Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 22, 2019

ကယားျပည္နယ္ ဆူးကလူးရြာငယ္မွ ထိတ္လန္႔အံ့ျသဖြယ္ ဒ႑ာရီဆန္ ျဖစ္ရပ္မွန္


လြန္ေလပီးေသာအခ်ိန္ ကာလအားျဖင့္ ေထရဝါဒဗုဒၶဘာသာႏွင့္ ခရစ္ယာန္ဘာသာ မထြန္းကားေသးေသာ ႐ိုးယာနတ္ကိုသာ သက္ဝင္ယံုၾကည္သည့္ကာလ

တည္ေနရာအားျဖင့္ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္အေနာက္ဘက္ ( ခန္႔မွန္းေျခ ဒီးေမာ့ဆိုၿမိဳ႕မွ ဆယ္မိုင္အကြာ) ေဒါေရာက္ခူရြာ၏ အေ႐ွ႕ဘက္ ေတာင္ကုန္းတစ္ခုတြင္တည္ထားေသာ ကငန္ ( ယင္းေဘာ္)လူမ်ိဳးမ်ားေနထိုင္ေသာ ရြာငယ္ေလးတစ္ရြာ

တစ္ေန႔ေသာေႏြရာသီတြင္ ႏွစ္စဥ္အျမဲ က်င္းပေသာ ရြာလံုးကြၽတ္ငါးဖမ္းျခင္းေန႔တစ္ေန႔ ထိုေန႔တြင္ မိမိတို႔၏ရြာအနီး႐ွိေခ်ာင္းငယ္ေလးတစ္ခုတြင္ အတူတကြ စုေပါင္းငါးဖမ္းရန္ တစ္အိမ္ ေထာင္လ်င္တစ္ေယာက္စီျဖင့္ ေခ်ာင္းစပ္သို႔ စုေဝးေနၾကေလ၏ လူစံုေလေသာ္ ရြာသားမ်ားသည္ တက္ညီလက္ညီ ေခ်ာင္းအားေျမဖို႔ ( ပိတ္ဆို႔ျခင္း)ေရအားခပ္ထုတ္ျခင္းမ်ား ျပဳလုပ္ေသာ္လည္း အခ်ိန္အတန္ၾကာသည့္အထိ ေခ်ာင္းထဲ႐ွိေရသည္ ခမ္းမသြား ေခ်ာင္းထဲ၌ တစ္ေကာင္တေလမွ်ေသာငါးသည္ ေပၚမလာ။

ထိုအျဖစ္အားျမင္ေလေသာ္ ရြာသားမ်ားသည္အံ့ျသၾက၍ မည္သို႔ျဖစ္သည္ကို အေျဖ႐ွာၾကေလ၏ ။၎တို႔အထဲ၌ ပေလာင္ရီအမည္႐ွိေသာ နတ္ဆရာ ( ၾကက္႐ိုးထိုးသူ)သည္ ေရခမ္းျခင္းမ႐ွိသည့္အေျဖအား႐ွာရန္ မိမိတို႔၏ဓေလ့အရ ၾကက္တစ္ေကာင္ကိုယူေစ၍ ၾကက္႐ိုးထိုး အေျဖ႐ွာေလ၏ ။

ၾကက္႐ိုးထိုးျခင္းမွထြက္လာေသာအေျဖသည္ ၎တို႔အဖြဲ႔တြင္ အငယ္ဆံုးေသာသူေယာက္က်ားေလးတစ္ဦးအား အသက္ႏုတ္ယူ၍ ေခ်ာင္းေစာင့္နတ္ ေရေစာင့္နတ္အား ပူေဇာ္ပသရန္ ဟူ၏ ထံုးတမ္းဓေလ့ကိုသက္ဝင္ယံုၾကည္ၾကသည္ျဖစ္၍ မိမိတို႔အထဲမွ အငယ္ဆံုးေသာလူငယ္ေယာက္က်ားေလးတစ္ဦးအား ႀကိဳးျဖင့္တုပ္ေႏွာင္၍ အသက္ကိုသတ္ပီးလ်င္ ေရေခ်ာင္းေစာင့္နတ္အားပူေဇာ္ၾကေလ၏

ခဏခန္႔ၾကာေသာ္ ေခ်ာင္းထဲ႐ွိေရတို႔သည္ အံျသဖြယ္ခမ္းလာ၍ မ်ားစြာေသာငါးတို႔သည္လည္း ရြံ႔ႏြံထဲတြင္ လူးလိမ့္လ်က္႐ွိ၏ မ်ားစြာေသာငါးတို႔ကိုဖမ္းယူၾကပီးလ်င္ ကိုယ္စီယူေဆာင္လာေသာ ပလိုင္းထဲတြင္ထည့္၍ မိုးမခ်ဳပ္ခင္ အိမ္သို႔အမီျပန္ရန္ တစ္ေယာက္ပီးတစ္ေယာက္ ထြက္သြားၾကေလ၏ အိမ္တြင္က်န္႐ွိေနေသာ အိမ္သူသက္ထားတို႔သည္လည္း ငါးဖမ္းသြားေသာ မိမိတို႔၏အိမ္သားမ်ားအားႀကိဳရန္အလို႔ငွါ အိမ္ေ႐ွ႕တြင္ ကိုယ္စီကိုယ္စီ ရပ္ေစာင့္လ်က္ေနၾက၏ ။



ထိုရြာတြင္႐ွိေသာ တစ္ဦးေသာအဖြားအိုသည္လည္း ငါးဖမ္းသြားေသာမိမိ၏ေျမးငယ္ေလးအားႀကိဳရန္ ျခံေ႐ွ႕တံခါးအနီး၌ ရပ္လ်က္ေစာင့္ေနေလ၏ မိမိ၏ေ႐ွ႕တြင္ ရြာသားမ်ားတစ္ေယာက္ပီးတစ္ေယာက္ ျဖတ္ျပန္ေနသည္ကိုျမင္ေနေသာ္ အဖြားအိုသည္ မိမိ၏ေျမးငယ္သည္ အဘယ္မွာနည္း ဟု ေမးေလ၏ သို႔ေသာ္မည္သူမွ် အဖြားအို၏ေမးခြန္းအားမေျဖ ။ ေနာက္ဆံုးက်န္ေသာရြာသားသည္လည္း အဖြားအို၏ေမးခြန္းၾကားေလေသာ္ မေျဖမျဖစ္ေသာေၾကာင့္ ျဖစ္ရပ္အေၾကာင္းအားစံုလင္စြာေျပာျပေလ၏။

အဖြားအိုသည္လည္း မိမိ၏ေျမးငယ္၏အျဖစ္ဆိုးကို ၾကားေလေသာ္ ျခံေ႐ွ႕၌ပင္လဲက်၍ ႀကီးစြာငိုေႂကြးေလ၏ ။ ရြာသားတို႔သည္လည္း အဖြားအိုအား အေလးမထားပဲ ညဘက္တြင္ငါးပြဲေတာ္က်င္းပရန္သာ စီစဥ္ၾကေလ၏ ကိုယ္စီေသာငါးမ်ားယူလာၾက၍ မိန္းမမ်ားသည္ငါးဟင္းခ်က္သည့္အခ်ိန္တြင္ ေယာက္က်ားမ်ားသည္ မိမိတို႔၏ ႐ိုးယာတူရိယာျဖစ္သည့္ ဖားစည္မ်ားကို ညံစြာတီးပီး ကခုန္ၾကေလ၏ ။

ထိုညတြင္ ေဘဝိုအမည္႐ွိေသာ ခရီးသြားအမ်ိဳးသမီးတစ္ဦးသည္ ေဒါေရာက္ခူရြာသို႔သြားရန္ ေတာင္ၾကားလမ္းေလးအတိုင္းေလ်ာက္လာေလေသာ္ ထိုဖားစည္သံကိုၾကားသျဖင့္ ခရီးဆက္ေလ်ာက္လိုစိတ္မ႐ွိပဲ ထုိလမ္းခုလပ္တစ္ေနရာ၌ ေခါက္တံု႔ေခါက္ျပန္ လမ္းေလ်ာက္ေနမိေလ၏။ ( ထိုေဘဝိုအမည္႐ွိေသာအမ်ိဳးသမီးေလ်ာက္ေသာလမ္းသည္ ထိုည၌ပင္ အလိုလိုခ်ိဳင့္ဝင္သြားသည္ကိုအစြဲျပဳ၍ ထိုေတာင္ၾကားလမ္းခ်ိဳင့္အား ေဘဝိုေတာင္ၾကားလမ္း ( ယင္းေဘာ္အေခၚ ေဘကန္းဒဲ) ဟု ယေန႔ထိတိုင္ေခၚစမွတ္ျပဳၾကေလသည္။)

သန္းေခါင္မတိုင္မီအခ်ိန္တြင္ ရြာသားမ်ားသည္ မရပ္မနား ဖားစည္မ်ား ညံစြာတီးမူတ္ကခုန္ေနၾကေသာ္လည္း ထိုငိုယိုေနေသာအဖြားအိုအား မည္သူမ်ွ အေလးမထား ။ အဖြားအိုသည္လည္း ႀကီးစြာငိုေနသည္ကိုမရပ္ ခဏခန္႔ၾကာေသာ္ အဖြားအိုသည္ မိမိ၏အိမ္တိုင္ရင္းတြင္ ငါးရံ႕ႏွစ္ေကာင္သည္ ထူးဆန္းစြာေပၚထြက္လာ၏ အဖြားအိုသည္လည္း ေခတၱအငိုတိတ္ပီး တဖန္ႀကီးစြာ ျပန္ငိုေႂကြးေလ၏ ။

ေနာက္တစ္ဖန္ ခဏခန္႔ၾကာေသာ္ က်ယ္ေလာင္ေသာအသံတစ္ခုသည္ ေၾကာက္မက္ဖြယ္ ျမည္ဟီးသံႏွင့္အတူ ဝုန္း ဟုျမည္လ်က္ ထိုဆူးကလူးခူရြာငယ္သည္ ေျမၿမိဳသြားသည့္အလား စကၠန္႔အနည္းငယ္အတြင္း၌ပင္ ေျမေအာက္သို႔ေရာက္သြား၍ တစ္ရြာလံုးသည္ ေရျပင္အတိျဖင့္ ဖံုးလြမ္းသြားေလ၏

ေရျပင္ဖံုးလြမ္းသြားေသာေၾကာင့္ တစ္ရြာလံုးေသာရြာသူရြာသားမ်ားသည္ ေရေအာက္ေျမေအာက္တြင္ အသက္ေသဆံုးၾကကုန္၏ ။ သို႔ေသာ္ ထိုရြာ၌ ႏွစ္ေယာက္ေသာ လူငယ္ေမာင္ႏွမသည္ ငါးဥသီး ( ယင္းေဘာ္အေခၚ ပ႐ိုသာ) ႐ွာရန္ ေန႔ခင္းတည္းကပင္ ရြာမွထြက္သြားသည္ျဖင့္၍ အသက္႐ွင္လ်က္ က်န္ရစ္ေလ၏ ။



ထိုေမာင္ႏွမႏွစ္ေယာက္သည္လည္း ရြာသို႔ျပန္လာေလေသာ္ ေနအိမ္မ်ားမေတြ႔ပဲ ေရအိုင္ႀကီးကိုသာ ျမင္သျဖင့္ ငိုေႂကြးပီးလ်င္ မိမိတို႔၏မိဘမ်ားသည္ ေရေအာက္တြင္႐ွိေနမည္ဟူေသာအသိျဖင့္ ႏွစ္ေယာက္လံုးေရထဲသို႔ဆင္းသြားၾကေလ၏ ထိုအခ်ိန္မွစ၍ ၎ေမာင္ႏွမႏွစ္ဦးသည္လည္း ျပန္ေပၚမလာေတာ့ေပ ။

ဤဆူးကလူးခူေရအိုင္ ( ယခင္ဆူးကလူးခူရြာငယ္)၏ ဆန္းၾကယ္ေသာျဖစ္ရပ္သည္ ယေန႔ထိတိုင္ ကယားျပည္နယ္၏ ဒ႑႐ီတစ္ပုဒ္အျဖစ္ တည္႐ွိေလ၏

ေရျမဳပ္သြားေသာဆူးကလူးခူရြာငယ္သည္ သမိုင္းဝင္ဖားစည္ႀကီးမ်ားႏွင့္အတူပါသြားသည္ကိုသိၾကေသာ ေႏွာင္းလူတို႔သည္ ေရျမဳပ္ပီး သိပ္မၾကာေသာကာလတြင္ တ႐ုတ္ျပည္မွ ေရငုပ္ကရိယာမ်ား ေရငုပ္သူမ်ား ေခၚယူပီး ဖားစည္အား ဆယ္ယူရန္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေသာလည္း ေရငုပ္ဆင္းေသာသူတိုင္း အသက္႐ွင္လ်က္ျပန္ေပၚလာျခင္းမ႐ွိေသာေၾကာင့္ ဖားစည္ဆယ္ယူရန္ ေၾကာက္ရြံ႔ၾကကုန္၏ ။

ထိုဆူးကလူးခူေရကန္သည္ ေတာင္ကုန္းေပၚတြင္ တည္႐ွိေနေသာ္လည္း မည္မွ်ေသာမိုး သည္းထန္စြာရြာသြန္းေစကာမူ ေရသည္ သိသိသာသာ ျမင့္တက္ျခင္းမ႐ွိ ။

ထို႔အတူ ေႏြရာသီ၌ မည္မ်ွပင္ ပူျပင္းေျခာက္ေသြ႔ေစကာမူ ထိုေရကန္ထဲ႐ွိေရသည္ သိသိသာသာ ခန္းေျခာက္မသြား ။ အျမင့္တြင္တည္႐ွိေနေသာ္လည္း ေခတ္မီေရစုပ္စက္ျဖင့္ ထိုေရကန္မွေရကို စုပ္ယူေသာ္လည္း ေရသည္ က်လာျခင္းမ႐ွိ။

၎ဆူးကလူးခူေရကန္သည္ ေရလြမ္းမိုးခါစတြင္ ခန္႔မွန္းေျခအက်ယ္ ၁ဝဧကခန္႔႐ွိသည္ ဟု ဆိုၾကပီး ယေန႔ခ်ိန္တြင္ ထိုမ်ွေလာက္မက်ယ္ေတာ့ေပ ။

ထူးဆန္းေသာျဖစ္ရပ္မွန္မ်ားႏွင့္အတူ ထိုဆူးကလူးခူေရကန္သည္လည္း ကယားျပည္နယ္ႏွင့္အတူ အခ်ိန္ကာလတစ္ခုအထိ ဆက္လက္တည္႐ွိေနပါဦးမည္ ဟူ၍ ။

( လြန္ေလပီးေသာ ႏွစ္ေပါင္း ၄၀ ေက်ာ္ခန္႔က ထုတ္ေဝခဲ့ေသာ ကနၱာရဝတီမဂၢဇင္းတစ္ေစာင္တြင္ ေရးသားခဲ့ေသာ ဆူးကလူးခူေရကန္အေၾကာင္းအား အမွွီျပဳ၍ မွတ္မိသေလာက္ ျပန္လည္ေရးသားေဝမွ်ျခင္းသာ )
Fxvs Chit Pu
# Unicode Version # ျဖင့္ ဖတ္ပါ #

လွန်လေပီးသောအချိန် ကာလအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ မထွန်းကားသေးသော ရိုးယာနတ်ကိုသာ သက်ဝင်ယုံကြည်သည့်ကာလ

တည်နေရာအားဖြင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ဘက် ( ခန့်မှန်းခြေ ဒီးမော့ဆိုမြို့မှ ဆယ်မိုင်အကွာ) ဒေါရောက်ခူရွာ၏ အရှေ့ဘက် တောင်ကုန်းတစ်ခုတွင်တည်ထားသော ကငန် ( ယင်းဘော်)လူမျိုးများနေထိုင်သော ရွာငယ်လေးတစ်ရွာ

တစ်နေ့သောနွေရာသီတွင် နှစ်စဉ်အမြဲ ကျင်းပသော ရွာလုံးကျွတ်ငါးဖမ်းခြင်းနေ့တစ်နေ့ ထိုနေ့တွင် မိမိတို့၏ရွာအနီးရှိချောင်းငယ်လေးတစ်ခုတွင် အတူတကွ စုပေါင်းငါးဖမ်းရန် တစ်အိမ်ထောင်လျင်တစ်ယောက်စီဖြင့် ချောင်းစပ်သို့ စုဝေးနေကြလေ၏ လူစုံလေသော် ရွာသားများသည် တက်ညီလက်ညီ ချောင်းအားမြေဖို့ ( ပိတ်ဆို့ခြင်း)ရေအားခပ်ထုတ်ခြင်းများ ပြုလုပ်သော်လည်း အချိန်အတန်ကြာသည့်အထိ ချောင်းထဲရှိရေသည် ခမ်းမသွား ချောင်းထဲ၌ တစ်ကောင်တလေမျှသောငါးသည် ပေါ်မလာ။

ထိုအဖြစ်အားမြင်လေသော် ရွာသားများသည်အံ့သြကြ၍ မည်သို့ဖြစ်သည်ကို အဖြေရှာကြလေ၏ ။၎င်းတို့အထဲ၌ ပလောင်ရီအမည်ရှိသော နတ်ဆရာ ( ကြက်ရိုးထိုးသူ)သည် ရေခမ်းခြင်းမရှိသည့်အဖြေအားရှာရန် မိမိတို့၏ဓလေ့အရ ကြက်တစ်ကောင်ကိုယူစေ၍ ကြက်ရိုးထိုး အဖြေရှာလေ၏ ။

ကြက်ရိုးထိုးခြင်းမှထွက်လာသောအဖြေသည် ၎င်းတို့အဖွဲ့တွင် အငယ်ဆုံးသောသူယောက်ကျားလေးတစ်ဦးအား အသက်နုတ်ယူ၍ ချောင်းစောင့်နတ် ရေစောင့်နတ်အား ပူဇော်ပသရန် ဟူ၏ ထုံးတမ်းဓလေ့ကိုသက်ဝင်ယုံကြည်ကြသည်ဖြစ်၍ မိမိတို့အထဲမှ အငယ်ဆုံးသောလူငယ်ယောက်ကျားလေးတစ်ဦးအား ကြိုးဖြင့်တုပ်နှောင်၍ အသက်ကိုသတ်ပီးလျင် ရေချောင်းစောင့်နတ်အားပူဇော်ကြလေ၏

ခဏခန့်ကြာသော် ချောင်းထဲရှိရေတို့သည် အံသြဖွယ်ခမ်းလာ၍ များစွာသောငါးတို့သည်လည်း ရွံ့နွံထဲတွင် လူးလိမ့်လျက်ရှိ၏ များစွာသောငါးတို့ကိုဖမ်းယူကြပီးလျင် ကိုယ်စီယူဆောင်လာသော ပလိုင်းထဲတွင်ထည့်၍ မိုးမချုပ်ခင် အိမ်သို့အမီပြန်ရန် တစ်ယောက်ပီးတစ်ယောက် ထွက်သွားကြလေ၏ အိမ်တွင်ကျန်ရှိနေသော အိမ်သူသက်ထားတို့သည်လည်း ငါးဖမ်းသွားသော မိမိတို့၏အိမ်သားများအားကြိုရန်အလို့ငှါ အိမ်ရှေ့တွင် ကိုယ်စီကိုယ်စီ ရပ်စောင့်လျက်နေကြ၏ ။

ထိုရွာတွင်ရှိသော တစ်ဦးသောအဖွားအိုသည်လည်း ငါးဖမ်းသွားသောမိမိ၏မြေးငယ်လေးအားကြိုရန် ခြံရှေ့တံခါးအနီး၌ ရပ်လျက်စောင့်နေလေ၏ မိမိ၏ရှေ့တွင် ရွာသားများတစ်ယောက်ပီးတစ်ယောက် ဖြတ်ပြန်နေသည်ကိုမြင်နေသော် အဖွားအိုသည် မိမိ၏မြေးငယ်သည် အဘယ်မှာနည်း ဟု မေးလေ၏ သို့သော်မည်သူမျှ အဖွားအို၏မေးခွန်းအားမဖြေ ။ နောက်ဆုံးကျန်သောရွာသားသည်လည်း အဖွားအို၏မေးခွန်းကြားလေသော် မဖြေမဖြစ်သောကြောင့် ဖြစ်ရပ်အကြောင်းအားစုံလင်စွာပြောပြလေ၏။

အဖွားအိုသည်လည်း မိမိ၏မြေးငယ်၏အဖြစ်ဆိုးကို ကြားလေသော် ခြံရှေ့၌ပင်လဲကျ၍ ကြီးစွာငိုကြွေးလေ၏ ။ ရွာသားတို့သည်လည်း အဖွားအိုအား အလေးမထားပဲ ညဘက်တွင်ငါးပွဲတော်ကျင်းပရန်သာ စီစဉ်ကြလေ၏ ကိုယ်စီသောငါးများယူလာကြ၍ မိန်းမများသည်ငါးဟင်းချက်သည့်အချိန်တွင် ယောက်ကျားများသည် မိမိတို့၏ ရိုးယာတူရိယာဖြစ်သည့် ဖားစည်များကို ညံစွာတီးပီး ကခုန်ကြလေ၏ ။

ထိုညတွင် ဘေဝိုအမည်ရှိသော ခရီးသွားအမျိုးသမီးတစ်ဦးသည် ဒေါရောက်ခူရွာသို့သွားရန် တောင်ကြားလမ်းလေးအတိုင်းလျောက်လာလေသော် ထိုဖားစည်သံကိုကြားသဖြင့် ခရီးဆက်လျောက်လိုစိတ်မရှိပဲ ထိုလမ်းခုလပ်တစ်နေရာ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျောက်နေမိလေ၏။ ( ထိုဘေဝိုအမည်ရှိသောအမျိုးသမီးလျောက်သောလမ်းသည် ထိုည၌ပင် အလိုလိုချိုင့်ဝင်သွားသည်ကိုအစွဲပြု၍ ထိုတောင်ကြားလမ်းချိုင့်အား ဘေဝိုတောင်ကြားလမ်း ( ယင်းဘော်အခေါ် ဘေကန်းဒဲ) ဟု ယနေ့ထိတိုင်ခေါ်စမှတ်ပြုကြလေသည်။)

သန်းခေါင်မတိုင်မီအချိန်တွင် ရွာသားများသည် မရပ်မနား ဖားစည်များ ညံစွာတီးမူတ်ကခုန်နေကြသော်လည်း ထိုငိုယိုနေသောအဖွားအိုအား မည်သူမျှ အလေးမထား ။ အဖွားအိုသည်လည်း ကြီးစွာငိုနေသည်ကိုမရပ် ခဏခန့်ကြာသော် အဖွားအိုသည် မိမိ၏အိမ်တိုင်ရင်းတွင် ငါးရံ့နှစ်ကောင်သည် ထူးဆန်းစွာပေါ်ထွက်လာ၏ အဖွားအိုသည်လည်း ခေတ္တအငိုတိတ်ပီး တဖန်ကြီးစွာ ပြန်ငိုကြွေးလေ၏ ။

နောက်တစ်ဖန် ခဏခန့်ကြာသော် ကျယ်လောင်သောအသံတစ်ခုသည် ကြောက်မက်ဖွယ် မြည်ဟီးသံနှင့်အတူ ဝုန်း ဟုမြည်လျက် ထိုဆူးကလူးခူရွာငယ်သည် မြေမြိုသွားသည့်အလား စက္ကန့်အနည်းငယ်အတွင်း၌ပင် မြေအောက်သို့ရောက်သွား၍ တစ်ရွာလုံးသည် ရေပြင်အတိဖြင့် ဖုံးလွမ်းသွားလေ၏

ရေပြင်ဖုံးလွမ်းသွားသောကြောင့် တစ်ရွာလုံးသောရွာသူရွာသားများသည် ရေအောက်မြေအောက်တွင် အသက်သေဆုံးကြကုန်၏ ။ သို့သော် ထိုရွာ၌ နှစ်ယောက်သော လူငယ်မောင်နှမသည် ငါးဥသီး ( ယင်းဘော်အခေါ် ပရိုသာ) ရှာရန် နေ့ခင်းတည်းကပင် ရွာမှထွက်သွားသည်ဖြင့်၍ အသက်ရှင်လျက် ကျန်ရစ်လေ၏ ။

ထိုမောင်နှမနှစ်ယောက်သည်လည်း ရွာသို့ပြန်လာလေသော် နေအိမ်များမတွေ့ပဲ ရေအိုင်ကြီးကိုသာ မြင်သဖြင့် ငိုကြွေးပီးလျင် မိမိတို့၏မိဘများသည် ရေအောက်တွင်ရှိနေမည်ဟူသောအသိဖြင့် နှစ်ယောက်လုံးရေထဲသို့ဆင်းသွားကြလေ၏ ထိုအချိန်မှစ၍ ၎င်းမောင်နှမနှစ်ဦးသည်လည်း ပြန်ပေါ်မလာတော့ပေ ။

ဤဆူးကလူးခူရေအိုင် ( ယခင်ဆူးကလူးခူရွာငယ်)၏ ဆန်းကြယ်သောဖြစ်ရပ်သည် ယနေ့ထိတိုင် ကယားပြည်နယ်၏ ဒဏ္ဍရီတစ်ပုဒ်အဖြစ် တည်ရှိလေ၏

ရေမြုပ်သွားသောဆူးကလူးခူရွာငယ်သည် သမိုင်းဝင်ဖားစည်ကြီးများနှင့်အတူပါသွားသည်ကိုသိကြသော နှောင်းလူတို့သည် ရေမြုပ်ပီး သိပ်မကြာသောကာလတွင် တရုတ်ပြည်မှ ရေငုပ်ကရိယာများ ရေငုပ်သူများ ခေါ်ယူပီး ဖားစည်အား ဆယ်ယူရန် အကြိမ်ကြိမ်ကြိုးစားခဲ့သောလည်း ရေငုပ်ဆင်းသောသူတိုင်း အသက်ရှင်လျက်ပြန်ပေါ်လာခြင်းမရှိသောကြောင့် ဖားစည်ဆယ်ယူရန် ကြောက်ရွံ့ကြကုန်၏ ။



ထိုဆူးကလူးခူရေကန်သည် တောင်ကုန်းပေါ်တွင် တည်ရှိနေသော်လည်း မည်မျှသောမိုး သည်းထန်စွာရွာသွန်းစေကာမူ ရေသည် သိသိသာသာ မြင့်တက်ခြင်းမရှိ ။

ထို့အတူ နွေရာသီ၌ မည်မျှပင် ပူပြင်းခြောက်သွေ့စေကာမူ ထိုရေကန်ထဲရှိရေသည် သိသိသာသာ ခန်းခြောက်မသွား ။ အမြင့်တွင်တည်ရှိနေသော်လည်း ခေတ်မီရေစုပ်စက်ဖြင့် ထိုရေကန်မှရေကို စုပ်ယူသော်လည်း ရေသည် ကျလာခြင်းမရှိ။

၎င်းဆူးကလူးခူရေကန်သည် ရေလွမ်းမိုးခါစတွင် ခန့်မှန်းခြေအကျယ် ၁ဝဧကခန့်ရှိသည် ဟု ဆိုကြပီး ယနေ့ချိန်တွင် ထိုမျှလောက်မကျယ်တော့ပေ ။

ထူးဆန်းသောဖြစ်ရပ်မှန်များနှင့်အတူ ထိုဆူးကလူးခူရေကန်သည်လည်း ကယားပြည်နယ်နှင့်အတူ အချိန်ကာလတစ်ခုအထိ ဆက်လက်တည်ရှိနေပါဦးမည် ဟူ၍ ။

( လွန်လေပီးသော နှစ်ပေါင်း ၄၀ ကျော်ခန့်က ထုတ်ဝေခဲ့သော ကန္တာရဝတီမဂ္ဂဇင်းတစ်စောင်တွင် ရေးသားခဲ့သော ဆူးကလူးခူရေကန်အကြောင်းအား အမှီပြု၍ မှတ်မိသလောက် ပြန်လည်ရေးသားဝေမျှခြင်းသာ )
Fxvs Chit Pu

No comments:

Post a Comment