CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 16, 2016
ဇီကာ ZIKA
16-1-2016
Aedes mosquitoes
ဇီကာပိုးဟာ ခြင်ကိုက်ပြီး နှစ်ရက်နေ ၇ရက်အတွင်း ရောဂါဖြစ်ပွားလာပါတယ်။
Sympthom ရောဂါလလဏာ
သွားတာတွေ့ ရပါမယ်။
ကုသခြင်း
ကာကွယ်ခြင်း
ဟံကြည်မေ
..........................................................
ဇီကာ ZIKA
16-1-2016
ဇီကာ ZIKA လို ့ နံမည်ပေးထားတဲ့ ရောဂါပိုးတမျိုးဟာ ခြင်ကိုက်ရာကနေ
ရောဂါ ကူးဆက်တာဖြစ်ပါတယ်၊ ကမ္ဘာ့ ရာသီဥတု ဟာအပူချိန်မြင့်တက် လာရာကနေ ရေပြင်တွင် ပေါက်ဖွားလာတဲ့ ခြင်မျိုးဆက်သစ် တမျိုးမှာ တွေ ့ရတဲ့ ရောဂါပါ။
အများဆုံတွေ ့ရတဲ့ နိုင်ငံတွေကတော့ Africa, Southeast Asia and the Pacific Islands,အာဖရိက အရှေ ့တောင်အာရှ နဲ ့ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးတွေကနေယခုလက်တင်အမေရိကအထိ ပြန် ့နှံ ့လာနေပြီဖြစ်လို ့ကမ္ဘာ့ကျန်းမာရေးအဖွဲ ့ကအရေးပေါ်သတိပေးချက်တွေထုတ်ပြန် နေရပါပြီ။
Aedes mosquitoes
ကမ္ဘာဆေးပညာလောကက နာမည်ပေးထားတဲ့ အေဒီး (ခြင်ရဲ ့ကိုယ်ပေါ်တွင် အမဲအစက်များ တွေ ့ရမည်) ဆိုတဲ့ ခြင်ကနေ ရောဂါ သယ်လာတာပါ ။မြန်မာနိုင်ငံမှာ အများဆုံးတွေ ့ရတဲ့ ခြင်ကျားနဲ ့ဆင်ပေမယ့် ယခုခြင်က ကျားသစ်လို ကိုယ်ပေါ်မှာ အမဲစက်လေးတွေ တွေ ့ရပါတယ်။
ဇီကာပိုးဟာ ခြင်ကိုက်ပြီး နှစ်ရက်နေ ရရက်အတွင်း ရောဂါဖြစ်ပွားလာပါတယ်။
ဌက်ဖျားထက်ပိုဆိုးတာကကိုယ်ပူတာခေါင်းကိုက်တာထက် နောက်ဆက်တွဲ ဝေဒနာ တွေပါ တိုးလာပါလိမ့်မယ်။
Sympthom ရောဂါလလဏာ
(၁) မျက်လုံးမှာသွေးကြောအမျှင်တွေတန်းလာတာတွေ ့ရမယ်။
(၂)တကိုယ်လုံး မိတ်လို အင်ပြင်လိုအဖုအပိန် ့တွေထွက်မယ်။
(၃)နှခမ်းခြောက် ပြီး ရှာမှာသွေးစက်ဖုတွေလိုတွေ ့ရမယ်။
(၄)အရိုးအဆစ်တွေယောင်လာမယ်။
(၅)ခြေဖျားလက်ဖျားတွေကို ကိုင်ပြီး ဖိလိုက်ရင် သွေးကွက်တွေလို ဖြစ်
သွားတာတွေ ့ရပါမယ်။
မကြာသေးမှီက ထိုင်းနိုင်ငံပင်လယ်ပြင်မှာ ရုတ်တရက် သေဆုံးသွားကြတဲ့ ငါးဖမ်းလှေလိုက်တဲ့လုပ်သား(၆)ယောက်မှာအဆိုပါလက္ခမျိုးတွေတွေ ့ရပါ တယ်၊ကိုယ်ဝန်ဆောင်မိခင်တွေ လသာသားအရွယ်ခလေးငယ်တွေနဲ ့ သက်
ကြီးရွယ်အိုတွေကို အဆိုပါရောဂါပိုးရှိတဲ့ ခြင်ကိုက်ရင် အချိန်မှီဆေးရုံမတင်နိုင်
ခဲ့ပါက အသက်အန္တရယ် စိုးရိမ်ရပါတယ်။
ကုသခြင်း
နိုင်ငံတကာဆေးရုံတွေမှာတော့အဆိုပါရောဂါအတွက်ကုသနိုင်ဘို ့ ဆေးဝါးတွေဖြန် ့ဖြူးပေးထားပါတယ်၊
ခြင်ကိုက်ပြီးဆိုရင် ဆေးဝါးနဲ ့အလှမ်းဝေးနေတဲ့သူတွေအတွက်၊
ကြက်သွန်နီတခြမ်းစိတ်ပြီး ပွတ်ပေးကပ်ပေးခြင်း လုပ် နိုင်ပါတယ် ကြက်သွန်နီအတွင်းက ဓါတ်တမျိုးဟာ ဟာ ရောဂါပိုးကို သေစေနိုင်ပါတယ်။
တဇောင်းလက်ပါတ် အဆီကိုလိမ်းခြင်း၊သံပရာခြမ်းနဲ ့ ဌက်ပျောသီးအခွံဖြင့် ပွတ်ပေးတာဟာ ခြင်းကိုက်ရာမှ ဖြစ်လာတဲ့ ယားနာအဖုအပိန် ့တွေကို သက်
သာစေတယ်လို ့ နိုင်ငံတကာကျန်းမာရေး စာစောင်တွေမှာဖေါ်ပြထားပါတယ်။
ကာကွယ်ခြင်း
ခြင်ကိုက်မခံကြဘို ့ဟာအဓိကဖြစ်ပါတယ်။
နေအိမ်တွေ -ကျောင်းစာသင်ခန်းတွေမှာ ခြင်တွေအောင်းမနေနိုင်အောင် ရှင်းပစ်ခြင်းနဲ ့မိမိနေထိုင်ရာပါတ်ဝန်းကျက်မှာ ရေရှိတဲ့နေရာတွေမှာ ခြင်တွေပေါက်ဖွားနေတာတွေကို ရှင်းပါ၊ခြင်ဟာ အမှောင်ကြိုက်လို အိမ်ကို အလင်းရောင် ရရှိအောင် လုပ်ဆောင်ထားရပါလိမ့်မယ်၊ ခလေးလူကြီး အားလုံးခြင်ထောင်နဲ ့ အိပ်တာဟာ အကောင်ဆုံးကာကွယ်နည်းဖြစ်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ဟံကြည်မေ
Social Action for Women - SAW
ဇီကာ ZIKA
Reviewed by MP4 YoU
on
January 16, 2016
Rating: 5
Reviewed by MP4 YoU
on
January 16, 2016
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment