Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

ကိုေက်ာ္စြာျမင့္တို႔ မိသားစု ကတ္ေၾကးျဖင့္ ထိုးခံရသည့္ ဒဏ္ရာမ်ားအား သာမန္ဒဏ္ရာဟု မႈခင္းဆရာ၀န္မွ မွတ္ခ်က္ျပဳခဲ့ျခင္းအေပၚ နစ္နာသူ ကာယကံရွင္မ်ားမွ အံ့အားသင့္ခဲ့ရဟုဆို

“အခင္းျဖစ္တဲ့ေန႔က ေသြးသံရဲရဲနဲ႔ အသက္မေသ႐ုံတမယ္ ျပင္းထန္တဲ့ ဒဏ္ရာေတြကုိ မေတြ႔မျမင္ပဲ ေဆးကုၿပီး ခ်ဳပ္႐ုိးေတြေျဖ အနာက်က္ခ်ိန္ ႏွစ္ပတ္ေလာက္ၾကာမွ မႈခင္းေဆးစာ မွတ္ခ်က္ေပးတယ္”

လြန္ခဲ့ေသာ ႏွစ္ပတ္ခန္႔က ျဖစ္ပြားခဲ့ေသာ Tomorrowဂ်ာနယ္မွ ကိုေက်ာ္စြာျမင့္တို႔ တစ္မိသားစုလံုးအား ကတ္ေၾကးျဖင့္ ထိုးခဲ့သည့္ အမႈတြင္ ကိုေက်ာ္စြာျမင့္ႏွင့္ ဇနီးတို႔မွာ ကတ္ေၾကး ဒဏ္ရာမ်ားအျပင္ မ်က္ခြံအေၾကာေသျခင္းႏွင့္ ႏႈတ္ခမ္းတစ္ဖက္ရြဲ႕သြားသည့္ ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့ေသာ္လည္း ယင္းအမႈအား ကိုင္တြယ္ေသာ မႈခင္းဆရာ၀န္မွ သာမာန္ဒဏ္ရာဟု မွတ္ခ်က္ျပဳ ေပးခဲ့ျခင္းအား မ်ားစြာအံ့အားသင့္ရေၾကာင္း ကာယကံရွင္ မိသားစုထံမွ သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ဇန္န၀ါရီ ၁၀ရက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ယင္းအမႈႏွင့္ ပက္သက္၍ ႏွစ္ပတ္အၾကာတြင္ မႈခင္းဆရာ၀န္မွ စစ္ေဆး၍ မွတ္ခ်က္ျပဳေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အစ္မတုိ႔လင္မယား အခင္းျဖစ္တဲ့ေန႔က ေသြးသံရဲရဲနဲ႔ အသက္မေသ႐ုံတမယ္ ျပင္းထန္တဲ့ ဒဏ္ရာေတြကုိ မေတြ႔မျမင္ပဲ ေဆးကုၿပီး ခ်ဳပ္႐ုိးေတြေျဖ အနာက်က္ အခ်ိန္ႏွစ္ပတ္ေလာက္ၾကာမွ မႈခင္းေဆးစာ မွတ္ခ်က္ေပးတယ္ဆုိေတာ့ အဲဒီႏွစ္ပတ္ အတြင္းမွာ အနာေတြက က်က္ေနၿပီ သက္သာေနၿပီေလ။ အဲဒီလုိ အခ်ိန္တိုအတြင္း သက္သာလာေအာင္လည္း အစ္မတုိ႔ အေနနဲ႔ အေကာင္းဆုံး ဆရာ၀န္ႀကီးေတြ အေကာင္းဆုံး ေဆး၀ါးေတြနဲ႔ ကုသတာေပါ့။  သူတို႔ေတြရဲ႕ ေဆးစာမွတ္ခ်က္ ေကာင္းေကာင္းရဖုိ႔ ဒဏ္ရာေတြကုိ မကုပဲ ပုပ္သုိးေအာင္ ထားၾကရမွာလား။ မိန္းကေလး တစ္ေယာက္အတြက္ မ်က္ႏွာေပၚမွာ ခ်ဳပ္လုိက္ရတဲ့ ဒဏ္ရာ အမာရြတ္ေတြ၊ မ်က္ခြံေပၚက ဒဏ္ရာ အမာရြတ္ေတြ၊ ပါးျပင္ေပၚနဲ႔ နဖူးက ခ်ဳပ္ထားရတဲ့ အမာရြတ္ေတြ ရွိေနတာေတာင္ မႈခင္းဆရာ၀န္ရဲ႕ ေဆးစာမွတ္ခ်က္က သာမန္ဒဏ္ရာဆုိေတာ့ နစ္နာသူ အေနနဲ႔ ဘယ္လုိလုပ္ ခံစားႏုိင္မွာလဲ၊ ၿပီးေတာ့ တရားခံဆုိတာကလည္း အခုခ်ိန္ထိ ဖမ္းမမိေသးဘူးေလ။ တရားခံ မမိမခ်င္း အစ္မတုိ႔က ဒဏ္ရာေတြ ဒီအတုိင္းထားၿပီးေတာ့ မကုပဲ ေစာင့္ေနရမယ့္ ေခတ္စနစ္လား။ ဒီျဖစ္လိုျဖစ္ခဲ့တာကို သာမန္အဆင့္ေလာက္ မွတ္ခ်က္ေပးတဲ့အေပၚ သေဘာမတူႏုိင္ပါဘူး” ဟု ကိုေက်ာ္စြာျမင့္၏ ဇနီးျဖစ္သူ မေသာ္တာက ေျပာၾကားခဲ့သည္။

အဆိုပါ အခင္းျဖစ္စဥ္ေၾကာင့္ ကုိေက်ာ္စြာျမင့္၏ ဇနီးမွာ မ်က္ႏွာႏွင့္ ဦးေခါင္းတစ္၀ိုက္တြင္ အခ်က္၂၀ခန္႔ ခ်ဳပ္ခဲ့ရေၾကာင္းႏွင့္ ဒဏ္ရာမ်ားမွာ ခ်ဳပ္႐ိုးေျဖၿပီး ျဖစ္ေသာ္လည္း ဘယ္ဖက္ မ်က္စိတစ္ဖက္ မ်က္ခြံအေၾကာေသ ေမွးသြားၿပီး၊ ႏႈတ္ခမ္းတဖက္ရြဲ႕သြားေၾကာင္း ကုသေပးသည့္ ဆရာ၀န္ေဆးစာ မွတ္ခ်က္ေပးခဲ့ေၾကာင္းလည္း သိရသည္။

“အခုလိုျဖစ္ရပ္ေတြမွာ မႈခင္းဆရာ၀န္က အခင္းျဖစ္ခ်ိန္ ေသြးသံရဲရဲ အေျခအေနကုိ မေတြ႔ရွိပဲ သက္ဆုိင္ရာ ေဆး႐ုံက ကုသမႈၿပီးစီးမွသာ မွတ္ခ်က္ေပးတဲ့ နည္းစနစ္ကိုက စၿပီးမွားေနတယ္ ထင္တာပဲ အခင္းျဖစ္ျဖစ္ခ်င္း ေဆး႐ုံေရာက္လာတဲ့ ထိခုိက္နစ္နာသူရဲ႕ အေျခအေနကုိ ဦးစြာသုံးသပ္ၿပီး မႈခင္းဆုိင္ရာ ထိခုိက္မႈ အေျခအေနကုိ မွတ္ခ်က္ေပးမွသာ အေျခအေနမွန္ ျဖစ္ရပ္မွန္အေပၚ ထိေရာက္တဲ့ ေဆးပညာဆုိင္ရာ သုံးသပ္ခ်က္ မွတ္ခ်က္ ျဖစ္ပါလိမ့္မယ္။ ဒါနဲ႔ပက္သက္ၿပီး ေျပာဆုိဖုိ႔အတြက္ တရားဥပေဒက ႏုိင္ငံသား ျပည္သူေတြကို ဘယ္လုိ အခြင့္အေရးေတြ ေပးထားသလဲ၊ ဆရာ၀န္မုိ႔ ပညာရွင္႐ႈေထာင့္က ေျပာတယ္ဆုိရင္ တျခားအထူးကု ဆရာ၀န္ႀကီး အေနနဲ႔ ပညာရွင္႐ႈေထာင့္က ျပန္လွန္ေထာက္ျပမယ္ ဆုိရင္လည္း မႈခင္းဆုိင္ရာ ဆရာ၀န္ရဲ႕ မွတ္ခ်က္ကသာ ဥပေဒအရ အက်ံဳး၀င္တယ္ဆုိေတာ့ နစ္နာသူ ႏုိင္ငံသား ျပည္သူတစ္ေယာက္ အေနနဲ႔ ဘာအခြင့္အေရးမွ ေျပာဆုိေထာက္ျပခြင့္ နစ္နာမႈေတာင္းဆုိခြင့္ မရွိေတာ့ဘူးလား ေမးခြန္းထုတ္စရာေတြ ျဖစ္လာရပါတယ္”ဟု ကိုေက်ာ္စြာျမင့္က ေထာက္ျပေျပာၾကားခဲ့သည္။

အဆိုပါ အခင္းျဖစ္ရပ္တြင္ ပါ၀င္ေသာ ကိုေက်ာ္စြာျမင့္၏ အစ္မႀကီးမွာ တိုက္ခိုက္ခံရမႈေၾကာင့္ ေရွ႕သြားက်ိဳးသြားေသာ္လည္း က်ိဳးသြားသည့္သြား မျပႏုိင္၍ ေဆးစာထဲ ထည့္မေရးႏုိင္ဟု မႈခင္းဆရာ၀န္မွ မွတ္ခ်က္ေပးခဲ့ေၾကာင္းလည္း ကာယကံရွင္ မိသားစုထံမွ သိရသည္။

“ဒဏ္ရာနဲ႔ ေသမေလာက္ျဖစ္ေနတဲ့ နစ္နာသူဘက္ကေန က်ိဳးသြားတဲ့ ကုိယ့္သြားကုိယ္ ျပန္ရွာၿပီး တင္ျပမွသာ အမႈေျမာက္ပါမယ္ဆုိတဲ့ သေဘာမ်ိဳးလား၊ နားမလည္ႏုိင္ေအာင္ ျဖစ္ရပါတယ္။ ေနာက္ၿပီး အခင္းျဖစ္တဲ့ေန႔က ျဖစ္ရပ္ေၾကာင့္ အစ္မတုိ႔ အာ႐ုံေၾကာေတြ ထိခုိက္ၿပီး ႏႈတ္ခမ္းရြဲ႕သြားခဲ့တယ္ ဒါကုိလည္း မဆုိင္ပါဘူး ဆုိျပန္ေတာ့ အစ္မတုိ႔က အရင္ကတည္းက ႏႈတ္ခမ္းရြဲ႕ေစာင္းေနသလုိမ်ိဳး ျဖစ္မေနဘူးလား။ ျပင္ပက အထူးကု ဆရာ၀န္ႀကီးေတြနဲ႔ ျပသတဲ့ မွတ္တမ္းေတြ က်ျပန္ေတာ့လည္း တရား႐ုံးမွာ တရားမ၀င္ျပန္ဘူး ဆုိျပန္ေတာ့ အစ္မတုိ႔အေနနဲ႔ ေခတ္ကုိ အျပစ္တင္ရမလား စနစ္ကုိ အျပစ္တင္ရမလား လုပ္ေနတဲ့လူေတြကုိပဲ အျပစ္တင္ရမလား မသိေတာ့ပါဘူး”ဟု ကိုေက်ာ္စြာျမင့္၏ ဇနီး မေသာ္တာက ထပ္မံေျပာခဲ့သည္။

THS
Tomorrow
..........................
ကိုကျော်စွာမြင့်တို့ မိသားစု ကတ်ကြေးဖြင့် ထိုးခံရသည့် ဒဏ်ရာများအား သာမန်ဒဏ်ရာဟု မှုခင်းဆရာဝန်မှ မှတ်ချက်ပြုခဲ့ခြင်းအပေါ် နစ်နာသူ ကာယကံရှင်များမှ အံ့အားသင့်ခဲ့ရဟုဆို

Submitted by Zay Thu on Wed, 02/03/2016 - 16:44

“အခင်းဖြစ်တဲ့နေ့က သွေးသံရဲရဲနဲ့ အသက်မသေရုံတမယ် ပြင်းထန်တဲ့ ဒဏ်ရာတွေကို မတွေ့မမြင်ပဲ ဆေးကုပြီး ချုပ်ရိုးတွေဖြေ အနာကျက်ချိန် နှစ်ပတ်လောက်ကြာမှ မှုခင်းဆေးစာ မှတ်ချက်ပေးတယ်”


လွန်ခဲ့သော နှစ်ပတ်ခန့်က ဖြစ်ပွားခဲ့သော Tomorrowဂျာနယ်မှ ကိုကျော်စွာမြင့်တို့ တစ်မိသားစုလုံးအား ကတ်ကြေးဖြင့် ထိုးခဲ့သည့် အမှုတွင် ကိုကျော်စွာမြင့်နှင့် ဇနီးတို့မှာ ကတ်ကြေး ဒဏ်ရာများအပြင် မျက်ခွံအကြောသေခြင်းနှင့် နှုတ်ခမ်းတစ်ဖက်ရွဲ့သွားသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သော်လည်း ယင်းအမှုအား ကိုင်တွယ်သော မှုခင်းဆရာဝန်မှ သာမာန်ဒဏ်ရာဟု မှတ်ချက်ပြု ပေးခဲ့ခြင်းအား များစွာအံ့အားသင့်ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယင်းအမှုနှင့် ပက်သက်၍ နှစ်ပတ်အကြာတွင် မှုခင်းဆရာဝန်မှ စစ်ဆေး၍ မှတ်ချက်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အစ်မတို့လင်မယား အခင်းဖြစ်တဲ့နေ့က သွေးသံရဲရဲနဲ့ အသက်မသေရုံတမယ် ပြင်းထန်တဲ့ ဒဏ်ရာတွေကို မတွေ့မမြင်ပဲ ဆေးကုပြီး ချုပ်ရိုးတွေဖြေ အနာကျက် အချိန်နှစ်ပတ်လောက်ကြာမှ မှုခင်းဆေးစာ မှတ်ချက်ပေးတယ်ဆိုတော့ အဲဒီနှစ်ပတ် အတွင်းမှာ အနာတွေက ကျက်နေပြီ သက်သာနေပြီလေ။ အဲဒီလို အချိန်တိုအတွင်း သက်သာလာအောင်လည်း အစ်မတို့ အနေနဲ့ အကောင်းဆုံး ဆရာဝန်ကြီးတွေ အကောင်းဆုံး ဆေးဝါးတွေနဲ့ ကုသတာပေါ့။  သူတို့တွေရဲ့ ဆေးစာမှတ်ချက် ကောင်းကောင်းရဖို့ ဒဏ်ရာတွေကို မကုပဲ ပုပ်သိုးအောင် ထားကြရမှာလား။ မိန်းကလေး တစ်ယောက်အတွက် မျက်နှာပေါ်မှာ ချုပ်လိုက်ရတဲ့ ဒဏ်ရာ အမာရွတ်တွေ၊ မျက်ခွံပေါ်က ဒဏ်ရာ အမာရွတ်တွေ၊ ပါးပြင်ပေါ်နဲ့ နဖူးက ချုပ်ထားရတဲ့ အမာရွတ်တွေ ရှိနေတာတောင် မှုခင်းဆရာဝန်ရဲ့ ဆေးစာမှတ်ချက်က သာမန်ဒဏ်ရာဆိုတော့ နစ်နာသူ အနေနဲ့ ဘယ်လိုလုပ် ခံစားနိုင်မှာလဲ၊ ပြီးတော့ တရားခံဆိုတာကလည်း အခုချိန်ထိ ဖမ်းမမိသေးဘူးလေ။ တရားခံ မမိမချင်း အစ်မတို့က ဒဏ်ရာတွေ ဒီအတိုင်းထားပြီးတော့ မကုပဲ စောင့်နေရမယ့် ခေတ်စနစ်လား။ ဒီဖြစ်လိုဖြစ်ခဲ့တာကို သာမန်အဆင့်လောက် မှတ်ချက်ပေးတဲ့အပေါ် သဘောမတူနိုင်ပါဘူး” ဟု ကိုကျော်စွာမြင့်၏ ဇနီးဖြစ်သူ မသော်တာက ပြောကြားခဲ့သည်။

အဆိုပါ အခင်းဖြစ်စဉ်ကြောင့် ကိုကျော်စွာမြင့်၏ ဇနီးမှာ မျက်နှာနှင့် ဦးခေါင်းတစ်ဝိုက်တွင် အချက်၂၀ခန့် ချုပ်ခဲ့ရကြောင်းနှင့် ဒဏ်ရာများမှာ ချုပ်ရိုးဖြေပြီး ဖြစ်သော်လည်း ဘယ်ဖက် မျက်စိတစ်ဖက် မျက်ခွံအကြောသေ မှေးသွားပြီး၊ နှုတ်ခမ်းတဖက်ရွဲ့သွားကြောင်း ကုသပေးသည့် ဆရာဝန်ဆေးစာ မှတ်ချက်ပေးခဲ့ကြောင်းလည်း သိရသည်။

“အခုလိုဖြစ်ရပ်တွေမှာ မှုခင်းဆရာဝန်က အခင်းဖြစ်ချိန် သွေးသံရဲရဲ အခြေအနေကို မတွေ့ရှိပဲ သက်ဆိုင်ရာ ဆေးရုံက ကုသမှုပြီးစီးမှသာ မှတ်ချက်ပေးတဲ့ နည်းစနစ်ကိုက စပြီးမှားနေတယ် ထင်တာပဲ အခင်းဖြစ်ဖြစ်ချင်း ဆေးရုံရောက်လာတဲ့ ထိခိုက်နစ်နာသူရဲ့ အခြေအနေကို ဦးစွာသုံးသပ်ပြီး မှုခင်းဆိုင်ရာ ထိခိုက်မှု အခြေအနေကို မှတ်ချက်ပေးမှသာ အခြေအနေမှန် ဖြစ်ရပ်မှန်အပေါ် ထိရောက်တဲ့ ဆေးပညာဆိုင်ရာ သုံးသပ်ချက် မှတ်ချက် ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ပက်သက်ပြီး ပြောဆိုဖို့အတွက် တရားဥပဒေက နိုင်ငံသား ပြည်သူတွေကို ဘယ်လို အခွင့်အရေးတွေ ပေးထားသလဲ၊ ဆရာဝန်မို့ ပညာရှင်ရှုထောင့်က ပြောတယ်ဆိုရင် တခြားအထူးကု ဆရာဝန်ကြီး အနေနဲ့ ပညာရှင်ရှုထောင့်က ပြန်လှန်ထောက်ပြမယ် ဆိုရင်လည်း မှုခင်းဆိုင်ရာ ဆရာဝန်ရဲ့ မှတ်ချက်ကသာ ဥပဒေအရ အကျုံးဝင်တယ်ဆိုတော့ နစ်နာသူ နိုင်ငံသား ပြည်သူတစ်ယောက် အနေနဲ့ ဘာအခွင့်အရေးမှ ပြောဆိုထောက်ပြခွင့် နစ်နာမှုတောင်းဆိုခွင့် မရှိတော့ဘူးလား မေးခွန်းထုတ်စရာတွေ ဖြစ်လာရပါတယ်”ဟု ကိုကျော်စွာမြင့်က ထောက်ပြပြောကြားခဲ့သည်။

အဆိုပါ အခင်းဖြစ်ရပ်တွင် ပါ၀င်သော ကိုကျော်စွာမြင့်၏ အစ်မကြီးမှာ တိုက်ခိုက်ခံရမှုကြောင့် ရှေ့သွားကျိုးသွားသော်လည်း ကျိုးသွားသည့်သွား မပြနိုင်၍ ဆေးစာထဲ ထည့်မရေးနိုင်ဟု မှုခင်းဆရာဝန်မှ မှတ်ချက်ပေးခဲ့ကြောင်းလည်း ကာယကံရှင် မိသားစုထံမှ သိရသည်။

“ဒဏ်ရာနဲ့ သေမလောက်ဖြစ်နေတဲ့ နစ်နာသူဘက်ကနေ ကျိုးသွားတဲ့ ကိုယ့်သွားကိုယ် ပြန်ရှာပြီး တင်ပြမှသာ အမှုမြောက်ပါမယ်ဆိုတဲ့ သဘောမျိုးလား၊ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ နောက်ပြီး အခင်းဖြစ်တဲ့နေ့က ဖြစ်ရပ်ကြောင့် အစ်မတို့ အာရုံကြောတွေ ထိခိုက်ပြီး နှုတ်ခမ်းရွဲ့သွားခဲ့တယ် ဒါကိုလည်း မဆိုင်ပါဘူး ဆိုပြန်တော့ အစ်မတို့က အရင်ကတည်းက နှုတ်ခမ်းရွဲ့စောင်းနေသလိုမျိုး ဖြစ်မနေဘူးလား။ ပြင်ပက အထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသတဲ့ မှတ်တမ်းတွေ ကျပြန်တော့လည်း တရားရုံးမှာ တရားမဝင်ပြန်ဘူး ဆိုပြန်တော့ အစ်မတို့အနေနဲ့ ခေတ်ကို အပြစ်တင်ရမလား စနစ်ကို အပြစ်တင်ရမလား လုပ်နေတဲ့လူတွေကိုပဲ အပြစ်တင်ရမလား မသိတော့ပါဘူး”ဟု ကိုကျော်စွာမြင့်၏ ဇနီး မသော်တာက ထပ်မံပြောခဲ့သည်။

THS
Tomorrow

No comments:

Post a Comment