Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

မတ္ေစာက္ေသာ ေခ်ာက္္ ေပ၁၇၀၀ ခန္္႕မွာေတြ႔ရေသာ မစိမ့္ထက္္ရဲ႔ အေပၚအက်ီၤကို ဆင္းယူခဲ႔သူရဲ႔ ေျပာျပခ်က္္


ဖန္ဂရန္္ ရာဇီ ေရခဲေတာင္ထိပ္ေပၚကေနမေတာ္တဆျပဳတ္က်ေပ်ာက္ဆံုးေနေသာ မစိမ့္ထက္အားရွာေဖြ ကယ္ဆယ္္ေရးအဖြဲ႕မွ ပထမအႀကိမ္ရွာေဖြခဲ့ျခင္းေပၚအင္တာဗ်ဴး

ေမ ၁၃ ရက္္

ၿပီးခဲ့တဲ့သၾကၤန္မတိုင္မိီ ဧၿပီလ ၁၂ ရက္ေန႕ကThe Summiter လို႕ေခၚတဲ့အေပ်ာ္တမ္းေျခလ်င္ေတာင္တက္္အဖြဲ႕ဟာလူအင္အား (၂၀) နဲ႔အတူ ကခ်င္ျပည္နယ္ေျမာက္ဖ်ား ပူတာအိုၿမိဳ႕နယ္ ဖန္ဂရန္ ရာဇီေရခဲေတာင္ထိပ္ကေနျပန္အဆင္းမွာ မနက္ ဝ၉:၃၀ ခ်ိန္ခန္႕မွာ မစိမ့္ထက္ဟာ မေတာ္တဆေျခေခ်ာ္က်ၿပီး ေပ်ာက္ဆံုးေနမႈဟာ ယခုဆိုလ်င္ (၁) လျပည့္ခဲ့ၿပီးျဖစ္ပါသည္ ၊ ေပ်ာက္ဆံုးမႈအၿပီး နယ္ေျမကၽြမ္းၾကသည့္ေဒသခံတိုင္းရင္းသားမ်ားကို ရွာေဖြကယ္ဆယ္ေရးဆပ္မေကာ္မတီအျဖစ္ဖြဲ႕စည္းသတ္မွတ္ေပးၿပီး ဧၿပီလ (၂၆) ရက္ေန႕မွစ၍ ပူတာအိုၿမိဳ႕မွစတင္ထြက္ခြာခဲ့ၾကၿပီး ဖန္ဂရန္ ရာဇီေရခဲေတာင္ထိပ္သို႕ အဖြဲ႕ဝင္ ( ၁၅ ) ဦးမွသြားေရာက္ရွာေဖြခဲ့ၾကသည့္အထဲမွ ရဝမ္တိုင္းရင္းသား ” ဆန္လုရမ္ဆိန္း ” ကို ကၽြန္ေတာ္မွဆက္သြယ္ေမးျမန္းခဲ့ပါသည္ .

ေမး
ေျဖ

မဂၤလာပါကိုဆန္လုရမ္ဆိန္းခင္ဗ်ာ ၊ ကၽြန္ေတာ္ကိုစည္သူေမာင္ပါဗ် ၊ ျပည္သူျပည္သားသတင္္းသမားတစ္ဦးပါ ၊ အကိုတို႕ေရခဲေတာင္ေပၚမွာၿပီးခဲ့တဲ့ တစ္လခန္ဲ႕ကေပ်ာက္ဆံုးသြားတဲ့ ” မစိမ့္ထက္ ” ကိုသြားေရာက္ရွာေဖြခဲ့ၾကတယ္လို႕လို႕သိရပါတယ္ ၊ ဘယ္ေန႕ကစၿပီးသြားေရာက္ခဲ့ၾကတာလဲ ? ၊ အဖြဲ႕ဝင္ဘယ္ႏွစ္ဦးနဲ႕ဘယ္လိုေတြရွာေဖြခဲ့ၾကတယ္ဆိုတာ ေက်းဇူးျပဳ၍ေျပာျပေပးပါလားဗ်ာ

ဟုတ္ကဲ့မဂၤလာပါဗ် ၊ ကၽြန္ေတာ္တို႕ၿပီးခဲ့တဲ့ ဧၿပီလ (၂၆) ရက္ေန႕ကပူတာၿမိဳ႕ကေန (၁၅) ေယာက္နဲဲ႕စထြက္ပါတယ္ ၊ ဖန္ဂရန္ရာဇီ ေတာင္ထိပ္ကို ေရာက္ဘို႕ေျခလ်င္ခရီး ၈ ရက္ၾကာပါတယ္ ၊ ရန္ကုန္ကေတာင္တက္အသင္း (၉) ေယာက္ပါပါတယ္ ၊ မစိမ့္ထက္တို႕သြားတုန္းက လမ္းျပအျဖစ္လိုက္သြားတဲ့ “ဆန္ေဂါင္ရြာ ” ကေဒသခံရဝမ္တိုင္းရင္းသား ” ဆင္ခ်န္းဇိန္ ကကၽြန္ေတာ္တို႕နဲ႕အတူျပန္လိုက္လာပါတယ္ ၊ သူကအတိအက်သိတယ္ ၊ မစိမ့္ထက္ဘယ္ေနရာက်သြားသလဲဆိုတာ သူတို႕ေျပာတဲ့အပိုင္းအစတစ္ခုေတြ႕တယ္ဆိုတာ ၊ ကၽြန္ေတာ္တို႕ေရာက္သြားခ်ိန္ အေပၚကေနလွမ္းၾကည့္တာမသဲကြဲဘူး ၊ ရာသီဥတုေၾကာင့္သဲသဲကြဲမသိရပါဘူး ၊ အျမင့္ေပအနက္ ၁၇၀၀/၁၈၀၀ ေလာက္ျမင့္တာဆိုေတာ့ ဘာမွန္မေသခ်ာဘူး



အဲ့ဲဒီေတာ့ အကိုတို႕အဖြဲ႕ဆင္းၾကည့္ၾကသလားဗ် ? ၊ ဘယ္သူေတြပါေသးသလဲ ?

အင္း …ကၽြန္ေတာ္တို႕ေခ်ာက္ကမ္းပါးေပၚကေနဆင္းတဲ့အဖြဲ႕က ဦးလန္ဝန္ထ္ိိန္ရယ္ ၊ ဆင္ခ်န္းဇိန္ရယ္ ကၽြန္ေတာ္ရယ္ပါ ႀကိဳးနဲ႕ဆင္းၾကည့္တယ္ ၊ က်န္တဲ့၃ ေယာက္ အေပၚကေနႀကိဳးေတြကိုေတာင့္ထားေပးပါရတယ္..

အကိုေျပာေတာ့ ၁၅ ေယာက္သြားၾကတယ္လို႕ေျပာေတာ့ က်န္တဲ့အဖြဲ႕ေတြက ဘယ္မွာက်န္ခဲ့သလဲဗ် ?

က်န္တဲ့အဖြဲ႕ေတြက ရန္ကုန္ေတာင္တက္အသင္းကလိို႕သိရတယ္ ၊ ေရခဲစပ္ေတာင္ေျခလာရင္းလမ္းမွာ ရာသီဥတုေဖာက္ျပန္ၿပီး ေခ်ာင္းေရႀကီးေတာ့ သူတို႕ကိုမကူးခိုင္းဘဲနဲ႕ေတာင္ေျခမွာဘဲထားခဲ့ရတယ္ ၊ နယ္ေျမကၽြမ္းက်င္တဲ့ကၽြန္ေတာ္တို႕ (၆)ေယာက္အဖြဲနဲ႕ဘဲတက္သြားၾကတာပါ

ဟုတ္ကဲ့ ေစာေစာကရွာေဖြခဲ့ပံုေလးျပန္ဆက္္ေပးပါဗ်

အဲ့ေတာ့ ..အဲ့ဒီေလာက္နက္တဲ့ေနရာကိုိကၽြန္ေတာ္တို႕ႀကိဳးေတြနဲ႕ဆင္းၾကည့္လိုက္ေတာ့ အေပၚက ပထမေတြ႕ၾကတဲ့အပိုင္းအစေတြကိုေတြ႕ခဲ့ပါတယ္ ၊ ဒါေပမယ့္လူခႏၶာ႐ုပ္အစိတ္အပိုင္းအစေတြမဟုတ္ဘဲနဲ႕ သူဝတ္ထားတဲ့အေပၚအက်ႋျဖစ္ေနတယ္ ၊ ဂ်ာကင္အက်ႋေပါ့ ၊ မိုးကာအက်ႍျဖစ္ေနတယ္ ၊ အဲ့ဒါနဲ႕ ၁၅ ေပအကြာမွာမ်က္မွန္အစုတ္တစ္လက္ထပ္ေတြ႕တယ္ ၊ က်န္တဲ့အသံုးအေဆာင္ေတြ အလွဆီဗူးေတြလည္း ေတြ႕ခဲ့ရတယ္ ။

ဟုတ္ကဲ့ အကို႕အေနနဲ႕မစိမ့္ထက္ဟာ ေနာက္ထပ္္ ဘယ္ေလာက္အနက္အထိေရာက္သြားႏိုင္သလဲ ? ၿပီးေတာ့ ဒီအဝတ္အစားေတြ ၊ အီေကြ႕မင့္ေတြကဘာလို႕ ကၽြတ္က်န္ခဲ့တာလဲဆိုတာ သံုးသပ္ေပးပါအံုး ၊ ၿပီးေတာ့ ဒီအပိုင္းအစေတြကို မစိမ့္ထက္တို႕ရဲ႕ေတာင္တက္အဖြဲ႕ကဘာ့ေၾကာင့္မရွာႏိုင္ၾကသလဲဗ် ?



ဟုတ္ကဲ့ကၽြန္ေတာ္တို႕ၾကားသိရသေလာက္ေတာ့ ေခါင္းေဆာင္ဟာႀကိဳးေတြကိုအလံုအေလာက္မယူလာၾကဘူးလို႕သိရပါတယ္ ၊ ၿပီးေတာ့ ေတာင္ထိပ္ကေနျပန္အဆင္းမွာ ဒီေလာက္အႏၲရာယ္ႀကီးလိမ့္မယ္လို႕ သူတို႕ထင္မထားၾကပံုရတယ္ဗ်..

ေျပာမယ္ဆိုရင္ေတာ့ ေခါင္းေဆာင္ရဲ႕ေပါ့ဆမႈလဲပါတာေပါ့ ၊ သူတို႕ကသူတို႕ကိုယ္သူတို႕ ယံုၾကည္မႈလြန္ကဲသြားတာပါ..

အဲ့လိုကေန မေတာ္တဆျဖစ္စဥ္မွာ အရွိန္နဲ႕ေခ်ာက္ထဲကိုေလွ်ာက်သြားတဲ့အခါ မျမင္ႏိုင္္တဲ့ ေက်ာက္ခၽြန္း ေက်ာက္ေဆာင္ငယ္ေတြနဲ႕တိုက္မိ ခ်ိတ္မိၿပီးဆြဲခၽြတ္မိသလိုမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္..

အက်ႍမွာေတာ့ေသြးစ ေတြစြန္းေနတာမ်ိဳးေတာ့မေတြ႕ရဘူးဗ်

ဒါဆိုရင္အကို႕ရဲ႕အျမင္သေဘာထားအရရွာေဖြရွာေဖြဘိို႕အရမ္းႀကီးခက္ခဲသြားၿပီဆိုတဲ့သေဘာလားဗ်?

ဟုတ္ပါတယ္ ပထမအပိုင္းအစေတြက ေပ၁၇၀၀ ခန္္႕မွာေတြ႕တာဆိုေတာ့ အဲ့ဒီေခ်ာက္ကမ္းပါးက အရမ္းမတ္ေစာက္တယ္ ၊ ကၽြန္ေတာ္တို႕အဖြဲ႕ဆက္ၿပီး ဆင္းဘို႕ဆိုအရမ္းလည္း အႏၲရာယ္အရမ္းမ်ားတယ္ ၊ ေနာက္ၿပီး ပါလာတဲ့ႀကိဳးေတြကမမွီေတာ့ဘူး ၊ ႀကိဳးေခြအားလံုးဆက္မွ ေပ ၂၀၀၀ ေလာက္ပဲရွိေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ဘူး ၊ ရာသီဥတုကိုလည္းအကဲခတ္ရပါတယ္..အခ်ိန္မေရြးရာသီဥတုေျပာင္းလဲႏိုင္တဲ့အေျခအေနမ်ိဳးမွာရွိပါတယ္..



အကိုတို႕အဖြဲ႕ဖန္ဂရန္ရာဇီ ေတာင္ထိပ္ကိိုဘယ္ေန႕ေရာက္တာလဲဗ် ?

ေမလ (၄) ရက္ေန႕မနက္ေစာေစာမွာ ဝင္းတင္ကုန္း ( ဝန္တင္ကုန္း ) ကေနစထြက္တယ္ ၊ ၂ နာရီေလာက္ဘဲတက္ရပါတယ္ ၊ ေတာင္ထိပ္ကို ၉ နာရီေလာက္ေရာက္ပါတယ္ ၊ ေရာက္တာနဲ႕ရွာေဖြမႈကိုစတင္ပါတယ္ ၊ ရွာေဖြေရးဟာ ညေန ၃ နာရီအထိၾကာသြားပါတယ္ ၊ အဲ့ဒီကေနေတာက္ေလွ်ာက္ ေရခဲစပ္အထိဆင္လာတာ ၊ ပူတာအိုကိုေမလ (၈) ရက္ေန႕ျပန္ေရာက္ပါတယ္ အဆင္းကေတာ့ျမန္တာေပါ့ ၊

ေရခဲေတာင္ဟာအဆင္းလဲအႏၲရာယ္မ်ားသလိုိ အတက္လည္းအႏၲရာယ္မ်ားပါတယ္..

ဟုတ္ကဲ့….အကိုေရ အကယ္၍မ်ားအကိုတို႕ေဒသမွာရွိတဲ့ေရခဲေတာင္ေတြြကို ခရီးသြားေတြအေနနဲ႕ဘဲျဖစ္ျဖစ္ ေျခလ်င္ေတာင္တက္အသင္းေတြဘဲျဖစ္ျဖစ္ အေပ်ာ္တမ္းေတာင္တက္အဖြဲ႕ေတြဘဲျဖစ္ျဖစ္ေပါ့.. လာမယ္ဆိုရင္ဘာေတြေဆာင္ရန္ေရွာင္ရန္ေတြလိုအပ္ပါသလဲ ? ဘယ္လေတြမွာလာသင့္သလဲဗ် ?



အဓိက က်မၼာေရးေကာင္းရမယ္ ၊ ေတာင္တက္ျခင္းလက္ေတြ႕ေတြကိုေလ့က်င့္သားျပည့္ဝၿပီးသားျဖစ္ေနရပါမယ္ လိုအပ္တဲ့အီေကြ႕မင့္ေတြလည္းစံုစံုလင္လင္ပါရမယ္ ၊ လမ္းခရီးမွာေဒသခံေတြေျပာျပတဲ့စည္းကမ္းေတြ ၊ တားျမစ္ခ်က္ေတြကိုလိုက္နာရပါမယ္ ၊ ေတာင္ထိပ္ေရာက္ရင္
ဝမ္းသာအားရနဲ႕ဆူညံေအာ္ဟစ္တာမိ်ဳးေရွာင္္ရပါမယ္..

ေတာင္ထိပ္မွာ အညစ္ေျကးတစ္ခုခု ျမွဳပ္နွ့ံ တာေတြ ရုပ္ထု ျမုပ္တာေတြ ေတာင္ကုိ ေအာင္ နုိင္ေျကာင္း ေအာင္ပဲြခံတာတိုိ႔
သီခ်င္းဆုိ တာေတြ ကုိ ေရွာင္ရပါမယ္..,.

ဟု ေရခဲေတာင္ေပါင္းအလံုး (၁၀၀) ခန္႕တက္လာခဲ့ဖူးတဲဲ့အသက္ (၂၇) ႏွစ္အရြယ္ ေဒသခံရဝမ္တိုင္းရင္းသား ဆန္လုရမ္ဆိန္းကအထက္ပါအတိုင္းေျဖၾကားသြာပါသည္ ။
စည္သူေမာင္္
ဓါတ္ပံု ဆန္လုရမ္ဆိန္း

Unicode Version

ဖန်ဂရန် ရာဇီ ရေခဲတောင်ထိပ်ပေါ်ကနေမတော်တဆပြုတ်ကျပျောက်ဆုံးနေသော မစိမ့်ထက်အားရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ ပထမအကြိမ်ရှာဖွေခဲ့ခြင်းပေါ်အင်တာဗျူး

မေ ၁၃ ရက်

ပြီးခဲ့တဲ့သြင်္ကန်မတိုင်မီ ဧပြီလ ၁၂ ရက်နေ့ကThe Summiter လို့ခေါ်တဲ့အပျော်တမ်းခြေလျင်တောင်တက်အဖွဲ့ဟာလူအင်အား (၂၀) နဲ့အတူ ကချင်ပြည်နယ်မြောက်ဖျား ပူတာအိုမြို့နယ် ဖန်ဂရန် ရာဇီရေခဲတောင်ထိပ်ကနေပြန်အဆင်းမှာ မနက် ဝ၉:၃၀ ချိန်ခန့်မှာ မစိမ့်ထက်ဟာ မတော်တဆခြေချော်ကျပြီး ပျောက်ဆုံးနေမှုဟာ ယခုဆိုလျင် (၁) လပြည့်ခဲ့ပြီးဖြစ်ပါသည် ၊ ပျောက်ဆုံးမှုအပြီး နယ်မြေကျွမ်းကြသည့်ဒေသခံတိုင်းရင်းသားများကို ရှာဖွေကယ်ဆယ်ရေးဆပ်မကော်မတီအဖြစ်ဖွဲ့စည်းသတ်မှတ်ပေးပြီး ဧပြီလ (၂၆) ရက်နေ့မှစ၍ ပူတာအိုမြို့မှစတင်ထွက်ခွာခဲ့ကြပြီး ဖန်ဂရန် ရာဇီရေခဲတောင်ထိပ်သို့ အဖွဲ့ဝင် ( ၁၅ ) ဦးမှသွားရောက်ရှာဖွေခဲ့ကြသည့်အထဲမှ ရဝမ်တိုင်းရင်းသား ” ဆန်လုရမ်ဆိန်း ” ကို ကျွန်တော်မှဆက်သွယ်မေးမြန်းခဲ့ပါသည် .


မေး
ဖြေ

မင်္ဂလာပါကိုဆန်လုရမ်ဆိန်းခင်ဗျာ ၊ ကျွန်တော်ကိုစည်သူမောင်ပါဗျ ၊ ပြည်သူပြည်သားသတင်းသမားတစ်ဦးပါ ၊ အကိုတို့ရေခဲတောင်ပေါ်မှာပြီးခဲ့တဲ့ တစ်လခန်ဲ့ကပျောက်ဆုံးသွားတဲ့ ” မစိမ့်ထက် ” ကိုသွားရောက်ရှာဖွေခဲ့ကြတယ်လို့လို့သိရပါတယ် ၊ ဘယ်နေ့ကစပြီးသွားရောက်ခဲ့ကြတာလဲ ? ၊ အဖွဲ့ဝင်ဘယ်နှစ်ဦးနဲ့ဘယ်လိုတွေရှာဖွေခဲ့ကြတယ်ဆိုတာ ကျေးဇူးပြု၍ပြောပြပေးပါလားဗျာ

ဟုတ်ကဲ့မင်္ဂလာပါဗျ ၊ ကျွန်တော်တို့ပြီးခဲ့တဲ့ ဧပြီလ (၂၆) ရက်နေ့ကပူတာမြို့ကနေ (၁၅) ယောက်နဲ့စထွက်ပါတယ် ၊ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို ရောက်ဘို့ခြေလျင်ခရီး ၈ ရက်ကြာပါတယ် ၊ ရန်ကုန်ကတောင်တက်အသင်း (၉) ယောက်ပါပါတယ် ၊ မစိမ့်ထက်တို့သွားတုန်းက လမ်းပြအဖြစ်လိုက်သွားတဲ့ “ဆန်ဂေါင်ရွာ ” ကဒေသခံရဝမ်တိုင်းရင်းသား ” ဆင်ချန်းဇိန် ကကျွန်တော်တို့နဲ့အတူပြန်လိုက်လာပါတယ် ၊ သူကအတိအကျသိတယ် ၊ မစိမ့်ထက်ဘယ်နေရာကျသွားသလဲဆိုတာ သူတို့ပြောတဲ့အပိုင်းအစတစ်ခုတွေ့တယ်ဆိုတာ ၊ ကျွန်တော်တို့ရောက်သွားချိန် အပေါ်ကနေလှမ်းကြည့်တာမသဲကွဲဘူး ၊ ရာသီဥတုကြောင့်သဲသဲကွဲမသိရပါဘူး ၊ အမြင့်ပေအနက် ၁၇၀၀/၁၈၀၀ လောက်မြင့်တာဆိုတော့ ဘာမှန်မသေချာဘူး



အဲ့ဲဒီတော့ အကိုတို့အဖွဲ့ဆင်းကြည့်ကြသလားဗျ ? ၊ ဘယ်သူတွေပါသေးသလဲ ?

အင်း …ကျွန်တော်တို့ချောက်ကမ်းပါးပေါ်ကနေဆင်းတဲ့အဖွဲ့က ဦးလန်ဝန်ထိန်ရယ် ၊ ဆင်ချန်းဇိန်ရယ် ကျွန်တော်ရယ်ပါ ကြိုးနဲ့ဆင်းကြည့်တယ် ၊ ကျန်တဲ့၃ ယောက် အပေါ်ကနေကြိုးတွေကိုတောင့်ထားပေးပါရတယ်..

အကိုပြောတော့ ၁၅ ယောက်သွားကြတယ်လို့ပြောတော့ ကျန်တဲ့အဖွဲ့တွေက ဘယ်မှာကျန်ခဲ့သလဲဗျ ?

ကျန်တဲ့အဖွဲ့တွေက ရန်ကုန်တောင်တက်အသင်းကလို့သိရတယ် ၊ ရေခဲစပ်တောင်ခြေလာရင်းလမ်းမှာ ရာသီဥတုဖောက်ပြန်ပြီး ချောင်းရေကြီးတော့ သူတို့ကိုမကူးခိုင်းဘဲနဲ့တောင်ခြေမှာဘဲထားခဲ့ရတယ် ၊ နယ်မြေကျွမ်းကျင်တဲ့ကျွန်တော်တို့ (၆)ယောက်အဖွဲနဲ့ဘဲတက်သွားကြတာပါ

ဟုတ်ကဲ့ စောစောကရှာဖွေခဲ့ပုံလေးပြန်ဆက်ပေးပါဗျ

အဲ့တော့ ..အဲ့ဒီလောက်နက်တဲ့နေရာကိုကျွန်တော်တို့ကြိုးတွေနဲ့ဆင်းကြည့်လိုက်တော့ အပေါ်က ပထမတွေ့ကြတဲ့အပိုင်းအစတွေကိုတွေ့ခဲ့ပါတယ် ၊ ဒါပေမယ့်လူခန္ဓာရုပ်အစိတ်အပိုင်းအစတွေမဟုတ်ဘဲနဲ့ သူဝတ်ထားတဲ့အပေါ်အင်္ကျိဖြစ်နေတယ် ၊ ဂျာကင်အင်္ကျိပေါ့ ၊ မိုးကာအကျႍဖြစ်နေတယ် ၊ အဲ့ဒါနဲ့ ၁၅ ပေအကွာမှာမျက်မှန်အစုတ်တစ်လက်ထပ်တွေ့တယ် ၊ ကျန်တဲ့အသုံးအဆောင်တွေ အလှဆီဗူးတွေလည်း တွေ့ခဲ့ရတယ် ။

ဟုတ်ကဲ့ အကို့အနေနဲ့မစိမ့်ထက်ဟာ နောက်ထပ် ဘယ်လောက်အနက်အထိရောက်သွားနိုင်သလဲ ? ပြီးတော့ ဒီအဝတ်အစားတွေ ၊ အီကွေ့မင့်တွေကဘာလို့ ကျွတ်ကျန်ခဲ့တာလဲဆိုတာ သုံးသပ်ပေးပါအုံး ၊ ပြီးတော့ ဒီအပိုင်းအစတွေကို မစိမ့်ထက်တို့ရဲ့တောင်တက်အဖွဲ့ကဘာ့ကြောင့်မရှာနိုင်ကြသလဲဗျ ?



ဟုတ်ကဲ့ကျွန်တော်တို့ကြားသိရသလောက်တော့ ခေါင်းဆောင်ဟာကြိုးတွေကိုအလုံအလောက်မယူလာကြဘူးလို့သိရပါတယ် ၊ ပြီးတော့ တောင်ထိပ်ကနေပြန်အဆင်းမှာ ဒီလောက်အန္တရာယ်ကြီးလိမ့်မယ်လို့ သူတို့ထင်မထားကြပုံရတယ်ဗျ..

ပြောမယ်ဆိုရင်တော့ ခေါင်းဆောင်ရဲ့ပေါ့ဆမှုလဲပါတာပေါ့ ၊ သူတို့ကသူတို့ကိုယ်သူတို့ ယုံကြည်မှုလွန်ကဲသွားတာပါ..

အဲ့လိုကနေ မတော်တဆဖြစ်စဉ်မှာ အရှိန်နဲ့ချောက်ထဲကိုလျှောကျသွားတဲ့အခါ မမြင်နိုင်တဲ့ ကျောက်ချွန်း ကျောက်ဆောင်ငယ်တွေနဲ့တိုက်မိ ချိတ်မိပြီးဆွဲချွတ်မိသလိုမျိုးလည်း ဖြစ်နိုင်ပါတယ်..

အကျႍမှာတော့သွေးစ တွေစွန်းနေတာမျိုးတော့မတွေ့ရဘူးဗျ

ဒါဆိုရင်အကို့ရဲ့အမြင်သဘောထားအရရှာဖွေရှာဖွေဘို့အရမ်းကြီးခက်ခဲသွားပြီဆိုတဲ့သဘောလားဗျ?

ဟုတ်ပါတယ် ပထမအပိုင်းအစတွေက ပေ၁၇၀၀ ခန့််မှာတွေ့တာဆိုတော့ အဲ့ဒီချောက်ကမ်းပါးက အရမ်းမတ်စောက်တယ် ၊ ကျွန်တော်တို့အဖွဲ့ဆက်ပြီး ဆင်းဘို့ဆိုအရမ်းလည်း အန္တရာယ်အရမ်းများတယ် ၊ နောက်ပြီး ပါလာတဲ့ကြိုးတွေကမမှီတော့ဘူး ၊ ကြိုးခွေအားလုံးဆက်မှ ပေ ၂၀၀၀ လောက်ပဲရှိတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး ၊ ရာသီဥတုကိုလည်းအကဲခတ်ရပါတယ်..အချိန်မရွေးရာသီဥတုပြောင်းလဲနိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်..



အကိုတို့အဖွဲ့ဖန်ဂရန်ရာဇီ တောင်ထိပ်ကိုဘယ်နေ့ရောက်တာလဲဗျ ?

မေလ (၄) ရက်နေ့မနက်စောစောမှာ ဝင်းတင်ကုန်း ( ဝန်တင်ကုန်း ) ကနေစထွက်တယ် ၊ ၂ နာရီလောက်ဘဲတက်ရပါတယ် ၊ တောင်ထိပ်ကို ၉ နာရီလောက်ရောက်ပါတယ် ၊ ရောက်တာနဲ့ရှာဖွေမှုကိုစတင်ပါတယ် ၊ ရှာဖွေရေးဟာ ညနေ ၃ နာရီအထိကြာသွားပါတယ် ၊ အဲ့ဒီကနေတောက်လျှောက် ရေခဲစပ်အထိဆင်လာတာ ၊ ပူတာအိုကိုမေလ (၈) ရက်နေ့ပြန်ရောက်ပါတယ် အဆင်းကတော့မြန်တာပေါ့ ၊

ရေခဲတောင်ဟာအဆင်းလဲအန္တရာယ်များသလို အတက်လည်းအန္တရာယ်များပါတယ်..

ဟုတ်ကဲ့….အကိုရေ အကယ်၍များအကိုတို့ဒေသမှာရှိတဲ့ရေခဲတောင်တွေကို ခရီးသွားတွေအနေနဲ့ဘဲဖြစ်ဖြစ် ခြေလျင်တောင်တက်အသင်းတွေဘဲဖြစ်ဖြစ် အပျော်တမ်းတောင်တက်အဖွဲ့တွေဘဲဖြစ်ဖြစ်ပေါ့.. လာမယ်ဆိုရင်ဘာတွေဆောင်ရန်ရှောင်ရန်တွေလိုအပ်ပါသလဲ ? ဘယ်လတွေမှာလာသင့်သလဲဗျ ?



အဓိက ကျမ္မာရေးကောင်းရမယ် ၊ တောင်တက်ခြင်းလက်တွေ့တွေကိုလေ့ကျင့်သားပြည့်ဝပြီးသားဖြစ်နေရပါမယ် လိုအပ်တဲ့အီကွေ့မင့်တွေလည်းစုံစုံလင်လင်ပါရမယ် ၊ လမ်းခရီးမှာဒေသခံတွေပြောပြတဲ့စည်းကမ်းတွေ ၊ တားမြစ်ချက်တွေကိုလိုက်နာရပါမယ် ၊ တောင်ထိပ်ရောက်ရင်
ဝမ်းသာအားရနဲ့ဆူညံအော်ဟစ်တာမျိုးရှောင်ရပါမယ်..

တောင်ထိပ်မှာ အညစ်ကြေးတစ်ခုခု မြှုပ်နှံ့ တာတွေ ရုပ်ထု မြုပ်တာတွေ တောင်ကို အောင် နိုင်ကြောင်း အောင်ပွဲခံတာတို့
သီချင်းဆို တာတွေ ကို ရှောင်ရပါမယ်..,.

ဟု ရေခဲတောင်ပေါင်းအလုံး (၁၀၀) ခန့်တက်လာခဲ့ဖူးတဲ့အသက် (၂၇) နှစ်အရွယ် ဒေသခံရဝမ်တိုင်းရင်းသား ဆန်လုရမ်ဆိန်းကအထက်ပါအတိုင်းဖြေကြားသွာပါသည် ။
စည်သူမောင်

ဓါတ်ပုံ ဆန်လုရမ်ဆိန်း

No comments:

Post a Comment