ဗမာနဲ႔ ျမန္မာ

ကြ်န္ေတာ္တို႔က ကိုယ့္လူမ်ဳိးကို ကိုယ္ေခၚေ၀ၚၾကရာမွာ 'ဗမာ'လို႔ ေခၚေ၀ၚၾကတာ အမ်ားဆံုးျဖစ္ပါတယ္။ အနည္းငယ္ကသာ ျမန္မာလို႔ ေခၚၾကတယ္။ ဗမာဆိုတာ ပါဠိလို ျဗဟၼာလို႔ေခၚတာကို 'ရရစ္'ျဖဳတ္ျပီး ေခၚတာျဖစ္တယ္။ ဗမာျပည္ကို ျဗဟၼေဒသ၊ ဗမာလူမ်ဳိးနဲ႔ ဗမာစကားကို ျဗဟၼီလို႔ ပါဠိလိုေခၚပါတယ္။ ဒီျဗဟၼာကို 'ဗ'ေနရာ 'မ'အကၡရာေျပာင္း ထည့္လိုက္ေတာ့ 'ျမန္မာ'ျဖစ္သြားတယ္။ ဒီဗမာနဲ႔ ျမန္မာအသံုးႏွစ္ခုမွာ ေရွးက ဗမာကိုအသံုးမ်ားခဲ့တယ္။ ျမန္မာကို အသံုးနည္းတယ္။ ျဗိတိသွ် လက္ေအာက္ လြတ္လပ္ေရးၾကိဳးပမ္းစဥ္ ကာလတေလွ်ာက္လံုး 'သခင္မ်ဳိးေဟ့တို႔ဗမာ၊''ဗမာျပည္သည္တို႔ျပည္၊' 'ဗမာစာသည္တို႔စာ၊' 'ဗမာစကားသည္ တို႔စကား'လို႔ ေၾကြးေၾကာ္ခဲ့ၾကတယ္။ လြတ္လပ္ေရးၾကိဳးပမ္းရာမွာ ဦးေဆာင္တဲ့ အဖဲြ႕အစည္းၾကီးရဲ႕ နာမည္က တို႔ဗမာအစည္းအရံုးျဖစ္တယ္။ ေက်ာင္းသားေတြက ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢကို ထူ ေထာင္ခဲ့ ၾကတယ္။ တို႔ျမန္မာအစည္းအရံုးမဟုတ္၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမဟုတ္။ တပ္မေတာ္ဟာ လည္း ဗမာ့တပ္မေတာ္ျဖစ္တယ္။ ျမန္မာ့တပ္မေတာ္ မဟုတ္၊ ကြန္ျမဴနစ္ေတြကလည္း ဗမာျပည္ ကြန္ျမဴနစ္ ပါတီ၊ ျမန္မာအမည္ကို လြတ္လပ္ေရးရျပီးေနာက္ စာသမား၊ ေပသမားေယာင္ေယာင္ ငနဲေတြက လူတတ္ လုပ္ျပီး ေခၚေ၀ၚခဲ့ျခင္းျဖစ္တယ္။ လြတ္လပ္ေရးၾကိုးပမ္းစဥ္ကာလက ျမန္မာအမည္ကို ဘယ္သူမွ ေဆးေဖာ္ေၾကာဖက္ မလုပ္ၾက၊ အသိအမွတ္မျပဳခဲ့ၾကဘူး။

တနည္း၊ ဗမာအမည္က ဗမာ ျပည္မွာေနထိုင္တဲ့ ရွမ္း၊ကခ်င္၊ကရင္၊ ခ်င္း၊မြန္၊ကယား၊ တိုင္းရင္းသားလူမ်ဳိး အားလံုး (၁၃၅ မို်းေတာ့ မရိွပါဘူး။ ၁၃၅ မ်ဳိးဆိုတာ လိမ္ညာတာတခု ျဖစ္တယ္) အက်ဳံး၀င္တယ္။ ျမန္မာ အမည္က ေမာင္သာႏိုးတို႔လို လူမ်ဳိးတခုတည္းကိုသာ ေခၚတာျဖစ္တယ္။ ရွမ္း၊ ကခ်င္၊ ကရင္ စသည္တို႔မပါဘူး။ အဂၤလိပ္လိုေခၚရင္ တိုင္းျပည္က Burma လူမ်ဳိးနဲ႔စကားက Burmese ျဖစ္တယ္။ Myanmar ဆိုတာ ဘာသာေဗဒမကြ်မ္းသူေတြက နားမလည္ပါးမလည္နဲ႔ အမွားမွားအယြင္းယြင္း သံုးႏႈန္းတာသာ ျဖစ္တယ္။ အမွန္က We live in Burma, We are Burmese, We speak Burmese. လို႔ သံုးရမွာျဖစ္တယ္။ ကြ်န္ေတာ္ တို႔ ျပည္သူေတြကိုယ္တိုင္ကလည္း ကိုယ့္ကိုယ္ကိုယ္ ဗမာေတြလို႔ပဲ ေခၚ ေ၀ၚသံုးႏႈန္းၾကပါတယ္။ ျမန္မာေတြလို႔ မေခၚေ၀ၚမသံုးႏႈန္းၾကပါဘူး။ ျမန္မာဆိုတဲ့အမည္က စာေပထဲမွာသာေတြ႕ရတဲ့ အသံုးအႏႈန္းျဖစ္တယ္။

ကမၻာေပၚရိွ လူမ်ဳိးအသီးသီးမွာ ကိုယ့္ကိုယ္ကိုယ္ေခၚတာက တမ်ဳိး၊ အျခားသူက ကိုယ့္ကိုေခၚတာက တမ်ဳိး၊ အဲသလိုျဖစ္ေနတာကို သည္းခံခြင့္လႊတ္ႏိုင္ၾကရတယ္။ မိမိကိုယ္မိမိ Zhong kuo လို႔ေခၚတယ္။ သူမ်ားက China လို႔ ေခၚတယ္။ ဒါကို သည္းခံရတာပဲ။ က်ဳပ္တို႔ကို China မေခၚပါနဲ႔ Zhong kuo ေခၚပါလို႔ အတြန္႔မတက္ရဘူး။ မိမိကိုယ္မိမိ Bharat လို႔ေခၚတယ္။ သူမ်ားက India လို႔ေခၚတယ္။ India မေခၚပါနဲ႔ Bharart ေခၚပါလို႔ အတြန္႔မတက္ၾကဘူး။ မိမိကိုယ္မိမိ Nippon လို႔ေခၚ တယ္။ သူမ်ားက Japan လို႔ ေခၚတယ္။ Japan မေခၚပါနဲ႔ Nippon ေခၚပါလို႔ လွ်ာမရွည္ရဘူး။ ဒါ ကမၻာ့ထံုးစံပဲ။ ကြ်န္ေတာ္တို႔ ဗမာက်မွသာ အတၱဆန္ျပီး ကြ်န္ေတာ္တို႔ကို Burma မေခၚပါနဲ႔ Myanmar ေခၚပါလို႔ တဖက္သားကို ဒုကၡေပးခ်င္တာ။ ကိုယ္ ဘာသာကိုယ္ ဘယ္လိုေခၚေခၚ ေခၚႏိုင္တယ္။ သူတပါးကလည္း ဘယ္လိုေခၚေခၚ ေခၚႏိုင္ခြင့္ရိွရမယ္။ သူတပါးကို လိုက္မေႏွာင့္ယွက္သင့္၊ မခ်ဳပ္ခ်ယ္သင့္ဘူး။
ကိုယ့္ကိုယ္ကိုယ္ ဗမာလို႔ေခၚတာကို မၾကိဳက္၊ ျမန္မာလို႔ေခၚတာကို မွ ၾကိဳက္တယ္ဆိုသူေတြက ဗမာဆိုတာ အဂၤလိပ္အေခၚ Burma ကို ဗမာသံေျပာင္းေခၚတာလို႔ စြပ္စဲြၾကျပန္တယ္။ ျမန္မာကမွ ဗမာစကား၊ ဗမာက အဂၤလိပ္စကား Burma ကို ေခၚတာလို႔ သူတို႔ကဆိုၾကတယ္။ အထက္မွာဆိုခဲ့တဲ့အတိုင္း ဗမာဆိုတာ ပါဠိျဗဟၼာက လာတာ၊ ဒီျဗဟၼာ Brahma ကိုမွ အဂၤလိပ္က Burma, ျပင္သစ္က Birma, ဂ်ပန္က ျပင္သစ္အေခၚကိုယူၿပီး R ကို ru လို႔ေျပာင္းကာ Biruma ဘိရုမာအသီး သီးေခၚၾကတာျဖစ္တယ္ဆိုတာကို သူတို႔မသိၾကဘူး။
ျမန္မာဆိုတဲ့အေခၚနဲ႔ပတ္သက္ျပီး ရင္းျမစ္ကို အမ်ဳိးမ်ဳိးၾကံဆၾက တာကို ေတြ႕ဖူးတယ္။ အနီးစပ္ဆံုးကေတာ့ တရုတ္ ျမင္က်င့္ရင္ကေန ျမန္မာဆင္းသက္လာတယ္ ဆိုတာပါပဲ။ တခ်ဳိ႕ကလည္း ျမန္ဟာ ျမင္းအဓိပၸာယ္ရ တယ္။ ျမင္းစီးတဲ့လူမ်ဳိးမို႔ ျမန္မာလူမ်ဳိးေခၚတယ္လို႔ ယူဆၾကတယ္။ ဒါလည္း ျဖစ္ႏိုင္တာပါပဲ။ ဒါေပမဲ့ ဗမာဆိုတာ ျဗဟၼာက ဆင္းသက္လာတယ္လို႔ ၾကံဆရင္ ျမန္မာဟာလည္း ျဗဟၼာမွာ 'ဗ'ေနရာ 'မ'ေျပာင္းထည့္ျပီး ဆင္းသက္လာတယ္လို႔ ယူဆႏိုင္ပါေသးတယ္။
ကြ်န္ေတာ္တို႔က ကြ်န္ေတာ္တို႔ကိုယ္ကိုယ္ ဗမာ(ျဗဟၼာ)လို႔ေခၚရမွာ ကြ်န္ေတာ္တို႔ဟာ အဘႆရ ျဗဟၼာၾကီး ေတြ ေမႊးၾကိဳင္လြန္းတဲ့ေျမဆီ ေျမနွစ္ကို မလြန္ဆန္နိုင္ဘဲ စားမိရာက လူျဖစ္ျပီး ဗမာေတြျဖစ္လာၾက တယ္ဆိုတဲ့ သမိုင္းပံုျပင္ကို ကိုးကားျပီးေျပာတာလည္းျဖစ္တယ္။ ျဗဟၼာက ျဖစ္လာတဲ့ လူမ်ဳိးမို႔ ျဗဟၼာလူမ်ဳိး၊ ၀ါ ဗမာလူမ်ိဳး ေခၚတာျဖစ္ပါတယ္။ ျဗဟၼာၾကီးေလးေယာက္က ဆင္းသက္လာတဲ့လူမ်ဳိးမို႔ ဗမာလူမ်ဳိးလို႔ ေခၚတာပါလို႔ ပါးစပ္ရာဇ၀င္က ဆိုတယ္။
မွားတာ၊ မွန္တာ အပထား ကိုယ့္လူမို်းကို အမြမ္းတင္ထားတဲ့ ပံုျပင္ေလးျဖစ္တဲ့အတြက္ ကြ်န္ေတာ္တို႔ ေလးစားၾကရမယ္။
ေနာက္တခုက ပါဠိစကား ျဗဟၼက ဗမာလိုမြန္ျမတ္လို႔ အဓိပၸာယ္ရပါတယ္။ ျဗဟၼ၀ိဟာရဆိုတာ မြန္ျမတ္တဲ့ အက်င့္က်င့္၊ ေနထိုင္ျခင္း၊ ျဗဟၼစရိယဆိုတာ မြန္ျမတ္တဲ့ အက်င့္၊ ၀ါ၊ ကာမရာဂ မမီွ၀ဲတဲ့ အက်င့္၊ အျဗဟၼစရိယ ဆိုတာ မမြန္ျမတ္တဲ့အက်င့္၊ ၀ါ၊ ကာမရာဂမီွ၀ဲတဲ့အက်င့္ (ရွစ္ပါးသီလဥပုသ္ေစာင့္တဲ့လူေတြ ေစာင့္ထိန္းရတဲ့ သိကၡာပုဒ္တခုျဖစ္ တယ္။) ဒီေတာ့ ျဗဟၼာလူမ်ဳိး၊ ဗမာလူမ်ဳိးဆိုတာ မြန္ျမတ္တဲ့လူမ်ဳိးလို႔လည္း အဓိပၸာယ္ရ ပါတယ္။
အဲဒီေတာ့ အမည္ႏွစ္ခုကို ယွဥ္ၾကည့္ရင္ ျမန္မာဆိုတာက ျမန္တဲ့ သန္မာတဲ့လူမ်ဳိး၊ ၀န္ပစၥည္းထမ္းတဲ့လူမ်ဳိး၊ ကူလီလူမ်ဳိးလို႔ အဓိပၸာယ္ရျပီး ဗမာဆိုတာက ျဗဟၼာၾကီးေတြက ဆင္းသက္လာတဲ့လူမ်ဳိး၊ မြန္ျမတ္တဲ့ လူမ်ဳိးလို႔ အဓိပၸာယ္ရတယ္။ ဒါေၾကာင့္ ဘယ္အမည္ကို ခံယူမလဲ ကိုယ့္ အသိနဲ႔ကိုယ္ ေ၀ဖန္သံုးသပ္ျပီး ဆံုးျဖတ္ယူနိုင္ တယ္။ ကူလီလူမ်ဳိးေခၚတာ ၾကိဳက္ရင္ ျမန္မာအမည္ကိုခံယူပါ။ ျမင့္ျမတ္တဲ့ လူမ်ဳိး၊ သခင္မ်ဳိးလို႔ ေခၚတာကို ၾကိဳက္ရင္ ဗမာအမည္ကိုခံယူပါ။
အဂၤလိပ္လက္ေအာက္ခံကြ်န္ဘ၀မွာ မေနလိုၾကတဲ့ ကြ်န္ေတာ္တို႔အဘိုးေတြ၊ ဘိုးေအေတြကေတာ့ ကူလီ မျဖစ္ခ်င္၊ သူ႕ကြ်န္မ ျဖစ္ခ်င္တဲ့အတြက္ တို႔ဗမာအစည္းအရံုးၾကီးကို တည္ေထာင္ကာ 'သခင္မ်ဳိးေဟ့ တို႔ဗမာ'ေၾကြးေၾကာ္ျပီး လြတ္လပ္ေရး ၾကိဳးပမ္းခဲ့ၾကတယ္။ သူတို႔ေသြးေျမအက်ခံျပီး တိုက္ပဲြ၀င္ခဲ့ၾကလို႔ လြတ္လပ္ေရးရၾက၊ သခင္ေတြျဖစ္ၾကကာမွ သူတို႔ရဲ႕ေခြ်းေတြ၊ ေသြးေတြအက်ခံ တိုက္ခိုက္ခဲ့ၾကလို႔ ကိုယ့္တိုင္းကိုယ့္ျပည္နဲ့ လြတ္လြတ္လပ္လပ္ ရင္ေကာ့ရပ္တည္ႏိုင္ခဲ့ၾကတာကို ေက်းဇူးကန္းေမ့ေလ်ာ့ကာ သူတို႔ေခၚခဲ့ၾကတဲ့ဗမာအမည္ကို ပစ္ပယ္၊ သူတို႔ပယ္ခဲ့တဲ့ ျမန္မာအမည္ကို သံုးခ်င္ၾကတာဟာျဖင့္ အသိဥာဏ္ ေခါင္းပါး၊ ဗဟုသုတနည္းပါး၊ 'အ၀ိဇၨာပိတ္ကာဆို႔' ေနပံုကို ေဖာ္ျပေနတာပဲ ျဖစ္ပါေတာ့တယ္။
ဗမာ့လြတ္လပ္ေရး ၾကိဳးပမ္းမႈ သမိုင္းဆိုတာမၾကာလွေသးတဲ့ သမိုင္း (Recent History) ျဖစ္ပါတယ္။ ဒီသမိုင္းေခတ္ထဲေနခဲ့တဲ့ လူေတြ ကေန႔ထက္ထိ သက္ရိွထင္ရွားရိွေနေသးတာ ေထာင္ေသာင္းဂဏန္း မကရိွပါတယ္။ ဒါကိုပဲ ေျဗာင္လိမ္မွတ္ တမ္းတင္ခ်င္တဲ့ လူေတြကလည္း ရိွေသးတယ္။ သူတို႔ေရးတဲ့စာထဲမွာ 'သခင္မ်ဳိးေဟ့ တို႔ျမန္မာ' 'ျမန္မာျပည္သည္ တို႔ျပည္' 'ျမန္မာစာသည္တို႔စာ'စသျဖင့္ ေရွးလူၾကီးေတြေျပာခဲ့တဲ့ ဗမာကို ျမန္မာနဲ႔အစားထိုး၊ လိမ္ညာျပီး ျပင္ေရးထားတာေတြ ရံဖန္ရံခါ ေတြ႕ရတတ္တယ္။ ေတာ္ေတာ္လည္း တတ္ႏိုင္တဲ့လူေတြပဲ။
ကြ်န္ေတာ္တို႔ဟာ အမွန္တရားကို ျမတ္ႏိုးၾကရမယ္။ သမိုင္းကိုမွန္သထက္မွန္ေအာင္ အားထုတ္ၾကရမယ္။ သမိုင္းကို မျပင္သင့္ဘူး။ ကိုယ့္ ပုဂၢိဳလ္အက်ဳိး၊ ကိုယ့္အဖဲြ႕အစည္း အက်ဳိး၊ ဘယ္အက်ဳိးကိုမွငဲ့ကြက္ၿပီး သမိုင္းကိုျပင္တာမ်ဳိး မလုပ္စေကာင္းဘူး။ အဆံုးတေန႔မွာ သမိုင္းဆိုတာ အမွန္ေပၚၿမဲ ျဖစ္တတ္ေသာ္လည္း ကိုယ့္ပေယာဂေၾကာင့္ျဖင့္ အခိုက္အတန္႔ပဲျဖစ္ေစကာ သမိုင္းတစိတ္တပိုင္းကို အလဲြလဲြအမွားမွား ေရးထိုးထား တာမ်ဳိး မျဖစ္သင့္ဘူး။ ကြ်န္ေတာ္တို႔ ဗမာလူမ်ဳိးေတြဟာ ပေဒသရာဇ္ေခတ္ကစျပီး သမိုင္းကို လိမ္ညာ ေရးထိုးတဲ့အက်င့္ အင္မတန္ရိွခဲ့တယ္။ အဲဒီဗမာ့အက်င့္ဆိုးၾကီးကို ေဖ်ာက္ဖ်က္ပစ္ဖို႔ ကြ်န္ေတာ္တို႔ ကေန႔ေခတ္ ဗမာေတြ ၾကိဳးစားၾကရမယ္။ 'တေကာင္းအဘိရာဇာ တို႔ဗမာသာကီမ်ဳိးေပမို႔'ဆိုတဲ့ ကိုယ္က တိဘက္ႏြယ္ျဖစ္ပါ လ်က္ ကုလားဘုရင္ေတြနဲ႔ အမ်ဳိးေတာ္ခ်င္တဲ့ ကြ်န္ေတာ္တို႔ ဘိုးေဘးေတြရဲ႕မေတာ္မတရား စိတ္ကူးယဥ္ ေမွ်ာ္ေခၚမႈၾကီးကို ေလထဲလႊင့္ပစ္လိုက္ရမယ္။
တရုတ္က ကြ်န္ေတာ္တို႔လူမ်ဳိးကို 'ျမင္က်င့္ရင္' လို႔ ေခၚပါတယ္။ အဲဒီ 'ျမင္က်င့္'က ျမန္မာ ျဖစ္လာသလားလည္း မေျပာတတ္ဘူး။ ကုလားက ဘရမာလို႔ေခၚတယ္။ ပါဠိျဗဟၼာကို ကုလားလို အသံထြက္တာပါပဲ။ ဒီျဗဟၼာကို အဂၤလိပ္က Burma လို႔ စာလံုးေပါင္းလိုက္တယ္။ ျပင္သစ္က Birma လို႔ စာလံုးေပါင္းလိုက္တယ္။ ရုသွ်က လည္း ျပင္သစ္အတိုင္းယူ Birma လို႔ စာလံုးေပါင္းတယ္။ ဂ်ပန္ကလည္း ဒီအတို္င္းပဲယူတယ္။ သူ႕ႏႈတ္၊ သူ႕လွ်ာနဲ႔ရြတ္ဆိုလို႔ေကာင္းေအာင္ R ကိုေတာ့ Ru ရု လုပ္ပစ္လိုက္တယ္။ ဒီေတာ့ ဘိရုမာ ျဖစ္သြားေရာ။
ဒီနိုင္ငံျခားအေခၚအေ၀ၚေတြကိုၾကည့္ရင္ ဗမာကို အနည္းငယ္စီ ေျပာင္းလဲျပီး ေခၚထားတာခ်ည္းျဖစ္ေနတာကို ေတြ႕ၾကရတယ္။ ျမန္မာကို ေျပာင္းလဲျပီး ေခၚထားတာမေတြ႕ရဘူး။ အဲဒီေတာ့ ေရွးက ဗမာနဲ႔ဆက္ဆံတဲ့ လူမ်ဳိးျခားတိုင္းလိုလိုကလည္း ဗမာပဲေခၚၾကတယ္။ ျမန္မာမေခၚၾကတာကို ေတြ႕ၾကရတယ္။ ေစာေစာကျဖင့္ အဂၤလိပ္ေတြက ဗမာကို အဲဒီေခတ္ မင္းေနျပည္ျမိဳ႕ေတာ္ အင္း၀ကိုအေၾကာင္းျပဳကာ 'အ၀' Ava လို႔ ေခၚခဲ့ၾကရဲ႕။ A mission to the kingdom of Ava (အ၀ ဘုရင့္နိုင္ငံသို႔ သံတမန္အဖဲြ႕သြားေရာက္ျခင္း) စသျဖင့္။
ဒါေပမဲ့ ဗမာဘုရင့္အစိုးရက ေရးသားတဲ့ မွတ္တမ္းမွတ္ရာ၊ သ၀ဏ္လႊာ၊ ေမာ္ကြန္းစသည္မွာေတာ့ ျမန္မာ ကိုပဲသံုးတာကို ေတြ႕ၾကရတာကို မွတ္သားရပါတယ္။ ျပည္သူေတြေျပာတဲ့ဆိုတဲ့ စကားေတြမွာသာ ဗမာ အမည္ကို သံုးတာပါ။ အဲဒီေခတ္ ကဗ်ာ၊ လကၤာမ်ားမွာလည္း ဗမာပဲ သံုးၾကတယ္။ တိုင္းျပည္ၾကီး အဂၤလိပ္လက္ေအာက္ေရာက္ေတာ့ အခ်ဳပ္ တန္းဆရာေဖက 'ဗမာေတြ စည္းကမ္းေဖာက္လို႔ ထီးနန္းေပ်ာက္ျဖစ္ျပီ' အစရိွတဲ့ ေတးထပ္ကိုေရးဖဲြ႕ခဲ့တယ္။ အတြင္းမွာလည္း 'ဗမာခ်င္းက်ေတာ့ ေခြးလို ေဟာင္သည္' စသျဖင့္ ညႊန္းေရးထားတယ္။
အိႏၵိယက ပညာရွင္တို႔က ပါဠိလိုေရးသားရာမွာ ဗမာျပည္ကို ျဗဟၼေဒသ၊ ဗမာစာကို ျဗဟၼီလို႔ ရည္ညႊန္းၾကတယ္။ ဗမာျပည္က ပညာရွင္ေတြကေတာ့ ဗမာျပည္ကို မရမၼရ႒၊ ဗမာစကားကို မရမၼဘာသာလို႔ သံုးႏႈန္းေလ့ရိွၾကတာကို ေတြ႕ၾကရတယ္။ ဗမာပညာရိွေတြက ဗမာဆိုတဲ့ အမည္ကို ျဗဟၼေ၀ါဟာရနဲ႔ဆက္စပ္ျပီး မျမင္ၾကတာကို တအံ့တၾသေတြ႕ ၾကရတယ္။ မရမၼဆိုတဲ့ ပါဠိေ၀ါဟာရကို ဗမာပညာရွင္ကလဲြလို႔ ဘယ္ႏိုင္ငံျခား သား ပါဠိပညာရွင္ကမွ သံုးႏႈန္းၾကတာကို မေတြ႕ရတာကလည္း ထူးဆန္းအံ့ၾသစရာ အခ်က္တခ်က္ပါပဲ။
ေမာင္သာႏိုး
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
...........

ဗမာနဲ့ မြန်မာ
------ ------
ကျွန်တော်တို့က ကိုယ့်လူမျိုးကို ကိုယ်ခေါ်ဝေါ်ကြရာမှာ 'ဗမာ'လို့ ခေါ်ဝေါ်ကြတာ အများဆုံးဖြစ်ပါတယ်။ အနည်းငယ်ကသာ မြန်မာလို့ ခေါ်ကြတယ်။ ဗမာဆိုတာ ပါဠိလို ဗြဟ္မာလို့ခေါ်တာကို 'ရရစ်'ဖြုတ်ပြီး ခေါ်တာဖြစ်တယ်။ ဗမာပြည်ကို ဗြဟ္မဒေသ၊ ဗမာလူမျိုးနဲ့ ဗမာစကားကို ဗြဟ္မီလို့ ပါဠိလိုခေါ်ပါတယ်။ ဒီဗြဟ္မာကို 'ဗ'နေရာ 'မ'အက္ခရာပြောင်း ထည့်လိုက်တော့ 'မြန်မာ'ဖြစ်သွားတယ်။ ဒီဗမာနဲ့ မြန်မာအသုံးနှစ်ခုမှာ ရှေးက ဗမာကိုအသုံးများခဲ့တယ်။ မြန်မာကို အသုံးနည်းတယ်။ ဗြိတိသျှ လက်အောက် လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလတလျှောက်လုံး 'သခင်မျိုးဟေ့တို့ဗမာ၊''ဗမာပြည်သည်တို့ပြည်၊' 'ဗမာစာသည်တို့စာ၊' 'ဗမာစကားသည် တို့စကား'လို့ ကြွေးကြော်ခဲ့ကြတယ်။ လွတ်လပ်ရေးကြိုးပမ်းရာမှာ ဦးဆောင်တဲ့ အဖွဲ့အစည်းကြီးရဲ့ နာမည်က တို့ဗမာအစည်းအရုံးဖြစ်တယ်။ ကျောင်းသားတွေက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ထူ ထောင်ခဲ့ ကြတယ်။ တို့မြန်မာအစည်းအရုံးမဟုတ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမဟုတ်။ တပ်မတော်ဟာ လည်း ဗမာ့တပ်မတော်ဖြစ်တယ်။ မြန်မာ့တပ်မတော် မဟုတ်၊ ကွန်မြူနစ်တွေကလည်း ဗမာပြည် ကွန်မြူနစ် ပါတီ၊ မြန်မာအမည်ကို လွတ်လပ်ရေးရပြီးနောက် စာသမား၊ ပေသမားယောင်ယောင် ငနဲတွေက လူတတ် လုပ်ပြီး ခေါ်ဝေါ်ခဲ့ခြင်းဖြစ်တယ်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မြန်မာအမည်ကို ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ်ကြ၊ အသိအမှတ်မပြုခဲ့ကြဘူး။
တနည်း၊ ဗမာအမည်က ဗမာ ပြည်မှာနေထိုင်တဲ့ ရှမ်း၊ကချင်၊ကရင်၊ ချင်း၊မွန်၊ကယား၊ တိုင်းရင်းသားလူမျိုး အားလုံး (၁၃၅ မိုျးတော့ မရှိပါဘူး။ ၁၃၅ မျိုးဆိုတာ လိမ်ညာတာတခု ဖြစ်တယ်) အကျုံးဝင်တယ်။ မြန်မာ အမည်က မောင်သာနိုးတို့လို လူမျိုးတခုတည်းကိုသာ ခေါ်တာဖြစ်တယ်။ ရှမ်း၊ ကချင်၊ ကရင် စသည်တို့မပါဘူး။ အင်္ဂလိပ်လိုခေါ်ရင် တိုင်းပြည်က Burma လူမျိုးနဲ့စကားက Burmese ဖြစ်တယ်။ Myanmar ဆိုတာ ဘာသာဗေဒမကျွမ်းသူတွေက နားမလည်ပါးမလည်နဲ့ အမှားမှားအယွင်းယွင်း သုံးနှုန်းတာသာ ဖြစ်တယ်။ အမှန်က We live in Burma, We are Burmese, We speak Burmese. လို့ သုံးရမှာဖြစ်တယ်။ ကျွန်တော် တို့ ပြည်သူတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ဗမာတွေလို့ပဲ ခေါ် ဝေါ်သုံးနှုန်းကြပါတယ်။ မြန်မာတွေလို့ မခေါ်ဝေါ်မသုံးနှုန်းကြပါဘူး။ မြန်မာဆိုတဲ့အမည်က စာပေထဲမှာသာတွေ့ရတဲ့ အသုံးအနှုန်းဖြစ်တယ်။
ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးမှာ ကိုယ့်ကိုယ်ကိုယ်ခေါ်တာက တမျိုး၊ အခြားသူက ကိုယ့်ကိုခေါ်တာက တမျိုး၊ အဲသလိုဖြစ်နေတာကို သည်းခံခွင့်လွှတ်နိုင်ကြရတယ်။ မိမိကိုယ်မိမိ Zhong kuo လို့ခေါ်တယ်။ သူများက China လို့ ခေါ်တယ်။ ဒါကို သည်းခံရတာပဲ။ ကျုပ်တို့ကို China မခေါ်ပါနဲ့ Zhong kuo ခေါ်ပါလို့ အတွန့်မတက်ရဘူး။ မိမိကိုယ်မိမိ Bharat လို့ခေါ်တယ်။ သူများက India လို့ခေါ်တယ်။ India မခေါ်ပါနဲ့ Bharart ခေါ်ပါလို့ အတွန့်မတက်ကြဘူး။ မိမိကိုယ်မိမိ Nippon လို့ခေါ် တယ်။ သူများက Japan လို့ ခေါ်တယ်။ Japan မခေါ်ပါနဲ့ Nippon ခေါ်ပါလို့ လျှာမရှည်ရဘူး။ ဒါ ကမ္ဘာ့ထုံးစံပဲ။ ကျွန်တော်တို့ ဗမာကျမှသာ အတ္တဆန်ပြီး ကျွန်တော်တို့ကို Burma မခေါ်ပါနဲ့ Myanmar ခေါ်ပါလို့ တဖက်သားကို ဒုက္ခပေးချင်တာ။ ကိုယ် ဘာသာကိုယ် ဘယ်လိုခေါ်ခေါ် ခေါ်နိုင်တယ်။ သူတပါးကလည်း ဘယ်လိုခေါ်ခေါ် ခေါ်နိုင်ခွင့်ရှိရမယ်။ သူတပါးကို လိုက်မနှောင့်ယှက်သင့်၊ မချုပ်ချယ်သင့်ဘူး။
ကိုယ့်ကိုယ်ကိုယ် ဗမာလို့ခေါ်တာကို မကြိုက်၊ မြန်မာလို့ခေါ်တာကို မှ ကြိုက်တယ်ဆိုသူတွေက ဗမာဆိုတာ အင်္ဂလိပ်အခေါ် Burma ကို ဗမာသံပြောင်းခေါ်တာလို့ စွပ်စွဲကြပြန်တယ်။ မြန်မာကမှ ဗမာစကား၊ ဗမာက အင်္ဂလိပ်စကား Burma ကို ခေါ်တာလို့ သူတို့ကဆိုကြတယ်။ အထက်မှာဆိုခဲ့တဲ့အတိုင်း ဗမာဆိုတာ ပါဠိဗြဟ္မာက လာတာ၊ ဒီဗြဟ္မာ Brahma ကိုမှ အင်္ဂလိပ်က Burma, ပြင်သစ်က Birma, ဂျပန်က ပြင်သစ်အခေါ်ကိုယူပြီး R ကို ru လို့ပြောင်းကာ Biruma ဘိရုမာအသီး သီးခေါ်ကြတာဖြစ်တယ်ဆိုတာကို သူတို့မသိကြဘူး။
မြန်မာဆိုတဲ့အခေါ်နဲ့ပတ်သက်ပြီး ရင်းမြစ်ကို အမျိုးမျိုးကြံဆကြ တာကို တွေ့ဖူးတယ်။ အနီးစပ်ဆုံးကတော့ တရုတ် မြင်ကျင့်ရင်ကနေ မြန်မာဆင်းသက်လာတယ် ဆိုတာပါပဲ။ တချို့ကလည်း မြန်ဟာ မြင်းအဓိပ္ပာယ်ရ တယ်။ မြင်းစီးတဲ့လူမျိုးမို့ မြန်မာလူမျိုးခေါ်တယ်လို့ ယူဆကြတယ်။ ဒါလည်း ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ ဗမာဆိုတာ ဗြဟ္မာက ဆင်းသက်လာတယ်လို့ ကြံဆရင် မြန်မာဟာလည်း ဗြဟ္မာမှာ 'ဗ'နေရာ 'မ'ပြောင်းထည့်ပြီး ဆင်းသက်လာတယ်လို့ ယူဆနိုင်ပါသေးတယ်။
ကျွန်တော်တို့က ကျွန်တော်တို့ကိုယ်ကိုယ် ဗမာ(ဗြဟ္မာ)လို့ခေါ်ရမှာ ကျွန်တော်တို့ဟာ အဘဿရ ဗြဟ္မာကြီး တွေ မွှေးကြိုင်လွန်းတဲ့မြေဆီ မြေနှစ်ကို မလွန်ဆန်နိုင်ဘဲ စားမိရာက လူဖြစ်ပြီး ဗမာတွေဖြစ်လာကြ တယ်ဆိုတဲ့ သမိုင်းပုံပြင်ကို ကိုးကားပြီးပြောတာလည်းဖြစ်တယ်။ ဗြဟ္မာက ဖြစ်လာတဲ့ လူမျိုးမို့ ဗြဟ္မာလူမျိုး၊ ၀ါ ဗမာလူမျိုး ခေါ်တာဖြစ်ပါတယ်။ ဗြဟ္မာကြီးလေးယောက်က ဆင်းသက်လာတဲ့လူမျိုးမို့ ဗမာလူမျိုးလို့ ခေါ်တာပါလို့ ပါးစပ်ရာဇဝင်က ဆိုတယ်။
မှားတာ၊ မှန်တာ အပထား ကိုယ့်လူမိုျးကို အမွမ်းတင်ထားတဲ့ ပုံပြင်လေးဖြစ်တဲ့အတွက် ကျွန်တော်တို့ လေးစားကြရမယ်။
နောက်တခုက ပါဠိစကား ဗြဟ္မက ဗမာလိုမွန်မြတ်လို့ အဓိပ္ပာယ်ရပါတယ်။ ဗြဟ္မဝိဟာရဆိုတာ မွန်မြတ်တဲ့ အကျင့်ကျင့်၊ နေထိုင်ခြင်း၊ ဗြဟ္မစရိယဆိုတာ မွန်မြတ်တဲ့ အကျင့်၊ ၀ါ၊ ကာမရာဂ မမှီဝဲတဲ့ အကျင့်၊ အဗြဟ္မစရိယ ဆိုတာ မမွန်မြတ်တဲ့အကျင့်၊ ၀ါ၊ ကာမရာဂမှီဝဲတဲ့အကျင့် (ရှစ်ပါးသီလဥပုသ်စောင့်တဲ့လူတွေ စောင့်ထိန်းရတဲ့ သိက္ခာပုဒ်တခုဖြစ် တယ်။) ဒီတော့ ဗြဟ္မာလူမျိုး၊ ဗမာလူမျိုးဆိုတာ မွန်မြတ်တဲ့လူမျိုးလို့လည်း အဓိပ္ပာယ်ရ ပါတယ်။
အဲဒီတော့ အမည်နှစ်ခုကို ယှဉ်ကြည့်ရင် မြန်မာဆိုတာက မြန်တဲ့ သန်မာတဲ့လူမျိုး၊ ၀န်ပစ္စည်းထမ်းတဲ့လူမျိုး၊ ကူလီလူမျိုးလို့ အဓိပ္ပာယ်ရပြီး ဗမာဆိုတာက ဗြဟ္မာကြီးတွေက ဆင်းသက်လာတဲ့လူမျိုး၊ မွန်မြတ်တဲ့ လူမျိုးလို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ဘယ်အမည်ကို ခံယူမလဲ ကိုယ့် အသိနဲ့ကိုယ် ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်ယူနိုင် တယ်။ ကူလီလူမျိုးခေါ်တာ ကြိုက်ရင် မြန်မာအမည်ကိုခံယူပါ။ မြင့်မြတ်တဲ့ လူမျိုး၊ သခင်မျိုးလို့ ခေါ်တာကို ကြိုက်ရင် ဗမာအမည်ကိုခံယူပါ။
အင်္ဂလိပ်လက်အောက်ခံကျွန်ဘဝမှာ မနေလိုကြတဲ့ ကျွန်တော်တို့အဘိုးတွေ၊ ဘိုးအေတွေကတော့ ကူလီ မဖြစ်ချင်၊ သူ့ကျွန်မ ဖြစ်ချင်တဲ့အတွက် တို့ဗမာအစည်းအရုံးကြီးကို တည်ထောင်ကာ 'သခင်မျိုးဟေ့ တို့ဗမာ'ကြွေးကြော်ပြီး လွတ်လပ်ရေး ကြိုးပမ်းခဲ့ကြတယ်။ သူတို့သွေးမြေအကျခံပြီး တိုက်ပွဲဝင်ခဲ့ကြလို့ လွတ်လပ်ရေးရကြ၊ သခင်တွေဖြစ်ကြကာမှ သူတို့ရဲ့ချွေးတွေ၊ သွေးတွေအကျခံ တိုက်ခိုက်ခဲ့ကြလို့ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ လွတ်လွတ်လပ်လပ် ရင်ကော့ရပ်တည်နိုင်ခဲ့ကြတာကို ကျေးဇူးကန်းမေ့လျော့ကာ သူတို့ခေါ်ခဲ့ကြတဲ့ဗမာအမည်ကို ပစ်ပယ်၊ သူတို့ပယ်ခဲ့တဲ့ မြန်မာအမည်ကို သုံးချင်ကြတာဟာဖြင့် အသိဉာဏ် ခေါင်းပါး၊ ဗဟုသုတနည်းပါး၊ 'အဝိဇ္ဇာပိတ်ကာဆို့' နေပုံကို ဖော်ပြနေတာပဲ ဖြစ်ပါတော့တယ်။
ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဆိုတာမကြာလှသေးတဲ့ သမိုင်း (Recent History) ဖြစ်ပါတယ်။ ဒီသမိုင်းခေတ်ထဲနေခဲ့တဲ့ လူတွေ ကနေ့ထက်ထိ သက်ရှိထင်ရှားရှိနေသေးတာ ထောင်သောင်းဂဏန်း မကရှိပါတယ်။ ဒါကိုပဲ ဗြောင်လိမ်မှတ် တမ်းတင်ချင်တဲ့ လူတွေကလည်း ရှိသေးတယ်။ သူတို့ရေးတဲ့စာထဲမှာ 'သခင်မျိုးဟေ့ တို့မြန်မာ' 'မြန်မာပြည်သည် တို့ပြည်' 'မြန်မာစာသည်တို့စာ'စသဖြင့် ရှေးလူကြီးတွေပြောခဲ့တဲ့ ဗမာကို မြန်မာနဲ့အစားထိုး၊ လိမ်ညာပြီး ပြင်ရေးထားတာတွေ ရံဖန်ရံခါ တွေ့ရတတ်တယ်။ တော်တော်လည်း တတ်နိုင်တဲ့လူတွေပဲ။
ကျွန်တော်တို့ဟာ အမှန်တရားကို မြတ်နိုးကြရမယ်။ သမိုင်းကိုမှန်သထက်မှန်အောင် အားထုတ်ကြရမယ်။ သမိုင်းကို မပြင်သင့်ဘူး။ ကိုယ့် ပုဂ္ဂိုလ်အကျိုး၊ ကိုယ့်အဖွဲ့အစည်း အကျိုး၊ ဘယ်အကျိုးကိုမှငဲ့ကွက်ပြီး သမိုင်းကိုပြင်တာမျိုး မလုပ်စကောင်းဘူး။ အဆုံးတနေ့မှာ သမိုင်းဆိုတာ အမှန်ပေါ်မြဲ ဖြစ်တတ်သော်လည်း ကိုယ့်ပယောဂကြောင့်ဖြင့် အခိုက်အတန့်ပဲဖြစ်စေကာ သမိုင်းတစိတ်တပိုင်းကို အလွဲလွဲအမှားမှား ရေးထိုးထား တာမျိုး မဖြစ်သင့်ဘူး။ ကျွန်တော်တို့ ဗမာလူမျိုးတွေဟာ ပဒေသရာဇ်ခေတ်ကစပြီး သမိုင်းကို လိမ်ညာ ရေးထိုးတဲ့အကျင့် အင်မတန်ရှိခဲ့တယ်။ အဲဒီဗမာ့အကျင့်ဆိုးကြီးကို ဖျောက်ဖျက်ပစ်ဖို့ ကျွန်တော်တို့ ကနေ့ခေတ် ဗမာတွေ ကြိုးစားကြရမယ်။ 'တကောင်းအဘိရာဇာ တို့ဗမာသာကီမျိုးပေမို့'ဆိုတဲ့ ကိုယ်က တိဘက်နွယ်ဖြစ်ပါ လျက် ကုလားဘုရင်တွေနဲ့ အမျိုးတော်ချင်တဲ့ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့မတော်မတရား စိတ်ကူးယဉ် မျှော်ခေါ်မှုကြီးကို လေထဲလွှင့်ပစ်လိုက်ရမယ်။
တရုတ်က ကျွန်တော်တို့လူမျိုးကို 'မြင်ကျင့်ရင်' လို့ ခေါ်ပါတယ်။ အဲဒီ 'မြင်ကျင့်'က မြန်မာ ဖြစ်လာသလားလည်း မပြောတတ်ဘူး။ ကုလားက ဘရမာလို့ခေါ်တယ်။ ပါဠိဗြဟ္မာကို ကုလားလို အသံထွက်တာပါပဲ။ ဒီဗြဟ္မာကို အင်္ဂလိပ်က Burma လို့ စာလုံးပေါင်းလိုက်တယ်။ ပြင်သစ်က Birma လို့ စာလုံးပေါင်းလိုက်တယ်။ ရုသျှက လည်း ပြင်သစ်အတိုင်းယူ Birma လို့ စာလုံးပေါင်းတယ်။ ဂျပန်ကလည်း ဒီအတို်င်းပဲယူတယ်။ သူ့နှုတ်၊ သူ့လျှာနဲ့ရွတ်ဆိုလို့ကောင်းအောင် R ကိုတော့ Ru ရု လုပ်ပစ်လိုက်တယ်။ ဒီတော့ ဘိရုမာ ဖြစ်သွားရော။
ဒီနိုင်ငံခြားအခေါ်အဝေါ်တွေကိုကြည့်ရင် ဗမာကို အနည်းငယ်စီ ပြောင်းလဲပြီး ခေါ်ထားတာချည်းဖြစ်နေတာကို တွေ့ကြရတယ်။ မြန်မာကို ပြောင်းလဲပြီး ခေါ်ထားတာမတွေ့ရဘူး။ အဲဒီတော့ ရှေးက ဗမာနဲ့ဆက်ဆံတဲ့ လူမျိုးခြားတိုင်းလိုလိုကလည်း ဗမာပဲခေါ်ကြတယ်။ မြန်မာမခေါ်ကြတာကို တွေ့ကြရတယ်။ စောစောကဖြင့် အင်္ဂလိပ်တွေက ဗမာကို အဲဒီခေတ် မင်းနေပြည်မြို့တော် အင်းဝကိုအကြောင်းပြုကာ 'အဝ' Ava လို့ ခေါ်ခဲ့ကြရဲ့။ A mission to the kingdom of Ava (အဝ ဘုရင့်နိုင်ငံသို့ သံတမန်အဖွဲ့သွားရောက်ခြင်း) စသဖြင့်။
ဒါပေမဲ့ ဗမာဘုရင့်အစိုးရက ရေးသားတဲ့ မှတ်တမ်းမှတ်ရာ၊ သဝဏ်လွှာ၊ မော်ကွန်းစသည်မှာတော့ မြန်မာ ကိုပဲသုံးတာကို တွေ့ကြရတာကို မှတ်သားရပါတယ်။ ပြည်သူတွေပြောတဲ့ဆိုတဲ့ စကားတွေမှာသာ ဗမာ အမည်ကို သုံးတာပါ။ အဲဒီခေတ် ကဗျာ၊ လင်္ကာများမှာလည်း ဗမာပဲ သုံးကြတယ်။ တိုင်းပြည်ကြီး အင်္ဂလိပ်လက်အောက်ရောက်တော့ အချုပ် တန်းဆရာဖေက 'ဗမာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ' အစရှိတဲ့ တေးထပ်ကိုရေးဖွဲ့ခဲ့တယ်။ အတွင်းမှာလည်း 'ဗမာချင်းကျတော့ ခွေးလို ဟောင်သည်' စသဖြင့် ညွှန်းရေးထားတယ်။
အိန္ဒိယက ပညာရှင်တို့က ပါဠိလိုရေးသားရာမှာ ဗမာပြည်ကို ဗြဟ္မဒေသ၊ ဗမာစာကို ဗြဟ္မီလို့ ရည်ညွှန်းကြတယ်။ ဗမာပြည်က ပညာရှင်တွေကတော့ ဗမာပြည်ကို မရမ္မရဋ္ဌ၊ ဗမာစကားကို မရမ္မဘာသာလို့ သုံးနှုန်းလေ့ရှိကြတာကို တွေ့ကြရတယ်။ ဗမာပညာရှိတွေက ဗမာဆိုတဲ့ အမည်ကို ဗြဟ္မဝေါဟာရနဲ့ဆက်စပ်ပြီး မမြင်ကြတာကို တအံ့တသြတွေ့ ကြရတယ်။ မရမ္မဆိုတဲ့ ပါဠိဝေါဟာရကို ဗမာပညာရှင်ကလွဲလို့ ဘယ်နိုင်ငံခြား သား ပါဠိပညာရှင်ကမှ သုံးနှုန်းကြတာကို မတွေ့ရတာကလည်း ထူးဆန်းအံ့သြစရာ အချက်တချက်ပါပဲ။
မောင်သာနိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)