Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 26, 2019

ရိပ္ခနဲ ရိပ္ခနဲ မူးသြားတာ ဘာေၾကာင့္လဲ … ?


ထိုင္ေနရာကေန ႐ုတ္ခနဲ ထလိုက္ရင္ ရိပ္ခနဲ မိုက္ခနဲ ေခါင္းမူးၿပီး လူက ယိုင္သြားတာမ်ဳိး လူအေတာ္မ်ားမ်ား ႀကံဳဖူးၾက လိမ့္မည္။ ထိုသို႔ ျဖစ္ျခင္း သည္ သိပ္မစိုးရိမ္ ေလာက္ေသာ က်န္းမာေရး ျပႆနာ ျဖစ္ေသာ္လည္း သူ႔ေနာက္ ဆက္တြဲမ်ားကား စိုးရိမ္စရာရွိ သျဖင့္ ထိုသို႔ ျဖစ္ပါမ်ားလာ လွ်င္ေတာ့ မေပါ့ဘဲ ဂ႐ုစိုက္ၾကဖို႔ လိုမည္။ အဲဒီလိုျဖစ္တာဟာ ခႏၶာကိုယ္ စနစ္မွာ တစ္ခုခု မွားေနၿပီ ဆိုတာ ျပလိုက္တာပဲ ဟု အေမရိကန္ နယူးဂ်ာစီ ျပည္နယ္ ခ်က္စတာၿမိဳ႕ရွိ ဆဖိုင္းယား အမ်ဳိးသမီး က်န္းမာေရး စင္တာမွ ေဒါက္တာ ေဒၚနီကာမိုးက ေျပာသည္။ အထူးသျဖင္႔ အသက္ႀကီးသူ မ်ားမွာ ျဖစ္တတ္သည္။ ေဆး၀ါးမ်ား ေသာက္သံုး ရာမွ ေဘးထြက္ ဆိုးက်ဳိး ျဖစ္တတ္ သလို၊ အသက္ႀကီး လာလို႔ ခႏၶာကိုယ္မွာ အေျပာင္းအလဲ ျဖစ္လာ ျခင္းေၾကာင့္လည္း မိုက္ခနဲ မူးခနဲ ျဖစ္သြား တာမ်ဳိး ႀကံဳရတတ္သည္။

မူးခနဲ မိုက္ခနဲ ျဖစ္သြားျခင္း သက္သက္ကား သိပ္စိုးရိမ္စရာ မရွိေသာ္လည္း အျမင့္ တစ္ေနရာရာတြင္ ရပ္ေနခ်ိိန္ မိုက္ခနဲ ျဖစ္သြားပါက ျပဳတ္က်ျခင္းေၾကာင္႔ ထိခိုက္ ဒဏ္ရာရျခင္း မွသည္ အသက္ အႏၱရာယ္ ထိပါ စိုးရိမ္ရသည့္ ေနာက္ဆက္တြဲမ်ား ကိုကား သတိထားရမည္ဟု ေဒါက္တာ မိုးက ေျပာသည္။

မူးခနဲ မိုက္ခနဲ ျဖစ္သြားလွ်င္ ဦးဆံုး လုပ္ရန္ကား ထိုင္ခ်လိုက္ဖို႔ ျဖစ္သည္။ သို႔မွသာ လဲက် သြားျခင္းကို ကာကြယ္ႏုိင္မည္။ မလုပ္သင့္ဆံုး ကား မူးခနဲ မိုက္ခနဲ ျဖစ္သြားၿပီး မၾကာခင္မွာပင္ ကားေမာင္းျခင္းမ်ဳိး ျဖစ္သည္။ ကိုယ္က စိုးရိမ္လို႔ ကိုယ္တိုင္ ကားေမာင္းၿပီး ေဆး႐ံုသြားဖို႔ ႀကိဳးစားမည္ဆို လွ်င္ပင္ ေဆး႐ံုမေရာက္ဘဲ လမ္းမွာ ယာဥ္မေတာ္တဆ ျဖစ္ျခင္းမ်ဳိး ႀကံဳရ ႏုိင္သည္။ ဘာေၾကာင့္ မူးခနဲ မိုက္ခနဲ ျဖစ္သြားရသနည္း။ အေၾကာင္းရင္း ခုနစ္ခ်က္ကို ေဖာ္ျပ ပါမည္။

၁။ ခႏၶာကိုယ္ ေရဓာတ္ ခန္းေျခာက္ေနျခင္း။ ေနပူေအာက္မွာ ေလွ်ာက္ပါမ်ားျခင္း၊ ခရီးေ၀း ကားထိုင္စီးေန ရျခင္း၊ ကိုယ္လက္ လႈပ္ရွား ေလ့က်င့္ခန္းမ်ား အျပင္းအထန္ လုပ္ျခင္း၊ အလုပ္ေတြ ႐ႈပ္လြန္းသျဖင့္ စားဖို႔၊ ေသာက္ဖို႔ပင္ အခ်ိန္မေပးႏုိင္ျခင္း တို႔ေၾကာင့္ လူသည္ ေရဓာတ္ခန္းေျခာက္ သြားတတ္သည္။ ထိုသို႔ ျဖစ္ေနစဥ္တြင္ ႐ုတ္တရက္ ထလိုက္ပါက မူးခနဲ မိုက္ခနဲ ျဖစ္သြား ရေတာ့သည္။

ကုသနည္း – ေခါင္းေတြ ခ်ာခ်ာလည္၊ အခန္းႀကီးက ခ်ာခ်ာလည္ ျဖစ္ေနပါက ေရနည္း နည္းခ်င္း ေသာက္ပါ။ လိေမၼာ္ရည္လို၊ သံပုရာရည္ လိုမ်ဳိး ေသာက္ႏုိင္ရင္ ပိုေကာင္းသည္။ ေဖ်ာ္ရည္မ်ား ေသာက္ျခင္းျဖင့္ သၾကားဓာတ္ကိုပါ ရရွိ သျဖင့္ ခြန္အားကိုပါ ျဖစ္ေစသည္။ ထိုသို႔ ေသာက္ၿပီးသည္ႏွင့္ ကိုယ္အေျခအေန ေကာင္းလာလား ေစာင့္ၾကည့္။ ေသြးတြင္း သၾကားဓာတ္ ပါ၀င္မႈ နည္းေန လွ်င္လည္း လူသည္ အားနည္းကာ မူးခနဲ မိုက္ခနဲ ျဖစ္တတ္ သည္။ ေဖ်ာ္ရည္ထဲတြင္ ပါေသာ သၾကားဓာတ္သည္ ေသြးတြင္း သၾကားပမာဏကို ျမႇင္႔တင္ေပးႏုိင္ သျဖင္႔ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းမွ ျပန္ေကာင္း လာေအာင္ ကူေပး ႏုိင္သည္။ ထိုသို႔ ေသာက္ၿပီး (၁၀) မိနစ္၊ (၁၅) မိနစ္ ေလာက္ေနလို႔မွ မသက္သာလွ်င္ ဆရာ၀န္ကို ေခၚကာ က်န္းမာေရး စစ္ေဆးမႈ ခံယူသင့္သည္။

၂။ အသက္ႀကီးလို႔ မူးေ၀ျခင္း။ အသက္ႀကီး လာသည့္ အခါ နားထဲတြင္ ရွိေသာ အရည္ၾကည္မ်ား လႈပ္ရမ္းမႈေၾကာင့္လည္း မူးခနဲ မိုက္ခနဲ ျဖစ္တတ္သည္။ အသက္ (၅၀) ေက်ာ္ လာလွ်င္ အိပ္ေနရာမွ ႐ုတ္တရက္ ထလိုက္လွ်င္ မူးခနဲ မိုက္ခနဲ ျဖစ္သြားျခင္းတြင္ အဓိက လက္သည္မွာ ထိုသို႔ နားထဲမွ အရည္ၾကည္ မ်ားေၾကာင့္ ျဖစ္ေၾကာင္း ေဒါက္တာမိုးက ေျပာသည္။ လွဲအိပ္ေနခ်ိန္တြင္ ဦးေခါင္းကို ထားသည့္ ပံုစံေပၚတြင္လည္း မူတည္ၿပီး ျဖစ္တတ္သည္။ အခ်ဳိ႕ေသာ ပံုစံမ်ဳိးျဖင့္ ေခါင္းခ် လွဲအိပ္ၿပီး ထလိုက္လွ်င္ မူးခနဲ မိုက္ခနဲ မျဖစ္ေသာ္လည္း အခ်ဳိ႕ေသာ ပံုစံမ်ဳိးျဖင့္ အိပ္ၿပီး ထလွ်င္ကား ျဖစ္တတ္သည္။ လူတစ္ဦးႏွင့္ တစ္ဦး ကြာျခားတတ္သည္။ သို႔ျဖစ္ရာ မိမိကို မမူးေစေသာ ပံုစံျဖင့္ ေရြးခ်ယ္ အိပ္စက္ ျဖစ္ေအာင္လည္း သတိထား ရမည္။ မည္သို႔ပဲ လုပ္လုပ္ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းက မေပ်ာက္ဘူး ဆိုလွ်င္ ဆရာ၀န္ႏွင့္ ျပသေဆြးေႏြးသင့္သည္။ ကုသနည္း – ထလိုက္လွ်င္ မူးခနဲ မျဖစ္ေစမည့္ ဦးေခါင္း ထားသည့္ ပံုစံမ်ဳိး လုပ္ၾကည့္သည့္တိုင္ ဆက္ၿပီး မူးဆဲ ဆိုပါက အမူးေပ်ာက္ေအာင္ ရည္ရြယ္ ဖန္တီးထားသည့္ တရားထိုင္နည္း ပံုစံမ်ားကို ဆရာ၀န္ႏွင့္ တုိင္ပင္ၿပီး စမ္းသပ္ၾကည့္ သင္႔သည္။

၃။ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းသည္ အေသးစား ေလျဖတ္ျခင္း၏ ေရွ႕ေျပး လကၡဏာ။

ထိုင္ရာက ထလိုက္ခ်ိန္၊ လွဲေနရာက ထလိုက္ခ်ိန္မ်ားတြင္ မူးခနဲ မိုက္ခနဲ ျဖစ္သြားျခင္းသည္ စိုးရိမ္ေလာက္ေသာ က်န္းမာေရး ျပႆနာ မဟုတ္ေသာ္လည္း ထိုသို႔ မူးခနဲ မိုက္ခနဲ ျဖစ္ခ်ိန္မ်ဳိးတြင္ ခႏၶာကိုယ္ တစ္ျခမ္းတည္း နာက်င္ျခင္းမ်ဳိး၊ တစ္ျခမ္းဆြဲ သြားျခင္းမ်ဳိး၊ ေျခလက္ လႈပ္ရွားမႈကို မထိန္းႏုိင္ေတာ့ ျခင္းမ်ဳိး၊ ေခါင္းတအား ကိုက္တတ္လာျခင္းမ်ဳိး၊ စကားသံ မပီေတာ႔ျခင္းမ်ဳိးပါ တြဲၿပီး ျဖစ္လာ လွ်င္ကား ထိုလကၡဏာသည္ ေလျဖတ္မည့္ ေရွ႕ေျပး လကၡဏာ ျဖစ္သည္။ ကၽြမ္းက်င္သူ ဆရာ၀န္ႏွင့္ တုိင္ပင္ၿပီး က်န္းမာေရး စစ္ေဆးမႈ အျမန္ဆံုး ခံယူ သင့္သည္။

ကုသနည္း – ေလျဖတ္ ႏုိင္ေျခ ရွိေၾကာင္း စစ္ေဆး ေတြ႕ရွိရပါက ႀကိဳတင္ ကာကြယ္ေသာ အားျဖင့္ ေသြးခဲၿပီး ေသြးေၾကာ ပိတ္ျခင္းကို ကာကြယ္ႏုိင္မည့္ ေဆးမ်ဳိး၊ ေသြးေပါင္ခ်ိန္ က်ေစသမည့္ ေဆးမ်ဳိးကို ဆရာ၀န္ ညႊန္ၾကားခ်က္ျဖင္႔ ေသာက္သံုးရမည္။ ေလျဖတ္ႏုိင္ေျခ အမ်ဳိးအစားေပၚ မူတည္ၿပီး ေနာက္ထပ္ ျပည့္စံုေသာ က်န္းမာေရး စစ္ေဆး ကုသမႈမ်ား ႀကိဳတင္ ခံယူရမည္။

၄။ ေဆးေတြ ေသာက္ျခင္း ေဘးထြက္ ဆိုးက်ဳိးအျဖစ္ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္း။

ေဆးကတ္ေတြ၊ ေဆးဘူးေတြမွာ ေဖာ္ျပထားေသာ ေဘးထြက္ ဆိုးက်ဳိး သတိေပးခ်က္မ်ား ထဲတြင္ ထိုေဆးေသာက္လွ်င္ ေဘးထြက္ ဆိုးက်ဳိး အျဖစ္ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းမ်ဳိး ႀကံဳရႏုိင္သည္ဟု ေဖာ္ျပ ထားျခင္းမ်ဳိးကို ေတြ႕ႏုိင္သည္။ သို႔ျဖစ္ရာ မိမိ ကလည္း တစ္ ေလာကမွ ေရာဂါ တစ္ခုခုေၾကာင့္ ေဆး၀ါး တစ္မ်ဳိးမ်ဳိးကို မွီ၀ဲေနရသည္ ဆိုပါက မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းသည္ ထိုေဆး၀ါးမ်ားႏွင့္ ပတ္သက္ ေနႏိုင္သည္။ သက္ဆိုင္ရာ ဆရာ၀န္ႏွင့္ ျပသၿပီး ေဆးေျပာင္း ေသာက္သင့္လား၊ ေဆးေသာက္တာ လံုး၀ ရပ္ပစ္သင့္လား စဥ္းစားဆံုးျဖတ္ရမည္။ေသြးတိုး၊ ေသြးက်ဆိုင္ရာ ေဆး၀ါးမ်ားသည္ မူးခနဲ မိုက္ခနဲ ျဖစ္ေစသည့္ အဓိက လက္သည္ ေဆး၀ါးမ်ား ျဖစ္သည္။ ေဆးေသာက္ လိုက္ၿပီး ေနာက္ပိုင္း ေသြးအလြန္အမင္း တိုးသြားျခင္းမ်ဳိး၊ က်သြားျခင္းမ်ဳိး မျဖစ္ေအာင္ ဂ႐ုျပဳရမည္။

ကုသနည္း – ကိုယ္ေသာက္သံုးသည့္ ေဆး၀ါး သမိုင္းေၾကာင္း အျပည့္အစံုကိုပါ ဆရာ၀န္ကို ေျပာျပကာ မိမိ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းနဲ႔ ထိုေဆး၀ါးမ်ားနဲ႔ သက္ဆိုင္မႈ ရွိမရွိ ေမးျမန္း လမ္းညႊန္ခ်က္ ခံယူပါ။ ေဆးကို နည္းနည္းေလာက္ ေျပာင္းလိုက္ျခင္းမ်ဳိး၊ မလိုတာမ်ား ေလွ်ာ့ေသာက္လိုက္ျခင္း မ်ဳိးသည္ မိမိကို မူးခနဲမိုက္ခနဲရန္မွ သက္သာရာ ရေစႏုိင္သည္။

၅။ ေသြးတြင္း သံဓာတ္ေလ်ာ့နည္းေနျခင္း။

ေသြးထဲမွာ သံဓာတ္ေလ်ာ့နည္းေနပါ က လူသည္ အားကုန္ေန တတ္သည္။ အလို လိုေနရင္း စိတ္လည္း ပင္ပန္းေန တတ္သည္။ ၿပီးလွ်င္ မူးခနဲ မိုက္ခနဲလည္းပိုၿပီး ျဖစ္တတ္သည္။

ကုသနည္း – ထိုအေျခအေနမ်ဳိးတြင္ ေသြးေဖာက္စစ္ကာ ေသြးတြင္း သံဓာတ္ နည္းလာ မ်ားလား စစ္ေဆးရမည္။ ရလဒ္ကို သိလာသည့္အခါ ဆရာ၀န္ အေနျဖင့္ ေသြးတြင္း သံဓာတ္အားေကာင္း လာေအာင္ေဆး၀ါးမ်ား ညႊန္ၾကားေပးႏုိင္သည္။ ေသြးတြင္း သံဓာတ္ အားေကာင္းလာသည့္ အခါ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းလည္း အလိုလို သက္သာ လာမည္။

၆။ ေသြးတြင္း သၾကားဓာတ္ နည္းပါး ေနျခင္း။

ေသြးတြင္း သၾကားဓာတ္နည္း ေနသည့္ အခါ လူသည္ ေခၽြးထြက္လြန္၊ ဂဏာမၿငိမ္ ျဖစ္လာ တတ္သည္။ စိတ္လည္း ဂေယာက္ ဂယက္ ျဖစ္လာ တတ္သည္။ ေသြးေပါင္လည္း က်သြားကာ ေနာက္ဆံုးတြင္ လံုး၀ မူးလဲသြားသည့္ အဆင့္ထိ ေရာက္သြားရသည္။ အလုပ္ အလြန္အကၽြံ လုပ္ျခင္း၊ အလြန္ အမင္းစိတ္အား လူအားစိုက္ျခင္း၊ တစ္ေန႔လံုး နီးပါးေရႏွင့္ အစားအေသာက္ မဆိုသေလာက္ သာ စားေသာက္ၿပီး အလုပ္ခ်ည္း ဖိလုပ္ ေနျခင္းမ်ားေၾကာင့္ ေသြးတြင္း သၾကားဓာတ္ အလြန္အမင္း က်ဆင္းသြားရတတ္သည္။

ကုသနည္း – အခ်ဳိဓာတ္ပါတာေတြ စားေပးပါ။ အခ်ဳိရည္ တစ္မ်ဳိးမ်ဳိး ေသာက္ပါ။ အေရးေပၚ အေျခအေနမ်ဳိးတြင္ သၾကားကို ေဖ်ာ္ေသာက္ျခင္းသည္ လည္း အသံုး၀င္သည္။ လိုအပ္ပါက သၾကားလံုးကိုပင္ ငံုထားသင့္သည္။ သို႔မွသာ ေသြးတြင္း သၾကားဓာတ္ ျမန္ျမန္ျပန္ျပည့္ကာ လူသည္ ျပန္ၾကည္လင္ လာမည္ ျဖစ္သည္။

၇။ ေသြးေပါင္က် ျခင္းေၾကာင့္လည္း မူးခနဲ မိုက္ခနဲ ျဖစ္တတ္သည္။

အေပၚေသြး (၁၀၀) ေအာက္၊ ေအာက္ေသြး (၆၀) ေအာက္က် သြားလွ်င္ကား ေသြးေပါင္က်ေန ၿပီဟု သတ္မွတ္ႏုိင္သည္။ ထိုအခါ လူသည္ အားအင္ နည္းပါးကာ ႐ုတ္တရက္ ထလိုက္လွ်င္ မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းမ်ဳိးနဲ႔ ႀကံဳရႏုိင္သည္။

ကုသနည္း – အေျခအေနေပၚ မူတည္ၿပီး ကုသနည္း ကြဲျပား ႏုိင္သည္။ ဆရာ၀န္က ဆားဓာတ္ မ်ားမ်ား စားေပးဖို႔ ညႊန္ၾကားခ်င္ ညႊန္ၾကားႏုိင္ သလို၊ ေသြးေပါင္ခ်ိန္ ျပန္တက္ လာေစရန္အတြက္ ေရမ်ားမ်ား ေသာက္ဖို႔လည္း ညႊန္ၾကားေလ့ရွိသည္။

မူးခနဲ မိုက္ခနဲ ျဖစ္ျခင္းသည္ က်န္းမာေရး အတြက္ အဓိက စိုးရိမ္စရာႀကီး မဟုတ္ေသာ္လည္း ေနာက္ဆက္တြဲ အေနျဖင့္-လံုး၀ မူးလဲကာ၊ ဘာကိုမွ မမွတ္မိေတာ့ေလာက္ေအာင္ ျဖစ္ျခင္း၊ ရင္ဘတ္ပါ ေအာင့္လာျခင္း၊ ေခါင္းေတြ တအား ထိုးကိုက္လာျခင္း၊ အျမင္ေတြ မႈန္၀ါး၊ စကားပါမပီ ျဖစ္လာျခင္း ၊နားကပါ ဘာမွ မၾကားႏိုင္ေအာင္ ျဖစ္လာျခင္းမ်ဳိး ႀကံဳလာလွ်င္ေတာ့ ဆရာ၀န္ႏွင္႔ အျမန္ဆံုး ျပသကာ ကုသမႈ ခံယူရပါမည္။
Chaw Lay Su
#Unicode Version#
 ထိုင်နေရာကနေ ရုတ်ခနဲ ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူးပြီး လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြ လိမ့်မည်။ ထိုသို့ ဖြစ်ခြင်း သည် သိပ်မစိုးရိမ် လောက်သော ကျန်းမာရေး ပြဿနာ ဖြစ်သော်လည်း သူ့နောက် ဆက်တွဲများကား စိုးရိမ်စရာရှိ သဖြင့် ထိုသို့ ဖြစ်ပါများလာ လျှင်တော့ မပေါ့ဘဲ ဂရုစိုက်ကြဖို့ လိုမည်။ အဲဒီလိုဖြစ်တာဟာ ခန္ဓာကိုယ် စနစ်မှာ တစ်ခုခု မှားနေပြီ ဆိုတာ ပြလိုက်တာပဲ ဟု အမေရိကန် နယူးဂျာစီ ပြည်နယ် ချက်စတာမြို့ရှိ ဆဖိုင်းယား အမျိုးသမီး ကျန်းမာရေး စင်တာမှ ဒေါက်တာ ဒေါ်နီကာမိုးက ပြောသည်။ အထူးသဖြင့် အသက်ကြီးသူ များမှာ ဖြစ်တတ်သည်။ ဆေးဝါးများ သောက်သုံး ရာမှ ဘေးထွက် ဆိုးကျိုး ဖြစ်တတ် သလို၊ အသက်ကြီး လာလို့ ခန္ဓာကိုယ်မှာ အပြောင်းအလဲ ဖြစ်လာ ခြင်းကြောင့်လည်း မိုက်ခနဲ မူးခနဲ ဖြစ်သွား တာမျိုး ကြုံရတတ်သည်။

မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း သက်သက်ကား သိပ်စိုးရိမ်စရာ မရှိသော်လည်း အမြင့် တစ်နေရာရာတွင် ရပ်နေချိန် မိုက်ခနဲ ဖြစ်သွားပါက ပြုတ်ကျခြင်းကြောင့် ထိခိုက် ဒဏ်ရာရခြင်း မှသည် အသက် အန္တရာယ် ထိပါ စိုးရိမ်ရသည့် နောက်ဆက်တွဲများ ကိုကား သတိထားရမည်ဟု ဒေါက်တာ မိုးက ပြောသည်။

မူးခနဲ မိုက်ခနဲ ဖြစ်သွားလျှင် ဦးဆုံး လုပ်ရန်ကား ထိုင်ချလိုက်ဖို့ ဖြစ်သည်။ သို့မှသာ လဲကျ သွားခြင်းကို ကာကွယ်နိုင်မည်။ မလုပ်သင့်ဆုံး ကား မူးခနဲ မိုက်ခနဲ ဖြစ်သွားပြီး မကြာခင်မှာပင် ကားမောင်းခြင်းမျိုး ဖြစ်သည်။ ကိုယ်က စိုးရိမ်လို့ ကိုယ်တိုင် ကားမောင်းပြီး ဆေးရုံသွားဖို့ ကြိုးစားမည်ဆို လျှင်ပင် ဆေးရုံမရောက်ဘဲ လမ်းမှာ ယာဉ်မတော်တဆ ဖြစ်ခြင်းမျိုး ကြုံရ နိုင်သည်။ ဘာကြောင့် မူးခနဲ မိုက်ခနဲ ဖြစ်သွားရသနည်း။ အကြောင်းရင်း ခုနစ်ချက်ကို ဖော်ပြ ပါမည်။

၁။ ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်နေခြင်း။ နေပူအောက်မှာ လျှောက်ပါများခြင်း၊ ခရီးဝေး ကားထိုင်စီးနေ ရခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ အပြင်းအထန် လုပ်ခြင်း၊ အလုပ်တွေ ရှုပ်လွန်းသဖြင့် စားဖို့၊ သောက်ဖို့ပင် အချိန်မပေးနိုင်ခြင်း တို့ကြောင့် လူသည် ရေဓာတ်ခန်းခြောက် သွားတတ်သည်။ ထိုသို့ ဖြစ်နေစဉ်တွင် ရုတ်တရက် ထလိုက်ပါက မူးခနဲ မိုက်ခနဲ ဖြစ်သွား ရတော့သည်။

ကုသနည်း – ခေါင်းတွေ ချာချာလည်၊ အခန်းကြီးက ချာချာလည် ဖြစ်နေပါက ရေနည်း နည်းချင်း သောက်ပါ။ လိမ္မော်ရည်လို၊ သံပုရာရည် လိုမျိုး သောက်နိုင်ရင် ပိုကောင်းသည်။ ဖျော်ရည်များ သောက်ခြင်းဖြင့် သကြားဓာတ်ကိုပါ ရရှိ သဖြင့် ခွန်အားကိုပါ ဖြစ်စေသည်။ ထိုသို့ သောက်ပြီးသည်နှင့် ကိုယ်အခြေအနေ ကောင်းလာလား စောင့်ကြည့်။ သွေးတွင်း သကြားဓာတ် ပါဝင်မှု နည်းနေ လျှင်လည်း လူသည် အားနည်းကာ မူးခနဲ မိုက်ခနဲ ဖြစ်တတ် သည်။ ဖျော်ရည်ထဲတွင် ပါသော သကြားဓာတ်သည် သွေးတွင်း သကြားပမာဏကို မြှင့်တင်ပေးနိုင် သဖြင့် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမှ ပြန်ကောင်း လာအောင် ကူပေး နိုင်သည်။ ထိုသို့ သောက်ပြီး (၁၀) မိနစ်၊ (၁၅) မိနစ် လောက်နေလို့မှ မသက်သာလျှင် ဆရာဝန်ကို ခေါ်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သည်။

၂။ အသက်ကြီးလို့ မူးဝေခြင်း။ အသက်ကြီး လာသည့် အခါ နားထဲတွင် ရှိသော အရည်ကြည်များ လှုပ်ရမ်းမှုကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်သည်။ အသက် (၅၀) ကျော် လာလျှင် အိပ်နေရာမှ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းတွင် အဓိက လက်သည်မှာ ထိုသို့ နားထဲမှ အရည်ကြည် များကြောင့် ဖြစ်ကြောင်း ဒေါက်တာမိုးက ပြောသည်။ လှဲအိပ်နေချိန်တွင် ဦးခေါင်းကို ထားသည့် ပုံစံပေါ်တွင်လည်း မူတည်ပြီး ဖြစ်တတ်သည်။ အချို့သော ပုံစံမျိုးဖြင့် ခေါင်းချ လှဲအိပ်ပြီး ထလိုက်လျှင် မူးခနဲ မိုက်ခနဲ မဖြစ်သော်လည်း အချို့သော ပုံစံမျိုးဖြင့် အိပ်ပြီး ထလျှင်ကား ဖြစ်တတ်သည်။ လူတစ်ဦးနှင့် တစ်ဦး ကွာခြားတတ်သည်။ သို့ဖြစ်ရာ မိမိကို မမူးစေသော ပုံစံဖြင့် ရွေးချယ် အိပ်စက် ဖြစ်အောင်လည်း သတိထား ရမည်။ မည်သို့ပဲ လုပ်လုပ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းက မပျောက်ဘူး ဆိုလျှင် ဆရာဝန်နှင့် ပြသဆွေးနွေးသင့်သည်။ ကုသနည်း – ထလိုက်လျှင် မူးခနဲ မဖြစ်စေမည့် ဦးခေါင်း ထားသည့် ပုံစံမျိုး လုပ်ကြည့်သည့်တိုင် ဆက်ပြီး မူးဆဲ ဆိုပါက အမူးပျောက်အောင် ရည်ရွယ် ဖန်တီးထားသည့် တရားထိုင်နည်း ပုံစံများကို ဆရာဝန်နှင့် တိုင်ပင်ပြီး စမ်းသပ်ကြည့် သင့်သည်။

၃။ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် အသေးစား လေဖြတ်ခြင်း၏ ရှေ့ပြေး လက္ခဏာ။

ထိုင်ရာက ထလိုက်ချိန်၊ လှဲနေရာက ထလိုက်ချိန်များတွင် မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းသည် စိုးရိမ်လောက်သော ကျန်းမာရေး ပြဿနာ မဟုတ်သော်လည်း ထိုသို့ မူးခနဲ မိုက်ခနဲ ဖြစ်ချိန်မျိုးတွင် ခန္ဓာကိုယ် တစ်ခြမ်းတည်း နာကျင်ခြင်းမျိုး၊ တစ်ခြမ်းဆွဲ သွားခြင်းမျိုး၊ ခြေလက် လှုပ်ရှားမှုကို မထိန်းနိုင်တော့ ခြင်းမျိုး၊ ခေါင်းတအား ကိုက်တတ်လာခြင်းမျိုး၊ စကားသံ မပီတော့ခြင်းမျိုးပါ တွဲပြီး ဖြစ်လာ လျှင်ကား ထိုလက္ခဏာသည် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ ဖြစ်သည်။ ကျွမ်းကျင်သူ ဆရာဝန်နှင့် တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု အမြန်ဆုံး ခံယူ သင့်သည်။

ကုသနည်း – လေဖြတ် နိုင်ခြေ ရှိကြောင်း စစ်ဆေး တွေ့ရှိရပါက ကြိုတင် ကာကွယ်သော အားဖြင့် သွေးခဲပြီး သွေးကြော ပိတ်ခြင်းကို ကာကွယ်နိုင်မည့် ဆေးမျိုး၊ သွေးပေါင်ချိန် ကျစေသမည့် ဆေးမျိုးကို ဆရာဝန် ညွှန်ကြားချက်ဖြင့် သောက်သုံးရမည်။ လေဖြတ်နိုင်ခြေ အမျိုးအစားပေါ် မူတည်ပြီး နောက်ထပ် ပြည့်စုံသော ကျန်းမာရေး စစ်ဆေး ကုသမှုများ ကြိုတင် ခံယူရမည်။

၄။ ဆေးတွေ သောက်ခြင်း ဘေးထွက် ဆိုးကျိုးအဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်း။

ဆေးကတ်တွေ၊ ဆေးဘူးတွေမှာ ဖော်ပြထားသော ဘေးထွက် ဆိုးကျိုး သတိပေးချက်များ ထဲတွင် ထိုဆေးသောက်လျှင် ဘေးထွက် ဆိုးကျိုး အဖြစ် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုး ကြုံရနိုင်သည်ဟု ဖော်ပြ ထားခြင်းမျိုးကို တွေ့နိုင်သည်။ သို့ဖြစ်ရာ မိမိ ကလည်း တစ် လောကမှ ရောဂါ တစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုးကို မှီဝဲနေရသည် ဆိုပါက မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ထိုဆေးဝါးများနှင့် ပတ်သက် နေနိုင်သည်။ သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသပြီး ဆေးပြောင်း သောက်သင့်လား၊ ဆေးသောက်တာ လုံး၀ ရပ်ပစ်သင့်လား စဉ်းစားဆုံးဖြတ်ရမည်။သွေးတိုး၊ သွေးကျဆိုင်ရာ ဆေးဝါးများသည် မူးခနဲ မိုက်ခနဲ ဖြစ်စေသည့် အဓိက လက်သည် ဆေးဝါးများ ဖြစ်သည်။ ဆေးသောက် လိုက်ပြီး နောက်ပိုင်း သွေးအလွန်အမင်း တိုးသွားခြင်းမျိုး၊ ကျသွားခြင်းမျိုး မဖြစ်အောင် ဂရုပြုရမည်။

ကုသနည်း – ကိုယ်သောက်သုံးသည့် ဆေးဝါး သမိုင်းကြောင်း အပြည့်အစုံကိုပါ ဆရာဝန်ကို ပြောပြကာ မိမိ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းနဲ့ ထိုဆေးဝါးများနဲ့ သက်ဆိုင်မှု ရှိမရှိ မေးမြန်း လမ်းညွှန်ချက် ခံယူပါ။ ဆေးကို နည်းနည်းလောက် ပြောင်းလိုက်ခြင်းမျိုး၊ မလိုတာများ လျှော့သောက်လိုက်ခြင်း မျိုးသည် မိမိကို မူးခနဲမိုက်ခနဲရန်မှ သက်သာရာ ရစေနိုင်သည်။

၅။ သွေးတွင်း သံဓာတ်လျော့နည်းနေခြင်း။

သွေးထဲမှာ သံဓာတ်လျော့နည်းနေပါ က လူသည် အားကုန်နေ တတ်သည်။ အလို လိုနေရင်း စိတ်လည်း ပင်ပန်းနေ တတ်သည်။ ပြီးလျှင် မူးခနဲ မိုက်ခနဲလည်းပိုပြီး ဖြစ်တတ်သည်။

ကုသနည်း – ထိုအခြေအနေမျိုးတွင် သွေးဖောက်စစ်ကာ သွေးတွင်း သံဓာတ် နည်းလာ များလား စစ်ဆေးရမည်။ ရလဒ်ကို သိလာသည့်အခါ ဆရာဝန် အနေဖြင့် သွေးတွင်း သံဓာတ်အားကောင်း လာအောင်ဆေးဝါးများ ညွှန်ကြားပေးနိုင်သည်။ သွေးတွင်း သံဓာတ် အားကောင်းလာသည့် အခါ မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းလည်း အလိုလို သက်သာ လာမည်။

၆။ သွေးတွင်း သကြားဓာတ် နည်းပါး နေခြင်း။

သွေးတွင်း သကြားဓာတ်နည်း နေသည့် အခါ လူသည် ချွေးထွက်လွန်၊ ဂဏာမငြိမ် ဖြစ်လာ တတ်သည်။ စိတ်လည်း ဂယောက် ဂယက် ဖြစ်လာ တတ်သည်။ သွေးပေါင်လည်း ကျသွားကာ နောက်ဆုံးတွင် လုံး၀ မူးလဲသွားသည့် အဆင့်ထိ ရောက်သွားရသည်။ အလုပ် အလွန်အကျွံ လုပ်ခြင်း၊ အလွန် အမင်းစိတ်အား လူအားစိုက်ခြင်း၊ တစ်နေ့လုံး နီးပါးရေနှင့် အစားအသောက် မဆိုသလောက် သာ စားသောက်ပြီး အလုပ်ချည်း ဖိလုပ် နေခြင်းများကြောင့် သွေးတွင်း သကြားဓာတ် အလွန်အမင်း ကျဆင်းသွားရတတ်သည်။

ကုသနည်း – အချိုဓာတ်ပါတာတွေ စားပေးပါ။ အချိုရည် တစ်မျိုးမျိုး သောက်ပါ။ အရေးပေါ် အခြေအနေမျိုးတွင် သကြားကို ဖျော်သောက်ခြင်းသည် လည်း အသုံးဝင်သည်။ လိုအပ်ပါက သကြားလုံးကိုပင် ငုံထားသင့်သည်။ သို့မှသာ သွေးတွင်း သကြားဓာတ် မြန်မြန်ပြန်ပြည့်ကာ လူသည် ပြန်ကြည်လင် လာမည် ဖြစ်သည်။

၇။ သွေးပေါင်ကျ ခြင်းကြောင့်လည်း မူးခနဲ မိုက်ခနဲ ဖြစ်တတ်သည်။

အပေါ်သွေး (၁၀၀) အောက်၊ အောက်သွေး (၆၀) အောက်ကျ သွားလျှင်ကား သွေးပေါင်ကျနေ ပြီဟု သတ်မှတ်နိုင်သည်။ ထိုအခါ လူသည် အားအင် နည်းပါးကာ ရုတ်တရက် ထလိုက်လျှင် မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းမျိုးနဲ့ ကြုံရနိုင်သည်။

ကုသနည်း – အခြေအနေပေါ် မူတည်ပြီး ကုသနည်း ကွဲပြား နိုင်သည်။ ဆရာဝန်က ဆားဓာတ် များများ စားပေးဖို့ ညွှန်ကြားချင် ညွှန်ကြားနိုင် သလို၊ သွေးပေါင်ချိန် ပြန်တက် လာစေရန်အတွက် ရေများများ သောက်ဖို့လည်း ညွှန်ကြားလေ့ရှိသည်။

မူးခနဲ မိုက်ခနဲ ဖြစ်ခြင်းသည် ကျန်းမာရေး အတွက် အဓိက စိုးရိမ်စရာကြီး မဟုတ်သော်လည်း နောက်ဆက်တွဲ အနေဖြင့်-လုံး၀ မူးလဲကာ၊ ဘာကိုမှ မမှတ်မိတော့လောက်အောင် ဖြစ်ခြင်း၊ ရင်ဘတ်ပါ အောင့်လာခြင်း၊ ခေါင်းတွေ တအား ထိုးကိုက်လာခြင်း၊ အမြင်တွေ မှုန်ဝါး၊ စကားပါမပီ ဖြစ်လာခြင်း ၊နားကပါ ဘာမှ မကြားနိုင်အောင် ဖြစ်လာခြင်းမျိုး ကြုံလာလျှင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ပြသကာ ကုသမှု ခံယူရပါမည်။
Chaw Lay Su

No comments:

Post a Comment