Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 7, 2017

ကမ္ဘာ ကံမကောင်းဆုံး လူ


တစ်နေ့မှာ လူတစ်ယောက်ဟာ သူ့ရဲ့  ရှယ်ယာ ၁၀% ကို ဒေါ်လာ ၈၀၀ ထဲနဲ့ ရောင်းချခဲ့တယ်။ အဲဒီ ဒေါ်လာ ၈၀၀ တန်ရှယ်ယာဟာ ဒီနေ့မှာ ဒေါ်လာ 62 ဘီလီယံကျော်ထိ တန်ဖိုး ရှိတယ်။ အကယ်၍ သူသာ အဲဒီ ရှယ်ယာ တွေ မရောင်းချခဲ့ရင် ဘီလီယံနာ သူဌေးကြီး ဖြစ်နေတော့ မှာလေ။ ဒါကြောင့် သူကို အများက ကမ္ဘာ ကံမကောင်းဆုံး လူအဖြစ် နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြတယ်။

သူဟာ တတိယမြောက် Apple founder တစ်ယောက်ဖြစ်တယ်။ Apple နဲ့ Steve Jobs ကို လူတော်တော်များများ သိတယ်။ Ronald Wayne ကို တော့ လူသိပ်မသိကြဘူး။ 1976 ခုနှစ် ဧပြီလမှာ Ronald ဟာသူ့ပိုင် ရှယ်ယာ ၁၀ % ကိုရောင်းချခဲ့တယ်။

တကယ်တော့ သူဟာ Apple ကုမ္ပဏီရဲ့  ပထမဦးဆုံး လိုဂိုကို ဒီဇိုင်း ဆွဲပေးခဲ့သူ ဖြစ်တယ်။ Apple ရဲ့  ပထမဦး ဆုံးကွန်ပျူတာဖြစ်တဲ့ Apple 1 ကွန်ပျူတာရဲ့  manual ကိုရေးခဲ့သူ ဖြစ်တယ်။ ကုမ္ပဏီရဲ့  သဘောတူညီချက် စာချုပ်မူကြမ်း ရေးဆွဲသူလည်း ဖြစ်တယ်။
Steve Jobs ဟာလည်း သူထောင်ခဲ့တဲ့ Apple ကုမ္ပဏီက ကန်ထုတ်ခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ သူ့အရည်အချင်းတွေ ကြောင့်
Apple က သူ့ကို ပြန်ခန့်ခဲ့ရပြီး နောက်ပိုင်း CEO ဖြစ်ခဲ့တယ်။

သူတို့ နှစ်ယောက်ကနေ ကျနော်တို့ ဘာ သင်ခန်းစာ ယူနိုင်မလဲဆိုတော့

ဒီစကားလေးလိုပဲ What you do is not so important but why you do is more important တဲ့

မင်းဘာလုပ်နေလဲဆိုတာ သိပ်အရေးမကြီး ပါဘူးတဲ့.. မင်းဘာကြောင့် လုပ်နေလဲဆိုတာ သိဖို့က ပိုအရေးကြီတာပါတဲ့..။

ကိုယ်ဘာလုပ်နေလဲဆိုတာ သိတဲ့သူအတွက် ဘယ်လိုအခြေအနေပဲ ကြုံရကြုံရ တစ်နေ့မှာ နေရာမှန် ပြန်ရောက်လာမှာပါ။

ရဲမင်း (7/7/2017)

Reference: Washington Post
https://www.facebook.com/yeminhein/posts/10213651946439025

No comments:

Post a Comment