသာ သီေပါမင္းသည္ အရက္သမား ျဖစ္သည္ဟူေသာ စြပ္စြဲခ်က္မွာ ျဖစ္ႏိုင္မျဖစ္ႏိုင္ ျပန္လွန္ေမးခြန္းထုတ္ခဲ့ၾကျခင္း ျဖစ္သည္ဟု မစၥရွားက ေရးသားခဲ့သည္။
ၿဗိတိသွ် ႐ုပ္ရွင္ထုတ္လုပ္သူ မစၥတာ အဲလက္စ္ ဘက္စကိုဘီ Mr. Alex Bescoby က Frontier ကို ေျပာၾကားရာတြင္ သီေပါမင္းႏွင့္ပတ္သက္ေသာ ၿဗိတိသွ်တို႔၏ ယုံတမ္းပံုျပင္မွာ အေအာင္ျမင္ဆံုး ဝါဒျဖန္႔မႈ တစ္ခုျဖစ္ခဲ့သည္ဟု ပါရွိသည္။ သူသည္ Burma’s Lost Royals ဆိုသည့္ မွတ္တမ္းတင္႐ုပ္ရွင္ documentary ကို ႐ိုက္ေနသူျဖစ္ၿပီး ယင္းမွာ ၂၀၁၇ ခုႏွစ္တြင္ ထြက္ရွိႏိုင္မည္ဟု သိရသည္။
ထိုဝါဒျဖန္႔မႈမ်ားသည္ လူအမ်ား၏ စိတ္ထဲတြင္ စြဲက်န္ရစ္ေနၿပီး ျပ႒ာန္းစာအုပ္မ်ားထဲထိ ပါဝင္လာသည္။ သီေပါမင္း၏ အားနည္းေသာ ထိုစ႐ိုက္ကို တိုင္းျပည္ ကၽြန္ျဖစ္ရျခင္း၏ အေၾကာင္းရင္းအျဖစ္ ရွဳျမင္ၾကသည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ မည္သူက ထီးနန္းရရွိေနသည္ျဖစ္ေစ ၿဗိတိသွ်တပ္ကို ရင္ဆိုင္ႏိုင္စရာအေၾကာင္း မရွိသည္ကို လူတိုင္းသိႏိုင္သည္ဟု မစၥတာ အဲလက္စ္ ဘက္စကိုဘီက ေျပာၾကားသည္။
သီေပါမင္းကို မည္မွ် အထင္အျမင္ေသးၾကေၾကာင္း ဥပမာျပရမည္ဆိုလွ်င္ မစၥတာ ဘက္စကိုဘီသည္ မွတ္တမ္းတင္႐ုပ္ရွင္ ႐ုိက္ကူးရန္ မႏၲေလးရွိ ဘုန္းႀကီးေက်ာင္းတစ္ခုသို႔ သြားေရာက္ေလ့လာခဲ့သည္။
“ကၽြန္ေတာ္တို႔က ဘုန္းႀကီးေက်ာင္းမွာသင္တဲ့ သမိုင္းစာအုပ္ေတြထဲမွာ သီေပါမင္းအေၾကာင္း ရွာခဲ့တယ္။ မင္းတုန္းမင္း၊ အေလာင္းဘုရားနဲ႔ အေနာ္ရထာတို႔ကို ေတြ႔ရတယ္။ သီေပါမင္းအေၾကာင္း ေရးထားတဲ့ စာေတြ မေတြ႔ရဘူး။ ေနာက္ဆံုးမွာ သီေပါမင္းအေၾကာင္း ေရးထားတဲ့ စာတစ္ေၾကာင္းသာ ပါဝင္တာ ေတြ႔ရပါတယ္” ဟု ၎က ေျပာသည္။
ျပန္သယ္ယူခ်ိန္ ေရာက္ၿပီလား
မစၥတာ ဘက္စကိုဘီသည္ သူ၏ မွတ္တမ္းတင္႐ုပ္ရွင္အတြက္ စတင္အလုပ္လုပ္ခဲ့ေသာ လြန္ခဲ့သည့္ ၂ ႏွစ္ ကတည္းက သီေပါမင္း၏ ေတာ္ဝင္မ်ဳိးဆက္မ်ားႏွင့္ ရင္းရင္းႏွီးႏွီး ဆက္ဆံခဲ့ဖူးသည္။ ၎က သီေပါမင္း၏ ႐ုပ္ကလာပ္ေတာ္ အႂကြင္းအက်န္မ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္လည္သယ္ယူရန္ အခ်ိန္က်ၿပီေလာဟူသည့္ ေမးခြန္းအတြက္ သီေပါမင္း၏မ်ဳိးဆက္ ေတာ္ဝင္မိသားစုဝင္မ်ားထဲတြင္ သေဘာထား ကြဲလြဲမႈမ်ား ရွိသည္ဟု ဆိုသည္။
“ကၽြန္ေတာ့္အထင္ေတာ့ သူတို႔အားလံုးက သီေပါမင္းရဲ႕ ႐ုပ္ကလာပ္ေတာ္ အႂကြင္းအက်န္ေတြကို ျမန္မာႏိုင္ငံကို သယ္ဖို႔ သေဘာတူၾကမွာပါ။ သီေပါမင္းကို ျမန္မာႏိုင္ငံက ပိုင္ဆိုင္တာပဲ။ သူ႔မိဖုရားကလည္း သူ႔ကို ျပန္လာေစခ်င္မွာပါ။ မတူညီတာက သူ႔ကို ဘယ္အခ်ိန္မွာ ျပန္သယ္လာသင့္သလဲ ဆိုတာပဲ ျဖစ္တယ္။ ဒါက ႏိုင္ငံကို ပိုမိုစည္းလံုးေစမလား ဆိုတာေပါ့”
ဦးစိုးဝင္းႏွင့္ ထိပ္စုဖုရားႀကီးကမူ ယခုအခ်ိန္သည္ ျပန္သယ္လာရန္ အေကာင္းဆံုး အခ်ိန္ျဖစ္သည္ဟု ယံုၾကည္သည္။ ဒီဇင္ဘာလ ၁၃ ရက္တြင္ ဦးစိုးဝင္းႏွင့္ သီေပါမင္း၏ ေတာ္ဝင္မိသားစု မ်ဳိးဆက္မ်ား အိႏိၵယႏိုင္ငံသို႔ သြားေရာက္ၿပီး သီေပါမင္း၏ ေနအိမ္ကို သြားေရာက္ၾကည့္႐ွဳရာတြင္ မစၥတာ ဘက္စကိုဘီလည္း လိုက္ပါသြားခဲ့သည္။
“ကၽြန္ေတာ္တို႔က အဲဒီကိုသြားၿပီး သီေပါမင္းကို ဂါရဝျပဳမယ္။ မိသားစုဝင္ တစ္ေယာက္အေနနဲ႔ေရာ ျမန္မာႏိုင္ငံသား တစ္ေယာက္အေနနဲ႔ေရာေပါ့။ ကၽြန္ေတာ္တို႔ သီေပါမင္း႐ုပ္ကလာပ္ေတာ္ကို ျပန္သယ္လာဖို႔ လုပ္စရာ ရွိတာေတြ လုပ္ရမွာပါ” ဟု ဦးစိုးဝင္းက ေျပာသည္။
သီေပါမင္း၏ ႐ုပ္ကလာပ္ေတာ္ အႂကြင္းအက်န္မ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္လည္သယ္ယူလာရန္ အိႏိၵယႏွင့္ ျမန္မာႏိုင္ငံ အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္မ်ား လိုအပ္မည္ဟု ဦးစိုးဝင္းက ဆိုသည္။
“ဒီလို လုပ္ေဆာင္ခ်က္တစ္ခုက ကၽြန္ေတာ့္လို သီေပါမင္းရဲ႕ မ်ဳိးဆက္တစ္ေယာက္အတြက္သာမက ျမန္မာႏိုင္ငံအတြက္လည္း အေရးပါတယ္” ဟု ၎က ေျပာသည္။ “သူတို႔က အိႏိၵယကို ဆႏၵမရွိဘဲ သြားခဲ့ၾကရတာ။ ဒီေတာ့ သူတို႔ကို ျပန္ေခၚလာရမယ္။ မိဖုရားက ရန္ကုန္မွာ ရွိတယ္။ ဒါေပမဲ့ ဒါက ယာယီအုတ္ဂူပဲ။ အရွင္ႏွစ္ပါးစလံုးကို မူလေနရာျဖစ္တဲ့ မႏၲေလးနန္းေတာ္ကို ပို႔ရမယ္” ဟု ဦးစိုးဝင္းက ေျပာသည္။
ထိပ္စုဖုရားႀကီးကလည္း ယခုအခ်ိန္သည္ အသင့္ေတာ္ဆံုးဟု ယူဆသည္။ “ဒီလိုလုပ္တာ သဘာဝက်ပါတယ္။ အခုဟာက အရွင္မင္းတရားကို အိႏိၵယမွာ ပစ္ထားသလို ျဖစ္ေနတယ္” ဟု ၎ကဆိုပါသည္။
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #
ဗြိတိသျှ စစ်တပ်များက မန္တလေးသို့ ချီတက်လာပြီး ကုန်းဘောင်မင်းဆက်ကို ဖြုတ်ချကာ တော်ဝင်မိသားစုကို အိန္ဒိယသို့ ပို့ဆောင်လိုက်အပြီး နှစ် ၁၃၀ ကျော်တွင် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် သီပေါမင်း၏ ရုပ်ကလာပ်သည် အာရေဗျပင်လယ်ကို မျက်နှာမူနေသော အိန္ဒိယနိုင်ငံ အနောက်ပိုင်း မြေကွက်တစ်ကွက်တွင် လူသူမသိ တည်ရှိနေသည်။
တော်ဝင်နန်းတော်ကို သိမ်းပိုက်အပြီးတွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် သီပေါမင်းနှင့် သူ၏ တော်ဝင်မိသားစုကို အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာ ပြည်နယ်ရှိ ဆိပ်ကမ်းမြို့ဖြစ်သည့် ရတနာဂီရိမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။
သီပေါမင်းသည် အသက် ၅၇ နှစ်အရွယ် ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်၌ ထိုမြို့မှာပင် ကံတော်ကုန်ခဲ့သည်။ ယင်းမှာ ယခုသီတင်းပတ်မှ ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ က ဖြစ်သည်။ သီပေါမင်းကို ၁၉၁၂ ခုနှစ်က ကွယ်လွန်သွားခဲ့သော မိဖုရားငယ် စုဖုရားကလေး၏ အုတ်ဂူဘေးတွင် ယှဉ်လျှက်မြှုပ်နှံခဲ့သည်။
သီပေါမင်း၏ မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့် သူ၏ သမီးတော် လေးပါးကို သီပေါမင်း နတ်ရွာစံအပြီး ၃ နှစ်ခန့်အကြာတွင် မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပြုခဲ့သည်။
“သူတို့ရဲ့ ဘဝအစိတ်အပိုင်း အများစုကို သူတပါးနိုင်ငံမှာ ဝမ်းနည်းဖွယ်ရာ ကောင်းစွာပဲ သူတို့တွေ ကုန်လွန်ဖြတ်သန်းခဲ့ကြရတယ်”ဟု သီပေါမင်း၏ မြစ်ဖြစ်သူ ဦးစိုးဝင်းက သီပေါမင်း နတ်ရွာစံမှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၈ ရက်က ရန်ကုန်မြို့ ဦးသန့်နေအိမ်တွင် ပြုလုပ်သောပွဲ၌ ပြောသည်။
“ကျွန်တော်က သီပေါမင်းကို မြှုပ်နှံထားတဲ့ နေရာကို သွားရောက်ကြည့်ရှုမယ့် မိတ်ဆွေတွေ အားလုံးကို ဒီလိုရှင်းပြလေ့ ရှိပါတယ်။ “ဒီနေရာက သီပေါမင်းတရား ညနေတိုင်း လာတတ်တဲ့နေရာ။ ဒီနေရာလာပြီး သူနဲ့ သူ့မိသားစု ဖြစ်ပျက်ခဲ့ရတဲ့ အကြောင်းတွေကို အမြဲတွေးလေ့ရှိတယ်။ “နေဝင်သွားတဲ့အခါတိုင်း အိမ်ပြန်ချင်တဲ့စိတ်နဲ့ ဒီနေရာမှာ သူ မှှိုင်တွေနေတတ်တယ်။ ညနေတိုင်း စိတ်ကူးနဲ့ သူ အိမ်ပြန်နေတာပါပဲ” ဟု ဦးစိုးဝင်းက ပြောပြသည်။
သီပေါမင်း နတ်ရွာစံပြီးသောအခါ စုဖုရားလတ်နှင့် သူ၏ တော်ဝင်မိသားစုဝင်များသည် သီပေါမင်း၏ ရုပ်ကလာပ်ကို မန္တလေး ရွှေနန်းတော်တွင် မြှုပ်နှံခွင့်ရရန် တောင်းဆိုခဲ့သည်။ သို့သော် ဗြိတိသျှတို့က ခွင့်မပြုခဲ့ပေ။
နှစ်အနည်းငယ်အကြာတွင် စုဖုရားလတ်နှင့် သူ၏ သမီးတော် လေးပါးကို မြန်မာနိုင်ငံသို့ ပြန်လာခွင့် ပြုရာတွင်လည်း သူတို့က သီပေါမင်းနှင့် စုဖုရားကလေးတို့၏ ရုပ်ကလာပ် အကြွင်းအကျန်များကို သူတို့နှင့်အတူ မြန်မာနိုင်ငံသို့ သယ်ဆောင်ခွင့်ပြုရန် တောင်းခံခဲ့သေးသည်။ သို့သော် ဗြိတိသျှတို့က ထပ်မံငြင်းပယ်ခဲ့ပြန်သည်။ သီပေါမင်း၏ တော်ဝင်မိသားစုက မြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်နေချိန်တွင် မြန်မာအစိုးရထံမှ စာတစ်စောင် ရောက်လာခဲ့သည်ဟု ၂၀၁၂ ခုနှစ်တွင် The King in Exile စာအုပ်ကို ရေးသားသော စာရေးဆရာမ မစ္စ ဆူဒါရှား Ms Sudha Shah က ဖော်ပြခဲ့သည်။
ယင်းစာတွင် မြန်မာအစိုးရသည် မည်သည့် အခြေအနေတွင်မှ နတ်ရွာစံသွားပြီဖြစ်သော သီပေါမင်းနှင့် မိဖုရားငယ် စုဖုရားကလေးတို့၏ ရုပ်ကြွင်းများကို နိုင်ငံတွင်းသို့ သယ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း ရေးသားထားသည်။ အိန္ဒိယနိုင်ငံ အစိုးရထံသို့ ၎င်းတို့၏ အကြောင်းပြချက်မှာ ထိုရုပ်ကလာပ်တော်များကို အသုံးပြု၍ နိုင်ငံရေး လှုံ့ဆော်မှုများ ဖော်ဆောင်လာနိုင်ပြီး ၎င်းတို့အား အဆက်မပြတ် စိုးရိမ်နေရမည့် အခြေအနေမျိုး ဖြစ်ပေါ်လာမည်ဟု ဆိုထားသည်။
တော်ဝင်မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၁၉၁၉ ခုနှစ် ဧပြီလတွင် ပြန်ရောက်လာခဲ့သည်။ ဗြိတိသျှအစိုးရက ၎င်းတို့ကို ရွှေတိဂုံစေတီနှင့်နီးသော တစ်နေရာတွင် သင့်တင့်လျောက်ပတ်သော အိမ်တစ်လုံး ပေးထားခဲ့သည်။
မန္တလေးသည် စုဖုရားလတ်၏ နှလုံးသားမြှုပ်နှံရာ အရပ်ပင် ဖြစ်သည်။ ဗြိတိသျှ အများအပြား ကျက်စားသော ရန်ကုန်မြို့ကဲ့သို့ မဟုတ်ပေ။ ရန်ကုန်မြို့သည် သူမြင်ဖူးသော မြန်မာပြည်နှင့် လုံးဝမတူတော့ပေ။ သို့သော် စုဖုရားလတ်ခမြာ ကျန်ရှိသည့် ဘဝနေဝင်ချိန်ကို ထိုနေရာတွင်သာ ကုန်လွန်တော့မည်ဟု လက်ခံခဲ့ရကြောင်း မစ္စရှားက ရေးသားခဲ့သည်။
စုဖုရားလတ်သည် ၁၉၂၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး သူ၏ ရုပ်အလောင်းကို ရွှေတိဂုံဘုရား တောင်ဘက်တွင် ဂူသွင်း မြှုပ်နှံထားခဲ့သည်။ တော်ဝင်မိသားစု၏ သမီးတော် လေးပါး ကြီးပြင်းလာသောအခါ နယ်ချဲ့များကို အများဆုံး ဝေဖန်ဆန့်ကျင်သူမှာ အငယ်ဆုံးသမီး အရှင်ထိပ်စုမြတ်ဖုရားကလေး ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် သူက ဖခမည်းတော်၏ မင်းနေပြည်ကို စာဖြင့်ရေးသား၍ ပြန်လည်တောင်းဆိုခဲ့သည်။
ဗြိတိသျှများသည် အရှင်ထိပ်စုမြတ်ဖုရားကလေးကို စိတ်ပျက်လာပြီး သူပုန်မင်းသမီးဟုပင် ကင်ပွန်းတပ်ခေါ်ဆိုခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် သူနှင့် သူ၏ သားသမီး ခြောက်ပါးတို့ကို မော်လမြိုင်သို့ ပို့ဆောင်လိုက်တော့သည်။ သို့ဖြင့် သူ၏ နယ်ချဲ့ကိုလိုနီ ဆန့်ကျင်မှု လျော့ပါးသွားလိမ့်မည်ဟု မျှော်လင့်ခဲ့၍ ဖြစ်သည်။
သီပေါမင်း နတ်ရွာစံမှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တွင် ထိပ်စုမြတ်ဖုရားကလေး၏ သမီးတော်ဖြစ်သည့် သီပေါမင်း၏ မြေးတော် သြဇာတိက္ကမရှိသူ သက်တော် ၉၄ နှစ်ရှိ ထိပ်စုဖုရားကြီးသည် မော်လမြိုင်မှ နေအိမ်ကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။
“ဗြိတိသျှတွေ ပေးတဲ့အိမ်က အိမ်ကြီးရခိုင် တစ်လုံးပဲ။ အိပ်ခန်းကျယ်ကြီး လေးခန်း ပါတယ်။ ခြံဝင်းက ၂ ဧကခွဲ ရှိတယ်။ မွှေးကြိုင်နေတဲ့ ပန်းဥယျာဉ် ရှိတယ်။ ခြံနောက်ဖေးမှာ ဟင်းသီးဟင်းရွက်ပင်တွေ ရှိတယ်။ တို့ရဲ့ မယ်ဖုရားက ဒီအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာ။ မယ်ဖုရားအနေနဲ့ နှလုံးတော် ကွဲကြေသွားခဲ့ပုံရတယ်” ဟု သီပေါမင်းတရား၏ မြေးတော် ထိပ်စုဖုရားကြီးက ပြောပြသည်။ သမီးတော် ထိပ်စုမြတ်ဖုရားကလေးသည် ၁၉၃၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
မေ့လျော့ခံ ဘုရင်တစ်ပါး
မြန်မာနိုင်ငံ၏ ဘုရင်များဖြစ်သော အလောင်းဘုရား၊ အနော်ရထာနှင့် သီပေါမင်း၏ ဖခင်ဖြစ်သော မင်းတုန်းမင်းတြားတို့ကို မြန်မာပြည်သူများက နှစ်သက်စွာ အမှတ်သညာထားကာ နေပြည်တော်တွင် ရုပ်တုများ ထုလုပ်ထားရှိကြပြီး လမ်းနာမည်များလည်း ပေးကြသည့်တိုင် သီပေါမင်းကိုမူ သမိုင်းစာအုပ်များမှာပင် အလေးတယူပြုမှု နည်းပါးလှသည်။
သီပေါမင်း နတ်ရွာစံမှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တွင် သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ဗြိတိသျှများသည် သီပေါမင်း၏ တိုင်းပြည်သည် သီပေါမင်း အုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် ဗြိတိသျှတို့၏ ထိန်းချုပ်မှု လိုအပ်လာခဲ့သည်ဟူသော အချက်ကို ခိုင်မာစေရန် သီပေါမင်းနှင့်ပတ်သက်ပြီး ဒဏ္ဍာရီ ပုံပြင်များကို ဖန်တီးခဲ့ကြသည်။ အမှန်မှာမူ ဗြိတိသျှတို့သည် မြန်မာနိုင်ငံ၏ သယံဇာတများနှင့် စီးပွားရေး အခွင့်အလမ်းများကို အမြတ်ထုတ်ရယူလိုခြင်းကြောင့်သာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။
ဗြိတိသျှတို့ ဖန်တီးသော သီပေါမင်းနှင့်စပ်လျဉ်းသည့် ဒဏ္ဍာရီများကို လူသိများကြသည်။ သီပေါမင်းသည် လူ့ဘီလူးကြီး ဖြစ်သည်။ ကြမ်းကြုတ်သော ဘုရင်ဖြစ်သည်။ အရက်သမား ဖြစ်သည်ဟု အထင်ရောက်စေခဲ့သည်။ ကံမကောင်းသည်မှာ သီပေါမင်းနှင့်ပတ်သက်သော ယုံတမ်းစကားများဖြစ်သည့် သီပေါမင်းသည် အားနည်းသူ တစ်ယောက်ဖြစ်သည်၊ အုပ်ချုပ်မှုကို ကိုယ်တိုင် မကိုင်တွယ်နိုင်သူ ဖြစ်သည်ဟူသော အချက်များကို မြန်မာနိုင်ငံသား အများစုက ယုံမှတ်စွဲထင်နေကြခြင်းဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ဆိုသည်။
အမှန်မှာမူ သီပေါမင်းနှင့် သူ၏မှူးမတ်များသည် ဂျပန်၊ အီဂျစ်နှင့် ထိုင်းနိုင်ငံမှ ဘုရင်များကဲ့သို့ ပြုပြင်ပြောင်းလဲမှုကို စိတ်ဝင်စားသူ ဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ရှင်းလင်းပြောပြသည်။
ဗြိတိသျှတို့ သီပေါမင်းကို အပုပ်ချသော ယုံတမ်းစကားများထဲတွင် သီပေါမင်းသည် အရက်သမား ဖြစ်သည်ဆိုသည့် အချက်ကို လူသိများသည်။
သီပေါမင်းကို မန္တလေးမှ ရတနာဂီရိသို့ ခေါ်ဆောင်သွားစဉ် လမ်းတလျှောက်တွင် ဗြိတိသျှတို့သည် သီပေါမင်းကို ဂျင်အရက်ထည့်ထားသည့် ဖျော်ရည်များ သောက်သုံးရန် အဆက်မပြတ် တိုက်တွန်းခဲ့သည်။ သို့သော် သီပေါမင်းက ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သီပေါမင်းကို လိုက်ပါပို့ဆောင်ရသော ဗြိတိသျှ အရာထမ်းများက နောက်ပိုင်း သတင်းစာများတွင် ပေါ်ထွက်လာသော သီပေါမင်းသည် အရက်သမား ဖြစ်သည်ဟူသော စွပ်စွဲချက်မှာ ဖြစ်နိုင်မဖြစ်နိုင် ပြန်လှန်မေးခွန်းထုတ်ခဲ့ကြခြင်း ဖြစ်သည်ဟု မစ္စရှားက ရေးသားခဲ့သည်။
ဗြိတိသျှ ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာ အဲလက်စ် ဘက်စကိုဘီ Mr. Alex Bescoby က Frontier ကို ပြောကြားရာတွင် သီပေါမင်းနှင့်ပတ်သက်သော ဗြိတိသျှတို့၏ ယုံတမ်းပုံပြင်မှာ အအောင်မြင်ဆုံး ဝါဒဖြန့်မှု တစ်ခုဖြစ်ခဲ့သည်ဟု ပါရှိသည်။ သူသည် Burma’s Lost Royals ဆိုသည့် မှတ်တမ်းတင်ရုပ်ရှင် documentary ကို ရိုက်နေသူဖြစ်ပြီး ယင်းမှာ ၂၀၁၇ ခုနှစ်တွင် ထွက်ရှိနိုင်မည်ဟု သိရသည်။
ထိုဝါဒဖြန့်မှုများသည် လူအများ၏ စိတ်ထဲတွင် စွဲကျန်ရစ်နေပြီး ပြဋ္ဌာန်းစာအုပ်များထဲထိ ပါဝင်လာသည်။ သီပေါမင်း၏ အားနည်းသော ထိုစရိုက်ကို တိုင်းပြည် ကျွန်ဖြစ်ရခြင်း၏ အကြောင်းရင်းအဖြစ် ရှုမြင်ကြသည်။ သို့သော် ထိုအချိန်တွင် မည်သူက ထီးနန်းရရှိနေသည်ဖြစ်စေ ဗြိတိသျှတပ်ကို ရင်ဆိုင်နိုင်စရာအကြောင်း မရှိသည်ကို လူတိုင်းသိနိုင်သည်ဟု မစ္စတာ အဲလက်စ် ဘက်စကိုဘီက ပြောကြားသည်။
သီပေါမင်းကို မည်မျှ အထင်အမြင်သေးကြကြောင်း ဥပမာပြရမည်ဆိုလျှင် မစ္စတာ ဘက်စကိုဘီသည် မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရန် မန္တလေးရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။
“ကျွန်တော်တို့က ဘုန်းကြီးကျောင်းမှာသင်တဲ့ သမိုင်းစာအုပ်တွေထဲမှာ သီပေါမင်းအကြောင်း ရှာခဲ့တယ်။ မင်းတုန်းမင်း၊ အလောင်းဘုရားနဲ့ အနော်ရထာတို့ကို တွေ့ရတယ်။ သီပေါမင်းအကြောင်း ရေးထားတဲ့ စာတွေ မတွေ့ရဘူး။ နောက်ဆုံးမှာ သီပေါမင်းအကြောင်း ရေးထားတဲ့ စာတစ်ကြောင်းသာ ပါဝင်တာ တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။
ပြန်သယ်ယူချိန် ရောက်ပြီလား
မစ္စတာ ဘက်စကိုဘီသည် သူ၏ မှတ်တမ်းတင်ရုပ်ရှင်အတွက် စတင်အလုပ်လုပ်ခဲ့သော လွန်ခဲ့သည့် ၂ နှစ် ကတည်းက သီပေါမင်း၏ တော်ဝင်မျိုးဆက်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ဖူးသည်။ ၎င်းက သီပေါမင်း၏ ရုပ်ကလာပ်တော် အကြွင်းအကျန်များကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူရန် အချိန်ကျပြီလောဟူသည့် မေးခွန်းအတွက် သီပေါမင်း၏မျိုးဆက် တော်ဝင်မိသားစုဝင်များထဲတွင် သဘောထား ကွဲလွဲမှုများ ရှိသည်ဟု ဆိုသည်။
“ကျွန်တော့်အထင်တော့ သူတို့အားလုံးက သီပေါမင်းရဲ့ ရုပ်ကလာပ်တော် အကြွင်းအကျန်တွေကို မြန်မာနိုင်ငံကို သယ်ဖို့ သဘောတူကြမှာပါ။ သီပေါမင်းကို မြန်မာနိုင်ငံက ပိုင်ဆိုင်တာပဲ။ သူ့မိဖုရားကလည်း သူ့ကို ပြန်လာစေချင်မှာပါ။ မတူညီတာက သူ့ကို ဘယ်အချိန်မှာ ပြန်သယ်လာသင့်သလဲ ဆိုတာပဲ ဖြစ်တယ်။ ဒါက နိုင်ငံကို ပိုမိုစည်းလုံးစေမလား ဆိုတာပေါ့”
ဦးစိုးဝင်းနှင့် ထိပ်စုဖုရားကြီးကမူ ယခုအချိန်သည် ပြန်သယ်လာရန် အကောင်းဆုံး အချိန်ဖြစ်သည်ဟု ယုံကြည်သည်။ ဒီဇင်ဘာလ ၁၃ ရက်တွင် ဦးစိုးဝင်းနှင့် သီပေါမင်း၏ တော်ဝင်မိသားစု မျိုးဆက်များ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး သီပေါမင်း၏ နေအိမ်ကို သွားရောက်ကြည့်ရှုရာတွင် မစ္စတာ ဘက်စကိုဘီလည်း လိုက်ပါသွားခဲ့သည်။
“ကျွန်တော်တို့က အဲဒီကိုသွားပြီး သီပေါမင်းကို ဂါရဝပြုမယ်။ မိသားစုဝင် တစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ရောပေါ့။ ကျွန်တော်တို့ သီပေါမင်းရုပ်ကလာပ်တော်ကို ပြန်သယ်လာဖို့ လုပ်စရာ ရှိတာတွေ လုပ်ရမှာပါ” ဟု ဦးစိုးဝင်းက ပြောသည်။
သီပေါမင်း၏ ရုပ်ကလာပ်တော် အကြွင်းအကျန်များကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူလာရန် အိန္ဒိယနှင့် မြန်မာနိုင်ငံ အာဏာပိုင်များ၏ ခွင့်ပြုချက်များ လိုအပ်မည်ဟု ဦးစိုးဝင်းက ဆိုသည်။
“ဒီလို လုပ်ဆောင်ချက်တစ်ခုက ကျွန်တော့်လို သီပေါမင်းရဲ့ မျိုးဆက်တစ်ယောက်အတွက်သာမက မြန်မာနိုင်ငံအတွက်လည်း အရေးပါတယ်” ဟု ၎င်းက ပြောသည်။ “သူတို့က အိန္ဒိယကို ဆန္ဒမရှိဘဲ သွားခဲ့ကြရတာ။ ဒီတော့ သူတို့ကို ပြန်ခေါ်လာရမယ်။ မိဖုရားက ရန်ကုန်မှာ ရှိတယ်။ ဒါပေမဲ့ ဒါက ယာယီအုတ်ဂူပဲ။ အရှင်နှစ်ပါးစလုံးကို မူလနေရာဖြစ်တဲ့ မန္တလေးနန်းတော်ကို ပို့ရမယ်” ဟု ဦးစိုးဝင်းက ပြောသည်။
ထိပ်စုဖုရားကြီးကလည်း ယခုအချိန်သည် အသင့်တော်ဆုံးဟု ယူဆသည်။ “ဒီလိုလုပ်တာ သဘာဝကျပါတယ်။ အခုဟာက အရှင်မင်းတရားကို အိန္ဒိယမှာ ပစ်ထားသလို ဖြစ်နေတယ်” ဟု ၎င်းကဆိုပါသည်။
Credit:မူရင်းရေးသားသူ
Monday, June 10, 2019
သီေပါမင္းရဲ႕သားမက္က အဂၤလိပ္ဘုရင္ခံကုိ ဘယ္လိုစိန္ေခၚခဲ႔သလဲ
သီေပါမင္းရဲ႕သားမက္က အဂၤလိပ္ဘုရင္ခံကုိ ဘယ္လိုစိန္ေခၚခဲ႔သလဲ
သီေပါဘုရင္ရဲ႕သားမက္ျဖစ္သူမွာ ဦးခင္ေမာင္လတ္ေခၚ လတ္သခင္ ျဖစ္ျပီး သီေပါဘုရင္ရဲ႕ ဒုတိယေျမာက္သမီးေတာ္ ထိပ္စုျမတ္ဖုရားလတ္ရဲ႕ ခင္ပြန္းျဖစ္ပါတယ္။
ဦးခင္ေမာင္လတ္ေခၚ လတ္သခင္ ဟာ ျမန္မာျပည္အေပၚ အဂၤလိပ္ဘုရင္ရဲ႕ မတရားဆုံးျဖတ္မႈကုိ မေက်မနပ္ျဖစ္ျပီး စိန္ေခၚခဲ႔ပါတယ္။
နတ္ရြာစံလြန္သြားတဲ႔ အရွင္နန္းမေတာ္ဖုရွားရဲ႔ မသာေတာ္အေရးကိစၥနဲ႔ ပတ္သက္ျပီး တစ္ေၾကာင္း၊ရတနာဂီရိမွာ နတ္ရြာစံသြားတဲ႔ သီေပါဘုရင္နဲ႔ မိဖုရားတို႔ အေလာင္းေတာ္ေတြကုိ ျမန္မာျပည္ ျပန္သယ္ဖို႔ ကိစၥကုိ ဆာဟာကုတ္ဘတၱဘာ မွ မတရားျပဳတဲ႔အတြက္ အေလာင္းေတာ္မ်ားကုိ ဘုံေဘျမိဳ႕မွ ျမန္မာျပည္သို႔ စစ္သေဘၤာနဲ႔ တိုက္ရိုက္သယ္ေဆာင္ေစလိုေၾကာင္း၊
ဒီနည္းလမ္းကို လက္မခံႏိုင္လ်င္ ၊ ျမန္မာလူမ်ိဳးမ်ားအေပၚ သနာၾကင္နာျခင္းကင္းမဲ႔ခဲ႔လွ်င္ ကြ်ႏ္ႈပ္တို႔ ခြင္႔ျပဳတဲ႔ သူေတြ ေရွ႕မွာ အရိုးမ်ားထုတ္ျပီး ျမန္မာလူမ်ိဳးေတြဆီကုိ ပါဆယ္ျပဳလုပ္ျပီးပို႔ေပးေစလိုပါတယ္။
ဒီလိုမွ မဟုတ္လွ်င္လည္း မတရားစီစဥ္ျပဳလုပ္သြားတဲ႔ ဆာဟာကုတ္ဘတၱဘာ နဲ႔ က်ေနာ္နဲ႔ ႏွစ္ဦးသေဘာတူ သတ္ျဖတ္ထိုးသတ္ဖို႔ ခြင္႔ျပဳေစလိုပါတယ္၊
သေဘာတူပါက ဘယ္လက္နက္ကုိ ၾကိဳက္တယ္ ဘယ္ေနရာ ဘယ္အခ်ိန္မွာ ဘယ္လို သတ္ျဖတ္မယ္ဆိုတာသင္နဲ႔ ေတြ႕ဆုံ ဆုံးျဖတ္မယ္။
ကြ်ႏ္ႈပ္မွာ ဟိမ၀ႏၱာေတာင္မွာ သုံးတဲ႔ ေလးနဲ႔ ျမားရွိပါတယ္။သင္ၾကိဳက္ရာေရြးပါ၊ေသနတ္နဲ႔လည္းတိုက္ခိုက္ႏိုင္ပါတယ္၊ေနရာကုိ ကာလကတၱားနဲ႔ ကလင္ပုံ တစ္ျမိဳ႕ျမိဳ႕ ၾကဳက္ရာေရြးပါလို႔ စိန္ေခၚခဲ႔ပါတယ္။
Unicode
သီပေါမင်းရဲ့သားမက်က အင်္ဂလိပ်ဘုရင်ခံကို ဘယ်လိုစိန်ခေါ်ခဲ့သလဲ
သီပေါဘုရင်ရဲ့သားမက်ဖြစ်သူမှာ ဦးခင်မောင်လတ်ခေါ် လတ်သခင် ဖြစ်ပြီး သီပေါဘုရင်ရဲ့ ဒုတိယမြောက်သမီးတော် ထိပ်စုမြတ်ဖုရားလတ်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။
ဦးခင်မောင်လတ်ခေါ် လတ်သခင် ဟာ မြန်မာပြည်အပေါ် အင်္ဂလိပ်ဘုရင်ရဲ့ မတရားဆုံးဖြတ်မှုကို မကျေမနပ်ဖြစ်ပြီး စိန်ခေါ်ခဲ့ပါတယ်။
နတ်ရွာစံလွန်သွားတဲ့ အရှင်နန်းမတော်ဖုရှားရဲ့ မသာတော်အရေးကိစ္စနဲ့ ပတ်သက်ပြီး တစ်ကြောင်း၊ရတနာဂီရိမှာ နတ်ရွာစံသွားတဲ့ သီပေါဘုရင်နဲ့ မိဖုရားတို့ အလောင်းတော်တွေကို မြန်မာပြည် ပြန်သယ်ဖို့ ကိစ္စကို ဆာဟာကုတ်ဘတ္တဘာ မှ မတရားပြုတဲ့အတွက် အလောင်းတော်များကို ဘုံဘေမြို့မှ မြန်မာပြည်သို့ စစ်သင်္ဘောနဲ့ တိုက်ရိုက်သယ်ဆောင်စေလိုကြောင်း၊
ဒီနည်းလမ်းကို လက်မခံနိုင်လျင် ၊ မြန်မာလူမျိုးများအပေါ် သနာကြင်နာခြင်းကင်းမဲ့ခဲ့လျှင် ကျွနှ်ုပ်တို့ ခွင့်ပြုတဲ့ သူတွေ ရှေ့မှာ အရိုးများထုတ်ပြီး မြန်မာလူမျိုးတွေဆီကို ပါဆယ်ပြုလုပ်ပြီးပို့ပေးစေလိုပါတယ်။
ဒီလိုမှ မဟုတ်လျှင်လည်း မတရားစီစဉ်ပြုလုပ်သွားတဲ့ ဆာဟာကုတ်ဘတ္တဘာ နဲ့ ကျနော်နဲ့ နှစ်ဦးသဘောတူ သတ်ဖြတ်ထိုးသတ်ဖို့ ခွင့်ပြုစေလိုပါတယ်၊
သဘောတူပါက ဘယ်လက်နက်ကို ကြိုက်တယ် ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို သတ်ဖြတ်မယ်ဆိုတာသင်နဲ့ တွေ့ဆုံ ဆုံးဖြတ်မယ်။
ကျွနှ်ုပ်မှာ ဟိမဝန္တာတောင်မှာ သုံးတဲ့ လေးနဲ့ မြားရှိပါတယ်။သင်ကြိုက်ရာရွေးပါ၊သေနတ်နဲ့လည်းတိုက်ခိုက်နိုင်ပါတယ်၊နေရာကို ကာလကတ္တားနဲ့ ကလင်ပုံ တစ်မြို့မြို့ ကြုက်ရာရွေးပါလို့ စိန်ခေါ်ခဲ့ပါတယ်။
သီေပါဘုရင္ရဲ႕သားမက္ျဖစ္သူမွာ ဦးခင္ေမာင္လတ္ေခၚ လတ္သခင္ ျဖစ္ျပီး သီေပါဘုရင္ရဲ႕ ဒုတိယေျမာက္သမီးေတာ္ ထိပ္စုျမတ္ဖုရားလတ္ရဲ႕ ခင္ပြန္းျဖစ္ပါတယ္။
ဦးခင္ေမာင္လတ္ေခၚ လတ္သခင္ ဟာ ျမန္မာျပည္အေပၚ အဂၤလိပ္ဘုရင္ရဲ႕ မတရားဆုံးျဖတ္မႈကုိ မေက်မနပ္ျဖစ္ျပီး စိန္ေခၚခဲ႔ပါတယ္။
နတ္ရြာစံလြန္သြားတဲ႔ အရွင္နန္းမေတာ္ဖုရွားရဲ႔ မသာေတာ္အေရးကိစၥနဲ႔ ပတ္သက္ျပီး တစ္ေၾကာင္း၊ရတနာဂီရိမွာ နတ္ရြာစံသြားတဲ႔ သီေပါဘုရင္နဲ႔ မိဖုရားတို႔ အေလာင္းေတာ္ေတြကုိ ျမန္မာျပည္ ျပန္သယ္ဖို႔ ကိစၥကုိ ဆာဟာကုတ္ဘတၱဘာ မွ မတရားျပဳတဲ႔အတြက္ အေလာင္းေတာ္မ်ားကုိ ဘုံေဘျမိဳ႕မွ ျမန္မာျပည္သို႔ စစ္သေဘၤာနဲ႔ တိုက္ရိုက္သယ္ေဆာင္ေစလိုေၾကာင္း၊
ဒီနည္းလမ္းကို လက္မခံႏိုင္လ်င္ ၊ ျမန္မာလူမ်ိဳးမ်ားအေပၚ သနာၾကင္နာျခင္းကင္းမဲ႔ခဲ႔လွ်င္ ကြ်ႏ္ႈပ္တို႔ ခြင္႔ျပဳတဲ႔ သူေတြ ေရွ႕မွာ အရိုးမ်ားထုတ္ျပီး ျမန္မာလူမ်ိဳးေတြဆီကုိ ပါဆယ္ျပဳလုပ္ျပီးပို႔ေပးေစလိုပါတယ္။
ဒီလိုမွ မဟုတ္လွ်င္လည္း မတရားစီစဥ္ျပဳလုပ္သြားတဲ႔ ဆာဟာကုတ္ဘတၱဘာ နဲ႔ က်ေနာ္နဲ႔ ႏွစ္ဦးသေဘာတူ သတ္ျဖတ္ထိုးသတ္ဖို႔ ခြင္႔ျပဳေစလိုပါတယ္၊
သေဘာတူပါက ဘယ္လက္နက္ကုိ ၾကိဳက္တယ္ ဘယ္ေနရာ ဘယ္အခ်ိန္မွာ ဘယ္လို သတ္ျဖတ္မယ္ဆိုတာသင္နဲ႔ ေတြ႕ဆုံ ဆုံးျဖတ္မယ္။
ကြ်ႏ္ႈပ္မွာ ဟိမ၀ႏၱာေတာင္မွာ သုံးတဲ႔ ေလးနဲ႔ ျမားရွိပါတယ္။သင္ၾကိဳက္ရာေရြးပါ၊ေသနတ္နဲ႔လည္းတိုက္ခိုက္ႏိုင္ပါတယ္၊ေနရာကုိ ကာလကတၱားနဲ႔ ကလင္ပုံ တစ္ျမိဳ႕ျမိဳ႕ ၾကဳက္ရာေရြးပါလို႔ စိန္ေခၚခဲ႔ပါတယ္။
Unicode
သီပေါမင်းရဲ့သားမက်က အင်္ဂလိပ်ဘုရင်ခံကို ဘယ်လိုစိန်ခေါ်ခဲ့သလဲ
သီပေါဘုရင်ရဲ့သားမက်ဖြစ်သူမှာ ဦးခင်မောင်လတ်ခေါ် လတ်သခင် ဖြစ်ပြီး သီပေါဘုရင်ရဲ့ ဒုတိယမြောက်သမီးတော် ထိပ်စုမြတ်ဖုရားလတ်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။
ဦးခင်မောင်လတ်ခေါ် လတ်သခင် ဟာ မြန်မာပြည်အပေါ် အင်္ဂလိပ်ဘုရင်ရဲ့ မတရားဆုံးဖြတ်မှုကို မကျေမနပ်ဖြစ်ပြီး စိန်ခေါ်ခဲ့ပါတယ်။
နတ်ရွာစံလွန်သွားတဲ့ အရှင်နန်းမတော်ဖုရှားရဲ့ မသာတော်အရေးကိစ္စနဲ့ ပတ်သက်ပြီး တစ်ကြောင်း၊ရတနာဂီရိမှာ နတ်ရွာစံသွားတဲ့ သီပေါဘုရင်နဲ့ မိဖုရားတို့ အလောင်းတော်တွေကို မြန်မာပြည် ပြန်သယ်ဖို့ ကိစ္စကို ဆာဟာကုတ်ဘတ္တဘာ မှ မတရားပြုတဲ့အတွက် အလောင်းတော်များကို ဘုံဘေမြို့မှ မြန်မာပြည်သို့ စစ်သင်္ဘောနဲ့ တိုက်ရိုက်သယ်ဆောင်စေလိုကြောင်း၊
ဒီနည်းလမ်းကို လက်မခံနိုင်လျင် ၊ မြန်မာလူမျိုးများအပေါ် သနာကြင်နာခြင်းကင်းမဲ့ခဲ့လျှင် ကျွနှ်ုပ်တို့ ခွင့်ပြုတဲ့ သူတွေ ရှေ့မှာ အရိုးများထုတ်ပြီး မြန်မာလူမျိုးတွေဆီကို ပါဆယ်ပြုလုပ်ပြီးပို့ပေးစေလိုပါတယ်။
ဒီလိုမှ မဟုတ်လျှင်လည်း မတရားစီစဉ်ပြုလုပ်သွားတဲ့ ဆာဟာကုတ်ဘတ္တဘာ နဲ့ ကျနော်နဲ့ နှစ်ဦးသဘောတူ သတ်ဖြတ်ထိုးသတ်ဖို့ ခွင့်ပြုစေလိုပါတယ်၊
သဘောတူပါက ဘယ်လက်နက်ကို ကြိုက်တယ် ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို သတ်ဖြတ်မယ်ဆိုတာသင်နဲ့ တွေ့ဆုံ ဆုံးဖြတ်မယ်။
ကျွနှ်ုပ်မှာ ဟိမဝန္တာတောင်မှာ သုံးတဲ့ လေးနဲ့ မြားရှိပါတယ်။သင်ကြိုက်ရာရွေးပါ၊သေနတ်နဲ့လည်းတိုက်ခိုက်နိုင်ပါတယ်၊နေရာကို ကာလကတ္တားနဲ့ ကလင်ပုံ တစ်မြို့မြို့ ကြုက်ရာရွေးပါလို့ စိန်ခေါ်ခဲ့ပါတယ်။
Thursday, May 23, 2019
သေရေခတၱရာျမိဳ႕အနီးမွ ေပပင္ငယ္တို႔သည္ ယေန႔ထက္တိုင္ အပင္ငယ္မ်ား အျဖစ္မွ ဆက္လက္ၾကီးထြားျခင္းမရွိဘဲ ရပ္တည္လ်က္ရွိေသးသည့္ ပန္ထြာဧကရီ (ေခၚ)ေယာက်ာ္းမုန္းဝါဒီဘုရင္မ ႏွင့္ဒြတၱေပါင္မင္းႀကီးရဲ႕ မွတ္တမ္း
တကယ္ေတာ့ ျမန္မာ့ရာဇ၀င္ထဲမွာ အမ်ိဳးသားေတြပဲ ရာႏႈန္းျပည့္ ေနရာယူထားခဲ့တာ မဟုတ္ပါဘူး။ ထူးခၽြန္ထင္ရွားတဲ့ အမ်ိဳးသမီးေခါင္းေဆာင္ေတြလည္း ေပၚေပါက္ခဲ့ပါတယ္။
သူတို႔ထဲကမွ ျမန္မာ့သမိုင္းရဲ႕ အေစာပိုင္းကာလ ျဖစ္တဲ့ ပ်ဳေခတ္မွာ ေပၚေပါက္ခဲ့တဲ့ ဗိႆႏိုးဘုရင္မ ပန္ထြာဧကရီ ဆိုတဲ့ အမ်ိဳးသမီးပေဒသရာဇ္ ေခါင္းေဆာင္ အေၾကာင္းကို က်ေနာ္သိသေလာက္ ေျပာျပခ်င္ပါတယ္..။
သေရေခတၱရာျပည္တြင္ ဒြတၱေပါင္မင္းၾကီး အုပ္စိုးေနစဥ္ကာလအတြင္း ထီးျပိဳင္နန္းျပိဳင္အျဖစ္ ဗိႆႏိုးျပည္တြင္ ပန္ထြာဘုရင္မက အုပ္ခ်ဳပ္ေနခဲ့သည္။ ရာဇ၀င္က်မ္းမ်ားအရ “ျပည္” ဟုသံုးႏႈန္းရေသာ္လည္း အမွန္မွာ ျမိဳ႕ျပႏိုင္ငံ ( city-state) အဆင့္မွ်သာျဖစ္ပါသည္။
ပန္ထြာဘုရင္မသည္ လူသာမန္မဟုတ္ေခ်။ ခမည္းေတာ္မွာ တေကာင္းမင္းၾကီး၏သားေတာ္အရင္း မဟာသမၻ၀ ျဖစ္ျပီး မယ္ေတာ္မွာ စႏၵမုခိဘီလူးမ ျဖစ္သည္။
တေကာင္းမင္းၾကီးက မ်က္မျမင္သမၻ၀ညီေနာင္ကို ဧရာ၀တီျမစ္အတိုင္းေမွ်ာလိုက္ရာ လမ္းခရီး၌ စႏၵမုခိဘီလူးမက ထမင္းခိုးစားသည့္အခါ သမၻ၀ညီေနာင္က ရိပ္မိျပီး သတ္မည္ဟု ဘီလူးမလက္ကို ဆြဲသည္တြင္ ဘီလူးမက မဟာသမၻ၀ကို တပ္မက္စိတ္ျဖင့္ သာယာမိသည့္အတြက္ ပဋိသေႏၶ ခသည္ဟုဆို၏။ အံ့ဖြယ္ပင္။
စႏၵမုခိဘီလူးမသည္ သမီးေလးကို ေမြးျပီးသည့္အခါ ပ်ဴရြာတစ္ရြာအနီးရွိ ဆရာရေသ့ထံ ပညာသင္ေစခဲ့သည္။ မိပန္ထြာေလး၏ ထက္ျမက္မႈကို အနီးအပါးရွိ ရြာမ်ားကပါ သိရွိလာျပီးေနာက္ အရြယ္ေရာက္သည့္အခါ သူမကိုသာ ေခါင္းေဆာင္အျဖစ္ တစ္ညီတစ္ညြတ္တည္း တင္ေျမာက္ခဲ့ၾကသည္။
ပန္ထြာသည္ ထိုရြာအေပါင္းတို႔ကို စုစည္းကာ ဗိႆႏိုးျမိဳ႔ျပႏိုင္ငံအျဖစ္ က်ံဳး၊ျမိဳ႕ရိုးတို႕ျဖင့္ အကြက္ခ်ကာ ဖြဲ႕စည္းတည္ေထာင္ခဲ့သည္။ပန္ထြာဘုရင္မမွာ အတိတ္ဘ၀က ဗိႆႏိုးနတ္မင္း၏ ႏွမ ေတာ္စပ္ခဲ့သျဖင့္ ဗိႆႏိုးနတ္မင္း၏ ခ်ီးေျမႇာက္မႈျဖင့္ ၿမိဳ႕တည္ခဲ့ရာမွ ဗိႆႏိုးၿမိဳ႕ဟု ေခၚတြင္ခဲ့သည္။
မိဳ႕အတြင္းတြင္ ဗိႆႏိုးနတ္မင္းကို နတ္နန္းျဖင့္ အႀကီးအက်ယ္ ပူေဇာ္ၾကသည္။ နတ္နန္း အနီး႐ွိ အင္ၾကင္းပင္တို႔မွာ ယေန႔အခ်ိန္ထိ ဆယ့္နွစ္ရာသီမေ႐ြးဖူးပြင့္ၾကသည္ ဟုဆိုသည္။ဘုရင္မသည္ ျမိဳ႕အနီးရွိ ရန္ပယ္ ေခ်ာင္းေရကို စနစ္တက် အသံုးခ်ကာ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ စီမံခဲ့သည္။
စီမံပံုမွာ ရန္ပယ္ေခ်ာင္း အထက္တြင္ ေရတားတံခါး အဆင့္ဆင့္တည္ေဆာက္ေစျပီး ဗိႆႏိုးမွ စည္တီးကာ အခ်က္ျပသည္ႏွင့္ ေရတံခါးမ်ားကို ဖြင့္ခ်ေစကာ ျမိဳ႕ပတ္လည္ကို ေရလႊမ္းမိုးေစျခင္း ျဖစ္သည္။
တံခါးမ်ားကို တစ္ဆက္တည္း ဖြင့္ခ်ျခင္းမဟုတ္ဘဲ တစ္ခ်ပ္ျပီးမွ တစ္ခ်ပ္ အခ်ိန္ယူကာ ဖြင့္ေစျခင္းျဖစ္သျဖင့္ ေၾကာက္မက္ဖြယ္ ေရစီးအားကို ျဖစ္ေပၚေစသည္။
ထိုသို႕ ဗိႆႏိုးတြင္ ဧကရီအျဖစ္ တစ္ထီးတစ္နန္းရပ္တည္ေနစဥ္ သေရေခတၱရာျပည္မွ ဒြတၱေပါင္မင္းၾကီးသည္ ပန္ထြာဘုရင္မႏွင့္တကြ ျမိဳ႕ကိုပါ သိမ္းပိုက္လိုသျဖင့္ အင္အားအလံုးအရင္းျဖင့္ ခ်ီတက္တိုက္ခိုက္လာခဲ့သည္။
သို႕ရာတြင္ ျမိဳ႕တံခါးကို အလံုပိတ္ထားေသာ ဗိႆႏိုးမွ စည္တီးသံက်ယ္က်ယ္ တစ္ခ်က္သာ ၾကားလိုက္ရျပီး ခဏအၾကာတြင္ နတ္ဆိုးေအာ္သံကဲ့သို႕ အသံေပးကာ တစ္ဟုန္ထိုး၀င္လာသည့္ ေရလံုးၾကီးေအာက္တြင္ သေရေခတၱရာစစ္သည္တို႔ ဖရိုဖရဲျဖစ္ကုန္ၾကသည္။
ေရေမ်ာသူေမ်ာ ကမ္းတင္သူတင္ ျဖစ္ေနစဥ္ ဗိႆႏိုးဘက္မွ ေလးသည္ေတာ္မ်ားက ေပၚလာသမွ်ေသာ မည္းမည္းျမင္ရာတို႕ကို ျမားျဖင့္ ပစ္သျဖင့္ သေရေခတၱရာရဲမက္မ်ား အထိအရွမ်ားခဲ့ရသည္။ ဒြတၱေပါင္မင္းၾကီးလည္း အံကိုၾကိတ္ကာ ေနာက္ျပန္ဆုတ္ရေတာ့သည္။
သို႕ေသာ္ ဒြတၱေပါင္မင္းၾကီးသည္ ရန္ပယ္ေခ်ာင္းေရတံခါးမ်ားသည္ စည္သံအေပၚရပ္တည္ေနေၾကာင္း သိသည့္အခါ ထိုစည္ကို ဖ်က္ဆီးရန္ သူလွ်ိဳတစ္ဦးကို ေစလႊတ္ခဲ့သည္။
ထိုသူလွ်ိဳသည္ ရေသ့အျဖစ္ ဗိႆႏိုးျပည္သို႕ ၀င္ေရာက္ျပီး ပန္ထြာဧကရီ၏ ဆရာရေသ့ထံ ဆည္းကပ္ကာ ယံုၾကည္မႈ ရယူရန္ၾကိဳးစားခဲ့သည္။သံုးေလးလခန္႔ ၾကာသည့္အခါ သူလွ်ိဳရေသ့က သူ႕တပည့္မ်ားကို ဗိႆႏိုးၿမိဳ႕တြင္းမွ ေရႊ၊ ေငြ၊ ကြ်ဲ၊ ႏြားမ်ားကို ခိုးယူေစၿပီး သင့္ရာေနရာတြင္ ဝွက္ထားေစသည္။
ပစၥည္းေပ်ာက္သူက သူလွ်ိဳရေသ့ကိုေမးသည့္အခါမွ ရွိရာေနရာကို အတပ္ေဟာျပီး ပစၥည္းျပန္ရေစသည္။ ထိုအခါ သူလွ်ိဳရေသ့ကို ယံုၾကည္ ဆည္းကပ္သူမ်ား တိုးပြားလာခဲ့သည္။
ဆရာရေသ့ေရာ ပန္ထြာဘုရင္မပါ ထိုသူလွ်ိဳကို ယံုၾကည္လာျပီးသည့္အခါ ၄င္းက ဗိႆႏိုးကာကြယ္ေရးအတြက္ထားေသာ စည္ေတာ္ၾကီးကို ယခုထက္ပိုမိုအက်ိဳးထူးေအာင္ ေလာကီအစီအရင္မ်ားျဖင့္ သိဒၶိတင္ေပးလိုေၾကာင္း ေတာင္းဆိုလာခဲ့သည္။
ပန္ထြာဧကရီလည္း ယံုၾကည္ကာ စည္ေတာ္ၾကီးကို သူလွ်ိဳရေသ့ထံ စိတ္ခ်လက္ခ် အပ္ႏွင္းလိုက္သည္။ေနာက္ေန႔မနက္တြင္မူ နန္းေတာ္ဦးရွိ စည္ေတာ္ၾကီးကို အေပါက္ၾကီးႏွစ္ေပါက္ျဖင့္ တုန္လႈပ္ဖြယ္ ေတြ႔ၾကရျပီး သူလွ်ိဳရေသ့မွာလည္း ေျခရာေပ်ာက္ ထြက္ေျပးသြားခဲ့သည္။
ထို႔ေၾကာင့္ ပန္ထြာဘုရင္မ မွာ ရေသ့ရဟန္း အတုအေယာင္မ်ားကို မုန္းတီးၿပီး သူမပိုင္နက္မဟာၿမိဳင္ေတာအတြင္း၌ ေရာက္လာသမ်ွ ရေသ့ရဟန္းဟူသမ်ွ၏ သီလသမာဓိကို အစမ္းအသပ္ၾကမ္းသည္ဟု နာမည္ႀကီးေလသည္။
ပန္ထြာဧကရီ အသည္းဆတ္ဆတ္တုန္ ေဒါသထြက္ေနစဥ္ မွာပင္ ျမိဳ႕ရိုးတံခါးမ်ားပိတ္သံကို ၾကားရကာ ျမိဳ႕ရိုးျပင္ဘက္မွ ဆင္သံ ျမင္းသံမ်ားကိုပါ ၾကားလိုက္ရသည္။ ဒြတၱေပါင္မင္းၾကီး လာေရာက္တိုက္ခိုက္ေပျပီ။
စည္တီး၍ အသံမထြက္။ အသံမထြက္သည့္အခါ ေရမက်။ ေရမက်သည့္အခါ အင္အားၾကီးမားေသာ ရန္သူ၏ျပင္းထန္ေသာ တိုက္စစ္ကို ဗိႆႏိုးသားတို႕ အလူးအလဲ ခံၾကရသည္။ မခံႏိုင္သည့္အဆံုးတြင္ ဗိႆႏိုးနန္းဦးသို႕ ဒြတၱေပါင္မင္းၾကီး၏ ဆင္ေတာ္ေရာက္ရွိလာခဲ့သည္။
ဗိႆႏိုးသားတို႕၏ေသြးစက္မ်ား အေလာင္းမ်ား ျပန္႕က်ဲေနသည္ကို ၾကည့္ကာ ပန္ထြာဧကရီ အံၾကိတ္ထားမိသည္။ ” သေရေခတၱရာျပည္ဟာ ၾကီးက်ယ္ခမ္းနားလွပါတယ္ အစ္မေတာ္။ ကၽြႏ္ုပ္ႏွင့္အတူ စံျမန္းေစလိုတဲ့ေစတနာ၊ ကၽြႏ္ုပ္ရဲ႕ေမတၱာ ေတြေၾကာင့္ ပင္ပန္းၾကီးစြာ စစ္ခ်ီခဲ့ရပါတယ္။”
ဒြတၱေပါင္မင္းၾကီး၏စကားတို႕ကို ပန္ထြာဧကရီ မည္သို႕မွ် မတံု႕ျပန္ခဲ့ေပ။ မိမိက စစ္ရႈံးသူမဟုတ္လား။ စစ္ရႈံးသူပီပီ သူျပဳသမွ် ႏုရေပေတာ့မည္ေလ။
ဤသို႕ျဖင့္ သေရေခတၱရာျပည္သို႕ ဒြတၱေပါင္မင္းၾကီး၏ မိဖုရားအျဖစ္ ပန္ထြာေရာက္ရွိခဲ့သည္။ ဒြတၱေပါင္မင္းၾကီးသည္ ပန္ထြာဧကရီကို လြန္စြာျမတ္ႏိုးေတာ္မူသည္ ဆုိ၏။
သို႕ေသာ္ သားေတာ္တစ္ပါးရသည့္တိုင္ ပန္ထြာဘုရင္မ၏ အမုန္းက မေျပႏိုင္ခဲ့ေပ။ ထို႕ေၾကာင့္ ဒြတၱေပါင္မင္းၾကီးကို လုပ္ၾကံရန္ အတြင္းလူမ်ားျဖင့္ တိတ္တဆိတ္ စီစဥ္ခဲ့သည္။
သို႕ရာတြင္ အတြင္းလူမ်ားက မင္းၾကီးသည္ ဘုန္းၾကီးလြန္းသျဖင့္ တိုက္ရိုက္လုပ္ၾကံရန္ မလြယ္ေၾကာင္း၊ ဘုန္းနိမ့္ေစရန္ စီစဥ္ျပီးမွ လုပ္ၾကံေစလိုေၾကာင္း ေလွ်ာက္ၾကသည္။
ထိုအခါ ပန္ထြာဧကရီက မိမိ၏ ထဘီေအာက္နားစ (အခ်ိဳ႔က သုႆန္မွ အ၀တ္)ဟု ဆိုၾကသည္။ ကိုျဖတ္ကာ မ်က္ႏွာသုတ္ပ၀ါ အျဖစ္ ဆက္သျပီး ထို႕ေနာက္မွ အဆိပ္ခပ္ထားေသာ ေဖ်ာ္ရည္ကို ဆက္ကပ္ရန္ စီမံခဲ့သည္။
ဒြတၱေပါင္မင္းၾကီးသည္ ပန္ထြာဧကရီဆက္သေသာ မ်က္ႏွာသုတ္ပ၀ါကို အသံုးျပဳလိုက္သည္ႏွင့္ တျပိဳင္နက္ နဖူးမွ မွဲ႕ရွင္ေတာ္ ကြယ္ေပ်ာက္ျခင္း၊ လွံမ်ား ဓါးမ်ား အေရာင္မထြက္ေတာ့ျခင္း တို႔ ၾကံဳေတြ႔ခဲ့ရသည္။ မင္းၾကီး ဘုန္းနိမ့္သြားေခ်ျပီ။
တုန္လႈပ္သြားေသာ မင္းၾကီးသည္ ပန္ထြာဧကရီကို နားမလည္ဟန္ျဖင့္ ၾကည့္ေနစဥ္မွာပင္ ပန္ထြာဧကရီက မဲ့ျပံဳးတစ္ခ်က္ ျပံဳးျပလိုက္သည္။ မင္းၾကီးသည္ သူမ၏လက္ခ်က္မွန္း သိသည္ႏွင့္ သူမဆက္သည့္ ေဖ်ာ္ရည္ကိုလည္း မေသာက္ေတာ့ဘဲ အရင္ ျမည္းစမ္းျပရန္ ေတာင္းဆိုခဲ့သည္။
ပန္ထြာဧကရီသည္ လက္ထဲမွ ေဖ်ာ္ရည္ခြက္ ကို ေျမွာက္ကာ ေအာက္ပါက်ိန္စာကို ရြတ္ဆိုခဲ့သည္။” ကၽြႏ္ုပ္သည္ မိမိ၏ ဗိႆႏိုးျပည္ကို တရားသျဖင့္ စီမံအုပ္ခ်ဳပ္ေနသူျဖစ္ပါသည္။ ဤသေရေခတၱရာ ဒြတၱေပါင္မင္းက ႏိုင့္ထက္စီးနင္း က်ဴးေက်ာ္သိမ္းပိုက္ခဲ့ပါသည္။
ယခုဘ၀တြင္ သူ႔အား သတ္ရန္ ၾကိဳးပမ္းမႈ မေအာင္ျမင္ေတာ့ပါ။ ထို႕ေၾကာင့္ ေနာက္ဘ၀မ်ားတြင္သာ လက္စားေခ်ရန္ ၾကိဳးပမ္းပါေတာ့မည္။ ဒြတၱေပါင္မင္းကို ကၽြႏ္ုပ္လက္ျဖင့္ လက္စားမေခ်ရေသးမျခင္း သေရေခတၱရာျပည္အနီးရွိ ေပပင္ငယ္ တို႔သည္ ယခုအရြယ္မွ ဆက္လက္ၾကီးထြားျခင္း မရွိဘဲ ရပ္တန္႔ေနပါေစ”ထို႕ေနာက္တြင္မူ လက္ထဲမွ ေဖ်ာ္ရည္ခြက္ကို ေမာ့ကာ ကံေတာ္ကုန္ေလသည္။
(မူကြဲတြင္ ဒြတၱေပါင္မင္းႀကီးသည္ ဘုန္းကံနိမ့္ပါးသြားေသာ္လဲ ပန္ထြာမိဖုရားအား ခ်စ္ျမတ္ႏိုးလွသျဖင့္ အျပစ္မယူသည္ကုိ မင္းႀကီး၏ ေမာင္းမမိဖုရားမ်ားက မေက်မနပ္ျဖစ္ကာ အဆိပ္ခတ္ထားေသာ ၀က္ေျမစာဥကို ပန္ထြာမိဖုရားအား ဆက္သၾကရာမွ မိဖုရား အဆိပ္မိကာ နတ္ရြာစံသည္။ ေသအံ့ဆဲ အခ်ိန္တြင္မွ က်ိန္စာစကားဆိုခဲ့သည္ ဟု ဆိုၾကသည္။)
ဒြတၱေပါင္မင္းၾကီးလည္း ဘုန္းကံနိမ့္ပါးရသည့္အျပင္ ခ်စ္စြာေသာ မိဖုရား၏အမုန္းက်ိန္စာကိုပါ ၾကားရသည္တြင္ မ်ားစြာ ေၾကကြဲေတာ္မူသည္။ပန္ထြာဧကရီသည္ ဒြတၱေပါင္မင္းၾကီးကို လက္စားေခ်ရန္ အခြင့္ရေသးဟန္မတူေခ်။
အဘယ့္ေၾကာင့္ဆိုေသာ္ သေရေခတၱရာျမိဳ႕အနီးမွ ေပပင္ငယ္တို႔သည္ ယေန႔ထက္တိုင္ အပင္ငယ္မ်ား အျဖစ္မွ ဆက္လက္ၾကီးထြားျခင္းမရွိဘဲ ရပ္တည္လ်က္ရွိေသးသည္ ဆို၏။ အမုန္းကိ်န္စာကား အံ့ဖြယ္ပင္။
ရာဇ၀င္ထဲက ပန္ထြာဘုရင္မကို သတိရမိလို႕ ဒီပို႔စ္ကို ေရးျခင္းျဖစ္ပါတယ္။ သိျပီးသား အေၾကာင္းအရာဆိုရင္လည္း အခုလို အခ်ိန္ေပးဖတ္ရႈတာ ေက်းဇူးတင္ပါတယ္။
နီ ဇူ လိုင္ / #မွီျငမ္း – ေဒါက္တာႏိုင္ပန္းလွ ရာဇဓိရာဇ္ အေရးေတာ္ပံုက်မ္း / Thura Aung
#Unicode Version#
တကယ်တော့ မြန်မာ့ရာဇဝင်ထဲမှာ အမျိုးသားတွေပဲ ရာနှုန်းပြည့် နေရာယူထားခဲ့တာ မဟုတ်ပါဘူး။ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
သူတို့ထဲကမှ မြန်မာ့သမိုင်းရဲ့ အစောပိုင်းကာလ ဖြစ်တဲ့ ပျုခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဗိဿနိုးဘုရင်မ ပန်ထွာဧကရီ ဆိုတဲ့ အမျိုးသမီးပဒေသရာဇ် ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်..။
သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ်ချုပ်နေခဲ့သည်။ ရာဇဝင်ကျမ်းများအရ “ပြည်” ဟုသုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါသည်။
ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။
တကောင်းမင်းကြီးက မျက်မမြင်သမ္ဘဝညီနောင်ကို ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘဝညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘဝကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။
စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။
ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ပန်ထွာဘုရင်မမှာ အတိတ်ဘဝက ဗိဿနိုးနတ်မင်း၏ နှမ တော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။
မို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။ နတ်နန်း အနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေးဖူးပွင့်ကြသည် ဟုဆိုသည်။ဘုရင်မသည် မြို့အနီးရှိ ရန်ပယ် ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။
စီမံပုံမှာ ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။
တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှ တစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။
ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်လာခဲ့သည်။
သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့် ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲဖြစ်ကုန်ကြသည်။
ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။
သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်းရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ဝင်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန်ကြိုးစားခဲ့သည်။သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။
ပစ္စည်းပျောက်သူက သူလျှိုရသေ့ကိုမေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။
ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ ၎င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုးထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။
ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိ စည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက် ထွက်ပြေးသွားခဲ့သည်။
ထို့ကြောင့် ပန်ထွာဘုရင်မ မှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက်မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရသေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။
ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ် မှာပင် မြို့ရိုးတံခါးများပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။ ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။
စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။ မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။
ဗိဿနိုးသားတို့၏သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိသည်။ ” သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့စေတနာ၊ ကျွန်ုပ်ရဲ့မေတ္တာ တွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။”
ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ်လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။
ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။
သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန်ထွာဘုရင်မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တဆိတ် စီစဉ်ခဲ့သည်။
သို့ရာတွင် အတွင်းလူများက မင်းကြီးသည် ဘုန်းကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။
ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ (အချို့က သုဿန်မှ အဝတ်)ဟု ဆိုကြသည်။ ကိုဖြတ်ကာ မျက်နှာသုတ်ပဝါ အဖြစ် ဆက်သပြီး ထို့နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။
ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသော မျက်နှာသုတ်ပဝါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ ဓါးများ အရောင်မထွက်တော့ခြင်း တို့ ကြုံတွေ့ခဲ့ရသည်။ မင်းကြီး ဘုန်းနိမ့်သွားချေပြီ။
တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ မင်းကြီးသည် သူမ၏လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။
ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက် ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်။” ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူဖြစ်ပါသည်။ ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။
ယခုဘဝတွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။ ထို့ကြောင့် နောက်ဘဝများတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက်စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ် တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါစေ”ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။
(မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ဝက်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။ သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည် ဟု ဆိုကြသည်။)
ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။
အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက်တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည် ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။
ရာဇဝင်ထဲက ပန်ထွာဘုရင်မကို သတိရမိလို့ ဒီပို့စ်ကို ရေးခြင်းဖြစ်ပါတယ်။ သိပြီးသား အကြောင်းအရာဆိုရင်လည်း အခုလို အချိန်ပေးဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။
နီ ဇူ လိုင် / #မှီငြမ်း – ဒေါက်တာနိုင်ပန်းလှ ရာဇဓိရာဇ် အရေးတော်ပုံကျမ်း / Thura Aung















