Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 25, 2019

ႏြံအိုင္ႀကီး စတင္ပြင့္ထြက္သြားသည့္ေနရာႏွင့္ လူအမ်ားအျပားေသဆုံးခဲ့ရသည့္ အေၾကာင္းအရင္း


ႏြံကန္ ဘယ္ေနရာကေန စပြင့္သြားသလဲဆိုတာ သိႏိုင္ဘို႔ မၿပိဳခင္အေနအထားႏွင့္ ပြင့္ထြက္သြားတဲ့ အေနအထားျပ ဓါတ္ပုံမွတ္တမ္းပါ ။

ႏြံကန္ဟာ ထုထည္ပါးတဲ့ ဒိုခ်န္( လုပ္ကြက္တခုႏွင့္တခုၾကားက ကမ္းပါး) ပါးတဲ့ဘက္ကို ထိုးဖြင့္သြားတယ္လို႔ ဆိုပါတယ္ ။ အဆိုပါ ႏြံအိုင္ကို ကာရန္ထားတဲ့ ေက်ာက္ကမ္းပါးကို လႈိက္စားရာကေန ပြင့္ထြက္သြားတဲ့ ျပႆနာပါ ။

ေအာက္မွာ တူးေနတဲ့ ကုမၼဏီေတြဟာ တူးရင္းတူရင္းနဲ႔ ႏြံအိုင္ကို ဒိုင္ခ်န္က ထမ္းထားရသလို ျဖစ္ေနတာပါ ။ တံတိုင္းသဖြယ္ ခ်န္ထားတဲ့ နံရံဟာ သူ႔ေဘးက ကုမၼဏီေတြ တူးလို႔နက္သထက္နက္ေလ ႏြံအိုင္ကို ထမ္းထားရသလို ျဖစ္လာေလပါပဲ ။ အနီးအနားက ကုမၼဏီေတြရဲ႕ ေက်ာက္မိုင္းခြဲတဲ့ တုန္ခါမႈေၾကာင့္ရယ္ ၊အခ်ိန္ခါမဲ့ မိုးရြာသြန္မႈေၾကာင့္ရယ္ ၊ ႏြံအိုင္ကို ထမ္းထားရတဲ့ ေျမသားေတြ တျဖည္းျဖည္း နက္သြားတာရယ္ ၊ႏြံအိုင္ထဲကို ေျမစာပစ္တာေတြေၾကာင့္ ႏြံအိုင္ဟာ မူလ ေရဝိတ္အျပင္ ေျမစာဝိတ္ပါ ပိုလာတာရယ္ေၾကာင့္ ပူေပါင္းခြဲသလို ပြင့္ထြက္ သြားရတာပါ ။ ႏြံအိုင္ဟာ အနက္ေပ အနည္းဆုံး ေပတရာအထက္ရွိၿပီး ၊အက်ယ္ သုံးဧက ေလာက္ရွိပါတယ္ ။

 ဒီလိုအႏၲရာက်ေရာက္ႏိုင္တဲ့ ေနရာေတြ မ်ားစြာ က်န္ေနပါေသးတယ္ ။ သက္ဆိုင္ရာ ဌာနေတြက အထက္လူႀကီးလာတိုင္း အားလုံးေကာင္းပါသည္ဆိုတဲ့ အာလဝီ ေမာင္ရႊီးေတြေၾကာင့္ ဒီလိုေတြ ျဖစ္ရတာပါ ။ လူႀကီးသူေတြ လာတိုင္း ေအာက္ကလူေတြ ေကၽြးတဲ့ မုသားေတြ တဝႀကီးစားၿပီး ျပန္သြားၾကျခင္းရဲ႕ ရလဒ္ပါပဲ ။

ဒီျဖစ္စဥ္ေတြျဖစ္ရျခင္း ေနာက္ခံ အေၾကာင္းတခု လုပ္ကြက္လိုင္စင္ေတြ တိုးမေပးပဲထားတာ ၾကာျခင္းပါပဲ ။ လိုင္စင္သက္တမ္းကုန္တဲ့ ကုမၼဏီေတြဟာ တူးစရာလုပ္ကြက္မရွိေတာ့ လုပ္ငန္းအရွိန္မပ်က္ဘို႔ မရ /ရတဲ့ေနရာေတြမွာ အစုစပ္ရွယ္သေဘာမ်ိဳးေတြတူးလာရတယ္ ။အႏၲရာယ္ရွိျခင္း/မရွိျခင္းကို ေရြးခ်ယ္ခြင့္မရွိေတာ့ဘူး ။အတတ္ႏိုင္ဆုံး အႏၲရာယ္ကင္းေအာင္ေတာ့ လုပ္မယ္ဆိုတဲ့ စိတ္နဲ႔ပဲ လုပ္ေနၾကရတယ္ ။ေနာက္ဆုံးေတာ့ ရလဒ္က ……
xyznews






# Unicode Version # ျဖင့္ ဖတ္ပါ #


နွံကန် ဘယ်နေရာကနေ စပွင့်သွားသလဲဆိုတာ သိနိုင်ဘို့ မပြိုခင်အနေအထားနှင့် ပွင့်ထွက်သွားတဲ့ အနေအထားပြ ဓါတ်ပုံမှတ်တမ်းပါ ။

နွံကန်ဟာ ထုထည်ပါးတဲ့ ဒိုချန်( လုပ်ကွက်တခုနှင့်တခုကြားက ကမ်းပါး) ပါးတဲ့ဘက်ကို ထိုးဖွင့်သွားတယ်လို့ ဆိုပါတယ် ။ အဆိုပါ နွံအိုင်ကို ကာရန်ထားတဲ့ ကျောက်ကမ်းပါးကို လှိုက်စားရာကနေ ပွင့်ထွက်သွားတဲ့ ပြဿနာပါ ။

အောက်မှာ တူးနေတဲ့ ကုမ္မဏီတွေဟာ တူးရင်းတူရင်းနဲ့ နွံအိုင်ကို ဒိုင်ချန်က ထမ်းထားရသလို ဖြစ်နေတာပါ ။ တံတိုင်းသဖွယ် ချန်ထားတဲ့ နံရံဟာ သူ့ဘေးက ကုမ္မဏီတွေ တူးလို့နက်သထက်နက်လေ နွံအိုင်ကို ထမ်းထားရသလို ဖြစ်လာလေပါပဲ ။ အနီးအနားက ကုမ္မဏီတွေရဲ့ ကျောက်မိုင်းခွဲတဲ့ တုန်ခါမှုကြောင့်ရယ် ၊အချိန်ခါမဲ့ မိုးရွာသွန်မှုကြောင့်ရယ် ၊ နွံအိုင်ကို ထမ်းထားရတဲ့ မြေသားတွေ တဖြည်းဖြည်း နက်သွားတာရယ် ၊နွံအိုင်ထဲကို မြေစာပစ်တာတွေကြောင့် နွံအိုင်ဟာ မူလ ရေဝိတ်အပြင် မြေစာဝိတ်ပါ ပိုလာတာရယ်ကြောင့် ပူပေါင်းခွဲသလို ပွင့်ထွက် သွားရတာပါ ။ နွံအိုင်ဟာ အနက်ပေ အနည်းဆုံး ပေတရာအထက်ရှိပြီး ၊အကျယ် သုံးဧက လောက်ရှိပါတယ် ။

ဒီလိုအန္တရာကျရောက်နိုင်တဲ့ နေရာတွေ များစွာ ကျန်နေပါသေးတယ် ။ သက်ဆိုင်ရာ ဌာနတွေက အထက်လူကြီးလာတိုင်း အားလုံးကောင်းပါသည်ဆိုတဲ့ အာလဝီ မောင်ရွှီးတွေကြောင့် ဒီလိုတွေ ဖြစ်ရတာပါ ။ လူကြီးသူတွေ လာတိုင်း အောက်ကလူတွေ ကျွေးတဲ့ မုသားတွေ တဝကြီးစားပြီး ပြန်သွားကြခြင်းရဲ့ ရလဒ်ပါပဲ ။

ဒီဖြစ်စဉ်တွေဖြစ်ရခြင်း နောက်ခံ အကြောင်းတခု လုပ်ကွက်လိုင်စင်တွေ တိုးမပေးပဲထားတာ ကြာခြင်းပါပဲ ။ လိုင်စင်သက်တမ်းကုန်တဲ့ ကုမ္မဏီတွေဟာ တူးစရာလုပ်ကွက်မရှိတော့ လုပ်ငန်းအရှိန်မပျက်ဘို့ မရ /ရတဲ့နေရာတွေမှာ အစုစပ်ရှယ်သဘောမျိုးတွေတူးလာရတယ် ။အန္တရာယ်ရှိခြင်း/မရှိခြင်းကို ရွေးချယ်ခွင့်မရှိတော့ဘူး ။အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင်တော့ လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်နေကြရတယ် ။နောက်ဆုံးတော့ ရလဒ်က ……
xyznews

No comments:

Post a Comment