Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 14, 2019

အပူေလာင္တဲ့အခါ,,,, သြားတိုက္ေဆး လိမ္းျခင္းကဲ့သို႔ ,,,အိမ္တြင္း ေဆးနည္းမ်ားက ,,,အလြန္အႏၲရာယ္မ်ားႏိုင္

အပူေလာင္တဲ့အခါ သြားတိုက္ေဆး လိမ္းျခင္းကဲ့သို႔ အိမ္တြင္း ေဆးနည္းမ်ားက အလြန္အႏၲရာယ္မ်ားႏိုင္”

တစ္ခုခု ထိမိ ခိုက္မိၿပီဆိုရင္ အလြယ္တကူ ကုသႏိုင္မယ့္ အိမ္တြင္း ေဆးနည္းေတြက အမ်ားႀကီး ရွိပါတယ္ ။ အိမ္တြင္း ေဆးနည္းေတြအတိုင္း လိုက္လုပ္တာဟာ တစ္ခါတေလမွာ မေကာင္းပါဘူး ။

ေနာက္ဆက္တြဲ အေနနဲ႔ အႏၲရာယ္အမ်ားႀကီး ရွိလာႏိုင္ပါတယ္ ။ မၾကာခင္ကပဲ မေလးရွားႏိုင္က ဆရာဝန္ Dr Kamarul Ariffinက အပူေလာင္ရင္ အိမ္မွာဘာလုပ္သင့္လဲ ဆိုတဲ့အေၾကာင္း Twitter မွာ တင္ခဲ့ပါတယ္

အိမ္မွာ အပူေလာင္ရင္ သြားတိုက္ေဆး ၊ ၾကက္ဥ ၊ ၾကာညိဳ႕ ၊ ဂ်ဳံစတာေတြ လိမ္းဖို႔ အိမ္သူ အိမ္သားေတြက ျဖစ္ျဖစ္ ၊ အိမ္နီးနားခ်င္းေတြကပဲ ျဖစ္ျဖစ္ အႀကံ ေပးတတ္ၾကပါတယ္ ။

ဒါေပမယ့္ ဒီလိုနည္းလမ္းေတြက အႏၲရာယ္မ်ားေၾကာင္း Dr Kamarul က သတိေပးထားပါတယ္။ လူတစ္ေယာက္က လက္မွာ ဆပူေလာင္ၿပီး သြားတိုက္ေဆးေတြကို အပူေလာင္တဲ့ေနရာမွာ လိမ္းခဲ့ပါတယ္ ။



ကံမေကာင္းခ်င္ေတာ့ လက္က ႐ုပ္ပ်က္ဆင္းပ်က္ ေရာင္ကိုင္းလာခဲ့ပါတယ္ ။ အဲဒီဓာတ္ပုံကို Dr Kamarul က Twitter မွာတင္ခဲ့ပါတယ္

အိမ္တြင္း ေဆးနည္းေတြ သုံးျခင္းက ဆိုးဝါးတဲ့ ေရာင္ရမ္းမႈေတြကို ျဖစ္ေစၿပီစ ေရာဂါပိုးေတြလည္း ဝင္ႏိုင္တယ္လို႔ Dr Kamarulက ေျပာပါတယ္ ။ အပူေလာင္ျခင္းကို အဆင့္သုံးဆင့္ခြဲ ႏိုင္ပါတယ္ ။

ပထမ အဆင့္မွာဆိုရင္ နာက်င္ျခင္း ၊ နီရဲျခင္းေတြ ျဖစ္ၿပီး ရည္ၾကည္ဖုမထပါဘူး ။ ဒုတိယအဆင့္မွာ ရည္ၾကည္ဖုထျခင္း ၊ နာက်င္ျခင္း ၊ နီရဲလာျခင္းေတြ ျဖစ္ပါတယ္ ။



တတိယအဆင့္မွာ အေရျပားက အျဖဴေရာင္ ေျပာင္းသြားၿပီး သားေရလို မာၾကမ္းပ်ဥ္းတြဲလာပါတယ္ ။ တတိယအဆင့္ ေရာက္တဲ့အခါ နာဗ္ေၾကာေတြက ပ်က္ဆီးသြားလို႔ နာက်င္မႈကို မခံရေတာ့ပါဘူး ။

အိမ္တြင္းျဖစ္ ေဆးနဲ႔ ကုသတာက ပိုၿပီး အႏၲရာယ္ မ်ားပါတယ္

အပူေလာင္ၿပီဆိုရင္

1. စိတ္ကို ၿငိမ္ၿငိမ္ထားပါ ။

2. အပူေလာင္တဲ့ ေနရာမွာ လက္ဝတ္တန္ဆာေတြ ၊ အဝတ္အစားေတြရွိရင္ ခြၽတ္ပစ္လိုက္ပါ ။

3. အပူေလာင္တဲ့ ေနရာကို ႐ိုး႐ိုးေရနဲ႔ 10 မိနစ္ ၊ မိနစ္ 20 ေလာက္ ကပ္ထားေပးပါ ။ အဲဒီအခါ ေရၾကည္ဖု မထေတာ့ပါဘူး ။ ေရခဲေတြ ၊ ေရခဲေရေတြ ကပ္ျခင္းက အနာေပ်ာက္ဖို႔ ၾကန႔္ၾကာေစလို႔ မသုံးသင့္ပါဘူး ။



4. ေရၾကည္ဖု ျဖစ္လာရင္ ဒီတိုင္းပဲထားၿပီး ေပါက္သြားတဲ့ အခ်ိန္ကို ေစာင့္ၾကည့္ပါ ။ ေရၾကည္ဖုကို သြား မေဖာက္လိုက္ပါနဲ႔ ။ အပူေလာင္တဲ့ ေနရာကို သန႔္စင္တဲ့ ပတ္တီးနဲ႔ စည္းထားပါ ။

ဒီနည္းလမ္းေတြက လုပ္ရ လြယ္ကူပါတယ္ ။ အဆင့္ႏွစ္နဲ႔ အဆင့္သုံးလို ျပင္းထန္တဲ့ အပူေလာင္ျခင္းမ်ိဳး ျဖစ္ရင္ အနီးဆုံး ေဆးခန္းကို ျမန္ျမန္သြားျပဖို႔ Dr Kamarul က အႀကံေပးပါတယ္ ။

အပူေလာင္တဲ့ ဒဏ္ရာက လက္ဖဝါးထက္ ႀကီးလာရင္ ၊ မ်က္ႏွာေပၚမွာ အပူေလာင္ရင္ ဆရာဝန္ဆီ ျမန္ျမန္ သြားသင့္ပါတယ္ ။ ပထမအဆင့္ အပူေလာင္ရင္ ရွားေစာင္းလက္ပတ္ ဂ်ယ္ကို သုံးႏိုင္တယ္လို႔ Dr Kamarul က ေျပာျပပါတယ္ ။

Zombie ( Love အတိုစေလးမ်ား )

Unicode Version
“အပူလောင်တဲ့အခါ သွားတိုက်ဆေး လိမ်းခြင်းကဲ့သို့ အိမ်တွင်း ဆေးနည်းများက အလွန်အန္တရာယ်များနိုင်”

တစ်ခုခု ထိမိ ခိုက်မိပြီဆိုရင် အလွယ်တကူ ကုသနိုင်မယ့် အိမ်တွင်း ဆေးနည်းတွေက အများကြီး ရှိပါတယ် ။ အိမ်တွင်း ဆေးနည်းတွေအတိုင်း လိုက်လုပ်တာဟာ တစ်ခါတလေမှာ မကောင်းပါဘူး ။

နောက်ဆက်တွဲ အနေနဲ့ အန္တရာယ်အများကြီး ရှိလာနိုင်ပါတယ် ။ မကြာခင်ကပဲ မလေးရှားနိုင်က ဆရာဝန် Dr Kamarul Ariffinက အပူလောင်ရင် အိမ်မှာဘာလုပ်သင့်လဲ ဆိုတဲ့အကြောင်း Twitter မှာ တင်ခဲ့ပါတယ်

အိမ်မှာ အပူလောင်ရင် သွားတိုက်ဆေး ၊ ကြက်ဥ ၊ ကြာညို့ ၊ ဂျုံစတာတွေ လိမ်းဖို့ အိမ်သူ အိမ်သားတွေက ဖြစ်ဖြစ် ၊ အိမ်နီးနားချင်းတွေကပဲ ဖြစ်ဖြစ် အကြံ ပေးတတ်ကြပါတယ် ။

ဒါပေမယ့် ဒီလိုနည်းလမ်းတွေက အန္တရာယ်များကြောင်း Dr Kamarul က သတိပေးထားပါတယ်။ လူတစ်ယောက်က လက်မှာ ဆပူလောင်ပြီး သွားတိုက်ဆေးတွေကို အပူလောင်တဲ့နေရာမှာ လိမ်းခဲ့ပါတယ် ။



ကံမကောင်းချင်တော့ လက်က ရုပ်ပျက်ဆင်းပျက် ရောင်ကိုင်းလာခဲ့ပါတယ် ။ အဲဒီဓာတ်ပုံကို Dr Kamarul က Twitter မှာတင်ခဲ့ပါတယ်

အိမ်တွင်း ဆေးနည်းတွေ သုံးခြင်းက ဆိုးဝါးတဲ့ ရောင်ရမ်းမှုတွေကို ဖြစ်စေပြီစ ရောဂါပိုးတွေလည်း ဝင်နိုင်တယ်လို့ Dr Kamarulက ပြောပါတယ် ။ အပူလောင်ခြင်းကို အဆင့်သုံးဆင့်ခွဲ နိုင်ပါတယ် ။

ပထမ အဆင့်မှာဆိုရင် နာကျင်ခြင်း ၊ နီရဲခြင်းတွေ ဖြစ်ပြီး ရည်ကြည်ဖုမထပါဘူး ။ ဒုတိယအဆင့်မှာ ရည်ကြည်ဖုထခြင်း ၊ နာကျင်ခြင်း ၊ နီရဲလာခြင်းတွေ ဖြစ်ပါတယ် ။



တတိယအဆင့်မှာ အရေပြားက အဖြူရောင် ပြောင်းသွားပြီး သားရေလို မာကြမ်းပျဉ်းတွဲလာပါတယ် ။ တတိယအဆင့် ရောက်တဲ့အခါ နာဗ်ကြောတွေက ပျက်ဆီးသွားလို့ နာကျင်မှုကို မခံရတော့ပါဘူး ။

အိမ်တွင်းဖြစ် ဆေးနဲ့ ကုသတာက ပိုပြီး အန္တရာယ် များပါတယ်

အပူလောင်ပြီဆိုရင်

1. စိတ်ကို ငြိမ်ငြိမ်ထားပါ ။

2. အပူလောင်တဲ့ နေရာမှာ လက်ဝတ်တန်ဆာတွေ ၊ အဝတ်အစားတွေရှိရင် ချွတ်ပစ်လိုက်ပါ ။

3. အပူလောင်တဲ့ နေရာကို ရိုးရိုးရေနဲ့ 10 မိနစ် ၊ မိနစ် 20 လောက် ကပ်ထားပေးပါ ။ အဲဒီအခါ ရေကြည်ဖု မထတော့ပါဘူး ။ ရေခဲတွေ ၊ ရေခဲရေတွေ ကပ်ခြင်းက အနာပျောက်ဖို့ ကြန့်ကြာစေလို့ မသုံးသင့်ပါဘူး ။



4. ရေကြည်ဖု ဖြစ်လာရင် ဒီတိုင်းပဲထားပြီး ပေါက်သွားတဲ့ အချိန်ကို စောင့်ကြည့်ပါ ။ ရေကြည်ဖုကို သွား မဖောက်လိုက်ပါနဲ့ ။ အပူလောင်တဲ့ နေရာကို သန့်စင်တဲ့ ပတ်တီးနဲ့ စည်းထားပါ ။

ဒီနည်းလမ်းတွေက လုပ်ရ လွယ်ကူပါတယ် ။ အဆင့်နှစ်နဲ့ အဆင့်သုံးလို ပြင်းထန်တဲ့ အပူလောင်ခြင်းမျိုး ဖြစ်ရင် အနီးဆုံး ဆေးခန်းကို မြန်မြန်သွားပြဖို့ Dr Kamarul က အကြံပေးပါတယ် ။

အပူလောင်တဲ့ ဒဏ်ရာက လက်ဖဝါးထက် ကြီးလာရင် ၊ မျက်နှာပေါ်မှာ အပူလောင်ရင် ဆရာဝန်ဆီ မြန်မြန် သွားသင့်ပါတယ် ။ ပထမအဆင့် အပူလောင်ရင် ရှားစောင်းလက်ပတ် ဂျယ်ကို သုံးနိုင်တယ်လို့ Dr Kamarul က ပြောပြပါတယ် ။

Zombie ( Love အတိုစလေးများ )

No comments:

Post a Comment