Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 26, 2019

ခင္ခ်င္လို႔ပါညေလးရယ္… ခင္တတ္ပါတယ္ကြီးရယ္..ဒီကစခဲ႔တာပါ

အြန္လိုင္း တြင္သားေကာင္ရွာ၍ ဓါးေထာက္လုယက္သူအားေဖာ္ထုတ္ဖမ္းဆီး

စစ္ကိုင္း မတ္ ၂၅

Hi hi… ဘူလဲ.. ခင္ခ်င္လို႔ပါညေလးရယ္…
ခင္တတ္ပါတယ္ကြီးရယ္….ခင္ပါရေစဆိုတိုင္းမခင္မိပါေစနဲ႔။ ဇာတ္လမ္းက ဒီကစခဲ႔တာပဲ။facebook/messenger မွာ အယုံလြယ္သူ မိန္းကေလးမ်ားအား ပစ္မွတ္ထားက်ဴ းလြန္ မႈမ်ားရွိသျဖင့္ ယုံၾကည္ခဲ႔သူ မိန္းကေလးအခ်ိဳ႔ အတြက္ ဒုကၡပင္လယ္ေဝခဲ႔ၾကၿပီ။ျဖစ္စဥ္မွာ ျပစ္မႈက်ဴ းလြန္ခံရသူမိန္းကေလးသည္ ေဖ့ဘုတ္တြင္ ထက္ေနေအာင္ဆိုသူႏွင့္ ခင္မင္ရင္းႏွီး၍ ထက္ေနေအာင္ မွ အဆိုပါမိန္းကေလးအား ၉ ၃ ၂၀၁၉ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္တြင္ေတြ႔ဆုံရန္ခ်ိန္ဆိုၿပီး မိန္းကေလးရွိေသာ မႏၲေလးၿမိဳ႕ စြယ္ေတာ္ဘုရားသို႔ ဆိုင္ကယ္ယာဥ္အမွတ္၂၀ယ/ ၁၆၄၉၀ ဒရမ္း ၁၂၅ အမ်ိဳးစားဆိုင္ကယ္ျဖင့္ လာေရာက္၍ စစ္ကိုင္းဘက္သို႔ဘုရားဖူးသြားရန္ေခၚခဲ႔ျဖင့္လိုက္ပါခဲ႔သည္။

နံနက္ ၇ နာရီအခ်ိန္ခန္႔တြင္ စစ္ကိုင္းၿမိဳ႕ေကာင္းမႈေတာ္ဘုရားေျမာက္ဘက္သို႔ ေရာက္ရွိသည့္အခါ ေတာလမ္းအတိုင္းေခၚသြား၍၄င္းဧ။္ဆိုင္ကယ္အားရပ္ၿပီး မိန္းကေလးဝတ္ဆင္ထားေသာ လက္စြပ္အားခ်ြတ္ျပခိုင္းသျဖင့္ ခ်ြတ္ျပခဲ႔ရာ လက္စြပ္မွာ လက္ရာေကာင္းသည္ဟုေျပာခဲ႔သည္။ထို႔ေနာက္ လည္ပင္းမွ ေရႊဆြဲသီးပါ ေရႊဆြဲႀကိဳးကိုလည္း လက္ရာေကာင္းတယ္ဟုေျပာ၍ ဆြဲျဖဳတ္ယူရာ အဆိုပါမိန္းကေလးမွ ေအာ္ဟစ္အကူအညီေတာင္မည္ဟုျပဳစဥ္၄င္းဧ။္ခါးၾကားတြင္အက်ၤ ီႏွင့္ဖုံးထားေသာ ဓါးေျမွာင္အား ထုတ္ျပခ်ိန္းေျခာက္၍ ေရႊထည္ပစၥည္းမ်ားယူေဆာင္ကာ ထက္ေနေအာင္ဆိုသူသည္ဆိုင္ကယ္ျဖင့္ေမာင္းႏွင္ထြက္ေျပးသြားခဲ႔သည္။

ေရႊလက္စြပ္ႏွင့္ ေရႊဆြဲသီးပါဆြဲႀကိဳး ကာလတန္ဖိုး စုစုေပါင္းေငြ ၁၃ သိန္းက်ပ္ခန္႔အား လုယူသြားပါသျဖင့္ စစ္ကိုင္းၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္တိုင္ၾကားခဲ႔သည္။အဆိုပါလုယက္မႈျဖစ္ပြားခဲ႔သျဖင့္ တရားခံအားဖမ္းဆီးနိင္ေရးအတြက္ စစ္ကိုင္းခရုိင္မႈခင္းႏွိမ္နင္းေရးရဲတပ္ဖြဲ႔မွရဲအုပ္ေအာင္စိုးမင္းႏွင့္ရဲတပ္ဖြဲ႔ဝင္မ်ား၊နယ္ေျမခံရဲတပ္ဖြဲ႔ဝင္မ်ားပူးေပါင္း၍ အခင္းျဖစ္ရပ္ရွိ သက္ေသမ်ားအား ရွာေဖြစုေဆာင္းခဲ႔ရာ အဆိုပါတရားခံအားမတ္လ ၂၅ ရက္ ေန႔လည္ ၁၂ နာရီအခ်ိန္ခန္႔တြင္ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ႔သည္။ျပစ္မႈက်ဴ းလြန္သူအားဥပေဒအတိုင္းဆက္လက္အေရးယူေဆာင္ရြက္သြားမည္ဟုရဲအရာရွိတစ္ဦးထံမွသိရသည္။
အဆိုပါလူဧ။္ messenger တြင္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားႏွင့္ေျပာဆို၍ ေတြ႔ဆုံရန္ခ်ိန္းဆိုမႈမ်ား ေတြ႔ရသည္။သို႔ျဖစ္ပါ၍ online မုဆိုးဧ။္ ပစ္မွတ္ထားခံခဲ႔ရသူမ်ားရွိခဲ႔ပါကစစ္ကိုင္းၿမိဳ႕မရဲစခန္းတြင္လာေရာက္တိုင္တန္းနိင္ပါေၾကာင္း၊အမ်ိဳးသမီးမ်ားႏွင့္အယုံလြယ္ၾကသူမ်ား
ေနာက္ေနာင္ယခုကဲ႔သို႔ျဖစ္စဥ္မ်ားမျဖစ္ပြားေစေရးသင္ခန္းစာမ်ားရေစရန္ အသိေပးတင္ျပလိုက္ပါသည္။
ရဲထက္ေဇာ္ စစ္ကုိင္း

Unicode

အွန်လိုင်း တွင်သားကောင်ရှာ၍ ဓါးထောက်လုယက်သူအားဖော်ထုတ်ဖမ်းဆီး

စစ်ကိုင်း မတ် ၂၅

Hi hi… ဘူလဲ.. ခင်ချင်လို့ပါညလေးရယ်… ခင်တတ်ပါတယ်ကွီးရယ်….ခင်ပါရစေဆိုတိုင်းမခင်မိပါစေနဲ့။ ဇာတ်လမ်းက ဒီကစခဲ့တာပဲ။facebook/messenger မှာ အယုံလွယ်သူ မိန်းကလေးများအား ပစ်မှတ်ထားကျူ းလွန် မှုများရှိသဖြင့် ယုံကြည်ခဲ့သူ မိန်းကလေးအချို့ အတွက် ဒုက္ခပင်လယ်ဝေခဲ့ကြပြီ။ဖြစ်စဉ်မှာ ပြစ်မှုကျူ းလွန်ခံရသူမိန်းကလေးသည် ဖေ့ဘုတ်တွင် ထက်နေအောင်ဆိုသူနှင့် ခင်မင်ရင်းနှီး၍ ထက်နေအောင် မှ အဆိုပါမိန်းကလေးအား ၉ ၃ ၂၀၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်တွေ့ဆုံရန်ချိန်ဆိုပြီး မိန်းကလေးရှိသော မန္တလေးမြို့ စွယ်တော်ဘုရားသို့ ဆိုင်ကယ်ယာဉ်အမှတ်၂၀ယ/ ၁၆၄၉၀ ဒရမ်း ၁၂၅ အမျိုးစားဆိုင်ကယ်ဖြင့် လာရောက်၍ စစ်ကိုင်းဘက်သို့ဘုရားဖူးသွားရန်ခေါ်ခဲ့ဖြင့်လိုက်ပါခဲ့သည်။



နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့ကောင်းမှုတော်ဘုရားမြောက်ဘက်သို့ ရောက်ရှိသည့်အခါ တောလမ်းအတိုင်းခေါ်သွား၍၎င်းဧ။်ဆိုင်ကယ်အားရပ်ပြီး မိန်းကလေးဝတ်ဆင်ထားသော လက်စွပ်အားချွတ်ပြခိုင်းသဖြင့် ချွတ်ပြခဲ့ရာ လက်စွပ်မှာ လက်ရာကောင်းသည်ဟုပြောခဲ့သည်။ထို့နောက် လည်ပင်းမှ ရွှေဆွဲသီးပါ ရွှေဆွဲကြိုးကိုလည်း လက်ရာကောင်းတယ်ဟုပြော၍ ဆွဲဖြုတ်ယူရာ အဆိုပါမိန်းကလေးမှ အော်ဟစ်အကူအညီတောင်မည်ဟုပြုစဉ်၎င်းဧ။်ခါးကြားတွင်အင်္ကျ ီနှင့်ဖုံးထားသော ဓါးမြှောင်အား ထုတ်ပြချိန်းခြောက်၍ ရွှေထည်ပစ္စည်းများယူဆောင်ကာ ထက်နေအောင်ဆိုသူသည်ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ရွှေလက်စွပ်နှင့် ရွှေဆွဲသီးပါဆွဲကြိုး ကာလတန်ဖိုး စုစုပေါင်းငွေ ၁၃ သိန်းကျပ်ခန့်အား လုယူသွားပါသဖြင့် စစ်ကိုင်းမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့သည်။အဆိုပါလုယက်မှုဖြစ်ပွားခဲ့သဖြင့် တရားခံအားဖမ်းဆီးနိင်ရေးအတွက် စစ်ကိုင်းခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှရဲအုပ်အောင်စိုးမင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်ရပ်ရှိ သက်သေများအား ရှာဖွေစုဆောင်းခဲ့ရာ အဆိုပါတရားခံအားမတ်လ ၂၅ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင်ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။ပြစ်မှုကျူ းလွန်သူအားဥပဒေအတိုင်းဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟုရဲအရာရှိတစ်ဦးထံမှသိရသည်။

အဆိုပါလူဧ။် messenger တွင် မိန်းကလေးတော်တော်များများနှင့်ပြောဆို၍ တွေ့ဆုံရန်ချိန်းဆိုမှုများ တွေ့ရသည်။သို့ဖြစ်ပါ၍ online မုဆိုးဧ။် ပစ်မှတ်ထားခံခဲ့ရသူများရှိခဲ့ပါကစစ်ကိုင်းမြို့မရဲစခန်းတွင်လာရောက်တိုင်တန်းနိင်ပါကြောင်း၊အမျိုးသမီးများနှင့်အယုံလွယ်ကြသူများ
နောက်နောင်ယခုကဲ့သို့ဖြစ်စဉ်များမဖြစ်ပွားစေရေးသင်ခန်းစာများရစေရန် အသိပေးတင်ပြလိုက်ပါသည်။
ရဲထက်ဇော် စစ်ကိုင်း

No comments:

Post a Comment