Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 15, 2019

ေဒၚလာသန္း ၇၃၀၀ အေၾကြးယူ ေဆာင္ရြက္မဲ့ တရုတ္စီမံကိန္း၊ ျမန္မာကုိ အေမရိကန္ အၾကံေပးခဲ့


ျမန္မာအစုိးရက တရုတ္အစုိးရအကူအညီနဲ႔ ေဆာင္ရြက္မယ့္ ေက်ာက္္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ စီးပြားေရးဇုန္စီမံကိန္းကုိ မူလက အေမရိကန္ ေဒၚလာ ၇.၃ ဘီလီယံ အကုန္အက်ခံ ေဆာင္ရြက္မယ္လုိ႔ သေဘာတူထားခဲ့ရာကေန ကနဦးလုပ္ငန္းေတြကုိ ေဒၚလာ သန္း တေထာင့္သုံးရာနဲ႔ပဲ စတင္ဖုိ႔ ေျပာင္းလဲဆုံးျဖတ္ခဲ့ပါတယ္။

အရင္ အစုိးရလက္ထက္က တရုတ္အစုိးရနဲ႔ သေဘာတူခဲ့တဲ့ အဲဒီ စီမံကိန္းကုိ ဒီေလာက္မ်ားျပားတဲ့ ေငြေတြအေၾကြးယူ ေဆာင္ရြက္ဖုိ႔ မသင့္ဘူးဆုိၿပီး လက္ရွိ NLD အစုိးရက သေဘာတူညီခ်က္ အသစ္ ရရွိေအာင္ ညွိႏိႈင္းႏုိင္ခဲ့တဲ့ အျဖစ္အပ်က္ရဲ႕ ေနာက္ကြယ္မွာ အေမရိကန္အစုိးရရဲ႕ ပါဝင္ကူညီမႈရွိေနခဲ့တယ္လုိ႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာအစုိးရကုိ ကူညီဖုိ႔အတြက္ အေမရိကန္အစုိးရဟာ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ေရွ႕ေနေတြနဲ႔ သံတမန္ေတြပါဝင္တဲ့ အထူးအဖြဲ႔တခုကုိ ျမန္မာႏုိင္ငံ ေစလႊတ္ခဲ့ပါတယ္။ အဲဒီ အဖြဲ႔မွာ ပါဝင္သူေတြက တရုတ္ အဖြဲ႔အစည္းေတြ ကုမၸဏီေတြနဲ႔ သေဘာတူညီခ်က္ေတြ ရယူရာမွာ မိမိဖက္က အက်ိဳးရွိေရးအတြက္ ကန္ထရုိက္စာခ်ဳပ္ေတြကုိ အေသးစိပ္ေလ့လာသုံးသပ္ၿပီး နစ္နာႏုိင္တဲ့အခ်က္ေတြကုိ ေဖၚထုတ္ကာ ျမန္မာအာဏာပုိင္ေတြကုိ အၾကံဥာဏ္ေတြေပးခဲ့တယ္လို႔ ဆုိပါတယ္။

တရုတ္အစုိးရနဲ႔ အခုသေဘာတူညီခ်က္အသစ္အရဆုိရင္ ေဒၚလာ ၁.၃ ဘီလီယံနဲ႔ ကနဦး ရင္းႏွီးျမွဳပ္ႏွံရာကေန အက်ဳိးအျမတ္ရရွိလာမွသာ ေနာက္ထပ္ျမွဳပ္ႏွံမႈေတြကုိ ငါးၾကင္းဆီနဲ႔ ငါးၾကင္းေၾကာ္မွာ ျဖစ္ပါတယ္။ အဲဒီလုိ ထပ္မံတုိးခ်ဲ႕ုုေရးအတြက္လည္း ျမန္မာႏုိင္ငံက ဆုံးျဖတ္ပုိင္ခြင့္ ရွိပါတယ္။ ဒီညွိႏိႈင္းမႈေတြနဲ႔ ပတ္သက္ၿပီး အတြင္းသိတဦးရဲ႕ ေျပာစကားအရ အဲဒီ သေဘာတူစာခ်ဳပ္မွာ အလြယ္တကူ မျမင္ႏုိင္တဲ့ ေထာက္ေခ်ာက္ေတြ မပါရွိေအာင္ အၾကံေပးဖုိ႔ အေမရိကန္ျပည္ေထာင္စုကုိ ျမန္မာအစုိးရက အကူအညီ ေတာင္းခံခဲ့တာျဖစ္ျပီး ျဗိတိန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံေတြကလည္း အလားတူ ကူညီခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ထုတ္ေဝတဲ့ First Weekly News Journal အယ္ဒီတာခ်ဳပ္ ေအာင္စုိးသူက ဒါဟာ ျမန္မာအစုိးရရဲ႕ ႏုိင္ငံတကာဆက္ဆံေရး ကြ်မ္းက်င္မႈပဲလုိ႔ ေျပာပါတယ္။

“က်ေနာ္တုိ႔ လူထု တင္ေျမွာက္ထားတဲ့ အစုိးရဟာ အရင္အစုိးရေတြက လုပ္ကုိင္ခဲ့တာေတြကုိ အေမြဆက္ခံရတာ ျဖစ္ပါတယ္။ အၾကီးမားဆုံးကေတာ့ ေငြေၾကးေထာင္ေခ်ာက္ေတြပါ။ ဒီ ေထာင္ေခ်ာက္ေတြကုိ ေျဖရွင္းရာမွာ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပႏုိင္ငံေတြက အခုလုိ ကူညီၾကတာဟာ အင္မတန္ဝမ္းသာစရာပါပဲ။ က်ေနာ္တုိ႔ အစုိးရဟာ ႏုိင္ငံတကာ ဆက္ဆံေရးနဲ႔ ပတ္သက္လုိ႔ အထူးပါးနပ္စြာ စိန္ေခၚမွဳေတြကုိ ရင္ဆုိင္ေျဖရွင္းေနရတယ္လုိ႔ က်ေနာ္ ျမင္ပါတယ္။”

တကယ္ေတာ့ ဒါဟာ တရုတ္အစုိးရရဲ႕ ကမာၻတဝန္း အထူးသျဖင့္ အာရွနဲ႔ပစိဖိတ္ေဒသမွာ သံတမန္ေရး၊ စီးပြားေရးနဲ႔ စစ္ေရးအရ ၾသဇာလႊမ္းမုိးမႈကုိ တန္ျပန္တဲ့ အေမရိကန္အစုိးရရဲ႕ နည္းဗ်ဴဟာတရပ္ ျဖစ္ပါတယ္။

တရုတ္အစုိးရဟာ ၿပီးခဲ့တဲ့ အႏွစ္ ၂ဝ အတြင္း ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြကုိ အလွ်င္အျမန္ တုိးျမွင့္ခဲ့ပါတယ္။ ျမန္မာႏုိင္ငံကုိလည္း အဲဒီ ေၾကြးတင္ကြ်န္ျဖစ္မယ့္ လမ္းေၾကာင္းထဲ ဆြဲေခၚဖုိ႔ႀကိဳးစားခဲ့ပုံပါပဲ။ ၂ဝ၁၇ ခုႏွစ္မွာ သီရီလကၤာႏုိင္ငံက ဆိပ္ကမ္းကုိ တရုတ္အစုိးရလက္ထဲ ႏွစ္ရွည္ငွားရမ္းတဲ့အေနနဲ႔ ထုိးထည့္လုိက္ရတဲ့ အျဖစ္အပ်က္ေၾကာင့္ တရုတ္ေတြရဲ႕ ေခတ္သစ္ပုိးလမ္းမ စီမံကိန္းကုုိ လူေတြက အႀကီးအက်ယ္ ေဝဖန္ခဲ့ပါတယ္။

အေမရိကန္ မဟာဗ်ဴဟာနဲ႔ ႏုိ္င္ငံတကာေလ့လာေရးဌာန အရာရွိတဦးျဖစ္တဲ့ Jonathan Hillman ဂ်ဳိနသန္ ဟီးလ္မင္န္ ကေတာ့ အေမရိကန္အစုိးရအေနနဲ႔ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကုိ ကူညီရာမွာ အၾကံေပးယုံနဲ႔ မလုံေလာက္ပဲ ေငြေၾကးအရ လက္ေတြ႔ ကူညီေထာက္ပံ့မႈေတြေပးဖုိ႔ အေရးၾကီးတယ္လုိ႔ ေဝဖန္ပါတယ္။ တရုတ္ႏုိင္ငံကလြဲၿပီး တျခား ဘယ္ႏုိင္ငံထံကေနမွ ေငြေၾကးအကူအညီမရတဲ့အခါ အဲဒီ ႏုိင္ငံေတြဟာ အဆုိးဝါးဆုံး အက်ဳိးဆက္ေတြနဲ႔ ရင္ဆုိင္ရေတာ့တာပဲလုိ႔ သူကေျပာပါတယ္။

(ဒီေဆာင္းပါးမွာ ပါဝင္တဲ့ အခ်က္ေတြဟာ ဧၿပီလ ၉ ရက္ေန႔ထုတ္ Wall Street Journal မွာ Ben Kesling နဲ႔ Jon Emont တုိ႔ေရးသားခဲ့တဲ့ “U.S. Goes on the Offensive Against China’s Empire-Building Megaplan – တရုတ္ျပည္ရဲ႕ အင္ပါယာထူေထာင္ေရး မဟာစီမံကိန္းကုိ အေမရိကန္ျပည္ေထာင္စုက ထုိးႏွက္ျခင္း” ေဆာင္းပါးက ေကာက္ႏုတ္ထားတာ ျဖစ္ပါတယ္။)
RFA

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာအစိုးရက တရုတ်အစိုးရအကူအညီနဲ့ ဆောင်ရွက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်စီမံကိန်းကို မူလက အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်မယ်လို့ သဘောတူထားခဲ့ရာကနေ ကနဦးလုပ်ငန်းတွေကို ဒေါ်လာ သန်း တထောင့်သုံးရာနဲ့ပဲ စတင်ဖို့ ပြောင်းလဲဆုံးဖြတ်ခဲ့ပါတယ်။

အရင် အစိုးရလက်ထက်က တရုတ်အစိုးရနဲ့ သဘောတူခဲ့တဲ့ အဲဒီ စီမံကိန်းကို ဒီလောက်များပြားတဲ့ ငွေတွေအကြွေးယူ ဆောင်ရွက်ဖို့ မသင့်ဘူးဆိုပြီး လက်ရှိ NLD အစိုးရက သဘောတူညီချက် အသစ် ရရှိအောင် ညှိနှိုင်းနိုင်ခဲ့တဲ့ အဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ အမေရိကန်အစိုးရရဲ့ ပါဝင်ကူညီမှုရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ကူညီဖို့အတွက် အမေရိကန်အစိုးရဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရှေ့နေတွေနဲ့ သံတမန်တွေပါဝင်တဲ့ အထူးအဖွဲ့တခုကို မြန်မာနိုင်ငံ စေလွှတ်ခဲ့ပါတယ်။ အဲဒီ အဖွဲ့မှာ ပါဝင်သူတွေက တရုတ် အဖွဲ့အစည်းတွေ ကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေ ရယူရာမှာ မိမိဖက်က အကျိုးရှိရေးအတွက် ကန်ထရိုက်စာချုပ်တွေကို အသေးစိပ်လေ့လာသုံးသပ်ပြီး နစ်နာနိုင်တဲ့အချက်တွေကို ဖေါ်ထုတ်ကာ မြန်မာအာဏာပိုင်တွေကို အကြံဉာဏ်တွေပေးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရနဲ့ အခုသဘောတူညီချက်အသစ်အရဆိုရင် ဒေါ်လာ ၁.၃ ဘီလီယံနဲ့ ကနဦး ရင်းနှီးမြှုပ်နှံရာကနေ အကျိုးအမြတ်ရရှိလာမှသာ နောက်ထပ်မြှုပ်နှံမှုတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မှာ ဖြစ်ပါတယ်။ အဲဒီလို ထပ်မံတိုးချဲ့ုရေးအတွက်လည်း မြန်မာနိုင်ငံက ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒီညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး အတွင်းသိတဦးရဲ့ ပြောစကားအရ အဲဒီ သဘောတူစာချုပ်မှာ အလွယ်တကူ မမြင်နိုင်တဲ့ ထောက်ချောက်တွေ မပါရှိအောင် အကြံပေးဖို့ အမေရိကန်ပြည်ထောင်စုကို မြန်မာအစိုးရက အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတွေကလည်း အလားတူ ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ထုတ်ဝေတဲ့ First Weekly News Journal အယ်ဒီတာချုပ် အောင်စိုးသူက ဒါဟာ မြန်မာအစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်မှုပဲလို့ ပြောပါတယ်။

“ကျနော်တို့ လူထု တင်မြှောက်ထားတဲ့ အစိုးရဟာ အရင်အစိုးရတွေက လုပ်ကိုင်ခဲ့တာတွေကို အမွေဆက်ခံရတာ ဖြစ်ပါတယ်။ အကြီးမားဆုံးကတော့ ငွေကြေးထောင်ချောက်တွေပါ။ ဒီ ထောင်ချောက်တွေကို ဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက အခုလို ကူညီကြတာဟာ အင်မတန်ဝမ်းသာစရာပါပဲ။ ကျနော်တို့ အစိုးရဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အထူးပါးနပ်စွာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ ကျနော် မြင်ပါတယ်။”

တကယ်တော့ ဒါဟာ တရုတ်အစိုးရရဲ့ ကမ္ဘာတဝန်း အထူးသဖြင့် အာရှနဲ့ပစိဖိတ်ဒေသမှာ သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ သြဇာလွှမ်းမိုးမှုကို တန်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ နည်းဗျူဟာတရပ် ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အလျှင်အမြန် တိုးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း အဲဒီ ကြွေးတင်ကျွန်ဖြစ်မယ့် လမ်းကြောင်းထဲ ဆွဲခေါ်ဖို့ကြိုးစားခဲ့ပုံပါပဲ။ ၂ဝ၁၇ ခုနှစ်မှာ သီရီလင်္ကာနိုင်ငံက ဆိပ်ကမ်းကို တရုတ်အစိုးရလက်ထဲ နှစ်ရှည်ငှားရမ်းတဲ့အနေနဲ့ ထိုးထည့်လိုက်ရတဲ့ အဖြစ်အပျက်ကြောင့် တရုတ်တွေရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။

အမေရိကန် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန အရာရှိတဦးဖြစ်တဲ့ Jonathan Hillman ဂျိုနသန် ဟီးလ်မင်န် ကတော့ အမေရိကန်အစိုးရအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီရာမှာ အကြံပေးယုံနဲ့ မလုံလောက်ပဲ ငွေကြေးအရ လက်တွေ့ ကူညီထောက်ပံ့မှုတွေပေးဖို့ အရေးကြီးတယ်လို့ ဝေဖန်ပါတယ်။ တရုတ်နိုင်ငံကလွဲပြီး တခြား ဘယ်နိုင်ငံထံကနေမှ ငွေကြေးအကူအညီမရတဲ့အခါ အဲဒီ နိုင်ငံတွေဟာ အဆိုးဝါးဆုံး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရတော့တာပဲလို့ သူကပြောပါတယ်။

(ဒီဆောင်းပါးမှာ ပါဝင်တဲ့ အချက်တွေဟာ ဧပြီလ ၉ ရက်နေ့ထုတ် Wall Street Journal မှာ Ben Kesling နဲ့ Jon Emont တို့ရေးသားခဲ့တဲ့ “U.S. Goes on the Offensive Against China’s Empire-Building Megaplan – တရုတ်ပြည်ရဲ့ အင်ပါယာထူထောင်ရေး မဟာစီမံကိန်းကို အမေရိကန်ပြည်ထောင်စုက ထိုးနှက်ခြင်း” ဆောင်းပါးက ကောက်နုတ်ထားတာ ဖြစ်ပါတယ်။)
RFA

No comments:

Post a Comment