Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

ေက်ာင္းသားေတြ လႊတ္ေပးေရး ဦးသိန္းညြန္႔တင္ျပခ်က္ ျပည္ ထဲေရး ျငင္းဆုိ

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးသိန္းညြန္႔ကို ေတြ႔ရစဥ္။ Photo: RFA
အမ်ိဳးသားပညာေရးဥပေဒကို သပိတ္ေမွာက္ခဲ့ၾကတဲ့ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ ဝန္းရံသူေတြကို စြဲဆိုထားနဲ႔ အမႈေတြကို ရုပ္သိမ္းၿပီး လြတ္ၿငိမ္းခ်မ္းသာ ခြင့္ေပးဖို႔ ျပည္သူ႔လႊတ္ေတာ္ ၿပီးခဲ့တဲ့ ၁၂ ႀကိမ္ေျမာက္ ျပည္သူ႔ လႊတ္ေတာ္အစည္းအေဝးအတြင္း ကိုယ္စားလွယ္ ဦးသိန္းညြန္႔က အဆိုတင္သြင္းခဲ့တာကို ျပည္ထဲေရးဝန္ႀကီးဌာန က ၿပီးခဲ့တဲ့ရက္ပိုင္းက စာနဲ႔အေၾကာင္းျပန္ၾကားရာမွာ အဲဒီအမႈေတြကို ရုပ္သိမ္းလို႔ မရေၾကာင္း ျငင္းဆိုထားတယ္ လို႔ သိရပါတယ္။

အဲဒီအမႈေတြကို ရုပ္သိမ္းၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္မယ္ဆုိရင္ ႏုိင္ငံေတာ္ တည္ၿငိမ္ေရးနဲ႔ တရားဥပေဒ စိုးမိုးေရးက႑ကို ထိခိုက္အားနည္းေစတယ္လို႔ အေၾကာင္းျပန္စာမွာ ေဖာ္ျပထားေၾကာင္း ဦးသိန္းညြန္႔ က ေျပာပါတယ္။

"တရားရံုးမွာ စစ္ေဆးေဆာင္ရြက္ဆဲျဖစ္တဲ့ ဒီမိုကေရစီပညာေရးသပိတ္စစ္ေၾကာင္းမွာ ေက်ာင္း သူ၊ ေက်ာင္းသားနဲ႔ အရပ္သူ၊ အရပ္သားမ်ားလႊတ္ေပးေရး၊ လြတ္ၿငိမ္းခ်မ္း သာခြင့္ေပးၿပီဆိုပါက ႏုိင္ငံေတာ္ တည္ၿငိမ္ေရးနဲ႔ တရားဥပေဒစိုးမိုးေရးက႑ကို ထိခိုက္အားနည္းေစႏိုင္သည့္အတြက္ ေလ်ာ့ပါးထိ ခိုက္ေစႏိုင္သျဖင့္ ေလးနက္စြာ စဥ္းစားေဆာင္ရြက္ရမယ္ျဖစ္တယ္ ဆိုၿပီးေတာ့အေၾကာင္းျပန္လာတယ္၊ အဲ့ဒါကိုေတာ့ က်ေနာ္လက္မခံဘူး"

ဦးသိန္းညြန္႔ တင္သြင္းခဲ့တဲ့အဆုိမွာ အမႈရင္ဆုိင္ေနရၿပီး အက်ဥ္းက်ေနတဲ့ ေက်ာင္းသား ေက်ာင္းသူနဲ႔ ၀န္းရံ သူေတြဟာ က်န္းမာေရးထိခိုက္ေန တာေၾကာင့္ ႏုိင္ငံေတာ္သမၼတရဲ႕လုပ္ပိုင္ခြင့္နဲ႔ အမႈေတြကို ရုပ္သိမ္းၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔ တုိက္တြန္းထားတာျဖစ္ပါတယ္။

အဲဒီအဆုိကို ၿပီးခဲ့တဲ့ႏွစ္ ေမလကတည္းက လႊတ္ေတာ္ရံုးထံ တင္သြင္းခဲ့တာျဖစ္ေပမယ့္ လႊတ္ေတာ္ထဲမွာ ေဆြးေႏြး ခြင့္မရခဲ့ဘဲ ျပည္ထဲေရး၀န္ႀကီးဌာနက ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔စြဲနဲ႔ ျပည္သူ႔ လႊတ္ေတာ္ရံုးကတစ္ဆင့္ အေၾကာင္းျပန္လာ တာျဖစ္တယ္လို႔ သိရပါတယ္။

အမ်ဳိးသားပညာေရးဥပေဒကို ကန္႔ကြက္တဲ့ သပိတ္စစ္ေၾကာင္းမွာ ပါ၀င္ခဲ့သူေတြဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လ ၁၀ ရက္ေန႔က ပဲခူးတိုင္းေဒသႀကီး လက္ပံတန္းၿမိဳ႕မွာ ဖမ္းဆီးခံခဲ့ရၿပီး သာယာဝတီအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံ ထားရတာ တစ္ႏွစ္နီးပါး ၾကာျမင့္ေနၿပီျဖစ္ပါတယ္။

လက္ရွိ သာယာ၀တီအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရသူ ၄၅ ေယာက္ရွိၿပီး တစ္ဦးက အင္းစိန္အက်ဥ္းေထာင္ မွာ ျဖစ္ပါတယ္။

အမႈရင္ဆုိင္ေနရသူဟာ ၈၀ နီးပါးရွိၿပီး ဒီေန႔အထိ အာမခံနဲ႔ လြတ္ေျမာက္ေနသူ ၂၀ ေက်ာ္ရွိတယ္လို႔လည္း သိရပါတယ္။ ဒီေန႔ သာယာ၀တီၿမိဳ႕နယ္တရားရံုး မွာ ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ၀န္းရံသူေတြကို ရံုးထုတ္စစ္ေဆးရာမွာ ၀န္းရံသူတစ္ဦး နဲ႔ အာမခံနဲ႔ လႊတ္ေပးလိုက္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကို တွေ့ရစဉ်။ Photo: RFA
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို စွဲဆိုထားနဲ့ အမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ ပြည်သူ့လွှတ်တော် ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့တာကို ပြည်ထဲရေးဝန်ကြီးဌာန က ပြီးခဲ့တဲ့ရက်ပိုင်းက စာနဲ့အကြောင်းပြန်ကြားရာမှာ အဲဒီအမှုတွေကို ရုပ်သိမ်းလို့ မရကြောင်း ငြင်းဆိုထားတယ် လို့ သိရပါတယ်။

အဲဒီအမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်မယ်ဆိုရင် နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကဏ္ဍကို ထိခိုက်အားနည်းစေတယ်လို့ အကြောင်းပြန်စာမှာ ဖော်ပြထားကြောင်း ဦးသိန်းညွန့် က ပြောပါတယ်။

"တရားရုံးမှာ စစ်ဆေးဆောင်ရွက်ဆဲဖြစ်တဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှာ ကျောင်း သူ၊ ကျောင်းသားနဲ့ အရပ်သူ၊ အရပ်သားများလွှတ်ပေးရေး၊ လွတ်ငြိမ်းချမ်း သာခွင့်ပေးပြီဆိုပါက နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍကို ထိခိုက်အားနည်းစေနိုင်သည့်အတွက် လျော့ပါးထိ ခိုက်စေနိုင်သဖြင့် လေးနက်စွာ စဉ်းစားဆောင်ရွက်ရမယ်ဖြစ်တယ် ဆိုပြီးတော့အကြောင်းပြန်လာတယ်၊ အဲ့ဒါကိုတော့ ကျနော်လက်မခံဘူး"

ဦးသိန်းညွန့် တင်သွင်းခဲ့တဲ့အဆိုမှာ အမှုရင်ဆိုင်နေရပြီး အကျဉ်းကျနေတဲ့ ကျောင်းသား ကျောင်းသူနဲ့ ၀န်းရံ သူတွေဟာ ကျန်းမာရေးထိခိုက်နေ တာကြောင့် နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ အမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

အဲဒီအဆိုကို ပြီးခဲ့တဲ့နှစ် မေလကတည်းက လွှတ်တော်ရုံးထံ တင်သွင်းခဲ့တာဖြစ်ပေမယ့် လွှတ်တော်ထဲမှာ ဆွေးနွေး ခွင့်မရခဲ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲနဲ့ ပြည်သူ့ လွှတ်တော်ရုံးကတစ်ဆင့် အကြောင်းပြန်လာ တာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ သပိတ်စစ်ကြောင်းမှာ ပါ၀င်ခဲ့သူတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းခံ ထားရတာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ ၄၅ ယောက်ရှိပြီး တစ်ဦးက အင်းစိန်အကျဉ်းထောင် မှာ ဖြစ်ပါတယ်။

အမှုရင်ဆိုင်နေရသူဟာ ၈၀ နီးပါးရှိပြီး ဒီနေ့အထိ အာမခံနဲ့ လွတ်မြောက်နေသူ ၂၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ ဒီနေ့ သာယာဝတီမြို့နယ်တရားရုံး မှာ ကျောင်းသား ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို ရုံးထုတ်စစ်ဆေးရာမှာ ၀န်းရံသူတစ်ဦး နဲ့ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment