Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 28, 2016

ဆယ္ေက်ာ္သက္ မိန္းမပ်ိဳတစ္ဦးအား ပေထြးမွသားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င္႔မႈ မိခင္က တိုင္ၾကား

ယခုေဖာ္ျပထားသည့္ ဓါတ္ပုံ မွာ နမူနာဓါတ္ပုံသာ ျဖစ္ပါတယ္။ အဓမၼျပဳက်င့္ခံရသူ၏ ပုံမဟုတ္ပါ။ 
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေဖာင္းျပင္ၿမိဳ႕နယ္၊ ယားပင္ေက်း႐ြာတြင္ ဆယ္ေက်ာ္သက္ မိန္းမပ်ဳိေလးတစ္ဦးအား ပေထြးျဖစ္သူမွ သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င္႔မႈကို မိခင္မွ ေဖာင္းျပင္ၿမိဳ႕မရဲစခန္းတြင္ ဇြန္၂၇ ရက္၌ အမႈဖြင္႔ခဲ႔ေၾကာင္း သိရွိရသည္။
"အမႈဖြင္႔ထားၿပီးပါၿပီ။ တရားခံလည္း ဖမ္းမိၿပီးပါၿပီ။ ေလာေလာဆယ္ ရမာန္ယူထားပါတယ္။ ကေလးမေလး အသက္က (၁၃)ႏွစ္လို႔ သိရတယ္။ ကေလးမရဲ႕ပေထြးပါ။ သူတို႔က ေမာင္ႏွမ ႏွစ္ေယာက္ထဲ႐ွိတာပါ၊ တရားခံဖမ္းၿပီး အမႈစစ္အျဖစ္ ကြ်န္ေတာ္ပဲစစ္ေဆးေနပါတယ္။" ဟု ေဖာင္းျပင္ၿမိဳ႕မ ရဲစခန္းမွ ဒုရဲမွဴးၾကင္စိန္က ေျပာသည္။ဇြန္ ၂၁ရက္တြင္ အသက္ ၄၃ ႏွစ္အ႐ြယ္ မိခင္ျဖစ္သူ ေစ်းသို႔ငါးေရာင္းသြားစဥ္ အိမ္၌ အသက္ ၁၃ ႏွစ္အ႐ြယ္ သမီး၊ ၁၁ ႏွစ္အ႐ြယ္သားတစ္ဦးႏွင့္ အသက္၂၈ ႏွစ္အ႐ြယ္ ပေထြးျဖစ္သူ စုစုေပါင္း သုံးဦးတို႔ အိမ္တြင္ က်န္ရစ္ေနခဲ့ၿပီး သမီးျဖစ္သူက်န္းမာေရးမေကာင္းသျဖင္႔ အိပ္ခန္းထဲအိပ္ေနစဥ္ ပေထြးျဖစ္သူမွ သားမယားအျဖစ္ အဓမၼျပဳက်င္႔ခဲ႔ေၾကာင္း သိရသည္။

ပေထြးျဖစ္သူမွ မိခင္အားမေျပာရန္ႏွင့္ ေျပာလွ်င္သတ္ျပစ္မည္ဟု ႀကိမ္းဝါးေျပာဆိုခဲ႔ၿပီး ယခင္ကလည္း မိခင္မ႐ွိခိုက္ သားမယားအျဖစ္ငါးႀကိမ္ျပဳက်င္႔ခဲ႔ေၾကာင္း မႈခင္းမွတ္တမ္းမ်ားအရ သိရသည္။

အဆိုပါ အမႈႏွင္႔ပတ္သက္၍ ၂၀၁၆၊ ဇြန္၂၇ ရက္က မိခင္ျဖစ္သူမွ တရားလိုျပဳလုပ္ တိုင္တန္းသျဖင္႔ ေဖာင္းျပင္ၿမိဳ႕မရဲစခန္းမွ အမႈႀကီး အမွတ္စဥ္-၅/၂၀၁၆၊(ပ)၅၇/၂၀၁၆၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ(၃၇၆)အရ
အမႈဖြင္႔ထားေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ
https://www.facebook.com/yadanabonnewspaper
......

ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ယားပင်ကျေးရွာတွင် ဆယ်ကျော်သက် မိန်းမပျိုလေးတစ်ဦးအား ပထွေးဖြစ်သူမှ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှုကို မိခင်မှ ဖောင်းပြင်မြို့မရဲစခန်းတွင် ဇွန်၂၇ ရက်၌ အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။
"အမှုဖွင့်ထားပြီးပါပြီ။ တရားခံလည်း ဖမ်းမိပြီးပါပြီ။ လောလောဆယ် ရမာန်ယူထားပါတယ်။ ကလေးမလေး အသက်က (၁၃)နှစ်လို့ သိရတယ်။ ကလေးမရဲ့ပထွေးပါ။ သူတို့က မောင်နှမ နှစ်ယောက်ထဲရှိတာပါ၊ တရားခံဖမ်းပြီး အမှုစစ်အဖြစ် ကျွန်တော်ပဲစစ်ဆေးနေပါတယ်။" ဟု ဖောင်းပြင်မြို့မ ရဲစခန်းမှ ဒုရဲမှူးကြင်စိန်က ပြောသည်။ဇွန် ၂၁ရက်တွင် အသက် ၄၃ နှစ်အရွယ် မိခင်ဖြစ်သူ စျေးသို့ငါးရောင်းသွားစဉ် အိမ်၌ အသက် ၁၃ နှစ်အရွယ် သမီး၊ ၁၁ နှစ်အရွယ်သားတစ်ဦးနှင့် အသက်၂၈ နှစ်အရွယ် ပထွေးဖြစ်သူ စုစုပေါင်း သုံးဦးတို့ အိမ်တွင် ကျန်ရစ်နေခဲ့ပြီး သမီးဖြစ်သူကျန်းမာရေးမကောင်းသဖြင့် အိပ်ခန်းထဲအိပ်နေစဉ် ပထွေးဖြစ်သူမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ပထွေးဖြစ်သူမှ မိခင်အားမပြောရန်နှင့် ပြောလျှင်သတ်ပြစ်မည်ဟု ကြိမ်းဝါးပြောဆိုခဲ့ပြီး ယခင်ကလည်း မိခင်မရှိခိုက် သားမယားအဖြစ်ငါးကြိမ်ပြုကျင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ၂၀၁၆၊ ဇွန်၂၇ ရက်က မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဖောင်းပြင်မြို့မရဲစခန်းမှ အမှုကြီး အမှတ်စဉ်-၅/၂၀၁၆၊(ပ)၅၇/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ(၃၇၆)အရ
အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment