Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

စာေရးဆရာႀကီး ေမာင္သာရ ကြယ္လြန္ရွာၿပီ

ႏိုင္ငံေက်ာ္ စာေရးဆရာႀကီး ေမာင္သာရ (၈၅ႏွစ္)ဟာ အေမရိကန္ျပည္ေထာင္စု Las Vegas ၿမိဳ႕ေနအိမ္မွာ ေဖေဖာ္ဝါရီ ၂၉ရက္ေန႔က ကြယ္လြန္သြားခဲ့ပါတယ္။
အမည္ရင္း ဦးသိန္းလြင္(ခ) စာေရးဆရာႀကီး ေမာင္သာရဟာ မႏၱေလးဇာတိျဖစ္ၿပီး ၁၉၅၁ခုႏွစ္ေနာက္ပိုင္း ဗကသမ်ားအဖြဲ႔ခ်ဳပ္ဝင္ ေက်ာင္းသားတစ္ဦးျဖစ္လာခဲ့ပါတယ္။ ဆရာႀကီးဟာ ၁၉၅၃ကေန ၁၉၅၅အထိ ဖဆပလအစိုးရရဲ႕ဖမ္းဆီးအက်ဥ္းခ်မႈကို ခံခဲ့ရၿပီး ရာသက္ပန္ေက်ာင္းထုတ္ခံခဲ့ရပါတယ္။
ဆရာႀကီး ေမာင္သာရဟာ ႐ႈမဝမဂၢဇင္းမွာ ညွာေရႊတခက္ ေၾကြရက္ေစာ ဝတၳဳရွည္နဲ႔ ၁၉၅၅မွာ စာေပနယ္ထဲ ဝင္ေရာက္ခဲ့ၿပီး ၁၉၅၈ စစ္အာဏာသိမ္းခ်ိန္မွာ စာေရးဆရာႀကီး ဗန္းေမာ္တင္ေအာင္၊ ျမသန္းတင့္တို႔နဲ႔အတူ ကိုကိုးကၽြန္းမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ ၁၉၇ဝမွာ မတ္တပ္ရပ္လို႔ လမ္းမွာငို ဝတၱဳနဲ႔အမ်ဳိးသားစာေပဆုရခဲ့ၿပီး လံုခ်င္းဝတၳဳေပါင္း ၆ဝေက်ာ္၊ ဝတၱဳတိုေပါင္း ၃ဝဝေက်ာ္ကို ေရးသားခဲ့ပါတယ္။
၁၉၉၉ဇူလိုင္မွာ ထိုင္းႏိုင္ငံကို ထြက္ခြာခဲ့ၿပီးေနာက္ ႏိုင္ငံေရးဒုကၡသည္အျဖစ္နဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ေျပာင္းေရႊ႕အေျခခ် ေနထိုင္ခဲ့ပါတယ္။

ကမာရြတ္မီဒီယာ
........
စာရေးဆရာကြီး မောင်သာရ ကွယ်လွန်ရှာပြီ

နိုင်ငံကျော် စာရေးဆရာကြီး မောင်သာရ (၈၅နှစ်)ဟာ အမေရိကန်ပြည်ထောင်စု Las Vegas မြို့နေအိမ်မှာ ဖေဖော်ဝါရီ ၂၉ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
အမည်ရင်း ဦးသိန်းလွင်(ခ) စာရေးဆရာကြီး မောင်သာရဟာ မန္တလေးဇာတိဖြစ်ပြီး ၁၉၅၁ခုနှစ်နောက်ပိုင်း ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဆရာကြီးဟာ ၁၉၅၃ကနေ ၁၉၅၅အထိ ဖဆပလအစိုးရရဲ့ဖမ်းဆီးအကျဉ်းချမှုကို ခံခဲ့ရပြီး ရာသက်ပန်ကျောင်းထုတ်ခံခဲ့ရပါတယ်။
ဆရာကြီး မောင်သာရဟာ ရှုမဝမဂ္ဂဇင်းမှာ ညှာရွှေတခက် ကြွေရက်စော ဝတ္ထုရှည်နဲ့ ၁၉၅၅မှာ စာပေနယ်ထဲ ဝင်ရောက်ခဲ့ပြီး ၁၉၅၈ စစ်အာဏာသိမ်းချိန်မှာ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နဲ့အတူ ကိုကိုးကျွန်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၇ဝမှာ မတ်တပ်ရပ်လို့ လမ်းမှာငို ဝတ္တုနဲ့အမျိုးသားစာပေဆုရခဲ့ပြီး လုံချင်းဝတ္ထုပေါင်း ၆ဝကျော်၊ ဝတ္တုတိုပေါင်း ၃ဝဝကျော်ကို ရေးသားခဲ့ပါတယ်။
၁၉၉၉ဇူလိုင်မှာ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပြီးနောက် နိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ပါတယ်။

ကမာရွတ်မီဒီယာ

No comments:

Post a Comment