Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 3, 2017

ကျောက်စိမ်းတုံးခိုးရန် ကြိုးစားသူတွေ ရဲက ရှာဖွေ


ဓါတ်ပုံ - MOI
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တန်ချိန် ၈ တန်ကျော်ရှိ ဧရာမ ကျောက်စိမ်းတုံးကို ဧပြီလ ၂၆ ရက်နေ့က တွေ့ရှိခဲ့တဲ့ ရေမဆေးကျောက်ရှာသူ ၅ ယောက်ကို ကျောက်စိမ်းတုံး ခိုးယူရန်ကြိုးစားခဲ့မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ မနေ့က ရရှိတဲ့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီ လုပ်ကွက်ကို အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တောက်ပကြယ်ကုမ္ပဏီက ကျောက်စိမ်းတုံးတွေ့ရှိတဲ့ ရေမဆေးသမားတွေကို ကျပ်သိန်း ၃ဝဝ၊ ကျောက်တုံးကို လုပ်ကွက်ထဲက သယ်ဆောင်ရာမှာ ပါဝင်ကူညီသူ တစ်သောင်းရှစ်ရာကို တယောက် ငွေကျပ် တစ်သောင်းနှုံးနဲ့ ကျပ်သိန်း ၁ဝ၈ဝ၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၃၈ဝ ပေးခဲ့တယ်လို့ သိရပါတယ်။ ကျောက်စိမ်းတုံးကို အခု နိုင်ငံပိုင်အဖြစ် မြစ်ကြီးနားမြို့ကို သယ်ယူခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီတွေ့ရှိသူ ၅ ဦးဟာ ကျောက်စိမ်းတုံးကို တောက်ပကြယ် ကုမ္ပဏီလုပ်ကွက်ထဲက ခိုးယူဖို့ကြိုးစားခဲ့တယ်ဆိုပြီး မြန်မာ ကျောက်မျက်လုပ်ငန်း ဒုတိယ ညွန်ကြားရေးမှူး ဦးနေထွန်းက အမှုဖွင့်ခဲ့တဲ့အတွက် ဖမ်းဆီးဖို့လိုက်လံရှာဖွေနေကြောင်း၊ အဲဒီလူတွေ အခု ဘယ်မှာလဲဆိုတာတော့ မသိသေးကြောင်း လုံးခင်းရဲစခန်းက အရာရှိ ဦးခင်ဦးကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment