Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 15, 2018

ဘန်ကောက်ရှိ လိင်လုပ်သားများ နှင့် တောင်းရမ်းသူများကို ရှင်းလင်းဖယ်ရှားသွားမည်


ဘန်ကောက်တွင် လိင်လုပ်သားတစ်ချို့အား ရဲတပ်ဖွဲ့ဖမ်းဆီးလာစဉ် (ဓါတ်ပုံ-အင်တာနက်)
ဘန်ကောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဘန်ကောက်မြို့ ဒုတိယအုပ်ချုပ်ရေးမှူး Thaweesak Lertprapan  က ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့ (BMA) သည် လိင်လုပ်သားများ၊ တောင်းရမ်းသူများ နှင့် အိမ်ခြေရာမဲ့များအား ရှင်းလင်းဖယ်ရှားသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်ကပြောကြားခဲ့သည်။

Thaweesak က BMA အနေဖြင့် မြို့တော်၏ အထင်ကရနေရာများတွင် လိင်လုပ်သားများ၊ တောင်းရမ်းသူများ နှင့် အိမ်ခြေရာမဲ့များ မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ ကောင်စီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Khlong Lord တူးမြောင်းဧရိယာ သည် ညဘက်တွင် ဘန်ကောက်မြို့၏ လိင်လုပ်သားအများစု ၎င်းတို့၏ ဖောက်သည်များ နှင့် ချိတ်ဆက်ရာ နေရာတစ်ခုဖြစ်လာကြောင်း ဒုတိယအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရသိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment