Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 5, 2018

မုဒိန္းမႈက်ဴးလြန္ခံရရင္ေတာင္ တိုင္ရမွန္းမသိတဲ႔ သူတို႔ရဲ႕ဘဝ

မုဒိန္းမႈက်ဴးလြန္ခံရရင္ေတာင္ တိုင္ရမွန္းမသိတဲ႔ သူတို႔ရဲ႔ဘ၀ (၁၂) ႏွစ္နဲ႔ ကိုယ္၀န္ရွိလာရင္ေတာင္ အိမ္ေထာင္ရွိေယာက်္ားေပမဲ႔ လက္ထပ္ယူဖို႔အလြယ္ေျဖရွင္းရတဲ႔သူတို႔ဘ၀

ေနဒါဏ္မိုးဒါဏ္ေၾကာင့္ ပင္ကိုယ္ထက္ပိုၿပီး မဲျပာေနတဲ့ အသားအေရ၊ ပိန္ကပ္ကပ္ ခႏၶာကိုယ္နဲ႔ အသက္ ၁၃ ႏွစ္အရြယ္ခန႔္ ရွိတဲ့ မိန္းကေလးငယ္တဦး။ သူဟာ စေနေန႔မွာ ေမြးဖြားခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္တခုနဲ႔ မိဘေတြရဲ့စြန႔္ပစ္မွုကို ခံခဲ့ရၿပီး လမ္းေပၚေရာက္မွန္းမသိ ေရာက္လာရသူတဦးလည္း ျဖစ္တယ္။

“စေနမ”ဆိုတာကလည္း သူ႔ နာမည္ရင္းမဟုတ္ေပမယ့္ စေနေန႔မွာ ေမြးခဲ့လို႔ ေဆြမ်ိဳးေတြက ေခၚေဝၚၾကတဲ့ နာမည္တခု။

“မိုးတြင္းဆို သိပ္စိတ္ညစ္ဖို႔ ေကာင္းတာ။ စင္ေရာ္ေတြက မိုးတြင္းဆို မလာဘူးေလ။ အဲဒီေတာ့ ပလုံပဲ ေကာက္ေနရတယ္။ ပလုံေကာက္တာလည္း သိပ္မရပါဘူး။ ၄ ရက္၊ ၅ ရက္ တခါေလာက္မွ ေကာက္ထားတဲ့ ဘူးခြံေတြကို သြားေရာင္းရတာ၊ အဲဒါေတာင္ ၁၅ဝဝ၊ ၂ဝဝဝ က်ပ္ ေလာက္ပဲ ရေတာ့တာ” လို႔ အဘြားျဖစ္သူက ေခၚယူေစာင့္ေရွာက္ထားလို႔ ဗိုလ္တေထာင္ကမ္းနားမွာ စင္ေရာ္အစာေရာင္းရင္း တေန႔စာ ဝမ္းေရးအတြက္ ႐ုန္းကန္ေနရသူ “စေနမ”က ေျပာပါတယ္။

ပလုံေကာက္တယ္ဆိုတာကေတာ့ အမွိုက္ပုံေတြထဲနဲ႔ လူအမ်ား လႊင့္ပစ္ထားတဲ့ ဗူးခြံပုလင္းခြံေတြကို လိုက္ရွာ ေကာက္ရတာကို အရပ္သုံး စကားအေနနဲ႔ ေျပာျခင္း ျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ “စေနမ”လို လမ္းေဘး ကေလးငယ္ေပါင္း ၂ ေသာင္းဝန္းက်င္ ရွိတယ္လို႔ သိရပါတယ္။ ရန္ကုန္ၿမိဳ႕ တခုထဲမွာတင္ ၈ဝဝဝ မွ ၁ဝဝဝဝ ၾကားရွိတယ္လို႔ ဆိုပါတယ္။

သူ႔လို မိဘရဲ့ စြန႔္ပစ္မွုကိုခံရၿပီး လမ္းေပၚေရာက္ေနတဲ့ မိန္းကေလးငယ္ေတြ ရွိသလို မိဘေတြကိုယ္တိုင္က ေျခသလုံးအိမ္တိုင္ ဘဝမို႔ သားသမီးေတြလည္း လမ္းေဘးမွာ ပလုံေကာက္ရင္း လမ္းေပၚမွာသာ ေပ်ာ္ သလို ေနၾကရတာ ျဖစ္ပါတယ္။

အဲဒီအျပင္ မိသားစုရဲ့တာဝန္ကို ငယ္ငယ္ရြယ္ရြယ္နဲ႔ တေယာက္တည္း ထမ္းပိုးေနရလို႔ အိမ္မွာ မေပ်ာ္ေတာ့ဘဲ ဆယ္ေက်ာ္သက္ မိန္းကေလးငယ္ေလးေတြဟာ လမ္းေပ်ာ္ကေလးေတြ ျဖစ္လာၾကတာေတြလည္း ရွိပါတယ္။

ဗိုလ္တေထာင္ကမ္းနားက ကေလးငယ္ေတြဟာ ပလုံေကာက္တာေတြ၊ စင္ေရာ္စာ ေရာင္းတာေတြ၊ ကုန္ထမ္းတာ၊ ေတာင္းရမ္းတာေတြနဲ႔ တေန႔စာ ထမင္းဖိုးအတြက္ ဝမ္းစာရွာေဖြေနၾကသူေတြျဖစ္ပါတယ္။

ဒီလို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းေပၚေရာက္ေနတဲ့ မိန္းကေလးေတြဟာ လမ္းေဘးမွာေန၊ လမ္းေဘးမွာစား၊ လမ္းေဘးမွာ အိပ္ေနၾကရတဲ့အတြက္ လုံျခဳံမွုကင္းမဲ့လွပါတယ္။

အရင္ကေတာ့ ဗိုလ္တေထာင္ကမ္းနားက တံတားေပၚမွာ ညအိပ္ေလ့ရွိၾကၿပီး ေနာက္ပိုင္းမွာေတာ့ အဲဒီမွာအိပ္ရင္ လာေရာက္ဖမ္းဆီးတာေတြ ရွိတာမို႔ ညဘက္ဆို စက္ေလွစီးၿပီး တဖက္ကမ္းက တဲအိမ္ေတြမွာ သြားေရာက္ အိပ္စက္ၾကရပါတယ္။

တဲအိမ္ဆိုေပမယ့္လည္း ေက်ာတခင္းစာေနရာသာရွိတဲ့ တဲငယ္ေလးေတြပါ။ အခ်ိဳ႕တဲအိမ္ေတြဆိုရင္ အမိုးအကာအျဖစ္ ေၾကာ္ျငာဗီနိုင္းစေတြနဲ႔ ဖုံးအုပ္ကာရံထားၿပီး တခ်ိဳ႕ကေတာ့ ေဘးနံရံအကာအကြယ္ ဘာမွမရွိပါဘူး။

တခ်ိဳ႕ကေတာ့ သူတို႔ေနထိုင္ေနရာကို “က်ဴး”လို႔ သတ္မွတ္ၾကပါတယ္။

“အခု က်ဴးေတြေနဖို႔ ေနရာေတြ သတ္မွတ္ေပးတယ္။ ဒါေပမယ့္ အိမ္ေဆာက္ဖို႔ ပိုက္ဆံမရွိဘူး။ မိုးတြင္းမွာလည္း ျဖစ္သလို တဲေလးနဲ႔ ေနလို႔ရမွာ မဟုတ္ဘူး။ အဲဒါေၾကာင့္ က်မ အစ္မတို႔ လင္မယားအိမ္မွာ ခဏလာေနတာ”လို႔ စေနမက သူမရဲ့ အခက္အခဲကို ေျပာျပတယ္။

အခ်ိဳ႕အိမ္ေျခရာမဲ့ကေလးငယ္ေတြ၊ မိဘမဲ့ကေလးငယ္ေတြဟာ စေနမလို ေဆြမ်ိဳးနဲ႔ နီးစပ္ရာအိမ္ေတြမွာ လိုက္ေနၾကရပါတယ္။ ဒီလို ေဆြမ်ိဳးေတြ၊ နီးစပ္ရာ အိမ္နီးခ်င္းေတြနဲ႔ အိမ္ေျခမဲ့ေတြ အခ်င္းခ်င္း စုေပါင္းေနထိုင္တဲ့ အခါမွာေတာ့ သက္ငယ္မုဒိမ္းလို မလိုလားအပ္တဲ့ ျပႆနာေတြနဲ႔ ရင္ဆိုင္လာရျပန္ပါတယ္။

“ဟိုေန႔ညကဆို ၆ ႏွစ္ပဲ ရွိေသးတဲ့ေကာင္မေလးကို သူ႔ဦးေလးက မုဒိမ္းက်င့္ဖို႔ လုပ္ေသးတယ္။ ေဘးကလူေတြ ေရာက္လာလို႔ ေတာ္ေသးတယ္။ သူ႔ဦးေလးက အရက္ေတြမူးေနတယ္ေလ” လို႔ စေနမက သူနဲ႔အတူ ပလုံေကာက္တဲ့ ေကာင္မေလး တေယာက္အေၾကာင္း ေျပာျပတယ္။

လမ္းေဘး မိန္းကေလးငယ္မ်ားဟာ လူေတြရဲ့ အထင္အျမင္ေသးမွုကိုခံရၿပီး ဘဝတူ အရြယ္စုံ ေယာက္်ားသား ေတြရဲ့ အနိုင္က်င့္အၾကမ္းဖက္မွုေတြကိုလည္း နိစၥဓူဝ ၾကဳံေတြ႕ေနၾကရပါတယ္။

“ဒီမွာက ခ်စ္လို႔ႀကိဳက္လို႔ ယူတယ္ဆိုတာ ရွားတယ္။ ဗိုက္ႀကီးလာလို႔ ယူလိုက္ၾကတာခ်ည္းပဲ”

ဒါကေတာ့ စေနမရဲ့ မွတ္ခ်က္ျပဳသံေလးပါ။

ဒီပတ္ဝန္းက်င္မွာ မုဒိမ္းမွုဟာ ျပစ္မွုျဖစ္တယ္ဆိုတာေတာင္ နားမလည္၊ မသိရွိၾကသလို တိုင္တန္းတာေတြလည္း မရွိဘဲ တကယ္လို႔ မိန္းကေလးငယ္မွာ ကိုယ္ဝန္ရွိလာၿပီဆိုရင္ေတာ့ အဲဒီမုဒိမ္းက်င့္တဲ့လူနဲ႔ ျပန္လည္ေပါင္းသင္း ေနထိုင္ေစတဲ့ ပုံစံနဲ႔ အလြယ္တကူ ေျဖရွင္းေနၾကတာပါ။

“သမီး သူငယ္ခ်င္းဆိုလည္း အခု အသက္ ၁၂ ႏွစ္ပဲ ရွိေသးတယ္။ ကိုယ္ဝန္ရွိေနၿပီ။ သူ႔ေယာက်္ားက သူ႔ထက္ အသက္ႀကီးတယ္။ အရင္မိန္းမနဲ႔ ကေလးလည္း ရွိေသးတယ္။ အခုကိုယ္ဝန္ႀကီးနဲ႔လည္း သူတို႔ လင္မယားႏွစ္ေယာက္စလုံး အတူတူ ေကာ္ရွုေနၾကတာပဲ”လို႔ စေနမက သူ႔ သူငယ္ခ်င္းတေယာက္အေၾကာင္းကို ေျပာျပပါတယ္။

လမ္းေဘး ကေလးငယ္အမ်ားစု ေကာ္ရွုၾကရတဲ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ ဆာေလာင္မွုဒဏ္ကို ခုခံနိုင္ဖို႔အတြက္သာ ျဖစ္တယ္လို႔ ေျပာၾကပါတယ္။

မိန္းကေလးေရာ၊ ေယာက်ာ္းေလးေရာ၊ ေကာ္ရွုတဲ့ အေလ့အထကို ျပဳလုပ္ေလ့ရွိၾကပါတယ္။ အဲဒီအထဲမွာ အရြယ္မတိုင္မီ ကိုယ္ဝန္ေဆာင္ေနရတဲ့ မိခင္မ်ားလည္း ပါဝင္ေနပါတယ္။

မိခင္ကိုယ္တိုင္ အာဟာရ လုံေလာက္စြာ မစားသုံးရတဲ့အတြက္ ေမြးလာတဲ့ကေလးမ်ားမွာ အာဟာရခ်ိဳ႕တဲ့မွုေတြ ရွိေနတဲ့အျပင္ ဉာဏ္ရည္ မျပည့္မီတဲ့ ကေလးငယ္မ်ားအျဖစ္ ေမြးဖြားလာၾကသလို အခ်ိဳ႕ကေလးေတြဆိုရင္ အသက္မဲ့ ေမြးလာၾကတာပါ။

ကေလးမိခင္မ်ားမွာ ဆယ္ေက်ာ္အသက္အရြယ္မ်ားသာ ျဖစ္ၿပီး အားလုံးနီးပါးဟာ စာမသင္နိုင္သူေတြ၊ ေက်ာင္း မတက္နိုင္သူေတြ၊ ဗဟုသုတ မရွာေဖြနိုင္သူေတြျဖစ္ၾကလို႔ က်န္းမာေရးအသိပညာ၊ လိင္ပိုင္းဆိုင္ရာအသိပညာနဲ႔ သားဆက္ျခား အသိပညာေတြကို မရရွိၾကပါဘူး။

ဒါေၾကာင့္ ေနာက္ဆက္တြဲျပႆနာအျဖစ္ ကိုယ္ဝန္ရလာတဲ့အခါ မိခင္ မက်န္းမာတာေတြ၊ ကေလးမဖြံ့ၿဖိဳးတာေတြ ရွိေနၾကပါတယ္။

ျမန္မာနိုင္ငံမွာ ကေလးေမြးဖြားေသဆုံးမွုႏွုန္း ၁ဝဝဝ ဦးမွာ ၅ဝ ေယာက္ရွိေနၿပီး အာဟာရခ်ိဳ႕တဲ့ ေဝဒနာကို ခံစားေနရတဲ့ ကေလးဦးေရ ႏွုန္း ၉၂ ဒသမ ၂ ရာခိုင္ႏွုန္းရွိတယ္လို႔ Save the Children ရဲ့ စစ္တမ္းတခုအရ သိရပါတယ္။

“သူတို႔အတြက္ အဓိကလိုတာက သားဆက္ျခားနည္းပညာေတြကို သင္ေပးဖို႔ပဲ။ သူတို႔က ငယ္ငယ္ေလးနဲ႔ အိမ္ေထာင္က်တယ္။ ကေလးေတြ တေယာက္ၿပီးတေယာက္ ေမြးတယ္။ ဒါေပမယ့္ သူတို႔မွာ ကေလးေတြကို ျပဳစုေစာင့္ေရွာက္ဖို႔ လိုအပ္တဲ့ အသိပညာအေထာက္အပံ့ေတြ ရွိမေနဘူး။ ေမြးလာသမၽွ ကေလးေတြလည္း လမ္းေဘးေရာက္ၿပီး ေတာင္းစားၾကရတယ္။ ကေလးအမ်ားစုက အဟာရမျပည့္ဝၾကဘူး။ ကေလးေရာ မိခင္ေရာေပါ့။ အဲဒါေတြကို အဓိကလုပ္ေဆာင္ေပးဖို႔ လိုေနတယ္”လို႔ လမ္းေဘးကေလးငယ္ေတြကို ကူညီေစာင့္ေရွာက္ေနတဲ့ လမ္းကေလးငယ္မ်ား ေစာင့္ေရွာက္ေရးအဖြဲ႕အစည္းတခုျဖစ္တဲ့ Junior Dream အဖြဲ႕ တည္ေထာင္သူ မဣေျႏၵေနႏြယ္က ေျပာပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ အသက္ ၁၅ ႏွစ္က ၁၉ ႏွစ္အထိ ကိုယ္ဝန္ေဆာင္တာဟာ အရြယ္မတိုင္ခင္ ကိုယ္ဝန္ေဆာင္ျခင္းျဖစ္လို႔ အႏၲရာယ္ရွိတယ္ဆိုတာ သူတို႔ မသိရွိၾကပါဘူး။ ၁၅ ႏွစ္ထက္ေတာင္ ငယ္ေသးတဲ့ အသက္ ၁၂ ႏွစ္ေလာက္နဲ႔ ကိုယ္ဝန္ေဆာင္ေနၾကတာပါ။

အသက္ ၂ဝ မျပည့္မီ မိန္းကေလးငယ္ေတြအေနနဲ႔ သားဖြားျခင္းေၾကာင့္ ေသဆုံးမွုႏွုန္းဟာ အျမင့္ဆုံးျဖစ္ေနတယ္လို႔ UNICIFF ရဲ့ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

ျမန္မာနိုင္ငံက လမ္းေဘးမိန္းကေလးငယ္ အမ်ားစုဟာ အပ်ိဳေဖာ္ဝင္ၿပီဆိုတာနဲ႔ ကိုယ္ဝန္ရွိလာၾကၿပီး ကေလး အေဖ အမ်ားစုဟာ အရက္ေသာက္လိုက္၊ ေကာ္ရွုလိုက္နဲ႔ အပူပင္ကင္းစြာ ေနထိုင္တတ္ၾကတဲ့အျပင္ တာဝန္ယူမွုေတြလည္း မရွိၾကတာေၾကာင့္ ဒီမိန္းကေလးငယ္မ်ားဟာ ကေလးငယ္တဖက္နဲ႔ မိသားစုတာဝန္ကို တေယာက္တည္းသာ ေျဖရွင္းေနၾကရပါတယ္။

ဒါေၾကာင့္လည္း သူတို႔ေတြဟာ ဆယ္ေက်ာ္သက္အရြယ္မွာပဲ ကေလးတြဲေလာင္းနဲ႔ ကေလးမိခင္ဘဝ ေရာက္ၿပီး လိုက္လံေတာင္းရမ္း စားေသာက္ေနၾကရတာပါ။

ေယာက္်ားက ႏွိပ္စက္လို႔ ေရွာင္တိမ္းေနရတဲ့ ကေလးနဲ႔မိခင္ေတြရွိသလို ေယာက်္ားက ေနာက္မိန္းမယူၿပီး ထားခဲ့လို႔ ကေလးငယ္ကို တေယာက္တည္း ျပဳစုေစာင့္ေရွာက္ေနရသူေတြလည္း ရွိၾကပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ လမ္းေပ်ာ္ကေလးတို႔ ေနထိုင္ရာ ရန္ကုန္တဖက္ကမ္း၊ ဒလၿမိဳ႕နယ္အတြင္းမွာ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အသိပညာေပးမွုေတြ၊ အမ်ိဳးသမီးနဲ႔ကေလးေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မွုေတြ လိင္ပိုင္းဆိုင္ရာ ပညာေပးမွုေတြ၊ သားဆက္ျခားပညာေပးမွုေတြ အမ်ားႀကီး လိုအပ္ေနပါတယ္။

“မိန္းကေလးငယ္ေတြအတြက္ လစဥ္သုံးပစၥည္းေတြ သြားေပးတဲ့အခါမွာ သူတို႔သုံးတတ္ေပမယ့္ ဝယ္သုံးဖို႔ ပိုက္ဆံမရွိၾကဘူး။ အဲဒီေတာ့ အဝတ္စအေဟာင္းေတြကို သုံးေနရတယ္။ အဝတ္ေဟာင္းေတြကလည္း မသန႔္ေတာ့ ယားနာေတြ ျဖစ္ၾကတယ္။ ေနာက္ဆက္တြဲ အမ်ိဳးသမီးနဲ႔ဆိုင္တဲ့ ေရာဂါေတြ ျဖစ္လာၾကတယ္။ ဒါေတြကို သူတို႔မသိၾကဘူး။ ေနာက္ အေရးေပၚလိုအပ္ေနတာက တားေဆးေတြ ထိုးေပးဖို႔၊ သားဆက္ျခား နည္းလမ္းေတြ အသုံးျပဳေပးဖို႔၊ သူတို႔မွာ ပထမကေလးတေယာက္ရၿပီး ဘာမွမၾကာေသးဘူး။ ေနာက္ထပ္ ကေလးေတြ ထပ္ေမြးၾကတယ္။ ကေလးယူဖို႔ အစီစဥ္မရွိေပမယ့္ ကိုယ္ဝန္ရလာေတာ့လည္း ယူလိုက္ၾကရတာပဲ ”လို႔ မဣေျႏၵေနႏြယ္က ဆက္ေျပာျပတယ္။

နိုင္ငံေတာ္အစိုးရအေနနဲ႔ လမ္းေဘးကေလးငယ္ေတြ ျပဳစုပ်ိဳးေထာင္ဖို႔ သင္တန္းေက်ာင္းေတြကို စီစဥ္ေပးေနေပမယ့္လည္း မိဘရွိတဲ့ ကေလးေတြကို မိဘေတြဆီသာ ျပန္လည္ပို႔ေဆာင္ေနၾကတာမို႔ မိဘမ်ားကိုယ္တိုင္က အိမ္ေျခမဲ့ေတြ ျဖစ္တဲ့အတြက္ အဲဒီကေလးငယ္အမ်ားစုဟာ လမ္းေပၚကိုသာ ျပန္လည္ေရာက္ရွိလာၾကတာျဖစ္ပါတယ္။

“ဒီမွာက မိန္းကေလးေတြရွိတယ္။ အသက္ ၁၁၊ ၁၂ ႏွစ္ေလာက္ဆို ေယာက္်ားရသြားၾကတယ္။ ကေလးေတြ ေမြးၾကတယ္။ သူတို႔အတြက္ ဘာမွမထူးဆန္းဘူး”

အိမ္ေျခမဲ့မိဘမ်ားကလည္း သူတို႔ကေလးေတြကို ေက်ာင္းထားေပးခ်င္ၾကသလို ပညာတတ္ေတြ ျဖစ္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ေမၽွာ္လင့္ထားသလို ျဖစ္မလာေတာ့ ေမြးလာတဲ့ကေလးငယ္ေတြလည္း မိဘေတြလို ေလလြင့္ လမ္းေပ်ာ္ဘဝသာ ေရာက္ရွိလာၿပီး ျမန္မာနိုင္ငံရဲ့လမ္းေဘးေလလႊင့္ ကေလးဦးေရဟာ တိုးပြားသထက္ တိုးပြားလာေနတာတာကို ဗိုလ္တေထာင္ကမ္းနားက ပလုံေကာက္ေနတဲ့ အသက္ ၁၃ ႏွစ္အရြယ္ “စေနမ”ရဲ့ စကားက သက္ေသထူလို႔ ေနပါေတာ့တယ္။

အထက္ပါေဆာင္းပါးကို ျမန္မာ့အမ်ိဳးသမီးသမဂၢ (BWU) မွ စီစဥ္လုပ္ေဆာင္သည့္ HI (Honest Information) မွ ျပန္လည္ ကူးယူေဖာ္ျပျခင္းျဖစ္သည္။
Source:H.H
# Unicode Version ျဖင့္ ဖတ္ပါ #
မုဒိန်းမှုကျူးလွန်ခံရရင်တောင် တိုင်ရမှန်းမသိတဲ့ သူတို့ရဲ့ဘ၀ (၁၂) နှစ်နဲ့ ကိုယ်ဝန်ရှိလာရင်တောင် အိမ်ထောင်ရှိယောကျ်ားပေမဲ့ လက်ထပ်ယူဖို့အလွယ်ဖြေရှင်းရတဲ့သူတို့ဘဝ

နေဒါဏ်မိုးဒါဏ်ကြောင့် ပင်ကိုယ်ထက်ပိုပြီး မဲပြာနေတဲ့ အသားအရေ၊ ပိန်ကပ်ကပ် ခန္ဓာကိုယ်နဲ့ အသက် ၁၃ နှစ်အရွယ်ခန့် ရှိတဲ့ မိန်းကလေးငယ်တဦး။ သူဟာ စနေနေ့မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး လမ်းပေါ်ရောက်မှန်းမသိ ရောက်လာရသူတဦးလည်း ဖြစ်တယ်။

“စနေမ”ဆိုတာကလည်း သူ့ နာမည်ရင်းမဟုတ်ပေမယ့် စနေနေ့မှာ မွေးခဲ့လို့ ဆွေမျိုးတွေက ခေါ်ဝေါ်ကြတဲ့ နာမည်တခု။

“မိုးတွင်းဆို သိပ်စိတ်ညစ်ဖို့ ကောင်းတာ။ စင်ရော်တွေက မိုးတွင်းဆို မလာဘူးလေ။ အဲဒီတော့ ပလုံပဲ ကောက်နေရတယ်။ ပလုံကောက်တာလည်း သိပ်မရပါဘူး။ ၄ ရက်၊ ၅ ရက် တခါလောက်မှ ကောက်ထားတဲ့ ဘူးခွံတွေကို သွားရောင်းရတာ၊ အဲဒါတောင် ၁၅ဝဝ၊ ၂ဝဝဝ ကျပ် လောက်ပဲ ရတော့တာ” လို့ အဘွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားလို့ ဗိုလ်တထောင်ကမ်းနားမှာ စင်ရော်အစာရောင်းရင်း တနေ့စာ ဝမ်းရေးအတွက် ရုန်းကန်နေရသူ “စနေမ”က ပြောပါတယ်။

ပလုံကောက်တယ်ဆိုတာကတော့ အမှိုက်ပုံတွေထဲနဲ့ လူအများ လွှင့်ပစ်ထားတဲ့ ဗူးခွံပုလင်းခွံတွေကို လိုက်ရှာ ကောက်ရတာကို အရပ်သုံး စကားအနေနဲ့ ပြောခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ “စနေမ”လို လမ်းဘေး ကလေးငယ်ပေါင်း ၂ သောင်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ တခုထဲမှာတင် ၈ဝဝဝ မှ ၁ဝဝဝဝ ကြားရှိတယ်လို့ ဆိုပါတယ်။

သူ့လို မိဘရဲ့ စွန့်ပစ်မှုကိုခံရပြီး လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးငယ်တွေ ရှိသလို မိဘတွေကိုယ်တိုင်က ခြေသလုံးအိမ်တိုင် ဘဝမို့ သားသမီးတွေလည်း လမ်းဘေးမှာ ပလုံကောက်ရင်း လမ်းပေါ်မှာသာ ပျော် သလို နေကြရတာ ဖြစ်ပါတယ်။

အဲဒီအပြင် မိသားစုရဲ့တာဝန်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ တယောက်တည်း ထမ်းပိုးနေရလို့ အိမ်မှာ မပျော်တော့ဘဲ ဆယ်ကျော်သက် မိန်းကလေးငယ်လေးတွေဟာ လမ်းပျော်ကလေးတွေ ဖြစ်လာကြတာတွေလည်း ရှိပါတယ်။

ဗိုလ်တထောင်ကမ်းနားက ကလေးငယ်တွေဟာ ပလုံကောက်တာတွေ၊ စင်ရော်စာ ရောင်းတာတွေ၊ ကုန်ထမ်းတာ၊ တောင်းရမ်းတာတွေနဲ့ တနေ့စာ ထမင်းဖိုးအတွက် ဝမ်းစာရှာဖွေနေကြသူတွေဖြစ်ပါတယ်။

ဒီလို အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးတွေဟာ လမ်းဘေးမှာနေ၊ လမ်းဘေးမှာစား၊ လမ်းဘေးမှာ အိပ်နေကြရတဲ့အတွက် လုံခြုံမှုကင်းမဲ့လှပါတယ်။

အရင်ကတော့ ဗိုလ်တထောင်ကမ်းနားက တံတားပေါ်မှာ ညအိပ်လေ့ရှိကြပြီး နောက်ပိုင်းမှာတော့ အဲဒီမှာအိပ်ရင် လာရောက်ဖမ်းဆီးတာတွေ ရှိတာမို့ ညဘက်ဆို စက်လှေစီးပြီး တဖက်ကမ်းက တဲအိမ်တွေမှာ သွားရောက် အိပ်စက်ကြရပါတယ်။

တဲအိမ်ဆိုပေမယ့်လည်း ကျောတခင်းစာနေရာသာရှိတဲ့ တဲငယ်လေးတွေပါ။ အချို့တဲအိမ်တွေဆိုရင် အမိုးအကာအဖြစ် ကြော်ငြာဗီနိုင်းစတွေနဲ့ ဖုံးအုပ်ကာရံထားပြီး တချို့ကတော့ ဘေးနံရံအကာအကွယ် ဘာမှမရှိပါဘူး။

တချို့ကတော့ သူတို့နေထိုင်နေရာကို “ကျူး”လို့ သတ်မှတ်ကြပါတယ်။

“အခု ကျူးတွေနေဖို့ နေရာတွေ သတ်မှတ်ပေးတယ်။ ဒါပေမယ့် အိမ်ဆောက်ဖို့ ပိုက်ဆံမရှိဘူး။ မိုးတွင်းမှာလည်း ဖြစ်သလို တဲလေးနဲ့ နေလို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျမ အစ်မတို့ လင်မယားအိမ်မှာ ခဏလာနေတာ”လို့ စနေမက သူမရဲ့ အခက်အခဲကို ပြောပြတယ်။

အချို့အိမ်ခြေရာမဲ့ကလေးငယ်တွေ၊ မိဘမဲ့ကလေးငယ်တွေဟာ စနေမလို ဆွေမျိုးနဲ့ နီးစပ်ရာအိမ်တွေမှာ လိုက်နေကြရပါတယ်။ ဒီလို ဆွေမျိုးတွေ၊ နီးစပ်ရာ အိမ်နီးချင်းတွေနဲ့ အိမ်ခြေမဲ့တွေ အချင်းချင်း စုပေါင်းနေထိုင်တဲ့ အခါမှာတော့ သက်ငယ်မုဒိမ်းလို မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။

“ဟိုနေ့ညကဆို ၆ နှစ်ပဲ ရှိသေးတဲ့ကောင်မလေးကို သူ့ဦးလေးက မုဒိမ်းကျင့်ဖို့ လုပ်သေးတယ်။ ဘေးကလူတွေ ရောက်လာလို့ တော်သေးတယ်။ သူ့ဦးလေးက အရက်တွေမူးနေတယ်လေ” လို့ စနေမက သူနဲ့အတူ ပလုံကောက်တဲ့ ကောင်မလေး တယောက်အကြောင်း ပြောပြတယ်။

လမ်းဘေး မိန်းကလေးငယ်များဟာ လူတွေရဲ့ အထင်အမြင်သေးမှုကိုခံရပြီး ဘဝတူ အရွယ်စုံ ယောက်ျားသား တွေရဲ့ အနိုင်ကျင့်အကြမ်းဖက်မှုတွေကိုလည်း နိစ္စဓူဝ ကြုံတွေ့နေကြရပါတယ်။

“ဒီမှာက ချစ်လို့ကြိုက်လို့ ယူတယ်ဆိုတာ ရှားတယ်။ ဗိုက်ကြီးလာလို့ ယူလိုက်ကြတာချည်းပဲ”

ဒါကတော့ စနေမရဲ့ မှတ်ချက်ပြုသံလေးပါ။

ဒီပတ်ဝန်းကျင်မှာ မုဒိမ်းမှုဟာ ပြစ်မှုဖြစ်တယ်ဆိုတာတောင် နားမလည်၊ မသိရှိကြသလို တိုင်တန်းတာတွေလည်း မရှိဘဲ တကယ်လို့ မိန်းကလေးငယ်မှာ ကိုယ်ဝန်ရှိလာပြီဆိုရင်တော့ အဲဒီမုဒိမ်းကျင့်တဲ့လူနဲ့ ပြန်လည်ပေါင်းသင်း နေထိုင်စေတဲ့ ပုံစံနဲ့ အလွယ်တကူ ဖြေရှင်းနေကြတာပါ။

“သမီး သူငယ်ချင်းဆိုလည်း အခု အသက် ၁၂ နှစ်ပဲ ရှိသေးတယ်။ ကိုယ်ဝန်ရှိနေပြီ။ သူ့ယောကျ်ားက သူ့ထက် အသက်ကြီးတယ်။ အရင်မိန်းမနဲ့ ကလေးလည်း ရှိသေးတယ်။ အခုကိုယ်ဝန်ကြီးနဲ့လည်း သူတို့ လင်မယားနှစ်ယောက်စလုံး အတူတူ ကော်ရှုနေကြတာပဲ”လို့ စနေမက သူ့ သူငယ်ချင်းတယောက်အကြောင်းကို ပြောပြပါတယ်။

လမ်းဘေး ကလေးငယ်အများစု ကော်ရှုကြရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဆာလောင်မှုဒဏ်ကို ခုခံနိုင်ဖို့အတွက်သာ ဖြစ်တယ်လို့ ပြောကြပါတယ်။

မိန်းကလေးရော၊ ယောကျာ်းလေးရော၊ ကော်ရှုတဲ့ အလေ့အထကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နေရတဲ့ မိခင်များလည်း ပါဝင်နေပါတယ်။

မိခင်ကိုယ်တိုင် အာဟာရ လုံလောက်စွာ မစားသုံးရတဲ့အတွက် မွေးလာတဲ့ကလေးများမှာ အာဟာရချို့တဲ့မှုတွေ ရှိနေတဲ့အပြင် ဉာဏ်ရည် မပြည့်မီတဲ့ ကလေးငယ်များအဖြစ် မွေးဖွားလာကြသလို အချို့ကလေးတွေဆိုရင် အသက်မဲ့ မွေးလာကြတာပါ။

ကလေးမိခင်များမှာ ဆယ်ကျော်အသက်အရွယ်များသာ ဖြစ်ပြီး အားလုံးနီးပါးဟာ စာမသင်နိုင်သူတွေ၊ ကျောင်း မတက်နိုင်သူတွေ၊ ဗဟုသုတ မရှာဖွေနိုင်သူတွေဖြစ်ကြလို့ ကျန်းမာရေးအသိပညာ၊ လိင်ပိုင်းဆိုင်ရာအသိပညာနဲ့ သားဆက်ခြား အသိပညာတွေကို မရရှိကြပါဘူး။

ဒါကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် ကိုယ်ဝန်ရလာတဲ့အခါ မိခင် မကျန်းမာတာတွေ၊ ကလေးမဖွံ့ဖြိုးတာတွေ ရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာ ကလေးမွေးဖွားသေဆုံးမှုနှုန်း ၁ဝဝဝ ဦးမှာ ၅ဝ ယောက်ရှိနေပြီး အာဟာရချို့တဲ့ ဝေဒနာကို ခံစားနေရတဲ့ ကလေးဦးရေ နှုန်း ၉၂ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ Save the Children ရဲ့ စစ်တမ်းတခုအရ သိရပါတယ်။

“သူတို့အတွက် အဓိကလိုတာက သားဆက်ခြားနည်းပညာတွေကို သင်ပေးဖို့ပဲ။ သူတို့က ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတယ်။ ကလေးတွေ တယောက်ပြီးတယောက် မွေးတယ်။ ဒါပေမယ့် သူတို့မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ အသိပညာအထောက်အပံ့တွေ ရှိမနေဘူး။ မွေးလာသမျှ ကလေးတွေလည်း လမ်းဘေးရောက်ပြီး တောင်းစားကြရတယ်။ ကလေးအများစုက အဟာရမပြည့်ဝကြဘူး။ ကလေးရော မိခင်ရောပေါ့။ အဲဒါတွေကို အဓိကလုပ်ဆောင်ပေးဖို့ လိုနေတယ်”လို့ လမ်းဘေးကလေးငယ်တွေကို ကူညီစောင့်ရှောက်နေတဲ့ လမ်းကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Junior Dream အဖွဲ့ တည်ထောင်သူ မဣန္ဒြေနေနွယ်က ပြောပါတယ်။

ဆယ်ကျော်သက်အရွယ် အသက် ၁၅ နှစ်က ၁၉ နှစ်အထိ ကိုယ်ဝန်ဆောင်တာဟာ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်းဖြစ်လို့ အန္တရာယ်ရှိတယ်ဆိုတာ သူတို့ မသိရှိကြပါဘူး။ ၁၅ နှစ်ထက်တောင် ငယ်သေးတဲ့ အသက် ၁၂ နှစ်လောက်နဲ့ ကိုယ်ဝန်ဆောင်နေကြတာပါ။

အသက် ၂ဝ မပြည့်မီ မိန်းကလေးငယ်တွေအနေနဲ့ သားဖွားခြင်းကြောင့် သေဆုံးမှုနှုန်းဟာ အမြင့်ဆုံးဖြစ်နေတယ်လို့ UNICIFF ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက လမ်းဘေးမိန်းကလေးငယ် အများစုဟာ အပျိုဖော်ဝင်ပြီဆိုတာနဲ့ ကိုယ်ဝန်ရှိလာကြပြီး ကလေး အဖေ အများစုဟာ အရက်သောက်လိုက်၊ ကော်ရှုလိုက်နဲ့ အပူပင်ကင်းစွာ နေထိုင်တတ်ကြတဲ့အပြင် တာဝန်ယူမှုတွေလည်း မရှိကြတာကြောင့် ဒီမိန်းကလေးငယ်များဟာ ကလေးငယ်တဖက်နဲ့ မိသားစုတာဝန်ကို တယောက်တည်းသာ ဖြေရှင်းနေကြရပါတယ်။

ဒါကြောင့်လည်း သူတို့တွေဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ကလေးတွဲလောင်းနဲ့ ကလေးမိခင်ဘဝ ရောက်ပြီး လိုက်လံတောင်းရမ်း စားသောက်နေကြရတာပါ။

ယောက်ျားက နှိပ်စက်လို့ ရှောင်တိမ်းနေရတဲ့ ကလေးနဲ့မိခင်တွေရှိသလို ယောကျ်ားက နောက်မိန်းမယူပြီး ထားခဲ့လို့ ကလေးငယ်ကို တယောက်တည်း ပြုစုစောင့်ရှောက်နေရသူတွေလည်း ရှိကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လမ်းပျော်ကလေးတို့ နေထိုင်ရာ ရန်ကုန်တဖက်ကမ်း၊ ဒလမြို့နယ်အတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ၊ အမျိုးသမီးနဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ၊ သားဆက်ခြားပညာပေးမှုတွေ အများကြီး လိုအပ်နေပါတယ်။

“မိန်းကလေးငယ်တွေအတွက် လစဉ်သုံးပစ္စည်းတွေ သွားပေးတဲ့အခါမှာ သူတို့သုံးတတ်ပေမယ့် ဝယ်သုံးဖို့ ပိုက်ဆံမရှိကြဘူး။ အဲဒီတော့ အဝတ်စအဟောင်းတွေကို သုံးနေရတယ်။ အဝတ်ဟောင်းတွေကလည်း မသန့်တော့ ယားနာတွေ ဖြစ်ကြတယ်။ နောက်ဆက်တွဲ အမျိုးသမီးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာကြတယ်။ ဒါတွေကို သူတို့မသိကြဘူး။ နောက် အရေးပေါ်လိုအပ်နေတာက တားဆေးတွေ ထိုးပေးဖို့၊ သားဆက်ခြား နည်းလမ်းတွေ အသုံးပြုပေးဖို့၊ သူတို့မှာ ပထမကလေးတယောက်ရပြီး ဘာမှမကြာသေးဘူး။ နောက်ထပ် ကလေးတွေ ထပ်မွေးကြတယ်။ ကလေးယူဖို့ အစီစဉ်မရှိပေမယ့် ကိုယ်ဝန်ရလာတော့လည်း ယူလိုက်ကြရတာပဲ ”လို့ မဣန္ဒြေနေနွယ်က ဆက်ပြောပြတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ လမ်းဘေးကလေးငယ်တွေ ပြုစုပျိုးထောင်ဖို့ သင်တန်းကျောင်းတွေကို စီစဉ်ပေးနေပေမယ့်လည်း မိဘရှိတဲ့ ကလေးတွေကို မိဘတွေဆီသာ ပြန်လည်ပို့ဆောင်နေကြတာမို့ မိဘများကိုယ်တိုင်က အိမ်ခြေမဲ့တွေ ဖြစ်တဲ့အတွက် အဲဒီကလေးငယ်အများစုဟာ လမ်းပေါ်ကိုသာ ပြန်လည်ရောက်ရှိလာကြတာဖြစ်ပါတယ်။

“ဒီမှာက မိန်းကလေးတွေရှိတယ်။ အသက် ၁၁၊ ၁၂ နှစ်လောက်ဆို ယောက်ျားရသွားကြတယ်။ ကလေးတွေ မွေးကြတယ်။ သူတို့အတွက် ဘာမှမထူးဆန်းဘူး”

အိမ်ခြေမဲ့မိဘများကလည်း သူတို့ကလေးတွေကို ကျောင်းထားပေးချင်ကြသလို ပညာတတ်တွေ ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာတော့ မွေးလာတဲ့ကလေးငယ်တွေလည်း မိဘတွေလို လေလွင့် လမ်းပျော်ဘဝသာ ရောက်ရှိလာပြီး မြန်မာနိုင်ငံရဲ့လမ်းဘေးလေလွှင့် ကလေးဦးရေဟာ တိုးပွားသထက် တိုးပွားလာနေတာတာကို ဗိုလ်တထောင်ကမ်းနားက ပလုံကောက်နေတဲ့ အသက် ၁၃ နှစ်အရွယ် “စနေမ”ရဲ့ စကားက သက်သေထူလို့ နေပါတော့တယ်။

အထက်ပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် HI (Honest Information) မှ ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည်။
Source:H.H

No comments:

Post a Comment