Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ႏုိင္ငံႏွင့္ ႏုိင္ငံသားမ်ား တုိးတက္ေအာင္ျမင္ႏုိင္ရန္ စစ္တပ္၏ လက္တဲြေဆာင္ရြက္မႈ အေရးပါဟု ဆုိ


လက္ပံေတာင္းကိစၥ ေဆြးေႏြးစဥ္ တပ္မေတာ္သား ကိုယ္စားလွယ္အားလံုး မတ္တတ္ထ ကန္႔ကြက္
စစ္တပ္ႏွင့္ သေဘာထားကြဲလြဲမႈ မ်ားစြာရွိသျဖင့္ ပုိမုိက်ယ္ျပန္႔လာသျဖင့္ မတ္ ၁၀ တြင္ လႊတ္ေတာ္က သမၼတေလာင္း အမည္စာရင္း တင္သြင္းၿပီးသည့္တုိင္ ေအာင္ျမင္သည့္ အစုိးရသစ္ ဖြဲ႕စည္းႏုိင္ေရးက ထိခုိက္မႈမ်ား ရွိလာႏုိင္သည္ဟု NLD ပါတီမွ အမ်ဳိးသား လႊတ္ေတာ္ကုိယ္စားလွယ္ တစ္ဦးက ရုိက္တာ သတင္းဌာနသုိ႔ ေျပာၾကားသည္။

“သူမ (ေဒၚေအာင္ဆန္းစုၾကည္) က စစ္တပ္နဲ႔ လက္တြဲ လုပ္ကုိင္ႏုိင္မယ္လုိ႔ ယံုၾကည္ခဲ့ပါတယ္။ ဒါေပမဲ့ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ေနာက္ဆံုးအႀကိမ္ ေတြ႕ဆုံမႈအၿပီးမွာေတာ့ တပ္နဲ႔ ညိွႏိႈင္းလုိ႔ မရႏုိင္ဘူးဆုိတာ သူမ လက္ခံခဲ့ပါတယ္” ဟု ယင္းက ဆုိသည္။

ႏုိ၀င္ဘာ ေရြးေကာက္ပြဲတြင္ NLD က ျပတ္ျပတ္သားသား အႏုိင္ရခဲ့ၿပီး မၾကာမီတြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ စစ္တပ္တုိ႔ ေတြ႕ဆံုေဆြးေႏြးမႈမ်ား စတင္ခဲ့ျခင္းျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္ သည္ စစ္တပ္ႏွင့္ ေဆြးေႏြးရာတြင္ စစ္တပ္၏ ေခါင္းမာမႈေၾကာင့္ စိတ္ပ်က္ခဲ့ရသည္ဟု ဆုိသည္။ စစ္တပ္အေနျဖင့္ ႏုိင္ငံေရးတြင္ အေရးပါသည့္ ေနရာကုိ ရယူထားရမည္ဟု ခံယူထားသည္ဟု ယင္းက ဆုိသည္။

စစ္အစုိးရသည္ ႏုိင္ငံကုိ ႏွစ္ငါးဆယ္ၾကာ အုပ္ခ်ဳပ္ခဲ့ၿပီးေနာက္ ဗုိလ္ခ်ဳပ္ႀကီးေဟာင္းမ်ား ဦးေဆာင္ေသာ အရပ္သား တစ္ပုိင္း အစုိးရထံ ၂၀၁၁ တြင္ အာဏာလႊဲခဲ့ေသာ္လည္း စစ္အစိုးရ လက္ထက္ အေျခခံဥပေဒအရ စစ္တပ္က အာဏာႀကီးႀကီးမားမား ခ်ဳပ္ကုိင္ထားဆဲ ျဖစ္သည္။ ႏုိင္ငံေတာ္ လံုၿခဳံေရးဆုိင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ အစုိးရ ဗ်ဴ႐ုိကေရစီ ယႏၱရားကုိ စစ္တပ္က ခ်ဳပ္ကုိင္ခြင့္ရရွိရန္ အေျခခံဥပေဒတြင္ ေဖာ္ျပထားသျဖင့္ NLD အစုိးရသစ္သည္ စစ္တပ္ႏွင့္ လက္တြဲလုပ္ကုိင္ရမည္ ျဖစ္သည္။

သုိ႔ေသာ္ NLD ႏွင့္ စစ္တပ္ၾကားတြင္ လက္စဲြမူ၀ါဒမ်ား အစဲြမ်ားရွိေနၿပီး အေျခခံဥပေဒႏွင့္ အာဏာမွ်ေ၀ေရးကဲ့သုိ႔ အေရးႀကီးကိစၥရပ္မ်ားအျပင္ အာဏာလႊဲေျပာင္းပြဲတြင္ ကားရပ္ရန္ေနရာ သတ္မွတ္မႈႏွင့္ သက္တမ္းကုန္ေတာ့မည့္ လက္ရွိအစုိးရ ၀န္ထမ္းမ်ားက ႐ံုးသံုးကိရိယာမ်ား သိမ္းဆည္းသြားမ႕ႈကဲ့သုိ႔ အေသးအဖြဲ ကိစၥရပ္မ်ားအထိ သေဘာထားကြဲလြဲမႈမ်ား ရွိေနသည္ဟု ဆုိသည္။

လြန္ခဲ့ေသာ ရက္သတၱပတ္ ႏွစ္ပတ္ခန္႔က လႊတ္ေတာ္တြင္ NLD အမတ္တစ္ဦးက လက္ရွိ အစုိးရ၏ တာ၀န္မလဲြေျပာင္းမီ စီမံကိန္းမ်ား အလ်င္အျမန္ ေဆာင္ရြက္မႈအေပၚ ေ၀ဖန္ေဆြးေႏြးစဥ္ တပ္မေတာ္သား ကုိယ္စားလွယ္မ်ားအားလုံးက မတ္တတ္ရပ္ ကန္႔ကြက္ခဲ့ၿပီးေနာက္ တင္းမာမႈ ပုိမုိျမင့္တက္လာခဲ့သည္။

NLD မွ ျပည္သူ႕လႊတ္ေတာ္အမတ္ ဦးတင့္စုိးက “ကၽြန္ေတာ္တုိ႔ ပါတီကုိယ္စားလွယ္ ေဆြးေႏြးေနစဥ္ တပ္ကုိယ္စားလွယ္ေတြအားလုံးက ႐ုတ္တရက္ မတ္တတ္ရပ္ၿပီး ကန္႔ကြက္တဲ့အခါ ကၽြန္ေတာ္ အရမ္းလန္႔သြားပါတယ္။ အသံေတြ ၾကားလုိ႔ လွည့္ၾကည့္လုိက္တဲ့အခါ ဒါကုိ ေတြ႕ေတာ့ လန္႔သြားခဲ့ၿပီး အေျခအေနက ေတာ္ေတာ္ တင္းမာခဲ့ပါတယ္” ဟု ရုိက္တာ သတင္းဌာနသုိ႔ ေျပာၾကားသည္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔ တတိယ အႀကိမ္ ေတြ႕ဆံုအၿပီး ရက္ပုိင္းအတြင္း တင္းမာမႈမ်ား အရွိန္တက္လာခဲ့ျခင္းျဖစ္သည္။ ႀကံ႕ခုိင္ေရး ပါတီ၀င္ေဟာင္း တစ္ဦးျဖစ္ၿပီး အေျပာင္းအလဲ ျဖစ္စဥ္အား ေလ့လာသူ ဦး၀င္းဦးက “စစ္တပ္က မျဖစ္ႏုိင္တဲ့ ေတာင္းဆုိခ်က္ အမ်ားႀကီးကုိ ေဆြးေႏြးပြဲဆီ ယူလာခဲ့ပါတယ္။ အခုဆုိရင္ NLD နဲ႔ စစ္တပ္က စစ္ေအး အေျခအေန ျဖစ္ေနၿပီး ႏုိင္ငံေရး သက္ကြင္းတစ္ခုလုိပါပဲ” ဟုရုိက္တာ သတင္းဌာနသုိ႔ ေျပာၾကားခဲ့သည္။

ယေန႔ မတ္လ ၁၀ ရက္ေန႔ မနက္ပုိင္းတြင္ အမ်ဳိးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႕လႊတ္ေတာ္ရွိ ေရြးခ်ယ္ခံ ကုိယ္စားလွယ္ အစုအဖြဲ႕မ်ားႏွင့္ တပ္မေတာ္သား ကုိယ္စားလွယ္မ်ားက သမၼတေလာင္း အမည္စာရင္းမ်ား တင္သြင္းမည္ျဖစ္သည္။ ထုိ႔ေနာက္ အစုအဖြဲ႕ သံုးခုလံုး ပါ၀င္သည့္ ျပည္ေထာင္စု လႊတ္ေတာ္က သမၼတအား မဲေပးေရြးခ်ယ္မည္ ျဖစ္သည္။ လႊတ္ေတာ္တြင္ NLD က အမ်ားစုေနရာ ရရွိထားသျဖင့္ စစ္တပ္က မည္သုိ႔ မဲေပးသည္ျဖစ္ေစ NLD ေရြးခ်ယ္သူက သမၼတျဖစ္လာမည္ျဖစ္သည္။

NLD မွ ျပည္သူ႕လႊတ္ေတာ္အမတ္ ဦးတင့္စုိးက “အနာဂတ္မွာ စစ္တပ္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ မွာ အခက္ခဲေတြ႕ႏုိင္ၿပီး သူတုိ႔ က ပူးေပါင္းေဆာင္ရြက္ဖုိ႔ မရွိပါဘူး။ စိတ္ပ်က္စရာ အေျခအေနပါပဲ” ဟု ရုိက္တာ သတင္းဌာနသုိ႔ ေျပာၾကားခဲ့သည္။

KHTun

Ref - The Straits Times
The Ladies News
https://www.facebook.com/News.TheLadies
..............

လက်ပံတောင်းကိစ္စ ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ်အားလုံး မတ်တတ်ထ ကန့်ကွက်
စစ်တပ်နှင့် သဘောထားကွဲလွဲမှု များစွာရှိသဖြင့် ပိုမိုကျယ်ပြန့်လာသဖြင့် မတ် ၁၀ တွင် လွှတ်တော်က သမ္မတလောင်း အမည်စာရင်း တင်သွင်းပြီးသည့်တိုင် အောင်မြင်သည့် အစိုးရသစ် ဖွဲ့စည်းနိုင်ရေးက ထိခိုက်မှုများ ရှိလာနိုင်သည်ဟု NLD ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

“သူမ (ဒေါ်အောင်ဆန်းစုကြည်) က စစ်တပ်နဲ့ လက်တွဲ လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုအပြီးမှာတော့ တပ်နဲ့ ညှိနှိုင်းလို့ မရနိုင်ဘူးဆိုတာ သူမ လက်ခံခဲ့ပါတယ်” ဟု ယင်းက ဆိုသည်။

နို၀င်ဘာ ရွေးကောက်ပွဲတွင် NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်တို့ တွေ့ဆုံဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် စစ်တပ်နှင့် ဆွေးနွေးရာတွင် စစ်တပ်၏ ခေါင်းမာမှုကြောင့် စိတ်ပျက်ခဲ့ရသည်ဟု ဆိုသည်။ စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် အရေးပါသည့် နေရာကို ရယူထားရမည်ဟု ခံယူထားသည်ဟု ယင်းက ဆိုသည်။

စစ်အစိုးရသည် နိုင်ငံကို နှစ်ငါးဆယ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သော အရပ်သား တစ်ပိုင်း အစိုးရထံ ၂၀၁၁ တွင် အာဏာလွှဲခဲ့သော်လည်း စစ်အစိုးရ လက်ထက် အခြေခံဥပဒေအရ စစ်တပ်က အာဏာကြီးကြီးမားမား ချုပ်ကိုင်ထားဆဲ ဖြစ်သည်။ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရ ဗျူရိုကရေစီ ယန္တရားကို စစ်တပ်က ချုပ်ကိုင်ခွင့်ရရှိရန် အခြေခံဥပဒေတွင် ဖော်ပြထားသဖြင့် NLD အစိုးရသစ်သည် စစ်တပ်နှင့် လက်တွဲလုပ်ကိုင်ရမည် ဖြစ်သည်။

သို့သော် NLD နှင့် စစ်တပ်ကြားတွင် လက်စွဲမူဝါဒများ အစွဲများရှိနေပြီး အခြေခံဥပဒေနှင့် အာဏာမျှဝေရေးကဲ့သို့ အရေးကြီးကိစ္စရပ်များအပြင် အာဏာလွှဲပြောင်းပွဲတွင် ကားရပ်ရန်နေရာ သတ်မှတ်မှုနှင့် သက်တမ်းကုန်တော့မည့် လက်ရှိအစိုးရ ၀န်ထမ်းများက ရုံးသုံးကိရိယာများ သိမ်းဆည်းသွားမှု့ကဲ့သို့ အသေးအဖွဲ ကိစ္စရပ်များအထိ သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု ဆိုသည်။

လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်ခန့်က လွှတ်တော်တွင် NLD အမတ်တစ်ဦးက လက်ရှိ အစိုးရ၏ တာဝန်မလွဲပြောင်းမီ စီမံကိန်းများ အလျင်အမြန် ဆောင်ရွက်မှုအပေါ် ဝေဖန်ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက မတ်တတ်ရပ် ကန့်ကွက်ခဲ့ပြီးနောက် တင်းမာမှု ပိုမိုမြင့်တက်လာခဲ့သည်။

NLD မှ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက “ကျွန်တော်တို့ ပါတီကိုယ်စားလှယ် ဆွေးနွေးနေစဉ် တပ်ကိုယ်စားလှယ်တွေအားလုံးက ရုတ်တရက် မတ်တတ်ရပ်ပြီး ကန့်ကွက်တဲ့အခါ ကျွန်တော် အရမ်းလန့်သွားပါတယ်။ အသံတွေ ကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ ဒါကို တွေ့တော့ လန့်သွားခဲ့ပြီး အခြေအနေက တော်တော် တင်းမာခဲ့ပါတယ်” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တတိယ အကြိမ် တွေ့ဆုံအပြီး ရက်ပိုင်းအတွင်း တင်းမာမှုများ အရှိန်တက်လာခဲ့ခြင်းဖြစ်သည်။ ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း တစ်ဦးဖြစ်ပြီး အပြောင်းအလဲ ဖြစ်စဉ်အား လေ့လာသူ ဦးဝင်းဦးက “စစ်တပ်က မဖြစ်နိုင်တဲ့ တောင်းဆိုချက် အများကြီးကို ဆွေးနွေးပွဲဆီ ယူလာခဲ့ပါတယ်။ အခုဆိုရင် NLD နဲ့ စစ်တပ်က စစ်အေး အခြေအနေ ဖြစ်နေပြီး နိုင်ငံရေး သက်ကွင်းတစ်ခုလိုပါပဲ” ဟုရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ ရွေးချယ်ခံ ကိုယ်စားလှယ် အစုအဖွဲ့များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက သမ္မတလောင်း အမည်စာရင်းများ တင်သွင်းမည်ဖြစ်သည်။ ထို့နောက် အစုအဖွဲ့ သုံးခုလုံး ပါ၀င်သည့် ပြည်ထောင်စု လွှတ်တော်က သမ္မတအား မဲပေးရွေးချယ်မည် ဖြစ်သည်။ လွှတ်တော်တွင် NLD က အများစုနေရာ ရရှိထားသဖြင့် စစ်တပ်က မည်သို့ မဲပေးသည်ဖြစ်စေ NLD ရွေးချယ်သူက သမ္မတဖြစ်လာမည်ဖြစ်သည်။

NLD မှ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက “အနာဂတ်မှာ စစ်တပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် မှာ အခက်ခဲတွေ့နိုင်ပြီး သူတို့ က ပူးပေါင်းဆောင်ရွက်ဖို့ မရှိပါဘူး။ စိတ်ပျက်စရာ အခြေအနေပါပဲ” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

KHTun

Ref - The Straits Times
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment