Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 22, 2019

ေငြေခ်းျခင္း ႏွင့္ သတိျပဳရေတာ့မည့္ ၂၀၁၉ ခုႏွစ္ ေလာင္းကစားဥပေဒအသစ္


၂၀၁၉ ခုႏွစ္ ေမလ ၇ ရက္ေန့မွာ ေလာင္းကစား ဥပေဒ ကို အသစ္ ျပဌာန္းလိုက္တာ အားလံုးသိျပီးျဖစ္ပါလိမ့္မယ္ ။
အဆိုပါ ဥပေဒမွာ စိတ္ဝင္စားစရာအခ်က္ေတြ အမ်ားျကီး ပါလာပါတယ္ ။

နံပါတ္ (၁) အခ်က္ကေတာ့
ပုဒ္မ ၄ (က) ႏွင့္ ၆ (က) မွာ ရပ္ကြက္(သို့မဟုတ္) ေက်းရႊာအုပ္စု အုပ္ခ်ဳပ္ေရးမႈးက ေလာင္းကစားေနသူ (သို့မဟုတ္) ေလာင္းကစားအိမ္ကို
ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ ရွိသည္ ဆိုသည့္အခ်က္ျဖစ္ပါတယ္။ဒီအခ်က္အရဆိုလ်င္ ေလာင္းကစားေနသူမ်ား အေနျဖင့္ ယခင္ကဆိုလ်င္ ရပ္ကြက္ထဲ
ရႊာထဲ ရဲလာမွသာ သတိထားရမည့္အေနအထားမဟုတ္ေတာ့ဘဲ မိမိတို့ရဲ႕အုပ္ခ်ဳပ္ေရးမႈးကပင္ ဖမ္းဆီးခြင့္ရွိေနျပီဆိုတာ သတိျပဳရေတာ့ မွာ ျဖစ္ပါတယ္ ။

ေလာင္းကစားမႈ႕အတြက္ ေနရာ က်ဥ္းေျမာင္းသြားပီဆိုတာ သတိျပဳေစလိုပါတယ္။

နံပါတ္ (၂) အခ်က္ကေတာ့
အဆိုပါဥပေဒရဲ႕ ပုဒ္မ (၂၅) မွာ ေလာင္းကစားမႈ႕ မွ သိမ္းဆည္းရမိေငြ နဲ႕ ဖမ္းမိသည့္ ေလာင္းကစား ပစၥည္း ေရာင္းရေငြ အနက္မွ သတင္းေပးသူကို ၁၀ % နဲ႕
ဖမ္းဆီး ရာတြင္ပါဝင္သူကို ၂၀ % ဆုခ်ီးျမင့္မည္ ဆိုသည့္ အခ်က္ျဖစ္ပါတယ္။ဒီအခ်က္အရ ဆိုလ်င္ ေလာင္းကစားဝိုင္း ရွိေျကာင္း သတင္းေပးလိုက္ယံုျဖင့္
သတင္းေပးသူသည္ အဆိုပါ ေလာင္းကစားဝိုင္းအမႈ႕ ႏွင့္ ဆက္စပ္ေသာ ေငြ ႏွင့္ ပစၥည္း ကို ျပည္သူ့ဘ႑ာအျဖစ္ အမိန့္ခ်မွတ္သည့္ အခါတြင္ ေလာင္းကစား

ေငြႏွင့္ ပစၥည္းေရာင္းရေငြ အနက္မွ ၁၀ % ကို ဆုေငြ အျဖစ္ ရရွိမွာ ျဖစ္ပါတယ္ ။ဒီေတာ့ ဥပမာအေနျဖင့္ ေလာင္းကစားေငြ နဲ႕
ေလာင္းကစားသည့္ပစၥည္းရဲ႕ တန္ဖိုးသည္ သိန္း ၁၀၀ ဆိုပါက သတင္းေပးသူအေနျဖင့္ ၁၀ သိန္း ရရွိမွာျဖစ္ပါတယ္။ ယေန့ေခတ္အေနအထားအရ

လူတိုင္း လက္ကိုင္ဖုန္း မ်ား ကိုင္ႏိုင္သည္ျဖစ္၍သတင္းေပးသူအေနျဖင့္ လူကိုယ္ တိုင္ ရဲစခန္းသို့သြားေရာက္ရန္ မလိုပဲ ဖုန္းျဖင့္ ဆက္သြယ္

သတင္းေပးႏိုင္သည္ျဖစ္၍ ေလာင္းကစားျပဳလုပ္မည့္သူမ်ား အေနျဖင့္ အခ်ိန္မေရႊးဖမ္းဆီးခံရႏိုင္ သည္ကို သတိျပဳရန္လို ပါလိမ့္မည္။
( ေလာင္းကစားပုဒ္မ ၇ (ခ) (၁) တြင္သတင္း ေပးသူကို လ်ိဳ႕ဝွက္ထားရန္ ျပဌာန္းထားသည္ျဖစ္၍ သတင္ း ေပးသူ အား အလြယ္တကူမသိရွိႏိုင္ပါ)

ထို့ျပင္ ဖမ္းဆီးရာတြင္ပါဝင္သူကို ၂၀ % ဆု ခ်ီး ျမင့္မည္ဟု ျပဌာန္းထားသည့္အတြက္ ဖမ္းဆီးရာတြင္ ပါဝင္ သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား ။ အုပ္ခ်ဳပ္ေရးမႈးမ်ား ။
အသိသက္ေသ မ်ားသည္လည္း ယခင္ကဲ႕သို့ အခမဲဲ့ လူမုန္းခံဘဝမွ ဆုေငြရရွိလာေပေတာ့မည္။၂၀ % ျဖစ္၍ သိန္း ၁၀၀ တန္ေလာင္း
ကစားမႈ႕ကို ဖမ္းႏိုင္လ်င္ ၂၀ % ကို ခြဲေဝရွိေတာ့မည္ ျဖစ္ သည့္အတြက္ ယခင္ကလို မျမင္ခ်င္ေယာင္ ေဆာင္ေတာ့ မည္ မဟုတ္သည္ကို ေလာင္းကစားသူမ်ား အေနျဖင့္ သိရွိထားရန္လိုပါသည္။

နံပါတ္ (၃) အခ်က္ကေတာ့
ယေန့တင္ျပသည့္ ပိုစ့္၏ ေခါင္းစဥ္ပါ အေျကာင္း အရာျဖစ္ပါသည္ ။ေလာင္းကစားဥပေဒပုဒ္မ (၁၄) တြင္ “မည္သူမ် ေလာင္းကစားရန္ ေငြေခ်းျခင္း
သို့မဟုတ္ ေငြေျကးေထာက္ ပ့ံျခင္း မျပဳလုပ္ရ” ဆိုသည့္အခ်က္ ႏွင့္ ေလာင္းကစားဥပေဒပုဒ္မ (၂၀) (က) တြင္ ” ပုဒ္မ ၁၄ ပါ ျပဌာန္းခ်က္ကို

က်ဴးလြန္ေျကာင္း ျပစ္မႈ႕ထင္ရွား စီရင္ျခင္း ခံရလ်င္ ထိုသူကို အနည္းဆံုး ၁ ႏွစ္မွ ၃ ႏွစ္ထိေထာင္ဒဏ္ ခ်မွတ္ရမည့္အျပင္ အနည္းဆံုး က်ပ္ ၁ သိန္း မွအမ်ားဆံုး က်ပ္ ၅ သိန္းအထိ ေငြဒဏ္ခ်မွတ္ႏိုင္သည္ ။ျပစ္မႈ႕ ႏွင့္ အက် ဳံုးဝင္ေသာ ေငြကို ျပည္သူ့ဘ႑ာအျဖစ္ သိမ္းဆည္း ျခင္းခံရမည္ ” ဟု ျပဌာန္းထားပါသည္။

ထို့ေျကာင့္ ေငြရွင္ အေနျဖင့္ ေငြေခ်းမည္ဆိုပါက ေငြလာေခ်းသူ သည္ မည္သည့္အတြက္ေငြေခ်းျခင္းျဖစ္ သည္ကို တိတိက်က် စံုစမ္းရမည္ျဖစ္သည္ ။

သမာအာဇီဝလုပ္ငန္း လုပ္ကိုင္ရန္ အတြက္မဟုတ္ဘဲ ေလာင္းကစားျပဳလုပ္ရန္အတြက္ ေငြေခ်းသည္ ကို ေငြရွင္အေနျဖင့္ သိသိလ်က္ ႏွင့္ ေခ်းငွားမိပါက

ပုဒ္မ ၁၄ ကို က်ဴးလြန္ရာေရာက္ပါသည္ ။အက်ိဳးဆက္အေနျဖင့္ ပုဒ္မ ၁၄ ကို က်ဴးလြန္သည့္အတြက္ ပုဒ္မ ၂၀ အရ ေငြေခ်းငွားေပးသူ ေငြရွင္သည္

ေထာင္ ဒဏ္ ၁ ႏွစ္မွ ၃ ႏွစ္ထိအျပင္ ေငြဒဏ္ ၁ သိန္း မွ ၅ သိန္း ထိ ခ်မွတ္ခံရႏိုင္ပါသည္ ။ ကိုယ့္ရႈးကိုယ္ပတ္ ဆိုသည့္ အတိုင္း ျဖစ္သြားပါမည္ ။

ကိုယ့္ေငြနဲ႕ကိုယ္ ေထာင္နန္းစံရႏိုင္သည္ကို ေငြေခ်းငွားမည့္ ေငြရွင္မ်ား သတိျကီးစြာထားရန္လို ပါသည္ ။ ထို့ျပင္ အဆိုပါပုဒ္မ ၂၀ တြင္ ေငြကို ျပည္ သူ႔ဘ႑ာ အျဖစ္

သိမ္းဆည္းသြားမည္ျဖစ္သျဖင့္ ျပန္ရႏိုင္ရန္မရွိေတာ့သည္ကိုလည္း ထပ္မံသိထားသင့္ပါသည္ ။သို့ျဖစ္ပါ၍ အတိုးရသည္ကို မမက္ေမာဘဲ

ေလာင္းကစားဥပေဒသစ္ကို သတိျပဳရန္ လိုပါေျကာင္း အသိေပး သတိေပးတင္ျပလိုက္ပါသည္။
စာခ်ဳပ္ေရွ႔ေန ( U Aung Zay Ya)

Unicode Version

၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာ လောင်းကစား ဥပဒေ ကို အသစ် ပြဌာန်းလိုက်တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ် ။

အဆိုပါ ဥပဒေမှာ စိတ်ဝင်စားစရာအချက်တွေ အများကြီး ပါလာပါတယ် ။

နံပါတ် (၁) အချက်ကတော့

ပုဒ်မ ၄ (က) နှင့် ၆ (က) မှာ ရပ်ကွက်(သို့မဟုတ်) ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှုးက လောင်းကစားနေသူ (သို့မဟုတ်) လောင်းကစားအိမ်ကို

ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည် ဆိုသည့်အချက်ဖြစ်ပါတယ်။ဒီအချက်အရဆိုလျင် လောင်းကစားနေသူများ အနေဖြင့် ယခင်ကဆိုလျင် ရပ်ကွက်ထဲ

ရွှာထဲ ရဲလာမှသာ သတိထားရမည့်အနေအထားမဟုတ်တော့ဘဲ မိမိတို့ရဲ့အုပ်ချုပ်ရေးမှုးကပင် ဖမ်းဆီးခွင့်ရှိနေပြီဆိုတာ သတိပြုရတော့ မှာ ဖြစ်ပါတယ် ။

လောင်းကစားမှု့အတွက် နေရာ ကျဉ်းမြောင်းသွားပီဆိုတာ သတိပြုစေလိုပါတယ်။

နံပါတ် (၂) အချက်ကတော့



အဆိုပါဥပဒေရဲ့ ပုဒ်မ (၂၅) မှာ လောင်းကစားမှု့ မှ သိမ်းဆည်းရမိငွေ နဲ့ ဖမ်းမိသည့် လောင်းကစား ပစ္စည်း ရောင်းရငွေ အနက်မှ သတင်းပေးသူကို ၁၀ % နဲ့

ဖမ်းဆီး ရာတွင်ပါဝင်သူကို ၂၀ % ဆုချီးမြင့်မည် ဆိုသည့် အချက်ဖြစ်ပါတယ်။ဒီအချက်အရ ဆိုလျင် လောင်းကစားဝိုင်း ရှိကြောင်း သတင်းပေးလိုက်ယုံဖြင့်

သတင်းပေးသူသည် အဆိုပါ လောင်းကစားဝိုင်းအမှု့ နှင့် ဆက်စပ်သော ငွေ နှင့် ပစ္စည်း ကို ပြည်သူ့ဘဏ္ဍာအဖြစ် အမိန့်ချမှတ်သည့် အခါတွင် လောင်းကစား

ငွေနှင့် ပစ္စည်းရောင်းရငွေ အနက်မှ ၁၀ % ကို ဆုငွေ အဖြစ် ရရှိမှာ ဖြစ်ပါတယ် ။ဒီတော့ ဥပမာအနေဖြင့် လောင်းကစားငွေ နဲ့

လောင်းကစားသည့်ပစ္စည်းရဲ့ တန်ဖိုးသည် သိန်း ၁၀၀ ဆိုပါက သတင်းပေးသူအနေဖြင့် ၁၀ သိန်း ရရှိမှာဖြစ်ပါတယ်။ ယနေ့ခေတ်အနေအထားအရ

လူတိုင်း လက်ကိုင်ဖုန်း များ ကိုင်နိုင်သည်ဖြစ်၍သတင်းပေးသူအနေဖြင့် လူကိုယ် တိုင် ရဲစခန်းသို့သွားရောက်ရန် မလိုပဲ ဖုန်းဖြင့် ဆက်သွယ်

သတင်းပေးနိုင်သည်ဖြစ်၍ လောင်းကစားပြုလုပ်မည့်သူများ အနေဖြင့် အချိန်မရွှေးဖမ်းဆီးခံရနိုင် သည်ကို သတိပြုရန်လို ပါလိမ့်မည်။

( လောင်းကစားပုဒ်မ ၇ (ခ) (၁) တွင်သတင်း ပေးသူကို လျို့ဝှက်ထားရန် ပြဌာန်းထားသည်ဖြစ်၍ သတင် း ပေးသူ အား အလွယ်တကူမသိရှိနိုင်ပါ)

ထို့ပြင် ဖမ်းဆီးရာတွင်ပါဝင်သူကို ၂၀ % ဆု ချီး မြင့်မည်ဟု ပြဌာန်းထားသည့်အတွက် ဖမ်းဆီးရာတွင် ပါဝင် သည့် ရဲတပ်ဖွဲ့ဝင်များ ။ အုပ်ချုပ်ရေးမှုးများ ။

အသိသက်သေ များသည်လည်း ယခင်ကဲ့သို့ အခမဲ့ လူမုန်းခံဘဝမှ ဆုငွေရရှိလာပေတော့မည်။၂၀ % ဖြစ်၍ သိန်း ၁၀၀ တန်လောင်း



ကစားမှု့ကို ဖမ်းနိုင်လျင် ၂၀ % ကို ခွဲဝေရှိတော့မည် ဖြစ် သည့်အတွက် ယခင်ကလို မမြင်ချင်ယောင် ဆောင်တော့ မည် မဟုတ်သည်ကို လောင်းကစားသူများ အနေဖြင့် သိရှိထားရန်လိုပါသည်။

နံပါတ် (၃) အချက်ကတော့

ယနေ့တင်ပြသည့် ပိုစ့်၏ ခေါင်းစဉ်ပါ အကြောင်း အရာဖြစ်ပါသည် ။လောင်းကစားဥပဒေပုဒ်မ (၁၄) တွင် “မည်သူမျ လောင်းကစားရန် ငွေချေးခြင်း

သို့မဟုတ် ငွေကြေးထောက် ပံ့ခြင်း မပြုလုပ်ရ” ဆိုသည့်အချက် နှင့် လောင်းကစားဥပဒေပုဒ်မ (၂၀) (က) တွင် ” ပုဒ်မ ၁၄ ပါ ပြဌာန်းချက်ကို

ကျူးလွန်ကြောင်း ပြစ်မှု့ထင်ရှား စီရင်ခြင်း ခံရလျင် ထိုသူကို အနည်းဆုံး ၁ နှစ်မှ ၃ နှစ်ထိထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁ သိန်း မှ

အများဆုံး ကျပ် ၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည် ။ပြစ်မှု့ နှင့် အကျ ုံးဝင်သော ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းခံရမည် ” ဟု ပြဌာန်းထားပါသည်။

ထို့ကြောင့် ငွေရှင် အနေဖြင့် ငွေချေးမည်ဆိုပါက ငွေလာချေးသူ သည် မည်သည့်အတွက်ငွေချေးခြင်းဖြစ် သည်ကို တိတိကျကျ စုံစမ်းရမည်ဖြစ်သည် ။

သမာအာဇီဝလုပ်ငန်း လုပ်ကိုင်ရန် အတွက်မဟုတ်ဘဲ လောင်းကစားပြုလုပ်ရန်အတွက် ငွေချေးသည် ကို ငွေရှင်အနေဖြင့် သိသိလျက် နှင့် ချေးငှားမိပါက

ပုဒ်မ ၁၄ ကို ကျူးလွန်ရာရောက်ပါသည် ။အကျိုးဆက်အနေဖြင့် ပုဒ်မ ၁၄ ကို ကျူးလွန်သည့်အတွက် ပုဒ်မ ၂၀ အရ ငွေချေးငှားပေးသူ ငွေရှင်သည်

ထောင် ဒဏ် ၁ နှစ်မှ ၃ နှစ်ထိအပြင် ငွေဒဏ် ၁ သိန်း မှ ၅ သိန်း ထိ ချမှတ်ခံရနိုင်ပါသည် ။ ကိုယ့်ရှုးကိုယ်ပတ် ဆိုသည့် အတိုင်း ဖြစ်သွားပါမည် ။

ကိုယ့်ငွေနဲ့ကိုယ် ထောင်နန်းစံရနိုင်သည်ကို ငွေချေးငှားမည့် ငွေရှင်များ သတိကြီးစွာထားရန်လို ပါသည် ။ ထို့ပြင် အဆိုပါပုဒ်မ ၂၀ တွင် ငွေကို ပြည် သူ့ဘဏ္ဍာ အဖြစ်

သိမ်းဆည်းသွားမည်ဖြစ်သဖြင့် ပြန်ရနိုင်ရန်မရှိတော့သည်ကိုလည်း ထပ်မံသိထားသင့်ပါသည် ။သို့ဖြစ်ပါ၍ အတိုးရသည်ကို မမက်မောဘဲ

လောင်းကစားဥပဒေသစ်ကို သတိပြုရန် လိုပါကြောင်း အသိပေး သတိပေးတင်ပြလိုက်ပါသည်။
စာချုပ်ရှေ့နေ ( U Aung Zay Ya)

No comments:

Post a Comment